Premier League

ဒီရာသီ သူ႕ရဲ႕ပစ္မွတ္ထက္ ဆယ့္ငါးဂိုးလိုေနေသးတယ္လို႔ မခ်င့္မရဲေျပာလုိက္တဲ့ စတာလင္

မန္ခ်က္စတာစီးတီးအသင္းေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္က သူ႕ရဲ႕ ဒီရာသီမွာ ပစ္မွတ္ထားေနတဲ့ သြင္းဂိုးအေရအတြက္ထက္ ၁၅ ဂိုး ေလ်ာ့နည္းေနေသးၿပီး ရာသီကုန္ခ်ိန္မွာေတာ့ ဒီပမာဏကို ျပည့္ေအာင္ ျဖည့္ဆည္းသြားႏုိင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားလုိက္ပါတယ္။

အသင္းအတြက္ ပုံမွန္နီးပါး ကစားခြင့္ရေနေပမယ့္ ဒီဇင္ဘာလကတည္းက ဂိုးေပါက္ေပ်ာက္ဆုံးေနတဲ့ လီဗာပူးလ္ကစားသမားေဟာင္းဟာ သူ႕ရဲ႕သြင္းဂိုးေတြကို ဒီမတုိင္ခင္က ေျခစြမ္းျပမွဳနဲ႔အတူ ရယူႏုိင္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္သြင္းဂိုး ၁၁ ဂိုးအပါအဝင္ ဂိုး ၂၀ ရရွိခဲ့ၿပီးၿပီလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ရာသီေပါင္းမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၃၅ ဂိုး ရရွိခဲ့တဲ့ အသက္ ၂၅ ႏွစ္အရြယ္ အဂၤလန္လက္ေရြးစင္က သူ႕အေနနဲ႔ ၿပီးခဲ့တဲ့ ပြဲေတြက အခြင့္အေရးေတြအရ လက္ရွိရာသီမွာ အနည္းဆုံး ဂိုး ၃၀ ေတာ့ သြင္းယူခဲ့သင့္တယ္လုိ႔လည္း ညည္းတြားလုိက္ၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏုိင္ခဲ့တာ နည္းေၾကာင္းလည္း ဝန္ခံလုိက္ပါတယ္။

“ေျပာရရင္ေတာ့ ကၽြန္ေတာ့္အေနနဲ႔ ဒီရာသီမွာ လုိခ်င္တဲ့ သြင္းဂိုးထက္ ၁၅ ဂိုး ေလ်ာ့နည္းေနေသးတယ္လုိ႔ ဆုိရမွာပါပဲ။ ဂိုးေပါက္ၿခိမ္းေျခာက္ဖို႔နဲ႔ ကန္သြင္းဖို႔ေတြ ႀကဳိးစားခဲ့ေပမယ့္ ဒီကိန္းဂဏန္းေတြအတုိင္း ဂိုးမျဖစ္ႏုိင္ခဲ့တာေတာ့ ဆုိးပါတယ္။ အသင္းကို အေရးပါတဲ့ ဂိုးေတြနဲ႔ ကူညီခ်င္ၿပီး ဒီဂိုးေတြနဲ႔အတူ ရာသီကုန္မွာ ကၽြန္ေတာ္တုိ႔အသင္းအေနနဲ႔ ဆုဖလားတစ္ခုခု ရႏိုင္ဦးမယ္လုိ႔ ေမွ်ာ္လင့္ပါတယ္”လို႔ စတာလင္က ဆုိပါတယ္။

