Premier League Transfer News

ရိုင်ယိုလာကို ဒေါသထွက်ပြီး ချဲလ်ဆီးဖန်တွေ မကြိုက်တဲ့ လူကာကူအပြင် ဘာထပ်ရွေးချယ်မလဲ

ချဲလ်ဆီးအသင်းနဲ့ ပရိသတ်တွေအတွက်တော့ ဒီရာသီမှာ သူတို့လိုချင်တဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းကို ခေါ်ယူနိုင်ဖို့ အိပ်မက်တွေ ပျက်ပြယ်သွားခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့တာဝန်ရှိသူတွေအနေနဲ့ နော်ဝေသားအစား အားပေးထောက်ခံမှုနည်းနေတဲ့ အင်တာမီလန်တိုက်စစ်မှူး ရိုမီလူ လူကာကူးကိုပဲ ခေါ်ယူရဖို့ ဖြစ်လာခဲ့ပါတယ်။

အသင်းကို လွန်ခဲ့တဲ့ ၁၀ နှစ်က ရောက်ရှိလာခဲ့ပြီး ကစားခွင့်မရခဲ့သလို ပြိုင်ပွဲစုံ ၁၅ ပွဲမှာ တစ်ဂိုးမှ မရခဲ့တဲ့ ဘယ်လ်ဂျီယမ်သားကို ဘယ်လောက်ပဲ အောင်မြင်နေပါစေ၊ ပရိသတ်တွေက သဘောကျမှု နည်းပါးတာကြောင့် ဟားလန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ချိန်မှာ ရိုင်ယိုလာရဲ့ လူလည်ကျမှုနဲ့ အေးဂျင့်ခ ယူရိုသန်း ၄၀ ဆိုတဲ့ တစ်နင့်တစ်ပိုး တောင်းဆိုမှုတွေက ဒါဆိုဒါပဲလုပ်တတ်တဲ့ ဒေါ့မွန်နဲ့ အပြောင်းအရွှေ့ဖြစ်ဖို့ ခက်ခဲ့တာပါ။

ချဲလ်ဆီးပရိသတ်တွေကတော့ ဟားလန်းကို အလိုရှိပေမယ့် ရိုင်ယိုလာကို သတ်ပစ်ချင်အောင် မုန်းတီးနေကြပြီး အသင်းဘက်ကတော့ နောက်ထပ် ဒီအီတလီအေးဂျင့်နဲ့ ဘာဆက်ဆံရေးမှ လုပ်ဆောင်ဖို့ မရှိတော့ဘူးလို့ အသံထွက်လာခဲ့သလို နောက်တစ်ရာသီမှာမှ အပြောင်းအလဲတွေ ရှိခဲ့ရင် ရိုင်ယိုလာ ဘာမှ မတတ်နိုင်တဲ့ စာချုပ်လျော်ကြေး ယူရို ၇၅ သန်းနဲ့ ကမ်းလှမ်းဖို့ နောက်တစ်လှမ်းဆုတ်ခဲ့ပါတယ်။

ဟားလန်းနဲ့ ရိုင်ယိုလာ လက်တွဲနေသရွေ့ ချဲလ်ဆီးအပြင် ပရီးမီးယားလိဂ်ကို ရောက်ဖို့ကလည်း ခက်သွားမှာဖြစ်ပြီး ပေါ့ဘာကိစ္စမှာ ရိုင်ယိုလာရဲ့ မြှောက်ထိုးပင့်ကော်မှုတွေကို တော်တော်လေးခံစားထားရတဲ့ မန်ချက်စတာယူနိုက်တက်က သူ့ကို ချဉ်နေခဲ့သလို မစ်ခီတာရီယန်ကို စာချုပ်ဖျက်ပေးလိုက်ရတဲ့ အာဆင်နယ်ကလည်း သူ့ကို Black List သွင်းထားတဲ့ အသင်းစာရင်းမှာ ပါဝင်နေဖို့ ရှိပါတယ်။

ဒီအချိန်မှာတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကမှ ရိုင်ယိုလာနဲ့ လမ်းခွဲထားခဲ့တဲ့ လူကာကူးကို ပြန်လည်ခေါ်ယူသွားမယ်ဆိုတာက ချဲလ်ဆီးတို့ရဲ့ ရည်ရွယ်ချက်ပါတဲ့ လုပ်ရပ်လည်းဖြစ်နိုင်ပြီး လက်ရှိမှာ ဥရောပအကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်နေတဲ့ ဘယ်လ်ဂျီယမ်သားကို နှစ်နှစ်ကြာမှာ အီတလီမြေကနေ အင်္ဂလန်မြေကို နင်းစေဖို့လည်း ရုပ်လုံးတဖြည်းဖြည်း ပေါ်လာခဲ့တာပါ။

