Analysis Premier League Transfer News

ချန်ပီယံဆုအတွက် ပြင်ဆင်မယ့် လီဗာပူးလ်တို့ အချိန်မီ ခေါ်ယူစီမံနိုင်ဖို့ နောက်ဆုံးUpdatesများ

လီဗာပူးလ်အသင်းအနေနဲ့ သူများအသင်းတွေ ကစားသမားသစ်တွေကို ရာသီသစ်အတွက် ပြင်ဆင်မှုအနေနဲ့ ခေါ်ယူပြီးသူက ခေါ်ယူ၊ နီးစပ်သူက နီးစပ်နေပြီး အပြောင်းအရွှေ့ဈေးကွက်ထဲ တက်တက်ကြွကြွရှိနေကြချိန်မှာ အန်းဖီးလ်ဘက်ကတော့ ပရိသတ်တွေကို စိတ်ကျေနပ်မှု မပေးနိုင်သေးဘဲ ဖြစ်နေခဲ့တာကြောင့် ပရီးမီးယားလိဂ် စတင်မှုနဲ့အတူ ပိတ်သိမ်းဖို့ သိပ်မလိုတော့ လက်ကျန် Transfer Windows မှာ အချိန်မီအောင် ဆောင်ရွက်နိုင်မလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ နောက်ဆုံးသတင်းတွေအရတော့…

တောင်ပံအတွက် Back-up က မာကို အဆန်စီယိုလား
ရီးရဲလ်မက်ဒရစ်မှာ နာမည်ကြီးတွေကြောင့် ကစားရခွင့် နည်းပေမယ့် ကွင်းထဲ ရောက်တိုင်း ပေါက်ကွဲအားပြင်းတဲ့ ပုံစံကို ပြသနိုင်ခဲ့တဲ့ မာကို အဆန်စီယိုဟာ ပရီးမီးယားလိဂ်မှာ ကစားဖို့အတွက် ဘာအခက်အခဲမှ မရှိနိုင်ဘူးလို့ နည်းစနစ်ပိုင်း ကျွမ်းကျင်သူတွေရဲ့ တစ်ပေးခံထားရတာပါ။ သူ့ရဲ့ စိတ်နေသဘောထားအရလည်း ရှေ့တန်းကို တိုးထွက်မလာဘဲ ကစားခွင့်ရတိုင်း ကိုယ့်အလုပ်ကိုယ်လုပ်မယ့်သူဟာ မိုဟာမက် ဆာလား၊ ဆာဒီယို မာနေးတို့နဲ့ သဟဇာတဖြစ်နိုင်သူလည်းဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် တောင်ပံကစားသမားဟာ မာယော့ကာအသင်းကနေ ဘာနေဗျူးကို ရောက်ရှိလာကတည်းက ဘယ်တောင်ပံမှာရော ညာတောင်ပံမှာပါ ကောင်းကောင်းကစားပြခဲ့သူဖြစ်ပြီး ဂိုးသွင်းဖို့ထက် ဖန်တီးမှုကို ပိုမိုဝါသနာထုံသူဖြစ်လို့ လီဗာပူးလ်ရှေ့တန်းရဲ့ ခွက်စောင်းခုတ်နေတဲ့ ပြဿနာကို ပြေလည်သွားစေနိုင်သူဖြစ်လို့ ယူရိုသန်း ၄၀ (ပေါင် ၃၄ သန်း)လောက်နဲ့ ခေါ်ယူနိုင်ရင် အကျိုးပေးကောင်းဦးမှာပါ။

ဂီဒိုအတွက် ဂျိုယယ်လ်ကို အနစ်နာခံခိုင်းမှာလား
လီဗာပူးလ်အသင်းရဲ့ ထိပ်တန်းနောက်ခံလူတွေကြားထဲမှာ အင်္ဂလန်သားတွေလိုလည်း ဦးစားပေးမခံရ၊ ပေါင် ၇၅ သန်းတန် ဗာဂျီးလ် ဗန်ဒိုက်လိုလည်း တန်ဖိုးထားမခံရဘဲ အထိမခံ ရွှေပန်းကန်လို ဒဏ်ရာရများတတ်တဲ့ ကင်းမရွန်းသား ဂျိုယယ်လ် မာတစ်ပ်ဟာ ဒီနွေရာသီမှာ သူတို့တွေလိုချင်တဲ့ ကစားသမားတွေကို အန်းဖီးလ်ဆီ မျှားဖို့ ငါးစာတစ်တုံးလိုပဲဖြစ်နေခဲ့တာပါ။

