Other Leagues Premier League

ခ်ဲလ္ဆီးကို ထြက္ခြာဖို႔ ႏွဳတ္ဆက္စကားဆုိခဲ့တယ္လို႔ အုိနာနာကို ထင္ေနၾက

နယ္သာလန္ပထမတန္းပြဲစဥ္ေတြအားလုံး ဖ်က္သိမ္းခဲ့ခ်ိန္မွာ အုိင္းယက္စ္အသင္းရဲ႕ ဂိုးသမား အန္ဒရီ အိုနာနာအေနနဲ႔ သူ႕ရဲ႕ အင္စတာဂရမ္ကေန ပရိသတ္ေတြကို ဒီရာသီအတြက္ ေက်းဇူးတင္ႏွဳတ္ဆက္စကားဆိုခဲ့တာကို အသင္းကေန ထြက္ခြာဖို႔ ဆုိခဲ့တာလားလို႔ ခန္႔မွန္းမွဳေတြ ရွိေနခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ကင္းမရြန္းလက္ေရြးစင္ဂိုးသမားဟာ ဘာစီလိုနာရဲ႕ လာမာစီယာအကယ္ဒမီထြက္ျဖစ္ၿပီး သူ႕ကို ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္က အသင္းမွာ အမွားအယြင္းမ်ားေနၿပီး လက္စြမ္းက်ဆင္းေနတဲ့ ဂိုးသမားႏွစ္ေယာက္ရဲ႕ေနရာမွာ အစားထိုးဖို႔ အလိုရွိေနခဲ့တာလည္း ျဖစ္ပါတယ္။

ဒတ္ခ်္ေဘာလုံးရာသီကို တာဝန္ရွိသူေတြက ဖ်က္သိမ္းခဲ့ၿပီးမွာ အုိနာနာက “ဒီရာသီခရီးက လူမရွိတဲ့ ကြင္းထဲမွာပဲ ၿပီးဆုံးခဲ့ပါၿပီ။ ဒါေပမယ့္ လုပ္ေဆာင္ႏုိင္ခဲ့တာေတြအတြက္ ေက်နပ္ၿပီး ဂုဏ္ယူမိပါတယ္။ အားလုံးရဲ႕ ထားရွိခဲ့တဲ့ ေမတၱာနဲ႔ အားေပးမွဳေတြကို ေက်းဇူးတင္ပါတယ္”လို႔ သူ႕ရဲ႕ အင္စတာဂရမ္မွာ ေရးသားခဲ့တာပါ။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ေတာ့ သူ႕ကို သေဘာက်ေနေပမယ့္ ေခၚယူဖို႔ ခ်ိန္ဆေနခဲ့သလို အသင္းက ကစားသမားေတြကို ေရာင္းထုတ္ၿပီး ဘတ္ဂ်က္ကို စီမံခန္႔ခြဲႏုိင္ခဲ့ရင္ ပုိၿပီး ျမန္ျမန္ဆန္ဆန္ ေခၚယူသြားႏုိင္ေပမယ့္ ကိုဗစ္-၁၉ ကေတာ့ အေျပာင္းအေရႊ႕ေတြကို အားလုံးစိတ္ညစ္ရေအာင္ တားဆီးေနတဲ့ အတားအဆီးျဖစ္ေနတာေၾကာင့္ အေျခအေနကေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

အိုနာနာကို ခ်ဲလ္ဆီးအသင္းအျပင္ ျပင္သစ္လီဂူးဝမ္းကလပ္ ပီအက္စ္ဂ်ီက ဦးစားေပးဂိုးသမားအျဖစ္ ေခၚယူႏုိင္ဖို႔ ရည္ရြယ္ထားၿပီး အသင္းေဟာင္း ဘာစီလိုနာကေတာ့ မာခ့္-အန္ဒေရ တာစတီဂင္ရဲ႕ အရန္နဲ႔ ေရရွည္အစားထိုးမွဳအျပင္ ငယ္ေမြးၿခံေပါက္ကစားသမားတစ္ဦးအျဖစ္ မွတ္ပုံတင္ႏုိင္ဖို႔ ျပန္လည္ေခၚယူသြားဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: နယ်သာလန်ပထမတန်းပွဲစဉ်တွေအားလုံး ဖျက်သိမ်းခဲ့ချိန်မှာ အိုင်းယက်စ်အသင်းရဲ့ ဂိုးသမား အန်ဒရီ အိုနာနာအနေနဲ့ သူ့ရဲ့ အင်စတာဂရမ်ကနေ ပရိသတ်တွေကို ဒီရာသီအတွက် ကျေးဇူးတင်နှုတ်ဆက်စကားဆိုခဲ့တာကို အသင်းကနေ ထွက်ခွာဖို့ ဆိုခဲ့တာလားလို့ ခန့်မှန်းမှုတွေ ရှိနေခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကင်းမရွန်းလက်ရွေးစင်ဂိုးသမားဟာ ဘာစီလိုနာရဲ့ လာမာစီယာအကယ်ဒမီထွက်ဖြစ်ပြီး သူ့ကို ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်က အသင်းမှာ အမှားအယွင်းများနေပြီး လက်စွမ်းကျဆင်းနေတဲ့ ဂိုးသမားနှစ်ယောက်ရဲ့နေရာမှာ အစားထိုးဖို့ အလိုရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ဒတ်ချ်ဘောလုံးရာသီကို တာဝန်ရှိသူတွေက ဖျက်သိမ်းခဲ့ပြီးမှာ အိုနာနာက “ဒီရာသီခရီးက လူမရှိတဲ့ ကွင်းထဲမှာပဲ ပြီးဆုံးခဲ့ပါပြီ။ ဒါပေမယ့် လုပ်ဆောင်နိုင်ခဲ့တာတွေအတွက် ကျေနပ်ပြီး ဂုဏ်ယူမိပါတယ်။ အားလုံးရဲ့ ထားရှိခဲ့တဲ့ မေတ္တာနဲ့ အားပေးမှုတွေကို ကျေးဇူးတင်ပါတယ်”လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။

ချဲလ်ဆီးအသင်းအနေနဲ့တော့ သူ့ကို သဘောကျနေပေမယ့် ခေါ်ယူဖို့ ချိန်ဆနေခဲ့သလို အသင်းက ကစားသမားတွေကို ရောင်းထုတ်ပြီး ဘတ်ဂျက်ကို စီမံခန့်ခွဲနိုင်ခဲ့ရင် ပိုပြီး မြန်မြန်ဆန်ဆန် ခေါ်ယူသွားနိုင်ပေမယ့် ကိုဗစ်-၁၉ ကတော့ အပြောင်းအရွှေ့တွေကို အားလုံးစိတ်ညစ်ရအောင် တားဆီးနေတဲ့ အတားအဆီးဖြစ်နေတာကြောင့် အခြေအနေကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

အိုနာနာကို ချဲလ်ဆီးအသင်းအပြင် ပြင်သစ်လီဂူးဝမ်းကလပ် ပီအက်စ်ဂျီက ဦးစားပေးဂိုးသမားအဖြစ် ခေါ်ယူနိုင်ဖို့ ရည်ရွယ်ထားပြီး အသင်းဟောင်း ဘာစီလိုနာကတော့ မာခ့်-အန်ဒရေ တာစတီဂင်ရဲ့ အရန်နဲ့ ရေရှည်အစားထိုးမှုအပြင် ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးအဖြစ် မှတ်ပုံတင်နိုင်ဖို့ ပြန်လည်ခေါ်ယူသွားဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.