Analysis Premier League

ဇီးယက်ရှ် တောက်ပခဲ့တဲ့ ချဲလ်ဆီး 2-2 စပါးစ်ပွဲရဲ့ မှတ်မှတ်ရရဖြစ်ခဲ့တဲ့ အချက် 7 ချက်

အလင်းနှစ်တွေအထိ ဝေးကွာသွားတဲ့ နှစ်သင်း
ချဲလ်ဆီးအသင်းအနေနဲ့ ပွဲမစခင် ချန်ပီယံလိဂ်ဖလားကို ကိုင်ပြီး အင်အားပြခဲ့ခြင်းနဲ့ မြို့ခံပြိုင်ဘက်ကို နှာနုဖြတ်ရိုက်ခဲ့ပါတယ်။ ခြေစမ်းပွဲဆိုပေမယ့် နှစ်သင်းကြားက ကွာဟချက်ကြီးမားပုံကို ခြေစွမ်းအရမြင်ခဲ့ရမှာဖြစ်ပြီး အင်အားမမျှပေမယ့် ဦးဆောင်ဂိုးတွေ ပေးခဲ့ရသည့်တိုင် သရေရလဒ်ရအောင် ကစားနိုင်ခဲ့တဲ့ စပါးစ်အသင်းကို အသိအမှတ်ပြု ချီးကျူးရမှာလည်းဖြစ်ပါတယ်။

ပေါက်ကွဲဖို့ အဆင်သင့်ဖြစ်နေတဲ့ ဟာကင်မ် ဇီးယက်ရှ်
ဇီးယက်ရှ်ရဲ့ ဒီပွဲက ခြေစွမ်းကို ကြည့်မယ်ဆိုရင် သူ့အနေနဲ့ ဘယ်မှ သွားမှာ မဟုတ်တော့ဘူးလို့ ထင်ရတဲ့အထိ ခြေစွမ်းပြခဲ့ပြီး ကောင်းမွန်တဲ့ အဖွင့်ဂိုးနဲ့အတူ သေသပ်တဲ့အ ဆုံးသတ်နဲ့ ဒုတိယပိုင်းမှာ တစ်ဂိုးထပ်သွင်းယူခဲ့သလို ဆာဂျီယို ရယ်ဂီလွန်ကိုလည်း အတော်ဒုက္ခပေးနိုင်ခဲ့ပါတယ်။ အသင်းရဲ့ နေရာလုတိုက်ပွဲမှာ ဇီးယက်ရှ် အနိုင်ရပြီး ပွဲထွက်ကစားတာ တွေ့ရင်တောင် အံ့ဩစရာမရှိတော့ပါဘူး။

မနိုင်ဝန်ထမ်းမိတာလား ဆွန်ဟောင်မင်
တောင်ကိုရီးယားသားအနေနဲ့ ဒီပွဲမှာ ပုံမှန်ခြေစွမ်းပြဖို့အတွက် ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ၁၇ ဂိုးသွင်းယူခဲ့တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ခြင်းမရှိဘဲ စပါးစ်အသင်းအတွက်တော့ သူသာ အခုလို ဂိုးမိုးခေါင်နေချိန်မှာ ဟာရီကိန်းရော မရှိတော့ရင် ဘယ်သူ့ဆီကနေ သွင်းဂိုးတွေ မျှော်လင့်လို့ရနိုင်မလဲဆိုတာတော့ စိုးရိမ်စရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကိန်းကို ဆန့်ကျင်ပြထားခဲ့တဲ့ ကိုရီးယားသားအနေနဲ့ ဒီနေ့ပွဲမှာ ဂိုးပေါက်ပျောက်ဆုံးခဲ့သလို ဘရာဇီးလ်သား လူးကပ်စ် မော်ရာနဲ့ ဒတ်ချ်တောင်ပံသမား ဘာ့ဂ်ဗိန်းတို့ကသာ ကယ်တင်ခဲ့ရတာလည်းဖြစ်ပါတယ်။

ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းနေဆဲ ကွန်တေ
အသက် ၃၀ အရွယ် ပြင်သစ်သားအနေနဲ့ သူ့ရဲ့အကောင်းဆုံး အချိန်တွေ ကျော်လွန်သွားပြီဆိုတဲ့ ဝေဖန်မှုတွေကို မှားယွင်းကြောင်း ပြခဲ့ပြီး အဖွင့်ဂိုးကို သူ့ရဲ့ လူးကပ်စ် မော်ရာ‌ဆီက အချိန်ကိုက် ဖျက်ထုတ်မှုကတစ်ဆင့် ရရှိခဲ့သလို ဇီးယက်ရှ်ဆီကို ဘောလုံးပေးပို့နိုင်ခဲ့တာပါ။ ကစားရချိန် တစ်လျှောက်လုံး မမောမပန်းနဲ့ တစ်ကွင်းလုံးမှာ သူ့ကိုချည်း တွေ့နေရတဲ့အထိ လိုက်လံကစားခဲ့ပါတယ်။

အန်ဂိုလို ကွန်တေအနေနဲ့ လာမယ့်ဘောလုံးရာသီ ပရီးမီးယားလိဂ်ဖလားကို ယူဖို့အတွက် ပစ်မှတ်ထားနေတဲ့ အသင်းရဲ့ အဓိက,ကစားသမားအဖြစ် သတ်မှတ်ထားခံရသူဖြစ်ပြီး ဒီပွဲမှာ အခွင့်အရေးတွေ ဖန်တီးပေးနိုင်ခဲ့သလို တစ်ဖက်မှာလည်း ခံစစ်ကို သူ့ရဲ့ဖျက်ထုတ်မှုတွေနဲ့ အထောက်အကူ ပေးနိုင်ခဲ့ပါတယ်။ တစ်ယောက်ယောက်ကတော့ သူ့ကို ဒီပွဲက ခြေစမ်းပွဲဆိုတာကို ပြောဖို့ မေ့နေခဲ့ပုံပါပဲ။

၁၂ ယောက်မြောက်ကစားသမားတို့ စုံလင်ချိန်
ဒီပွဲရဲ့ပြောစရာဖြစ်ခဲ့တဲ့ အဓိကအချက်အနေနဲ့ ၁၂ ယောက်မြောက်ကစားသမားလို့ တင်စားကြတဲ့ ပရိသတ်တွေကို စတန်းဖို့ဒ်ဘရစ်ခ်ျကွင်းထဲမှာ ပြန်တွေ့ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီတစ်ခုလုံးနီးပါး ပရိသတ်တွေမပါဘဲ ကစားခဲ့ရသလို ဒီပွဲမှာတော့ ကွင်းထဲမှာ ကျယ်လောင်တဲ့အားပေးသံတွေနဲ့အတူ လွတ်လပ်တဲ့နေ့စွဲတွေ ရောက်ရှိလာခဲ့ပါတယ်။

ပွဲအစပိုင်းမှာ ချဲလ်ဆီးပရိသတ်တွေရဲ့ “ဟာရီကိန်း ဘယ်ရောက်နေတာလဲ”ဆိုတဲ့ လှောင်ပြောင်သံတွေ အကျယ်ကြီးထွက်ပေါ်လာခဲ့ကြပြီး လှောင်ပြောင်သံတွေဆိုတာ ဘောလုံးပွဲတွေမှာ လူအုပ်ကြီးတွေကို ကျွန်တော်တို့နှစ်သက်ရတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ခြေစမ်းပွဲဆိုပေမယ့် ချဲလ်ဆီးပရိသတ်တွေအနေနဲ့ ကွင်းထဲမှာ ခါးသီးပြိုင်ဘက်အပေါ် လေတိုက်တာကိုက ပျော်စရာကောင်းနေခဲ့ပါတယ်။

ကစားကွက်အသစ် စမ်းနေတဲ့ သောမတ်စ် တူဟယ်လ်
ပထမပိုင်းမှာ တူဟယ်လ်အနေနဲ့ သုံးနေကြ ၃-၄-၃ ကစားကွက်နဲ့စတင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၄ ယောက်တန်းခံစစ်နဲ့ ၄-၄-၂ ကစားကွက်ကို ခင်းကျင်းခဲ့တာပါ။ ပြီးခဲ့တဲ့ ရာသီတုန်းက Plan B အားနည်းခဲ့တာအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ နောက်ထပ်ကစားကွက်တစ်ခုကို ရာသီကြိုခြေစမ်းပွဲမှာကတည်းက စမ်းသပ်အသုံးပြုနေတာကိုကြည့်ရင် တူဟယ်လ်အနေနဲ့ လာမယ့် ဘောလုံးရာသီအတွက် အတွေးသစ်တွေလည်း ရှိနေတာကို သိနိုင်ပါတယ်။

