Premier League Transfer News

4 Aug ညနေခင်း နောက်ဆုံးရ လီဗာပူးလ် အပြောင်းအရွှေ့သတင်းများ စုစည်းမှု

အီတလီအသင်းနဲ့အတူ ယူရို ၂၀၂၀ ဖလားကြီးကို ရယူခဲ့ပြီး နာပိုလီမှာလည်း ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမား လော်ရန်ဇို အင်ဆီညာကို လီဗာပူးလ်အသင်းအနေနဲ့ ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာခဲ့သလို နေပယ်သားတွေက အသက် ၃၀ အရွယ် အီတာလျံအဖို့ ပေါင် ၂၁.၂၆ သန်း(ယူရို ၂၅ သန်း)ဝန်းကျင်ရတာနဲ့ ရောင်းဖို့အသင့်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာ။

ဘာစီလိုနာအသင်းရဲ့ ပိုလျှံကစားသမားစာရင်းဝင်နေတဲ့ ဖလိပီ ကော်တင်ညိုကို ခေါ်ယူဖို့အတွက် လီဗာပူးလ်အသင်းအနေနဲ့ ပြန်လည်စိတ်ဝင်စားလာခဲ့ပြီး ပြီးခဲ့တဲ့ ၃ နှစ်ခွဲတုန်းက အသင်းကနေထွက်ခွာသွားခဲ့တဲ့ ကွင်းလယ်လူဟောင်းကို အပြောင်းအရွှေ့မပိတ်ခင် ကြိုးကြာနီတို့ဘက်က ခေါ်ယူဖို့ စီစဉ်လာနိုင်ကြောင်း ကာတာလန်မီဒီယာတွေက ဖော်ပြနေကြ။

လီဗာပူးလ်အသင်းအနေနဲ့ ဘုန်းမောက်အသင်းရဲ့ ပေါင် ၂၁ သန်းတန် တောင်ပံကစားသမား အာနော့ ဒွန်ယူမာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး ချယ်ရီတွေရဲ့ နည်းပြ ဂျွန်နသန် ဝုဒ်ဂိတ်ရဲ့ ပြောစကားအရ ဆီနီဂေါတောင်ပံကစားသမား ဆာဒီယို မာနေးနဲ့ ဒွန်ယူမာရဲ့ ကစားပုံချင်းဆင်တူတယ်လို့ ဖွင့်ဟခဲ့ဖူးကြောင်းသိရ။

လီဗာပူးလ်အသင်းအနေနဲ့ ရီးရဲလ်ဘက်တစ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂီဒို ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့အတွက် အရှိန်မြှင့်ကြိုးပမ်းလာခဲ့ပြီး အသက် ၂၇ နှစ်အရွယ် အာဂျင်တီးနားသားအတွက် ယခင်က ပေါင် ၂၅.၅ သန်းနဲ့ ကမ်းလှမ်းခဲ့ရာကနေ လက်ရှိမှာ ပေါင် ၄၂ သန်းဝန်းကျင်နဲ့ တိုးမြှင့်ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း ဆိုနေကြ။

အက်စတန်ဗီလာကစားသမားဟောင်း ဂါဘရီယယ်လ် အဘွန်လဟော်က ဝက်စ်ဟမ်းတောင်ပံကစားသမား ဂျားရော့ဒ် ဘိုဝင်ဆိုတာ ကစားသမားကောင်းတစ်ယောက်ဖြစ်ပေမယ့် လီဗာပူးလ်အသင်းမှာဆို အရန်ခုံမှာထိုင်နေရမယ့် ကစားသမားမျိုးဖြစ်တဲ့အတွက် ဒီလိုပုံစံမျိုးနဲ့တော့ ငွေကြေးသုံးစွဲမှု မပြုသင့်ကြောင်း ဝေဖန်သွားခဲ့။

၂၀၁၈ ခုနှစ်တုန်းက မိုနာကိုအသင်းဆီကနေ ပေါင် ၃၉ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ကွင်းလယ်ခံစစ်ကစားသမား ဖာဘင်ညိုကို လီဗာပူးလ်အသင်းအနေနဲ့ ၅ နှစ်စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီး ၂၇ နှစ်အရွယ် ဘရာဇီးလ်သားကို တစ်ပတ်လုပ်ခဘယ်လောက်ပေးမလဲဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ကြေငြာထားခြင်း မရှိသေးကြောင်းသိရ။

လီဗာပူးလ်အသင်းရဲ့တောင်ပံကစားသမား ချာဒန် ရှာကျီရီကို ခေါ်ယူဖို့အတွက် စီးရီးအေကလပ် လာဇီယိုအသင်းအနေနဲ့ စိတ်ဝင်စားလာခဲ့ပြီး ‌လာဇီယိုနည်းပြသစ် ဖြစ်လာခဲ့သူ မော်ရီဇီယို ဆာရီရဲ့ စိတ်ကြိုက်ကစားသမားဖြစ်တာကြောင့် မကြာမီအချိန်အတွင်း ဆွစ်ဇာလန်သားအတွက် ကမ်းလှမ်းမှုတစ်ခုခု ပြုလုပ်ဖို့ ရှိနိုင်ကြောင်း အီတလီမီဒီယာတွေက ဖော်ပြနေကြ။

ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ်စ်အသင်းအနေနဲ့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဒီဗော့ခ် အိုရီဂီကို ခေါ်ယူဖို့အတွက် ပေါင် ၁၀ သန်းနဲ့ကမ်းလှမ်းခဲ့ပေမယ့် ကြိုးကြာနီတို့ဘက်က ‌ဝံပုလွေတို့ ကမ်းလှမ်းခဲ့တဲ့ ပမာဏရဲ့ ၂ ဆဖြစ်တဲ့ ပေါင်သန်း ၂၀ ရမှသာ လက်လွှတ်သားမှာဖြစ်ကြောင်း အကြောင်းပြန်သွားခဲ့။

လီဗာပူးလ်အသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ ဆော်ပေါ်လို ကွင်းလယ်ဖန်တီးရှင် အီဂေါ် ဂိုးမက်စ်ကို ဝက်စ်ဟမ်းအသင်းက ဖြတ်ခုတ်ဖို့ စီစဉ်နေပြီး ကာကာလက်သစ်လို့ တင်စားခံနေရတဲ့ အသက် ၂၂ နှစ်အရွယ် ဘရာဇီးလ်သားကို ပေါင် ၁၃ သန်းဝန်းကျင်နဲ့ ကြားဖြတ်ကမ်းလှမ်းဖို့ စီစဉ်နေလို့ ကြိုးကြာနီတို့အနေနဲ့ ကမ်းလှမ်းမှုပြုလုပ်သင့်ပြီဖြစ်ကြောင်း ပရိသတ်တွေက တိုက်တွန်းနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အီတလီအသင္းနဲ႔အတူ ယူ႐ို ၂၀၂၀ ဖလားႀကီးကို ရယူခဲ့ၿပီး နာပိုလီမွာလည္း ေျခစြမ္းျပေနတဲ့ ေတာင္ပံကစားသမား ေလာ္ရန္ဇို အင္ဆီညာကို လီဗာပူးလ္အသင္းအေနနဲ႔ ေခၚယူဖို႔အတြက္ စိတ္ဝင္စားလာခဲ့သလို ေနပယ္သားေတြက အသက္ ၃၀ အ႐ြယ္ အီတာလ်ံအဖို႔ ေပါင္ ၂၁.၂၆ သန္း(ယူ႐ို ၂၅ သန္း)ဝန္းက်င္ရတာနဲ႔ ေရာင္းဖို႔အသင့္ရွိေနေၾကာင္း သတင္းေတြ ထြက္ေပၚလာ။

ဘာစီလိုနာအသင္းရဲ႕ ပိုလွ်ံကစားသမားစာရင္းဝင္ေနတဲ့ ဖလိပီ ေကာ္တင္ညိဳကို ေခၚယူဖို႔အတြက္ လီဗာပူးလ္အသင္းအေနနဲ႔ ျပန္လည္စိတ္ဝင္စားလာခဲ့ၿပီး ၿပီးခဲ့တဲ့ ၃ ႏွစ္ခြဲတုန္းက အသင္းကေနထြက္ခြာသြားခဲ့တဲ့ ကြင္းလယ္လူေဟာင္းကို အေျပာင္းအေ႐ႊ႕မပိတ္ခင္ ႀကိဳးၾကာနီတို႔ဘက္က ေခၚယူဖို႔ စီစဥ္လာႏိုင္ေၾကာင္း ကာတာလန္မီဒီယာေတြက ေဖာ္ျပေနၾက။

လီဗာပူးလ္အသင္းအေနနဲ႔ ဘုန္းေမာက္အသင္းရဲ႕ ေပါင္ ၂၁ သန္းတန္ ေတာင္ပံကစားသမား အာေနာ့ ဒြန္ယူမာကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနၿပီး ခ်ယ္ရီေတြရဲ႕ နည္းျပ ဂြၽန္နသန္ ဝုဒ္ဂိတ္ရဲ႕ ေျပာစကားအရ ဆီနီေဂါေတာင္ပံကစားသမား ဆာဒီယို မာေနးနဲ႔ ဒြန္ယူမာရဲ႕ ကစားပုံခ်င္းဆင္တူတယ္လို႔ ဖြင့္ဟခဲ့ဖူးေၾကာင္းသိရ။

