Premier League

5 Aug နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီး သတင်းများ စုစည်းမှု

အက်စတန် ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်ဟာ လာမယ့် ၂၄ နာရီအတွင်း ဆေးစစ်မှုခံယူပြီးရင် တရားဝင်မန်စီးတီးကစားသမားသစ် ဖြစ်လာတော့မယ်လို့ ဖော်​ပြခံနေ​ရ​ပြီး မန်စီးတီးအသင်းရဲ့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းမှုဟာ အောင်မြင်ခဲ့ပြီဖြစ်လို့ ၅ နှစ်စာချုပ်နဲ့အတူ တပတ်ပေါင် ၃ သိန်းရရှိသွားမယ်လို့ သိရ။

ဂရီးလစ်ရှ်ရောက်ရှိလာတော့မယ့်အချိန်မှာ အီတီဟတ်ကို စွန့်ခွာလိုနေတဲ့ ဘာနတ်ဒို ဆေးလ်ဗားကို အက်သလက်တီကို မက်ဒရစ်အသင်းက ကမ်းလှမ်းသွားဖို့ အသင့်ရှိနေကြောင်း Mundo Deportivo သတင်းက ဖော်ပြခဲ့ပြီး မန်စီးတီးအနေနဲ့ အနိမ့်ဆုံး ပေါင် ၄၅ သန်းရဖို့ မျှော်လင့်နေသလို ပေါ်တူဂီသားကို ဘာစီလိုနာအသင်းကလည်း ခေါ်ယူလိုကြောင်း သိရ။

ပရီးမီးယားလိဂ်ဥက္ကဌဟောင်း ဆိုင်မွန် ဂျော်ဒန်က မန်စီးတီးအသင်းကို ပြောင်းရွှေ့ခွင့်မရမချင်း လေ့ကျင့်ရေးဆင်းဖို့ ငြင်းဆန်ပြီး ဆန္ဒပြနေတဲ့ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းဟာ ကျက်သရေမဲ့တယ်လို့ ထိုးနှက်သွားခဲ့ပြီး အင်္ဂလန်အသင်းခေါင်းဆောင်ရဲ့လုပ်ရပ်ဟာ သူ့သိက္ခာကိုကျဆင်းစေပြီး နာမည်ပျက်စေတယ်လို့ ဝေဖန်သွားခဲ့။

ဘာစီလိုနာအသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမတိုင်ခင်က ချိတ်ဆက်ထားခဲ့တဲ့ မန်စီးတီးဗဟိုခံစစ်မှူး အေးမရစ် လာပေါ့တ်ကို အပြီးသတ်ခေါ်ယူဖို့ တကျော့ပြန်​ကြိုးပမ်းလာခဲ့ပြီး မန်စီးတီးရဲ့တုံ့ပြန်မှုကို အပြောင်းအရွှေ့နောက်ဆုံးနေ့ထိ စောင့်ဆိုင်းသွားမယ်လို့ သိရသလို ဘီလ်ဘာအိုအသင်းကနေ ​အင်္ဂလန်ကို ရောက်ရှိလာခဲ့တဲ့ အသက် ၂၇ နှစ်သားရဲ့ဆန္ဒအရ စပိန်မှာပြန်ကစားလိုနေ။

ဂရီးလစ်ရှ်ရဲ့ အပြောင်းအရွှေ့အပြီးသတ်မှာ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းရဲ့ အပြောင်းအရွှေ့ကို ဆက်လက်အားစိုက်သွားမယ့် မန်စီးတီးအသင်းဟာ ပေါင်သန်း ၂၅၀ အတွက် ကစားသမား ၄ ဦးအထိ ရှင်းထုတ်သွားမှာဖြစ်ပြီး အေးမရစ် လာပေါ့တ်၊ ဘာနတ်ဒို ဆေးလ်ဗား၊ ရာဟင်းမ် စတာလင်နဲ့ ရီယက် မာရက်ဇ်တို့ကို အရောင်းစာရင်းထဲ ထည့်သွင်းလာခဲ့ပြီဖြစ်ကြောင်း The Mirror သတင်းက ဖော်ပြသွားခဲ့။

