Premier League Transfer News

အာတီတာနဲ့တွဲဖို့ ပရိုမိုးရှင်းဆင်းတဲ့ အော်ဒီဂွါဒ်အကြံကို မက်ဒီဆန် လိုက်နာမလား

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ရှာပုံတော်မှာ လက်စ်တာကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန်က ဦးဆောင်နေပြီး ပြီးခဲ့တဲ့ ရာသီကုန်မှာ မြောက်လန်ဒန်အသင်းနဲ့ အငှားသက်တမ်း ကုန်ဆုံးသွားခဲ့တဲ့ မာတင် အော်ဒီဂွါဒ်ရဲ့ ကွက်လပ်ကို ဖြည့်ဖို့အတွက် ကြိုးစားနေသလို ထွက်ပေါ်လာတဲ့ သတင်းတွေအရ နော်ဝေးသားနဲ့လည်း သံယောဇဉ် မကုန်သေးသလိုဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် လက်စ်တာကြယ်ပွင့် မက်ဒီဆန်ကို ခေါ်ယူဖို့က အော်ဒီဂွါဒ်ထက် ပိုပြီးလက်တွေ့ဆန်တဲ့ ရွေးချယ်မှုဖြစ်နေခဲ့ပြီး ရက်ပိုင်းအတွင်းကမှ ငွေသား+ကစားသမား အလိုက်ပေးပုံစံနဲ့ ကမ်းလှမ်းခဲ့သလို ကွင်းလယ်ဖန်တီးရှင်ဆိုလို့ ခြေစွမ်းထက်ပေမယ့် အတွေ့အကြုံလိုအပ်နေသေးတဲ့ အီမီးလ် စမစ်ရိုးသာရှိတဲ့ အရေးပေါ် အနေအထားမှာ အသင်းအတွက် အမှန်တကယ် လိုအပ်နေတဲ့ နေရာအတွက် နည်းပြ မီခယ်လ် အာတီတာက အင်အားဖြည့်တင်းသွားချင်နေတာပါ။

အင်တာဗျူးတစ်ခုမှာ အော်ဒီဂွါဒ်က “အသင်းရဲ့ ကစားပုံက ဘယ်လိုလဲဆိုတာနဲ့ မန်နေဂျာက ဘယ်လိုပုံစံမျိုး ကစားစေချင်လဲဆိုတာ အရေးအကြီးဆုံးဖြစ်တယ်လို့ ကျွန်တော် ထင်တယ်။ ခဏခဏ ပြောခဲ့ဖူးသလိုပဲ အာဆင်နယ်အသင်း ကစားတဲ့ ကစားဟန်မျိုးကို သဘောကျတယ်”လို့ မက်ဒီဆန်နဲ့ သတင်းထွက်နေချိန်မှာ ပြောသွားခဲ့ပါတယ်။

“အခုတော့ အထူးသဖြင့် မီခယ်လ်ရဲ့ လက်အောက်မှာ ကစားရတာ ပျော်တယ်။ အချိန်ကောင်းတွေ ပိုင်ဆိုင်နိုင်ခဲ့ပြီး တကယ်တော်တဲ့ မန်နေဂျာနဲ့ အသင်းကောင်းတစ်သင်းမှာ ကစားသမားကောင်းတွေနဲ့ လက်တွဲခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာ ထင်တာထက် အထိုင်ကျတာ ပိုမြန်ခဲ့ပြီး ဒါ့ကြောင့်လည်း အာဆင်နယ်အသင်းက ပျော်ရွှင်စရာဖြစ်ခဲ့ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

နည်းပြ အာတီတာကိုလည်း အံ့ဩစရာ နည်းပြကောင်းတစ်ဦးလို့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူက ဆိုခဲ့ပြီး သူ့ဆီက သင်ယူစရာတွေ အများကြီးရှိတယ်လို့ ပြောသွားခဲ့သလို သူ့လို ဉာဏ်ရည်မြင့်မားသူတစ်ဦးနဲ့ လက်တွဲရတာဟာ ကံကောင်းတယ်လို့ ပြောခဲ့တာကြောင့် လက်စတာအသင်းကနေ နောက်ထပ် စိန်ခေါ်မှုသစ်တွေကို ရှာဖွေချင်နေတဲ့ မက်ဒီဆန်ကို ခေါ်ယူတာမှာ အထောက်အကူဖြစ်မလား စောင့်ကြည့်ရမှာပါ။