လီဗာပူးလ္အသင္းအေနနဲ႔ ရီးရဲလ္ဘက္တစ္အသင္းရဲ႕ ကြင္းလယ္ကစားသမား ဂီဒို ႐ိုဒရီဂြက္ဇ္ကို ေခၚယူဖို႔အတြက္ အရွိန္ျမႇင့္ႀကိဳးပမ္းလာခဲ့ၿပီး အသက္ ၂၇ ႏွစ္အ႐ြယ္ အာဂ်င္တီးနားသားအတြက္ ယခင္က ေပါင္ ၂၅.၅ သန္းနဲ႔ ကမ္းလွမ္းခဲ့ရာကေန လက္ရွိမွာ ေပါင္ ၄၂ သန္းဝန္းက်င္နဲ႔ တိုးျမႇင့္ကမ္းလွမ္းဖို႔ စီစဥ္ေနေၾကာင္း ဆိုေနၾက။

အက္စတန္ဗီလာကစားသမားေဟာင္း ဂါဘရီယယ္လ္ အဘြန္လေဟာ္က ဝက္စ္ဟမ္းေတာင္ပံကစားသမား ဂ်ားေရာ့ဒ္ ဘိုဝင္ဆိုတာ ကစားသမားေကာင္းတစ္ေယာက္ျဖစ္ေပမယ့္ လီဗာပူးလ္အသင္းမွာဆို အရန္ခုံမွာထိုင္ေနရမယ့္ ကစားသမားမ်ိဳးျဖစ္တဲ့အတြက္ ဒီလိုပုံစံမ်ိဳးနဲ႔ေတာ့ ေငြေၾကးသုံးစြဲမႈ မျပဳသင့္ေၾကာင္း ေဝဖန္သြားခဲ့။

၂၀၁၈ ခုႏွစ္တုန္းက မိုနာကိုအသင္းဆီကေန ေပါင္ ၃၉ သန္းနဲ႔ ေခၚယူခဲ့တဲ့ ကြင္းလယ္ခံစစ္ကစားသမား ဖာဘင္ညိဳကို လီဗာပူးလ္အသင္းအေနနဲ႔ ၅ ႏွစ္စာခ်ဳပ္သက္တမ္းတိုးႏိုင္ခဲ့ၿပီး ၂၇ ႏွစ္အ႐ြယ္ ဘရာဇီးလ္သားကို တစ္ပတ္လုပ္ခဘယ္ေလာက္ေပးမလဲဆိုတာကိုေတာ့ တရားဝင္ထုတ္ျပန္ေၾကျငာထားျခင္း မရွိေသးေၾကာင္းသိရ။

လီဗာပူးလ္အသင္းရဲ႕ေတာင္ပံကစားသမား ခ်ာဒန္ ရွာက်ီရီကို ေခၚယူဖို႔အတြက္ စီးရီးေအကလပ္ လာဇီယိုအသင္းအေနနဲ႔ စိတ္ဝင္စားလာခဲ့ၿပီး ‌လာဇီယိုနည္းျပသစ္ ျဖစ္လာခဲ့သူ ေမာ္ရီဇီယို ဆာရီရဲ႕ စိတ္ႀကိဳက္ကစားသမားျဖစ္တာေၾကာင့္ မၾကာမီအခ်ိန္အတြင္း ဆြစ္ဇာလန္သားအတြက္ ကမ္းလွမ္းမႈတစ္ခုခု ျပဳလုပ္ဖို႔ ရွိႏိုင္ေၾကာင္း အီတလီမီဒီယာေတြက ေဖာ္ျပေနၾက။

ပရီးမီးယားလိဂ္ကလပ္ ဝုလ္ဗ္စ္အသင္းအေနနဲ႔ လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္မႉး ဒီေဗာ့ခ္ အိုရီဂီကို ေခၚယူဖို႔အတြက္ ေပါင္ ၁၀ သန္းနဲ႔ကမ္းလွမ္းခဲ့ေပမယ့္ ႀကိဳးၾကာနီတို႔ဘက္က ‌ဝံပုေလြတို႔ ကမ္းလွမ္းခဲ့တဲ့ ပမာဏရဲ႕ ၂ ဆျဖစ္တဲ့ ေပါင္သန္း ၂၀ ရမွသာ လက္လႊတ္သားမွာျဖစ္ေၾကာင္း အေၾကာင္းျပန္သြားခဲ့။

လီဗာပူးလ္အသင္းရဲ႕ ပစ္မွတ္ကစားသမားတစ္ဦးျဖစ္တဲ့ ေဆာ္ေပၚလို ကြင္းလယ္ဖန္တီးရွင္ အီေဂၚ ဂိုးမက္စ္ကို ဝက္စ္ဟမ္းအသင္းက ျဖတ္ခုတ္ဖို႔ စီစဥ္ေနၿပီး ကာကာလက္သစ္လို႔ တင္စားခံေနရတဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ဘရာဇီးလ္သားကို ေပါင္ ၁၃ သန္းဝန္းက်င္နဲ႔ ၾကားျဖတ္ကမ္းလွမ္းဖို႔ စီစဥ္ေနလို႔ ႀကိဳးၾကာနီတို႔အေနနဲ႔ ကမ္းလွမ္းမႈျပဳလုပ္သင့္ၿပီျဖစ္ေၾကာင္း ပရိသတ္ေတြက တိုက္တြန္းေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.