ဒီတစ်ကြိမ်မှာတော့ နက်ဖြန်သန်ဘက်မှာ အသက် ၃၀ ပြည့်မယ့် ဗဟိုနောက်ခံလူအနေနဲ့ အန်းဖီးလ်ကနေ ထွက်ခွာရနိုင်ပြီး ရီးရဲလ်ဘက်တစ်အသင်းရဲ့ ယူရိုသန်း ၅၀ လောက် အလိုရှိနေတဲ့ အာဂျင်တီးနားကွင်းလယ်လူ ဂီဒို ရိုဒရီးရက်ဇ်ကို ခေါ်ယူရာမှာ အလိုက်ပေးဖို့ အသုံးပြုသွားနိုင်ပြီး ငွေကြေး သုံးစွဲမှုကို ထက်ဝက်လောက် လျှော့ချနိုင်ဖို့ မျှော်လင့်နေကြတာပါ။ ယာဂန် ကလော့ပ်ရဲ့ ဂဏန်းမငြိမ်သေးတဲ့ ကွင်းလယ်ကို ဝင်ရောက်နေရာယူဖို့ ကြံ့ခိုင်မှု ကောင်းမွန်တဲ့ ကိုပါအမေရိကချန်ပီယံကွင်းလယ်လူအတွက် နည်းနည်းနုတဲ့ မာတစ်က အနစ်နာခံရမလား စောင့်ကြည့်ရပါလိမ့်မယ်။

မန်ယူနိုက်တက်နဲ့ အပြိုင်နွှဲရမယ့် ဆာအူးလ် လွန်ဆွဲပွဲ
အက်သလက်တီကို မက်ဒရစ်ကနေ ထွက်ခွာတော့မယ့် အချိန်မှာ မန်ချက်စတာယူနိုက်တက်ဘက်က အေးဂျင့်ကို ဆွေးနွေးနေခဲ့တယ်ဆိုပေမယ့် ဆာအူးလ် ညီးရက်ဇ်ရဲ့ ဦးစားပေး သွားရောက်ချင်တဲ့ နေရာက လီဗာပူးလ်အသင်းဖြစ်ပါတယ်။ သူတို့တွေရဲ့ ၂၀၂၀ တုန်းက ချန်ပီယံလိဂ်မှာ အလဲထိုးခဲ့ရာနေရာဖြစ်ခဲ့တဲ့ အန်းဖီးလ်ကို နှစ်သိမ့်ဖို့ အသက် ၂၆ နှစ်အရွယ် စပိန်သားအနေနဲ့ တစ်ကျော့ပြန်လာရောက်ပြီး ကြိုးကြာနီဘဝကို ခံယူနိုင်မလား စိတ်ဝင်စားစရာပါ။

မန်ယူနိုက်တက်ဘက်ကတော့ သူ့ကို အလိုရှိနေခဲ့ပေမယ့် ပေါ့ဘာ၊ ဖာနန်ဒက်စ်တို့ကြားမှာ ကစားရမှာထက် သူ့ရဲ့ အခန်းကဏ္ဍပိုမိုမြင့်မားနိုင်မယ့် အန်းဖီးလ်နဲ့ လုပ်အားနှုန်းအားကိုးတဲ့ နည်းပြ ယာဂန် ကလော့ပ်ရဲ့ ဗိုင်နယ်လ်ဒွမ်နေရာ အစားထိုးလိုမှုဟာ ယူရိုသန်း ၅၀ (ပေါင် ၄၃ သန်း)နဲ့ ယူရိုသန်း ၄၀ (ပေါင် ၃၄ သန်း)ကြား ဈေးညှိနှိုင်းမှုတစ်ခုမှာ ပြီးမြောက်နိုင်ပြီး တကယ်တမ်းလိုအပ်မှု ကြီးမားတဲ့ လီဗာပူးလ်တို့ အရယူနိုင်မလား စိတ်ဝင်စားစရာပါ။