လူကာကူးကို ခေါ်သင့်ကြောင်း ဇာတ်ပို့ပေးတဲ့ ဗာနာ
ဗာနာအနေနဲ့ ပွဲချိန်အတွင်း အခွင့်အရေးတွေ ရခဲ့ပေမယ့် စပါးစ်ဂိုးသမား ပယ်လွီဂျီ ဂေါ်လီနီကို မကျော်ဖြတ်နိုင်ခဲ့ဘဲ သူ့ရဲ့ခြေစွမ်းက မျှော်လင့်စရာ ရှိနေတဲ့တိုင်အောင် သူ့အနေနဲ့ ဘွန်ဒက်စ်လီဂါမှာ ခြေစွာခဲ့တဲ့ ပုံစံနဲ့တော့ ဘာမှ မဆိုင်သေးဘဲဖြစ်နေပြီး ဒီပွဲမှာ သူ့ရဲ့ သွင်းဂိုးတစ်ဂိုးကိုလည်း လူကျွံဘောအဖြစ် မှားယွင်းသတ်မှတ်ခံခဲ့ရချိန်မှာတော့ စတမ်းဖို့ဘရစ်ချ်ကို တစ်ကျော့ပြန် ရောက်ရှိလာမယ့် ကစားသမားဘဝ အမြင့်ဆုံးရောက် အင်တာမီလန်တိုက်စစ်မှူး ရိုမီလူ လူကာကူးရဲ့ ပါဝါနဲ့ အဆုံးသတ်ပိုင်းမျိုးကို ပိုမိုလိုအပ်ကြောင်း ပိုသေချာစေခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အလင္းႏွစ္ေတြအထိ ေဝးကြာသြားတဲ့ ႏွစ္သင္း
ခ်ဲလ္ဆီးအသင္းအေနနဲ႔ ပြဲမစခင္ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ၿပီး အင္အားျပခဲ့ျခင္းနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ကို ႏွာႏုျဖတ္႐ိုက္ခဲ့ပါတယ္။ ေျခစမ္းပြဲဆိုေပမယ့္ ႏွစ္သင္းၾကားက ကြာဟခ်က္ႀကီးမားပုံကို ေျခစြမ္းအရျမင္ခဲ့ရမွာျဖစ္ၿပီး အင္အားမမွ်ေပမယ့္ ဦးေဆာင္ဂိုးေတြ ေပးခဲ့ရသည့္တိုင္ သေရရလာဒ္ရေအာင္ ကစားႏိုင္ခဲ့တဲ့ စပါးစ္အသင္းကို အသိအမွတ္ျပဳ ခ်ီးက်ဴးရမွာလည္းျဖစ္ပါတယ္။

ေပါက္ကြဲဖို႔ အဆင္သင့္ျဖစ္ေနတဲ့ ဟာကင္မ္ ဇီးယက္ရွ္
ဇီးယက္ရွ္ရဲ႕ ဒီပြဲက ေျခစြမ္းကို ၾကည့္မယ္ဆိုရင္ သူ႔အေနနဲ႔ ဘယ္မွ သြားမွာ မဟုတ္ေတာ့ဘူးလို႔ ထင္ရတဲ့အထိ ေျခစြမ္းျပခဲ့ၿပီး ေကာင္းမြန္တဲ့ အဖြင့္ဂိုးနဲ႔အတူ ေသသပ္တဲ့အ ဆုံးသတ္နဲ႔ ဒုတိယပိုင္းမွာ တစ္ဂိုးထပ္သြင္းယူခဲ့သလို ဆာဂ်ီယို ရယ္ဂီလြန္ကိုလည္း အေတာ္ဒုကၡေပးႏိုင္ခဲ့ပါတယ္။ အသင္းရဲ႕ ေနရာလုတိုက္ပြဲမွာ ဇီးယက္ရွ္ အႏိုင္ရၿပီး ပြဲထြက္ကစားတာ ေတြ႕ရင္ေတာင္ အံ့ဩစရာမရွိေတာ့ပါဘူး။