မန်စီးတီးအသင်းအနေနဲ့ ဘယ်နောက်ခံလူနေရာအတွက် အတ္တလန်တာမှာ တောက်ပနေတဲ့ ရော်ဘင် ဂိုဆန်ကို ဝယ်ယူသင့်တယ်လို့ စီတီဇန်ဘယ်နောက်ခံလူဟောင်း မိုက်ကယ်ဘောလ်က ထောက်ခံချက်ပေးသွားခဲ့ပြီး နည်းပြပပ်ဂွါဒီယိုလာ ရှာဖွေနေတဲ့ ပင်ကိုယ်အရည်အချင်းနဲ့ ပြည့်စုံသလို အသက် ၂၇ နှစ်သားဟာ စတာလင်ထက်တောင် ဂိုးသွင်းနိုင်စွမ်းမြင့်တယ်လို့ ချီးကျူးသွားခဲ့။

ဘာစီလိုနာဥက္ကဌ လာပေါ့တာက အသင်းမှာ မပျော်မရွှင်ဖြစ်နေတဲ့ အသက် ၁၈ နှစ်သား လူငယ်ကြယ်ပွင့်လေး မိုရီဘာကို စိတ်ကုန်သွားပြီလို့ လူသိရှင်ကြား ဝေဖန်သွားခဲ့ပြီးနောက်မှာ အဆိုပါစပိန်သားကို အခုနွေရာသီအတွင်း ရောင်းထုတ်တော့မှာဖြစ်ပြီး သူ့ကိုမျက်စိကျနေတဲ့ မန်စီးတီးအသင်း​က ယူရိုသန်း ၂၀ နဲ့ရဖို့ မျှော်လင့်ထား။

မန်စီးတီးရဲ့ ရာသီကြို ၃ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ နိုက်ဂျီးရီးယားလူငယ်ကြယ်ပွင့်လေး ဆမ်မြူယယ်လ် အီဒိုဇီဟာ လီဗာပူးလ်တိုက်စစ်မှူး ဆာဒီယို မာနေးထက်ပိုကောင်းသူလို့ စီတီဇန်တို့က လူမှုကွန်ရက်မှာ ချီးကျုးရေးသားသွားခဲ့ကြချိန်မှာ နည်းပြဂွါဒီယိုလာကလည်း အသက် ၁၈ နှစ်သားလေးဟာ ဂိုးသွင်းမုဆိုးစစ်စစ်တစ်ယောက်ဖြစ်လာမယ့် အလားအလာကောင်းကို ပိုင်ဆိုင်ထားကြောင်း ထောက်ခံသွားခဲ့။

မန်စီးတီးနည်းပြဂွါဒီယိုလာက ဂျက်ဂရီးလစ်ရှ်ကို ဘယ်တောင်ပံတိုက်စစ်ပိုင်းမှာ ပံ့ပိုးပေးဖို့ ဇင်ချန်ကို၊ ဘန်ဂျမင် မန်ဒီတို့နဲ့ မလုံလောက်ဘူးလို့ ယူဆထားတာကြောင့် စပို့တင်း လစ္စဘွန်းအသင်းရဲ့ ဘယ်နောက်ခံလူ နူနို မန်ဒက်စ်ကို အမြန်ဆုံးခေါ်ယူသွားဖို့ ပြင်ဆင်နေပြီး ၁၉ နှစ်အရွယ် ပေါ်တူဂီသားအတွက် စာချုပ်လျော်ကြေး ယူရိုသန်း ၇၀ ရှိနေတယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အက္စတန္ ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ဂရီးလစ္ရွ္ဟာ လာမယ့္ ၂၄ နာရီအတြင္း ေဆးစစ္မႈခံယူၿပီးရင္ တရားဝင္မန္စီးတီးကစားသမားသစ္ ျဖစ္လာေတာ့မယ္လို႔ ေဖာ္​ျပခံေန​ရ​ၿပီး မန္စီးတီးအသင္းရဲ႕ ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၀၀ နဲ႔ ကမ္းလွမ္းမႈဟာ ေအာင္ျမင္ခဲ့ၿပီျဖစ္လို႔ ၅ ႏွစ္စာခ်ဳပ္နဲ႔အတူ တပတ္ေပါင္ ၃ သိန္းရရွိသြားမယ္လို႔ သိရ။