အညှိုးမထားတတ်တဲ့ လီဗာပူးလ်တို့ရဲ့ နောက်ထပ်တစ်ယောက်ကို ခေါ်ဦးမလား
အိမ်ကွင်းမှာ တစ်ဂိုးသွင်း၊ အဝေးကွင်းမှာ အသင်းလိုက် တောင့်ခံပြီး ချန်ပီယံလိဂ်က ပြုတ်စေခဲ့တဲ့ ဆာအူးလ်ကို အလိုရှိနေတဲ့ လီဗာပူးလ်အသင်း တာဝန်ရှိသူတွေအနေနဲ့ သူတို့အသင်းကို ၇ ဂိုးပြတ် ချေမှုန်းတဲ့ပွဲမှာ ဟက်ထရစ်သွင်းခဲ့တဲ့ အက်စတန်ဗီလာ တိုက်စစ်မှူး အိုလီ ဝပ်ကင်းစ်ကိုလည်း စောင့်ကြည့်နေသလို တေ့တေ့ဆိုင်ဆိုင် အစမ်းသပ်ခံနိုင်ခဲ့တဲ့သူမျိုးကိုမှ ပိုမိုအလိုရှိတာလားလို့ မေးစရာပါပဲ။

ဗုဒ္ဓဟူးနေ့ညနေကမှ ဗီလာပါ့ခ်ကနေ ထုတ်ပြလိုက်တဲ့ ဆောက်သမ်တန်ရဲ့ ဒန်နီ အင်းစ်ကြောင့် ပြောင်းရွှေ့ကြေးရဲ့ အမြတ်ရာခိုင်နှုန်းအဖြစ် ပေါင် ၂ သန်း ရယူနိုင်ခဲ့တဲ့ လီဗာပူးလ်တို့အနေနဲ့ ဘာမင်ဂမ်အခြေစိုက်အသင်းမှာ ရောင်းချနိုင်ဖို့ဖြစ်လာတဲ့ ဝပ်ကင်းစ်ကိုလည်း ပေါင်သန်း ၃၀ ကျော်နဲ့ ခေါ်ယူသွားနိုင်ဖို့ တစ်ပေးနေကြပြီး ကျဆင်းလာတဲ့ ရောဘတ်တို ဖာမီနိုနေရာအတွက် မိုက်ကယ် အက်ဒ်ဝပ်နဲ့ ယာဂန် ကလော့ပ်တို့နှစ်ဦး ခေါင်းချင်းရိုက် လုပ်ဆောင်သွားဖွယ်ရှိနေကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ သူမ်ားအသင္းေတြ ကစားသမားသစ္ေတြကို ရာသီသစ္အတြက္ ျပင္ဆင္မႈအေနနဲ႔ ေခၚယူၿပီးသူက ေခၚယူ၊ နီးစပ္သူက နီးစပ္ေနၿပီး အေျပာင္းအေ႐ႊ႕ေဈးကြက္ထဲ တက္တက္ႂကြႂကြရွိေနၾကခ်ိန္မွာ အန္းဖီးလ္ဘက္ကေတာ့ ပရိသတ္ေတြကို စိတ္ေက်နပ္မႈ မေပးႏိုင္ေသးဘဲ ျဖစ္ေနခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ စတင္မႈနဲ႔အတူ ပိတ္သိမ္းဖို႔ သိပ္မလိုေတာ့ လက္က်န္ Transfer Windows မွာ အခ်ိန္မီေအာင္ ေဆာင္႐ြက္ႏိုင္မလား ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။ ေနာက္ဆုံးသတင္းေတြအရေတာ့…

ေတာင္ပံအတြက္ Back-up က မာကို အဆန္စီယိုလား
ရီးရဲလ္မက္ဒရစ္မွာ နာမည္ႀကီးေတြေၾကာင့္ ကစားရခြင့္ နည္းေပမယ့္ ကြင္းထဲ ေရာက္တိုင္း ေပါက္ကြဲအားျပင္းတဲ့ ပုံစံကို ျပသႏိုင္ခဲ့တဲ့ မာကို အဆန္စီယိုဟာ ပရီးမီးယားလိဂ္မွာ ကစားဖို႔အတြက္ ဘာအခက္အခဲမွ မရွိႏိုင္ဘူးလို႔ နည္းစနစ္ပိုင္း ကြၽမ္းက်င္သူေတြရဲ႕ တစ္ေပးခံထားရတာပါ။ သူ႔ရဲ႕ စိတ္ေနသေဘာထားအရလည္း ေရွ႕တန္းကို တိုးထြက္မလာဘဲ ကစားခြင့္ရတိုင္း ကိုယ့္အလုပ္ကိုယ္လုပ္မယ့္သူဟာ မိုဟာမက္ ဆာလား၊ ဆာဒီယို မာေနးတို႔နဲ႔ သဟဇာတျဖစ္ႏိုင္သူလည္းျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ မာေယာ့ကာအသင္းကေန ဘာေနဗ်ဴးကို ေရာက္ရွိလာကတည္းက ဘယ္ေတာင္ပံမွာေရာ ညာေတာင္ပံမွာပါ ေကာင္းေကာင္းကစားျပခဲ့သူျဖစ္ၿပီး ဂိုးသြင္းဖို႔ထက္ ဖန္တီးမႈကို ပိုမိုဝါသနာထုံသူျဖစ္လို႔ လီဗာပူးလ္ေရွ႕တန္းရဲ႕ ခြက္ေစာင္းခုတ္ေနတဲ့ ျပႆနာကို ေျပလည္သြားေစႏိုင္သူျဖစ္လို႔ ယူ႐ိုသန္း ၄၀ (ေပါင္ ၃၄ သန္း)ေလာက္နဲ႔ ေခၚယူႏိုင္ရင္ အက်ိဳးေပးေကာင္းဦးမွာပါ။

