Premier League

ထရိန်နင်မှာ ဖာဂူဆန် ဘယ်သူ့ဆီ အမြဲဖုန်းပြောနေသလဲဆိုတာ ဖော်ကောင်လုပ်သွားတဲ့ တပည့်ရင်း ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ အများထင်သလိုမျိုး အသင်းရဲ့လေ့ကျင့်ရေးအစီအစဥ်မှာ မျက်ထောင့်နီကြီးနဲ့ စောင့်ကြည့်ဆူဆဲနေတတ်သူတယောက်မဟုတ်ဘဲ ထရိန်နင်မှာ အမြဲမြင်းပွဲလောင်းနေတတ်သူဖြစ်ကြောင်း တပည့်ဟောင်း ရီယို ဖာဒီနန်က ဖော်ကောင်လုပ်သွားခဲ့ပါတယ်။

ယူနိုက်တက်မှာ ဆယ်စုနှစ် ၂ ခုကျော်ကြာ သက်တော်ရှည်နည်းပြကြီးဖြစ်ခဲ့တဲ့ ဖာဂူဆန်ဟာ သူ့နည်းပြဘဝမှာတော့ လေ့ကျင့်ရေးအစီအစဥ်တွေကို လက်ထောက်နည်းပြတွေနဲ့သာ လွှဲအပ်ထားလေ့ရှိပြီး သူကိုယ်တိုင်ကတော့ အသင်းသားတွေရဲ့ လုပ်ပုံကိုင်ပုံတွေကို အပြင်ဘက်ကနေ ထွက်ကြည့်နေလေ့ရှိကြောင်း သိရပါတယ်။

ကစားသမားစီမံခန့်ခွဲမှုမှာ သိပ်ပိုင်နိုင်တယ်လို့ နာမည်ကြီးတဲ့ စကော့တလန်သားကြီးရဲ့ ခြေရာကို နောက်ထပ်ယူနိုက်တက်နည်းပြတဦးက လိုက်မီဖို့လည်း မလွယ်သလို သူ့အနေနဲ့ အသင်းသားတွေအပေါ်မှာ ထူးခြားတဲ့ သြဇာညောင်းမှုမျိုးကို ပိုင်ဆိုင်ထားခဲ့သလို တဦးချင်းစီရဲ့ လိုအပ်ချက်တွေကိုလည်း စူးရှတဲ့အမြင်မျိုး ရှိနေခဲ့တာပါ။

” ဘော့စ်က များသောအားဖြင့် စကားပဲပြောပြီး ထရိန်နင်ကို ပုံစံချပေးလိုက်တယ်။ လက်ထောက်နည်းပြတွေကိုပေါ့။ ပြီးတော့ ကျွန်တော်တို့ရောက်ပြီဆိုရင် သူတို့ကပဲ ဆက်ညွှန်ကြားပေးသွားကြတယ်။ ဖာဂီက ထရိန်နင်မှာ ဝင်ကိုမပါပါဘူး။ သူက အရန်ခုံတန်းမှာ ထိုင်ပြီး တယောက်ချင်းစီကို လိုက်ကြည့်နေတတ်တယ်”

” အသင်းလိုက်ကစားပုံဘယ်လိုရှိလဲ? အခြေအနေဘယ်လိုရှိလဲ? ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေ ဘယ်လိုရှိနေလဲ? ဘယ်လောက်ပြင်းပြင်းထန်ထန်လေ့ကျင့်နေလဲ? ဒါတွေကို သူက ​စောင့်ကြည့်နေလေ့ရှိပါတယ်။ စကားတော့ တခွန်းမှာ ဝင်မပြောပါဘူး”

” ဘာလို့လဲဆိုတော့ ဘွတ်ကီတွေဆီကို ဖုန်းဆက်ပြီး သူမြင်းပွှဲလောင်းနေလို့ပါ။ ထရိန်နင်မှာဆိုရင် သူစကားအများဆုံးပြောဆိုနေတာက အဲဒီဘွတ်ကီဒိုင်နဲ့ပါ။ ​ဒါပေမယ့် ပွဲကြီးတွေ ကစားရတော့မယ်ဆိုရင်တော့ ထရိန်နင်မစခင် သူက ကျွန်တော်တို့အားလုံးကိုခေါ်ပြီး ဒီနေ့တော့ မင်းတို့အားလုံး ပွဲကြမ်းရတော့မယ်လို့ မှာလေ့ရှိပါတယ်” လို့ ဖာဒီနန်က ပြောပြသွားခဲ့တာပါ။