ပရိသတ်တွေ ဘယ်လိုပဲ မချစ်သော်လည်း အောင့်ကာနမ်းရနိုင်ပေမယ့် လူကာကူးဟာ ပရီးမီးယားလိဂ် ၂၅၂ ပွဲမှာ ၁၂၃ ဂိုးနဲ့ သက်သေပြပြီးသား တိုက်စစ်မှူးတစ်ဦးဖြစ်နေတာနဲ့ ရာသီတိုင်းမှာ အနည်းဆုံး ၁၅ ဂိုးနဲ့အထက် သွင်းယူထားနိုင်ခဲ့တာက ပြီးခဲ့တဲ့ ရာသီက ၁၂ ဂိုးစီနဲ့ အသင်းရဲ့ ဂိုးသွင်းဘုရင် ဖြစ်ခဲ့တဲ့ တီမို ဗာနာနဲ့ တမ်မီ အေဘရာဟမ်တို့နဲ့ဆိုရင် အနိမ့်ဆုံး ပမာဏကိုတောင် မမီနိုင်သေးတာမို့ လက်သင့်ခံနိုင်တဲ့ အနေအထားလည်းဖြစ်ပါတယ်။

အင်တာမီလန်အသင်းဘက်ကတော့ သူတို့ရဲ့ တိုက်စစ်မှူးကို ပေါင်သန်း ၁၁၀ ဝန်းကျင် တောင်းဆိုထားပြီး ချဲလ်ဆီးတို့ကလည်း ပေးဖို့ အဆင်သင့်ရှိနေခဲ့ပေမယ့် အသက် ၂၈ နှစ်အရွယ် ကစားသမားအတွက် သုံးစွဲရမယ့် ငွေကြေးအတွက် နှမြောနေကြတဲ့ အမာခံပရိသတ်တွေကြောင့် တခြားတိုက်စစ်မှူးတွေကိုများ ပြောင်းလဲကမ်းလှမ်းဦးမလားတော့ စောင့်ကြည့်ရဉီးမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ ချဲလ်ဆီးပရိသတ်တွေအနေနဲ့ ဖီအိုရင်တီးနားရဲ့ ဒူဆန် ဗလာဟိုဗစ်ချ်ကို နောက်ထပ်ပစ်မှတ်အဖြစ် အလိုရှိနေကြသလို ဟာရီကိန်းကိုလည်း မန်ချက်စတာနှစ်သင်းရဲ့ ပြိုင်ပွဲထဲကနေ ကြားဖြတ်ခေါ်ယူစေချင်နေကြပြီး ဈေးအသက်သာဆုံး စဉ်းစားစရာတစ်ခုအဖြစ် အသင်းအတွက် ပရီးမီးယားလိဂ် ၈၉ ပွဲမှာ ၅၂ ဂိုး သွင်းယူပေးခဲ့တဲ့ ဒီယေဂို ကော်စတာကိုလည်း ရေတိုအစီအစဉ်အဖြစ် ခေါ်ယူသွားဖို့လည်း ဖြစ်လာနိုင်သေးတာပါ။

အက်သလက်တီကို မက်ဒရစ်ကို တစ်ခေါက်ပြန်ရောက်သွားခဲ့ပြီးမှ စာချုပ်ဖျက်သိမ်းပြီး Free Agent အဖြစ် ရှိနေခဲ့တဲ့ ဘရာဇီးလ်နွယ်ဖွား စပိန်သားကြီးဟာ စတမ်းဖို့ဒ်ဘရစ်တိုက်စစ်အဖွဲ့မှာ တီမို ဗာနာ၊ ခိုင် ဟာဗတ်ဇ်တို့နဲ့ မတူညီတဲ့ ရွေးချယ်မှုဖြစ်လာနိုင်သလို ခီယေဆာနဲ့ ဘယ်ရာဒီတို့လို တောင်ပံသမားတစ်ဦးကို ခေါ်ယူပြီး အပြောင်းအလဲတွေ ဖြစ်နိုင်သေးတာမို့ ချဲလ်ဆီးတို့အနေနဲ့ ဟားလန်း-ရိုင်ယိုလာအတွက် စိတ်ပျက်ခဲ့ရပေမယ့် တခြားဘက်က မတူညီတဲ့ အိုင်ဒီယာတွေနဲ့ နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စိန်ခေါ်မှုကို ထောက်ပံ့ပေးနိုင်သေးကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းနဲ႔ ပရိသတ္ေတြအတြက္ေတာ့ ဒီရာသီမွာ သူတို႔လိုခ်င္တဲ့ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းကို ေခၚယူႏိုင္ဖို႔ အိပ္မက္ေတြ ပ်က္ျပယ္သြားခဲ့ၿပီျဖစ္ၿပီး အေျပာင္းအေ႐ႊ႕တာဝန္ရွိသူေတြအေနနဲ႔ ေနာ္ေဝသားအစား အားေပးေထာက္ခံမႈနည္းေနတဲ့ အင္တာမီလန္တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကိုပဲ ေခၚယူရဖို႔ ျဖစ္လာခဲ့ပါတယ္။