ဂီဒိုအတြက္ ဂ်ိဳယယ္လ္ကို အနစ္နာခံခိုင္းမွာလား
လီဗာပူးလ္အသင္းရဲ႕ ထိပ္တန္းေနာက္ခံလူေတြၾကားထဲမွာ အဂၤလန္သားေတြလိုလည္း ဦးစားေပးမခံရ၊ ေပါင္ ၇၅ သန္းတန္ ဗာဂ်ီးလ္ ဗန္ဒိုက္လိုလည္း တန္ဖိုးထားမခံရဘဲ အထိမခံ ေ႐ႊပန္းကန္လို ဒဏ္ရာရမ်ားတတ္တဲ့ ကင္းမ႐ြန္းသား ဂ်ိဳယယ္လ္ မာတစ္ပ္ဟာ ဒီေႏြရာသီမွာ သူတို႔ေတြလိုခ်င္တဲ့ ကစားသမားေတြကို အန္းဖီးလ္ဆီ မွ်ားဖို႔ ငါးစာတစ္တုံးလိုပဲျဖစ္ေနခဲ့တာပါ။

ဒီတစ္ႀကိမ္မွာေတာ့ နက္ျဖန္သန္ဘက္မွာ အသက္ ၃၀ ျပည့္မယ့္ ဗဟိုေနာက္ခံလူအေနနဲ႔ အန္းဖီးလ္ကေန ထြက္ခြာရႏိုင္ၿပီး ရီးရဲလ္ဘက္တစ္အသင္းရဲ႕ ယူ႐ိုသန္း ၅၀ ေလာက္ အလိုရွိေနတဲ့ အာဂ်င္တီးနားကြင္းလယ္လူ ဂီဒို ႐ိုဒရီးရက္ဇ္ကို ေခၚယူရာမွာ အလိုက္ေပးဖို႔ အသုံးျပဳသြားႏိုင္ၿပီး ေငြေၾကး သုံးစြဲမႈကို ထက္ဝက္ေလာက္ ေလွ်ာ့ခ်ႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကတာပါ။ ယာဂန္ ကေလာ့ပ္ရဲ႕ ဂဏန္းမၿငိမ္ေသးတဲ့ ကြင္းလယ္ကို ဝင္ေရာက္ေနရာယူဖို႔ ႀကံ့ခိုင္မႈ ေကာင္းမြန္တဲ့ ကိုပါအေမရိကခ်န္ပီယံကြင္းလယ္လူအတြက္ နည္းနည္းႏုတဲ့ မာတစ္က အနစ္နာခံရမလား ေစာင့္ၾကည့္ရပါလိမ့္မယ္။

မန္ယူႏိုက္တက္နဲ႔ အၿပိဳင္ႏႊဲရမယ့္ ဆာအူးလ္ လြန္ဆြဲပြဲ
အက္သလက္တီကို မက္ဒရစ္ကေန ထြက္ခြာေတာ့မယ့္ အခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္ဘက္က ေအးဂ်င့္ကို ေဆြးေႏြးေနခဲ့တယ္ဆိုေပမယ့္ ဆာအူးလ္ ညီးရက္ဇ္ရဲ႕ ဦးစားေပး သြားေရာက္ခ်င္တဲ့ ေနရာက လီဗာပူးလ္အသင္းျဖစ္ပါတယ္။ သူတို႔ေတြရဲ႕ ၂၀၂၀ တုန္းက ခ်န္ပီယံလိဂ္မွာ အလဲထိုးခဲ့ရာေနရာျဖစ္ခဲ့တဲ့ အန္းဖီးလ္ကို ႏွစ္သိမ့္ဖို႔ အသက္ ၂၆ ႏွစ္အ႐ြယ္ စပိန္သားအေနနဲ႔ တစ္ေက်ာ့ျပန္လာေရာက္ၿပီး ႀကိဳးၾကာနီဘဝကို ခံယူႏိုင္မလား စိတ္ဝင္စားစရာပါ။