ဆာအဲလက်စ် ဖာဂူဆန်အနေနဲ့ ယူနိုက်တက်အသင်း ရှုံးပွဲကြုံခဲ့ရင်ဖြစ်စေ သို့မဟုတ် ဒါဘီပွဲမျိုး ကစားရတော့မယ့်အခါမျိုးတွေမှာ သွေးဆူပွက်တတ်လေ့ရှိပြီး အသင်းကိုမောင်းနှင်တတ်ပေမယ့် အသေးစိတ်ကိစ္စတွေမှာတော့ လက်ထောက်နည်းပြတွေကိုသာ အာဏာကုန်လွှဲထားလေ့ရှိပြီး သူ့ဝါသနာအတိုင်း ကွင်းထဲမှာ မြင်းပွဲလောင်းနေလေ့ရှိတာပါ။

မြင်းပွဲဝါသနာထုံတဲ့ ဖာဂီအနေနဲ့ ကိုယ်ပိုင်မြင်းတွေကိုလည်း အမြောက်အမြားပိုင်ဆိုင်ထားတာဖြစ်ပြီး ဖာဂူဆန်ကို ကြီးမားတဲ့အကူအညီဖြစ်စေခဲ့တဲ့ လက်ထောက်နည်းပြ ကားလို့စ် ကွီးရော့အကြောင်း ဖာဒီနန်ကို မေးမြန်းခဲ့ရာမှာတော့ အခုလို ပြောသွားခဲ့ပါတယ်။

” ကားလို့စ်က အသင်းက မျှခြေကို ယူဆောင်ပေးလာသူပါ။ ဖာဂူဆန်ကိုလည်း ဝန်သက်သာစေပါတယ်။ သူက လက်တွေ့ဆန်ပါတယ်။ အသင်းတသင်းရဲ့ ပြောင်းလဲမှုအရွေ့မှာ အကောင်းဆုံးနည်းပြလို့ ဆိုရမှာပေါ့။ သူရှိနေစဥ်က ယူနိုက်တက်အသင်းဟာ သိပ်ကိုရည်ရွယ်ချက်ခိုင်မာတယ်။ ဘယ်အသင်းကိုမဆို အကြောက်အလန့်မရှိကစားနိုင်ပြီး ဖြိုချနိုင်ခဲ့ပါတယ်” လို့ ဖာဒီနန်က ပြောကြားသွားခဲ့ပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာ ယူႏိုက္တက္ဂႏၴဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ဟာ အမ်ားထင္သလိုမ်ိဳး အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္မွာ မ်က္ေထာင့္နီႀကီးနဲ႔ ေစာင့္ၾကည့္ဆူဆဲေနတတ္သူတေယာက္မဟုတ္ဘဲ ထရိန္နင္မွာ အၿမဲျမင္းပြဲေလာင္းေနတတ္သူျဖစ္ေၾကာင္း တပည့္ေဟာင္း ရီယို ဖာဒီနန္က ေဖာ္ေကာင္လုပ္သြားခဲ့ပါတယ္။

ယူႏိုက္တက္မွာ ဆယ္စုႏွစ္ ၂ ခုေက်ာ္ၾကာ သက္ေတာ္ရွည္နည္းျပႀကီးျဖစ္ခဲ့တဲ့ ဖာဂူဆန္ဟာ သူ႔နည္းျပဘဝမွာေတာ့ ေလ့က်င့္ေရးအစီအစဥ္ေတြကို လက္ေထာက္နည္းျပေတြနဲ႔သာ လႊဲအပ္ထားေလ့ရွိၿပီး သူကိုယ္တိုင္ကေတာ့ အသင္းသားေတြရဲ႕ လုပ္ပုံကိုင္ပုံေတြကို အျပင္ဘက္ကေန ထြက္ၾကည့္ေနေလ့ရွိေၾကာင္း သိရပါတယ္။

ကစားသမားစီမံခန္႔ခြဲမႈမွာ သိပ္ပိုင္ႏိုင္တယ္လို႔ နာမည္ႀကီးတဲ့ စေကာ့တလန္သားႀကီးရဲ႕ ေျခရာကို ေနာက္ထပ္ယူႏိုက္တက္နည္းျပတဦးက လိုက္မီဖို႔လည္း မလြယ္သလို သူ႔အေနနဲ႔ အသင္းသားေတြအေပၚမွာ ထူးျခားတဲ့ ၾသဇာေညာင္းမႈမ်ိဳးကို ပိုင္ဆိုင္ထားခဲ့သလို တဦးခ်င္းစီရဲ႕ လိုအပ္ခ်က္ေတြကိုလည္း စူးရွတဲ့အျမင္မ်ိဳး ရွိေနခဲ့တာပါ။