လက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင်ဟာ အာဆင်နယ်အသင်းမှာ လိုအပ်နေတဲ့ ကစားသမားမျိုးဖြစ်ပြီး တောင်ပံနဲ့ ကွင်းလယ်တွေမှာ ဘယ်သန် အော်ဒီဂွါဒ်နဲ့ မတူညီတဲ့ ညာသန်အဖြစ် ဆန့်ကျင်ဘက် ကွင်းခြမ်းမှာ ပိုမိုခြေစွမ်းပြနိုင်သူဖြစ်သလို နီကိုလာ ပေပေနဲ့ တစ်ဖက်တစ်ချက်မှာ ကစားပေါက် ပြောင်းလဲပြီး အသုံးပြုနိုင်တာကြောင့် အင်္ဂလန်သားက နော်ဝေသားထက် ပိုပြီး ရွေးချယ်မှုကောင်းလို့ ပရိသတ်တွေကလည်း ယူဆနေကြပါတယ်။

မက်ဒီဆန်အနေနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့မယ်ဆိုရင် သူ့အနေနဲ့ အော်ဒီဂွါဒ်နဲ့ အလားတူ အနေအထားမျိုးကို ရရှိနိုင်ပြီး ကစားသမားတွေကို အသေးစိတ်ကအစ ဂရုစိုက်တတ်တဲ့ စပိန်သားနည်းပြရဲ့ လက်အောက်မှာ သူ့ရဲ့ တစ်ပွဲသာ ကစားဖူးသေးတဲ့ အင်္ဂလန်လက်ရွေးစင် တံခါးပေါက်ကို ပြန်လည်ဖွင့်လှစ်နိုင်မယ့် အခွင့်အရေးကို ရရှိနိုင်တာမို့ Mirror သတင်းဌာနကတော့ ရွေးချယ်ဖို့ကောင်းတဲ့ အခွင့်အရေးလို့လည်း ရေးသားနေကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ ရွာပုံေတာ္မွာ လက္စ္တာကြင္းလယ္လူ ဂ်ိမ္းစ္ မက္ဒီဆန္က ဦးေဆာင္ေနၿပီး ၿပီးခဲ့တဲ့ ရာသီကုန္မွာ ေျမာက္လန္ဒန္အသင္းနဲ႔ အငွားသက္တမ္း ကုန္ဆုံးသြားခဲ့တဲ့ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ ကြက္လပ္ကို ျဖည့္ဖို႔အတြက္ ႀကိဳးစားေနသလို ထြက္ေပၚလာတဲ့ သတင္းေတြအရ ေနာ္ေဝးသားနဲ႔လည္း သံေယာဇဥ္ မကုန္ေသးသလိုျဖစ္ေနခဲ့ပါတယ္။

ဒါေပမယ့္ လက္စ္တာၾကယ္ပြင့္ မက္ဒီဆန္ကို ေခၚယူဖို႔က ေအာ္ဒီဂြါဒ္ထက္ ပိုၿပီးလက္ေတြ႕ဆန္တဲ့ ေ႐ြးခ်ယ္မႈျဖစ္ေနခဲ့ၿပီး ရက္ပိုင္းအတြင္းကမွ ေငြသား+ကစားသမား အလိုက္ေပးပုံစံနဲ႔ ကမ္းလွမ္းခဲ့သလို ကြင္းလယ္ဖန္တီးရွင္ဆိုလို႔ ေျခစြမ္းထက္ေပမယ့္ အေတြ႕အႀကဳံလိုအပ္ေနေသးတဲ့ အီမီးလ္ စမစ္႐ိုးသာရွိတဲ့ အေရးေပၚ အေနအထားမွာ အသင္းအတြက္ အမွန္တကယ္ လိုအပ္ေနတဲ့ ေနရာအတြက္ နည္းျပ မီခယ္လ္ အာတီတာက အင္အားျဖည့္တင္းသြားခ်င္ေနတာပါ။

အင္တာဗ်ဴးတစ္ခုမွာ ေအာ္ဒီဂြါဒ္က “အသင္းရဲ႕ ကစားပုံက ဘယ္လိုလဲဆိုတာနဲ႔ မန္ေနဂ်ာက ဘယ္လိုပုံစံမ်ိဳး ကစားေစခ်င္လဲဆိုတာ အေရးအႀကီးဆုံးျဖစ္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ခဏခဏ ေျပာခဲ့ဖူးသလိုပဲ အာဆင္နယ္အသင္း ကစားတဲ့ ကစားဟန္မ်ိဳးကို သေဘာက်တယ္”လို႔ မက္ဒီဆန္နဲ႔ သတင္းထြက္ေနခ်ိန္မွာ ေျပာသြားခဲ့ပါတယ္။