အသင္းကို လြန္ခဲ့တဲ့ ၁၀ ႏွစ္က ေရာက္ရွိလာခဲ့ၿပီး ကစားခြင့္မရခဲ့သလို ၿပိဳင္ပြဲစုံ ၁၅ ပြဲမွာ တစ္ဂိုးမွ မရခဲ့တဲ့ ဘယ္လ္ဂ်ီယမ္သားကို ဘယ္ေလာက္ပဲ ေအာင္ျမင္ေနပါေစ၊ ပရိသတ္ေတြက သေဘာက်မႈ နည္းပါးတာေၾကာင့္ ဟားလန္းကို ေခၚယူဖို႔ ႀကိဳးစားခဲ့ခ်ိန္မွာ ႐ိုင္ယိုလာရဲ႕ လူလည္က်မႈနဲ႔ ေအးဂ်င့္ခ ယူ႐ိုသန္း ၄၀ ဆိုတဲ့ တစ္နင့္တစ္ပိုး ေတာင္းဆိုမႈေတြက ဒါဆိုဒါပဲလုပ္တတ္တဲ့ ေဒါ့မြန္နဲ႔ အေျပာင္းအေ႐ႊ႕ျဖစ္ဖို႔ ခက္ခဲ့တာပါ။

ခ်ဲလ္ဆီးပရိသတ္ေတြကေတာ့ ဟားလန္းကို အလိုရွိေပမယ့္ ႐ိုင္ယိုလာကို သတ္ပစ္ခ်င္ေအာင္ မုန္းတီးေနၾကၿပီး အသင္းဘက္ကေတာ့ ေနာက္ထပ္ ဒီအီတလီေအးဂ်င့္နဲ႔ ဘာဆက္ဆံေရးမွ လုပ္ေဆာင္ဖို႔ မရွိေတာ့ဘူးလို႔ အသံထြက္လာခဲ့သလို ေနာက္တစ္ရာသီမွာမွ အေျပာင္းအလဲေတြ ရွိခဲ့ရင္ ႐ိုင္ယိုလာ ဘာမွ မတတ္ႏိုင္တဲ့ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ို ၇၅ သန္းနဲ႔ ကမ္းလွမ္းဖို႔ ေနာက္တစ္လွမ္းဆုတ္ခဲ့ပါတယ္။

ဟားလန္းနဲ႔ ႐ိုင္ယိုလာ လက္တြဲေနသေ႐ြ႕ ခ်ဲလ္ဆီးအျပင္ ပရီးမီးယားလိဂ္ကို ေရာက္ဖို႔ကလည္း ခက္သြားမွာျဖစ္ၿပီး ေပါ့ဘာကိစၥမွာ ႐ိုင္ယိုလာရဲ႕ ေျမႇာက္ထိုးပင့္ေကာ္မႈေတြကို ေတာ္ေတာ္ေလးခံစားထားရတဲ့ မန္ခ်က္စတာယူႏိုက္တက္က သူ႔ကို ခ်ဥ္ေနခဲ့သလို မစ္ခီတာရီယန္ကို စာခ်ဳပ္ဖ်က္ေပးလိုက္ရတဲ့ အာဆင္နယ္ကလည္း သူ႔ကို Black List သြင္းထားတဲ့ အသင္းစာရင္းမွာ ပါဝင္ေနဖို႔ ရွိပါတယ္။

ဒီအခ်ိန္မွာေတာ့ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလကမွ ႐ိုင္ယိုလာနဲ႔ လမ္းခြဲထားခဲ့တဲ့ လူကာကူးကို ျပန္လည္ေခၚယူသြားမယ္ဆိုတာက ခ်ဲလ္ဆီးတို႔ရဲ႕ ရည္႐ြယ္ခ်က္ပါတဲ့ လုပ္ရပ္လည္းျဖစ္ႏိုင္ၿပီး လက္ရွိမွာ ဥေရာပအေကာင္းဆုံးတိုက္စစ္မႉးတစ္ဦးျဖစ္ေနတဲ့ ဘယ္လ္ဂ်ီယမ္သားကို ႏွစ္ႏွစ္ၾကာမွာ အီတလီေျမကေန အဂၤလန္ေျမကို နင္းေစဖို႔လည္း ႐ုပ္လုံးတျဖည္းျဖည္း ေပၚလာခဲ့တာပါ။