မန္ယူႏိုက္တက္ဘက္ကေတာ့ သူ႔ကို အလိုရွိေနခဲ့ေပမယ့္ ေပါ့ဘာ၊ ဖာနန္ဒက္စ္တို႔ၾကားမွာ ကစားရမွာထက္ သူ႔ရဲ႕ အခန္းက႑ပိုမိုျမင့္မားႏိုင္မယ့္ အန္းဖီးလ္နဲ႔ လုပ္အားႏႈန္းအားကိုးတဲ့ နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ဗိုင္နယ္လ္ဒြမ္ေနရာ အစားထိုးလိုမႈဟာ ယူ႐ိုသန္း ၅၀ (ေပါင္ ၄၃ သန္း)နဲ႔ ယူ႐ိုသန္း ၄၀ (ေပါင္ ၃၄ သန္း)ၾကား ေဈးညႇိႏႈိင္းမႈတစ္ခုမွာ ၿပီးေျမာက္ႏိုင္ၿပီး တကယ္တမ္းလိုအပ္မႈ ႀကီးမားတဲ့ လီဗာပူးလ္တို႔ အရယူႏိုင္မလား စိတ္ဝင္စားစရာပါ။

အညႇိဳးမထားတတ္တဲ့ လီဗာပူးလ္တို႔ရဲ႕ ေနာက္ထပ္တစ္ေယာက္ကို ေခၚဦးမလား
အိမ္ကြင္းမွာ တစ္ဂိုးသြင္း၊ အေဝးကြင္းမွာ အသင္းလိုက္ ေတာင့္ခံၿပီး ခ်န္ပီယံလိဂ္က ျပဳတ္ေစခဲ့တဲ့ ဆာအူးလ္ကို အလိုရွိေနတဲ့ လီဗာပူးလ္အသင္း တာဝန္ရွိသူေတြအေနနဲ႔ သူတို႔အသင္းကို ၇ ဂိုးျပတ္ ေခ်မႈန္းတဲ့ပြဲမွာ ဟက္ထရစ္သြင္းခဲ့တဲ့ အက္စတန္ဗီလာ တိုက္စစ္မႉး အိုလီ ဝပ္ကင္းစ္ကိုလည္း ေစာင့္ၾကည့္ေနသလို ေတ့ေတ့ဆိုင္ဆိုင္ အစမ္းသပ္ခံႏိုင္ခဲ့တဲ့သူမ်ိဳးကိုမွ ပိုမိုအလိုရွိတာလားလို႔ ေမးစရာပါပဲ။

ဗုဒၶဟူးေန႔ညေနကမွ ဗီလာပါ့ခ္ကေန ထုတ္ျပလိုက္တဲ့ ေဆာက္သမ္တန္ရဲ႕ ဒန္နီ အင္းစ္ေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကးရဲ႕ အျမတ္ရာခိုင္ႏႈန္းအျဖစ္ ေပါင္ ၂ သန္း ရယူႏိုင္ခဲ့တဲ့ လီဗာပူးလ္တို႔အေနနဲ႔ ဘာမင္ဂမ္အေျခစိုက္အသင္းမွာ ေရာင္းခ်ႏိုင္ဖို႔ျဖစ္လာတဲ့ ဝပ္ကင္းစ္ကိုလည္း ေပါင္သန္း ၃၀ ေက်ာ္နဲ႔ ေခၚယူသြားႏိုင္ဖို႔ တစ္ေပးေနၾကၿပီး က်ဆင္းလာတဲ့ ေရာဘတ္တို ဖာမီႏိုေနရာအတြက္ မိုက္ကယ္ အက္ဒ္ဝပ္နဲ႔ ယာဂန္ ကေလာ့ပ္တို႔ႏွစ္ဦး ေခါင္းခ်င္း႐ိုက္ လုပ္ေဆာင္သြားဖြယ္ရွိေနေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.