ဂရီးလစ္ရွ္ေရာက္ရွိလာေတာ့မယ့္အခ်ိန္မွာ အီတီဟတ္ကို စြန္႔ခြာလိုေနတဲ့ ဘာနတ္ဒို ေဆးလ္ဗားကို အက္သလက္တီကို မက္ဒရစ္အသင္းက ကမ္းလွမ္းသြားဖို႔ အသင့္ရွိေနေၾကာင္း Mundo Deportivo သတင္းက ေဖာ္ျပခဲ့ၿပီး မန္စီးတီးအေနနဲ႔ အနိမ့္ဆုံး ေပါင္ ၄၅ သန္းရဖို႔ ေမွ်ာ္လင့္ေနသလို ေပၚတူဂီသားကို ဘာစီလိုနာအသင္းကလည္း ေခၚယူလိုေၾကာင္း သိရ။

ပရီးမီးယားလိဂ္ဥကၠဌေဟာင္း ဆိုင္မြန္ ေဂ်ာ္ဒန္က မန္စီးတီးအသင္းကို ေျပာင္းေ႐ႊ႕ခြင့္မရမခ်င္း ေလ့က်င့္ေရးဆင္းဖို႔ ျငင္းဆန္ၿပီး ဆႏၵျပေနတဲ့ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းဟာ က်က္သေရမဲ့တယ္လို႔ ထိုးႏွက္သြားခဲ့ၿပီး အဂၤလန္အသင္းေခါင္းေဆာင္ရဲ႕လုပ္ရပ္ဟာ သူ႔သိကၡာကိုက်ဆင္းေစၿပီး နာမည္ပ်က္ေစတယ္လို႔ ေဝဖန္သြားခဲ့။

ဘာစီလိုနာအသင္းဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမတိုင္ခင္က ခ်ိတ္ဆက္ထားခဲ့တဲ့ မန္စီးတီးဗဟိုခံစစ္မႉး ေအးမရစ္ လာေပါ့တ္ကို အၿပီးသတ္ေခၚယူဖို႔ တေက်ာ့ျပန္​ႀကိဳးပမ္းလာခဲ့ၿပီး မန္စီးတီးရဲ႕တုံ႔ျပန္မႈကို အေျပာင္းအေ႐ႊ႕ေနာက္ဆုံးေန႔ထိ ေစာင့္ဆိုင္းသြားမယ္လို႔ သိရသလို ဘီလ္ဘာအိုအသင္းကေန ​အဂၤလန္ကို ေရာက္ရွိလာခဲ့တဲ့ အသက္ ၂၇ ႏွစ္သားရဲ႕ဆႏၵအရ စပိန္မွာျပန္ကစားလိုေန။

ဂရီးလစ္ရွ္ရဲ႕ အေျပာင္းအေ႐ႊ႕အၿပီးသတ္မွာ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းရဲ႕ အေျပာင္းအေ႐ႊ႕ကို ဆက္လက္အားစိုက္သြားမယ့္ မန္စီးတီးအသင္းဟာ ေပါင္သန္း ၂၅၀ အတြက္ ကစားသမား ၄ ဦးအထိ ရွင္းထုတ္သြားမွာျဖစ္ၿပီး ေအးမရစ္ လာေပါ့တ္၊ ဘာနတ္ဒို ေဆးလ္ဗား၊ ရာဟင္းမ္ စတာလင္နဲ႔ ရီယက္ မာရက္ဇ္တို႔ကို အေရာင္းစာရင္းထဲ ထည့္သြင္းလာခဲ့ၿပီျဖစ္ေၾကာင္း The Mirror သတင္းက ေဖာ္ျပသြားခဲ့။