ပရိသတ္ေတြ ဘယ္လိုပဲ မခ်စ္ေသာ္လည္း ေအာင့္ကာနမ္းရႏိုင္ေပမယ့္ လူကာကူးဟာ ပရီးမီးယားလိဂ္ ၂၅၂ ပြဲမွာ ၁၂၃ ဂိုးနဲ႔ သက္ေသျပၿပီးသား တိုက္စစ္မႉးတစ္ဦးျဖစ္ေနတာနဲ႔ ရာသီတိုင္းမွာ အနည္းဆုံး ၁၅ ဂိုးနဲ႔အထက္ သြင္းယူထားႏိုင္ခဲ့တာက ၿပီးခဲ့တဲ့ ရာသီက ၁၂ ဂိုးစီနဲ႔ အသင္းရဲ႕ ဂိုးသြင္းဘုရင္ ျဖစ္ခဲ့တဲ့ တီမို ဗာနာနဲ႔ တမ္မီ ေအဘရာဟမ္တို႔နဲ႔ဆိုရင္ အနိမ့္ဆုံး ပမာဏကိုေတာင္ မမီႏိုင္ေသးတာမို႔ လက္သင့္ခံႏိုင္တဲ့ အေနအထားလည္းျဖစ္ပါတယ္။

အင္တာမီလန္အသင္းဘက္ကေတာ့ သူတို႔ရဲ႕ တိုက္စစ္မႉးကို ေပါင္သန္း ၁၁၀ ဝန္းက်င္ ေတာင္းဆိုထားၿပီး ခ်ဲလ္ဆီးတို႔ကလည္း ေပးဖို႔ အဆင္သင့္ရွိေနခဲ့ေပမယ့္ အသက္ ၂၈ ႏွစ္အ႐ြယ္ ကစားသမားအတြက္ သုံးစြဲရမယ့္ ေငြေၾကးအတြက္ ႏွေျမာေနၾကတဲ့ အမာခံပရိသတ္ေတြေၾကာင့္ တျခားတိုက္စစ္မႉးေတြကိုမ်ား ေျပာင္းလဲကမ္းလွမ္းဦးမလားေတာ့ ေစာင့္ၾကည့္ရဉီးမွာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ခ်ဲလ္ဆီးပရိသတ္ေတြအေနနဲ႔ ဖီအိုရင္တီးနားရဲ႕ ဒူဆန္ ဗလာဟိုဗစ္ခ်္ကို ေနာက္ထပ္ပစ္မွတ္အျဖစ္ အလိုရွိေနၾကသလို ဟာရီကိန္းကိုလည္း မန္ခ်က္စတာႏွစ္သင္းရဲ႕ ၿပိဳင္ပြဲထဲကေန ၾကားျဖတ္ေခၚယူေစခ်င္ေနၾကၿပီး ေဈးအသက္သာဆုံး စဥ္းစားစရာတစ္ခုအျဖစ္ အသင္းအတြက္ ပရီးမီးယားလိဂ္ ၈၉ ပြဲမွာ ၅၂ ဂိုး သြင္းယူေပးခဲ့တဲ့ ဒီေယဂို ေကာ္စတာကိုလည္း ေရတိုအစီအစဥ္အျဖစ္ ေခၚယူသြားဖို႔လည္း ျဖစ္လာႏိုင္ေသးတာပါ။

အက္သလက္တီကို မက္ဒရစ္ကို တစ္ေခါက္ျပန္ေရာက္သြားခဲ့ၿပီးမွ စာခ်ဳပ္ဖ်က္သိမ္းၿပီး Free Agent အျဖစ္ ရွိေနခဲ့တဲ့ ဘရာဇီးလ္ႏြယ္ဖြား စပိန္သားႀကီးဟာ စတမ္းဖို႔ဒ္ဘရစ္တိုက္စစ္အဖြဲ႕မွာ တီမို ဗာနာ၊ ခိုင္ ဟာဗတ္ဇ္တို႔နဲ႔ မတူညီတဲ့ ေ႐ြးခ်ယ္မႈျဖစ္လာႏိုင္သလို ခီေယဆာနဲ႔ ဘယ္ရာဒီတို႔လို ေတာင္ပံသမားတစ္ဦးကို ေခၚယူၿပီး အေျပာင္းအလဲေတြ ျဖစ္ႏိုင္ေသးတာမို႔ ခ်ဲလ္ဆီးတို႔အေနနဲ႔ ဟားလန္း-႐ိုင္ယိုလာအတြက္ စိတ္ပ်က္ခဲ့ရေပမယ့္ တျခားဘက္က မတူညီတဲ့ အိုင္ဒီယာေတြနဲ႔ နည္းျပ ေသာမတ္စ္ တူဟယ္လ္ရဲ႕ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ စိန္ေခၚမႈကို ေထာက္ပံ့ေပးႏိုင္ေသးေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.