မႏိုင္ဝန္ထမ္းမိတာလား ဆြန္ေဟာင္မင္
ေတာင္ကိုရီးယားသားအေနနဲ႔ ဒီပြဲမွာ ပုံမွန္ေျခစြမ္းျပဖို႔အတြက္ ႐ုန္းကန္ခဲ့ရၿပီး ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက ၁၇ ဂိုးသြင္းယူခဲ့တဲ့ ေျခစြမ္းမ်ိဳး ျပသႏိုင္ခဲ့ျခင္းမရွိဘဲ စပါးစ္အသင္းအတြက္ေတာ့ သူသာ အခုလို ဂိုးမိုးေခါင္ေနခ်ိန္မွာ ဟာရီကိန္းေရာ မရွိေတာ့ရင္ ဘယ္သူ႔ဆီကေန သြင္းဂိုးေတြ ေမွ်ာ္လင့္လို႔ရႏိုင္မလဲဆိုတာေတာ့ စိုးရိမ္စရာတစ္ခု ျဖစ္လာခဲ့ပါတယ္။ ကိန္းကို ဆန႔္က်င္ျပထားခဲ့တဲ့ ကိုရီးယားသားအေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးေပါက္ေပ်ာက္ဆုံးခဲ့သလို ဘရာဇီးလ္သား လူးကပ္စ္ ေမာ္ရာနဲ႔ ဒတ္ခ်္ေတာင္ပံသမား ဘာ့ဂ္ဗိန္းတို႔ကသာ ကယ္တင္ခဲ့ရတာလည္းျဖစ္ပါတယ္။

ကြင္းလယ္ကို အေကာင္းဆုံး ထိန္းေက်ာင္းေနဆဲ ကြန္ေတ
အသက္ ၃၀ အ႐ြယ္ ျပင္သစ္သားအေနနဲ႔ သူ႔ရဲ႕အေကာင္းဆုံး အခ်ိန္ေတြ ေက်ာ္လြန္သြားၿပီဆိုတဲ့ ေဝဖန္မႈေတြကို မွားယြင္းေၾကာင္း ျပခဲ့ၿပီး အဖြင့္ဂိုးကို သူ႔ရဲ႕ လူးကပ္စ္ ေမာ္ရာ‌ဆီက အခ်ိန္ကိုက္ ဖ်က္ထုတ္မႈကတစ္ဆင့္ ရရွိခဲ့သလို ဇီးယက္ရွ္ဆီကို ေဘာလုံးေပးပို႔ႏိုင္ခဲ့တာပါ။ ကစားရခ်ိန္ တစ္ေလွ်ာက္လုံး မေမာမပန္းနဲ႔ တစ္ကြင္းလုံးမွာ သူ႔ကိုခ်ည္း ေတြ႕ေနရတဲ့အထိ လိုက္လံကစားခဲ့ပါတယ္။

အန္ဂိုလို ကြန္ေတအေနနဲ႔ လာမယ့္ေဘာလုံးရာသီ ပရီးမီးယားလိဂ္ဖလားကို ယူဖို႔အတြက္ ပစ္မွတ္ထားေနတဲ့ အသင္းရဲ႕ အဓိက,ကစားသမားအျဖစ္ သတ္မွတ္ထားခံရသူျဖစ္ၿပီး ဒီပြဲမွာ အခြင့္အေရးေတြ ဖန္တီးေပးႏိုင္ခဲ့သလို တစ္ဖက္မွာလည္း ခံစစ္ကို သူ႔ရဲ႕ဖ်က္ထုတ္မႈေတြနဲ႔ အေထာက္အကူ ေပးႏိုင္ခဲ့ပါတယ္။ တစ္ေယာက္ေယာက္ကေတာ့ သူ႔ကို ဒီပြဲက ေျခစမ္းပြဲဆိုတာကို ေျပာဖို႔ ေမ့ေနခဲ့ပုံပါပဲ။

၁၂ ေယာက္ေျမာက္ကစားသမားတို႔ စုံလင္ခ်ိန္
ဒီပြဲရဲ႕ေျပာစရာျဖစ္ခဲ့တဲ့ အဓိကအခ်က္အေနနဲ႔ ၁၂ ေယာက္ေျမာက္ကစားသမားလို႔ တင္စားၾကတဲ့ ပရိသတ္ေတြကို စတန္းဖို႔ဒ္ဘရစ္ခ္်ကြင္းထဲမွာ ျပန္ေတြ႕ခဲ့ရတာျဖစ္ၿပီး ၿပီးခဲ့တဲ့ေဘာလုံးရာသီတစ္ခုလုံးနီးပါး ပရိသတ္ေတြမပါဘဲ ကစားခဲ့ရသလို ဒီပြဲမွာေတာ့ ကြင္းထဲမွာ က်ယ္ေလာင္တဲ့အားေပးသံေတြနဲ႔အတူ လြတ္လပ္တဲ့ေန႔စြဲေတြ ေရာက္ရွိလာခဲ့ပါတယ္။