မန္စီးတီးအသင္းအေနနဲ႔ ဘယ္ေနာက္ခံလူေနရာအတြက္ အတၱလန္တာမွာ ေတာက္ပေနတဲ့ ေရာ္ဘင္ ဂိုဆန္ကို ဝယ္ယူသင့္တယ္လို႔ စီတီဇန္ဘယ္ေနာက္ခံလူေဟာင္း မိုက္ကယ္ေဘာလ္က ေထာက္ခံခ်က္ေပးသြားခဲ့ၿပီး နည္းျပပပ္ဂြါဒီယိုလာ ရွာေဖြေနတဲ့ ပင္ကိုယ္အရည္အခ်င္းနဲ႔ ျပည့္စုံသလို အသက္ ၂၇ ႏွစ္သားဟာ စတာလင္ထက္ေတာင္ ဂိုးသြင္းႏိုင္စြမ္းျမင့္တယ္လို႔ ခ်ီးက်ဴးသြားခဲ့။

ဘာစီလိုနာဥကၠဌ လာေပါ့တာက အသင္းမွာ မေပ်ာ္မ႐ႊင္ျဖစ္ေနတဲ့ အသက္ ၁၈ ႏွစ္သား လူငယ္ၾကယ္ပြင့္ေလး မိုရီဘာကို စိတ္ကုန္သြားၿပီလို႔ လူသိရွင္ၾကား ေဝဖန္သြားခဲ့ၿပီးေနာက္မွာ အဆိုပါစပိန္သားကို အခုေႏြရာသီအတြင္း ေရာင္းထုတ္ေတာ့မွာျဖစ္ၿပီး သူ႔ကိုမ်က္စိက်ေနတဲ့ မန္စီးတီးအသင္း​က ယူ႐ိုသန္း ၂၀ နဲ႔ရဖို႔ ေမွ်ာ္လင့္ထား။

မန္စီးတီးရဲ႕ ရာသီႀကိဳ ၃ ပြဲဆက္ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ႏိုက္ဂ်ီးရီးယားလူငယ္ၾကယ္ပြင့္ေလး ဆမ္ျမဴယယ္လ္ အီဒိုဇီဟာ လီဗာပူးလ္တိုက္စစ္မႉး ဆာဒီယို မာေနးထက္ပိုေကာင္းသူလို႔ စီတီဇန္တို႔က လူမႈကြန္ရက္မွာ ခ်ီးက်ဳးေရးသားသြားခဲ့ၾကခ်ိန္မွာ နည္းျပဂြါဒီယိုလာကလည္း အသက္ ၁၈ ႏွစ္သားေလးဟာ ဂိုးသြင္းမုဆိုးစစ္စစ္တစ္ေယာက္ျဖစ္လာမယ့္ အလားအလာေကာင္းကို ပိုင္ဆိုင္ထားေၾကာင္း ေထာက္ခံသြားခဲ့။

မန္စီးတီးနည္းျပဂြါဒီယိုလာက ဂ်က္ဂရီးလစ္ရွ္ကို ဘယ္ေတာင္ပံတိုက္စစ္ပိုင္းမွာ ပံ့ပိုးေပးဖို႔ ဇင္ခ်န္ကို၊ ဘန္ဂ်မင္ မန္ဒီတို႔နဲ႔ မလုံေလာက္ဘူးလို႔ ယူဆထားတာေၾကာင့္ စပို႔တင္း လစၥဘြန္းအသင္းရဲ႕ ဘယ္ေနာက္ခံလူ ႏူႏို မန္ဒက္စ္ကို အျမန္ဆုံးေခၚယူသြားဖို႔ ျပင္ဆင္ေနၿပီး ၁၉ ႏွစ္အ႐ြယ္ ေပၚတူဂီသားအတြက္ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ိုသန္း ၇၀ ရွိေနတယ္လို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.