” ေဘာ့စ္က မ်ားေသာအားျဖင့္ စကားပဲေျပာၿပီး ထရိန္နင္ကို ပုံစံခ်ေပးလိုက္တယ္။ လက္ေထာက္နည္းျပေတြကိုေပါ့။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ေရာက္ၿပီဆိုရင္ သူတို႔ကပဲ ဆက္ၫႊန္ၾကားေပးသြားၾကတယ္။ ဖာဂီက ထရိန္နင္မွာ ဝင္ကိုမပါပါဘူး။ သူက အရန္ခုံတန္းမွာ ထိုင္ၿပီး တေယာက္ခ်င္းစီကို လိုက္ၾကည့္ေနတတ္တယ္”

” အသင္းလိုက္ကစားပုံဘယ္လိုရွိလဲ? အေျခအေနဘယ္လိုရွိလဲ? ကြၽန္ေတာ္တို႔ရဲ႕ စိတ္ခံစားခ်က္ေတြ ဘယ္လိုရွိေနလဲ? ဘယ္ေလာက္ျပင္းျပင္းထန္ထန္ေလ့က်င့္ေနလဲ? ဒါေတြကို သူက ​ေစာင့္ၾကည့္ေနေလ့ရွိပါတယ္။ စကားေတာ့ တခြန္းမွာ ဝင္မေျပာပါဘူး”

” ဘာလို႔လဲဆိုေတာ့ ဘြတ္ကီေတြဆီကို ဖုန္းဆက္ၿပီး သူျမင္းပႊဲေလာင္းေနလို႔ပါ။ ထရိန္နင္မွာဆိုရင္ သူစကားအမ်ားဆုံးေျပာဆိုေနတာက အဲဒီဘြတ္ကီဒိုင္နဲ႔ပါ။ ​ဒါေပမယ့္ ပြဲႀကီးေတြ ကစားရေတာ့မယ္ဆိုရင္ေတာ့ ထရိန္နင္မစခင္ သူက ကြၽန္ေတာ္တို႔အားလုံးကိုေခၚၿပီး ဒီေန႔ေတာ့ မင္းတို႔အားလုံး ပြဲၾကမ္းရေတာ့မယ္လို႔ မွာေလ့ရွိပါတယ္” လို႔ ဖာဒီနန္က ေျပာျပသြားခဲ့တာပါ။

ဆာအဲလက္စ္ ဖာဂူဆန္အေနနဲ႔ ယူႏိုက္တက္အသင္း ရႈံးပြဲႀကဳံခဲ့ရင္ျဖစ္ေစ သို႔မဟုတ္ ဒါဘီပြဲမ်ိဳး ကစားရေတာ့မယ့္အခါမ်ိဳးေတြမွာ ေသြးဆူပြက္တတ္ေလ့ရွိၿပီး အသင္းကိုေမာင္းႏွင္တတ္ေပမယ့္ အေသးစိတ္ကိစၥေတြမွာေတာ့ လက္ေထာက္နည္းျပေတြကိုသာ အာဏာကုန္လႊဲထားေလ့ရွိၿပီး သူ႔ဝါသနာအတိုင္း ကြင္းထဲမွာ ျမင္းပြဲေလာင္းေနေလ့ရွိတာပါ။

ျမင္းပြဲဝါသနာထုံတဲ့ ဖာဂီအေနနဲ႔ ကိုယ္ပိုင္ျမင္းေတြကိုလည္း အေျမာက္အျမားပိုင္ဆိုင္ထားတာျဖစ္ၿပီး ဖာဂူဆန္ကို ႀကီးမားတဲ့အကူအညီျဖစ္ေစခဲ့တဲ့ လက္ေထာက္နည္းျပ ကားလို႔စ္ ကြီးေရာ့အေၾကာင္း ဖာဒီနန္ကို ေမးျမန္းခဲ့ရာမွာေတာ့ အခုလို ေျပာသြားခဲ့ပါတယ္။

” ကားလို႔စ္က အသင္းက မွ်ေျခကို ယူေဆာင္ေပးလာသူပါ။ ဖာဂူဆန္ကိုလည္း ဝန္သက္သာေစပါတယ္။ သူက လက္ေတြ႕ဆန္ပါတယ္။ အသင္းတသင္းရဲ႕ ေျပာင္းလဲမႈအေ႐ြ႕မွာ အေကာင္းဆုံးနည္းျပလို႔ ဆိုရမွာေပါ့။ သူရွိေနစဥ္က ယူႏိုက္တက္အသင္းဟာ သိပ္ကိုရည္႐ြယ္ခ်က္ခိုင္မာတယ္။ ဘယ္အသင္းကိုမဆို အေၾကာက္အလန္႔မရွိကစားႏိုင္ၿပီး ၿဖိဳခ်ႏိုင္ခဲ့ပါတယ္” လို႔ ဖာဒီနန္က ေျပာၾကားသြားခဲ့ပါေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.