ပြဲအစပိုင္းမွာ ခ်ဲလ္ဆီးပရိသတ္ေတြရဲ႕ “ဟာရီကိန္း ဘယ္ေရာက္ေနတာလဲ”ဆိုတဲ့ ေလွာင္ေျပာင္သံေတြ အက်ယ္ႀကီးထြက္ေပၚလာခဲ့ၾကၿပီး ေလွာင္ေျပာင္သံေတြဆိုတာ ေဘာလုံးပြဲေတြမွာ လူအုပ္ႀကီးေတြကို ကြၽန္ေတာ္တို႔ႏွစ္သက္ရတဲ့ အခ်က္တစ္ခ်က္ျဖစ္ပါတယ္။ ေျခစမ္းပြဲဆိုေပမယ့္ ခ်ဲလ္ဆီးပရိသတ္ေတြအေနနဲ႔ ကြင္းထဲမွာ ခါးသီးၿပိဳင္ဘက္အေပၚ ေလတိုက္တာကိုက ေပ်ာ္စရာေကာင္းေနခဲ့ပါတယ္။

ကစားကြက္အသစ္ စမ္းေနတဲ့ ေသာမတ္စ္ တူဟယ္လ္
ပထမပိုင္းမွာ တူဟယ္လ္အေနနဲ႔ သုံးေနၾက ၃-၄-၃ ကစားကြက္နဲ႔စတင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ၄ ေယာက္တန္းခံစစ္နဲ႔ ၄-၄-၂ ကစားကြက္ကို ခင္းက်င္းခဲ့တာပါ။ ၿပီးခဲ့တဲ့ ရာသီတုန္းက Plan B အားနည္းခဲ့တာအတြက္ ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ ေနာက္ထပ္ကစားကြက္တစ္ခုကို ရာသီႀကိဳေျခစမ္းပြဲမွာကတည္းက စမ္းသပ္အသုံးျပဳေနတာကိုၾကည့္ရင္ တူဟယ္လ္အေနနဲ႔ လာမယ့္ ေဘာလုံးရာသီအတြက္ အေတြးသစ္ေတြလည္း ရွိေနတာကို သိႏိုင္ပါတယ္။

လူကာကူးကို ေခၚသင့္ေၾကာင္း ဇာတ္ပို႔ေပးတဲ့ ဗာနာ
ဗာနာအေနနဲ႔ ပြဲခ်ိန္အတြင္း အခြင့္အေရးေတြ ရခဲ့ေပမယ့္ စပါးစ္ဂိုးသမား ပယ္လြီဂ်ီ ေဂၚလီနီကို မေက်ာ္ျဖတ္ႏိုင္ခဲ့ဘဲ သူ႔ရဲ႕ေျခစြမ္းက ေမွ်ာ္လင့္စရာ ရွိေနတဲ့တိုင္ေအာင္ သူ႔အေနနဲ႔ ဘြန္ဒက္စ္လီဂါမွာ ေျခစြာခဲ့တဲ့ ပုံစံနဲ႔ေတာ့ ဘာမွ မဆိုင္ေသးဘဲျဖစ္ေနၿပီး ဒီပြဲမွာ သူ႔ရဲ႕ သြင္းဂိုးတစ္ဂိုးကိုလည္း လူကြၽံေဘာအျဖစ္ မွားယြင္းသတ္မွတ္ခံခဲ့ရခ်ိန္မွာေတာ့ စတမ္းဖို႔ဘရစ္ခ်္ကို တစ္ေက်ာ့ျပန္ ေရာက္ရွိလာမယ့္ ကစားသမားဘဝ အျမင့္ဆုံးေရာက္ အင္တာမီလန္တိုက္စစ္မႉး ႐ိုမီလူ လူကာကူးရဲ႕ ပါဝါနဲ႔ အဆုံးသတ္ပိုင္းမ်ိဳးကို ပိုမိုလိုအပ္ေၾကာင္း ပိုေသခ်ာေစခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.