“အခုေတာ့ အထူးသျဖင့္ မီခယ္လ္ရဲ႕ လက္ေအာက္မွာ ကစားရတာ ေပ်ာ္တယ္။ အခ်ိန္ေကာင္းေတြ ပိုင္ဆိုင္ႏိုင္ခဲ့ၿပီး တကယ္ေတာ္တဲ့ မန္ေနဂ်ာနဲ႔ အသင္းေကာင္းတစ္သင္းမွာ ကစားသမားေကာင္းေတြနဲ႔ လက္တြဲခဲ့ရပါတယ္။ ပရီးမီးယားလိဂ္မွာ ထင္တာထက္ အထိုင္က်တာ ပိုျမန္ခဲ့ၿပီး ဒါ့ေၾကာင့္လည္း အာဆင္နယ္အသင္းက ေပ်ာ္႐ႊင္စရာျဖစ္ခဲ့ပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။

နည္းျပ အာတီတာကိုလည္း အံ့ဩစရာ နည္းျပေကာင္းတစ္ဦးလို႔ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူက ဆိုခဲ့ၿပီး သူ႔ဆီက သင္ယူစရာေတြ အမ်ားႀကီးရွိတယ္လို႔ ေျပာသြားခဲ့သလို သူ႔လို ဉာဏ္ရည္ျမင့္မားသူတစ္ဦးနဲ႔ လက္တြဲရတာဟာ ကံေကာင္းတယ္လို႔ ေျပာခဲ့တာေၾကာင့္ လက္စတာအသင္းကေန ေနာက္ထပ္ စိန္ေခၚမႈသစ္ေတြကို ရွာေဖြခ်င္ေနတဲ့ မက္ဒီဆန္ကို ေခၚယူတာမွာ အေထာက္အကူျဖစ္မလား ေစာင့္ၾကည့္ရမွာပါ။

လက္စတာစီးတီးအသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ဟာ အာဆင္နယ္အသင္းမွာ လိုအပ္ေနတဲ့ ကစားသမားမ်ိဳးျဖစ္ၿပီး ေတာင္ပံနဲ႔ ကြင္းလယ္ေတြမွာ ဘယ္သန္ ေအာ္ဒီဂြါဒ္နဲ႔ မတူညီတဲ့ ညာသန္အျဖစ္ ဆန႔္က်င္ဘက္ ကြင္းျခမ္းမွာ ပိုမိုေျခစြမ္းျပႏိုင္သူျဖစ္သလို နီကိုလာ ေပေပနဲ႔ တစ္ဖက္တစ္ခ်က္မွာ ကစားေပါက္ ေျပာင္းလဲၿပီး အသုံးျပဳႏိုင္တာေၾကာင့္ အဂၤလန္သားက ေနာ္ေဝသားထက္ ပိုၿပီး ေ႐ြးခ်ယ္မႈေကာင္းလို႔ ပရိသတ္ေတြကလည္း ယူဆေနၾကပါတယ္။

မက္ဒီဆန္အေနနဲ႔ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕မယ္ဆိုရင္ သူ႔အေနနဲ႔ ေအာ္ဒီဂြါဒ္နဲ႔ အလားတူ အေနအထားမ်ိဳးကို ရရွိႏိုင္ၿပီး ကစားသမားေတြကို အေသးစိတ္ကအစ ဂ႐ုစိုက္တတ္တဲ့ စပိန္သားနည္းျပရဲ႕ လက္ေအာက္မွာ သူ႔ရဲ႕ တစ္ပြဲသာ ကစားဖူးေသးတဲ့ အဂၤလန္လက္ေ႐ြးစင္ တံခါးေပါက္ကို ျပန္လည္ဖြင့္လွစ္ႏိုင္မယ့္ အခြင့္အေရးကို ရရွိႏိုင္တာမို႔ Mirror သတင္းဌာနကေတာ့ ေ႐ြးခ်ယ္ဖို႔ေကာင္းတဲ့ အခြင့္အေရးလို႔လည္း ေရးသားေနေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.