လီဗာပူးလ္အသင္းကေန အဆုံးသတ္ညံ့ဖ်င္းသူတစ္ဦးအျဖစ္ ေရာက္ရွိလာခဲ့တဲ့ စတာလင္ဟာ မန္စီးတီးနည္းျပ ဂြါဒီယိုလာလက္ေအာက္မွာေတာ့ ဂိုးသြင္းႏွဳန္း အထူးတိုးတက္လာခဲ့ၿပီး ရံဖန္ရံခါမွာ အေထာင္တုိက္စစ္မွဴးအျဖစ္ပါ ကစားခြင့္ရခဲ့ေပမယ့္ ဒီရာသီမွာ ဒီဇင္ဘာအထိ ဂိုး ၂၀ ရခဲ့ၿပီးမွ ထပ္ၿပီး မသြင္းႏုိင္ခဲ့တာကိုေတာ့ သူ႕ကိုယ္သူ မေက်နပ္ဘဲ အထူးႀကဳိးစားသြားမွာျဖစ္တယ္လုိ႔လည္း ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းတောင်ပံကစားသမား ရာဟင်းမ် စတာလင်က သူ့ရဲ့ ဒီရာသီမှာ ပစ်မှတ်ထားနေတဲ့ သွင်းဂိုးအရေအတွက်ထက် ၁၅ ဂိုး လျော့နည်းနေသေးပြီး ရာသီကုန်ချိန်မှာတော့ ဒီပမာဏကို ပြည့်အောင် ဖြည့်ဆည်းသွားနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။

အသင်းအတွက် ပုံမှန်နီးပါး ကစားခွင့်ရနေပေမယ့် ဒီဇင်ဘာလကတည်းက ဂိုးပေါက်ပျောက်ဆုံးနေတဲ့ လီဗာပူးလ်ကစားသမားဟောင်းဟာ သူ့ရဲ့သွင်းဂိုးတွေကို ဒီမတိုင်ခင်က ခြေစွမ်းပြမှုနဲ့အတူ ရယူနိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၁၁ ဂိုးအပါအဝင် ဂိုး ၂၀ ရရှိခဲ့ပြီးပြီလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ရာသီပေါင်းမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၃၅ ဂိုး ရရှိခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်က သူ့အနေနဲ့ ပြီးခဲ့တဲ့ ပွဲတွေက အခွင့်အရေးတွေအရ လက်ရှိရာသီမှာ အနည်းဆုံး ဂိုး ၃၀ တော့ သွင်းယူခဲ့သင့်တယ်လို့လည်း ညည်းတွားလိုက်ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာ နည်းကြောင်းလည်း ဝန်ခံလိုက်ပါတယ်။

“ပြောရရင်တော့ ကျွန်တော့်အနေနဲ့ ဒီရာသီမှာ လိုချင်တဲ့ သွင်းဂိုးထက် ၁၅ ဂိုး လျော့နည်းနေသေးတယ်လို့ ဆိုရမှာပါပဲ။ ဂိုးပေါက်ခြိမ်းခြောက်ဖို့နဲ့ ကန်သွင်းဖို့တွေ ကြိုးစားခဲ့ပေမယ့် ဒီကိန်းဂဏန်းတွေအတိုင်း ဂိုးမဖြစ်နိုင်ခဲ့တာတော့ ဆိုးပါတယ်။ အသင်းကို အရေးပါတဲ့ ဂိုးတွေနဲ့ ကူညီချင်ပြီး ဒီဂိုးတွေနဲ့အတူ ရာသီကုန်မှာ ကျွန်တော်တို့အသင်းအနေနဲ့ ဆုဖလားတစ်ခုခု ရနိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်”လို့ စတာလင်က ဆိုပါတယ်။

လီဗာပူးလ်အသင်းကနေ အဆုံးသတ်ညံ့ဖျင်းသူတစ်ဦးအဖြစ် ရောက်ရှိလာခဲ့တဲ့ စတာလင်ဟာ မန်စီးတီးနည်းပြ ဂွါဒီယိုလာလက်အောက်မှာတော့ ဂိုးသွင်းနှုန်း အထူးတိုးတက်လာခဲ့ပြီး ရံဖန်ရံခါမှာ အထောင်တိုက်စစ်မှူးအဖြစ်ပါ ကစားခွင့်ရခဲ့ပေမယ့် ဒီရာသီမှာ ဒီဇင်ဘာအထိ ဂိုး ၂၀ ရခဲ့ပြီးမှ ထပ်ပြီး မသွင်းနိုင်ခဲ့တာကိုတော့ သူ့ကိုယ်သူ မကျေနပ်ဘဲ အထူးကြိုးစားသွားမှာဖြစ်တယ်လို့လည်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.