Premier League

အူဘာမီယန္းရဲ႕ ဖခင္ေၾကာင့္ အာဆင္နယ္ပရိသတ္ေတြ ေမွ်ာ္လင့္ခ်က္ျပန္ရွိလာ

၂၀၁၈ ေဆာင္းရာသီက အာဆင္နယ္အသင္းနဲ႔ သူ႕ရဲ႕သားျဖစ္သူ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းတုိ႔ ပထမဆုံး လက္မွတ္ေရးထိုးခဲ့တဲ့ ပုံရိပ္ကို အင္စတာဂရမ္ ျပန္တင္လုိက္တဲ့ ဖခင္ျဖစ္သူ ပ်ယ္-ဖရန္ဆြာ(ယာယာ)ေၾကာင့္ အသင္းက ထြက္ခြာေတာ့မယ္လို႔ ခန္႔မွန္းေနၾကသူေတြအေနနဲ႔ မ်က္စိလည္သြားခဲ့ရၿပီး ပရိသတ္ေတြအတြက္ေတာ့ ေမွ်ာ္လင့္ခ်က္ေတြ ျပန္လည္ျဖစ္ေပၚလာခဲ့ပါတယ္။

ေဒါ့မြန္အသင္းကေန ေရာက္ရွိလာစဥ္က ညီအစ္ကိုေတြျဖစ္ၾကတဲ့ ကာတာလီနာ၊ ဝီလီတုိ႔နဲ႔ အတူ ႐ိုက္ကူးထားခဲ့တဲ့ မင္းဒီမွာ ဘာလုပ္ရမလဲ ဆုိတာ သိတယ္မဟုတ္လား ဘ႐ိုဆုိတဲ့ စာသားနဲ႔ အူဘာမီယန္းရဲ႕ အာဆင္နယ္ဖန္ေပ့ခ်္တစ္ခုက ပုံကို ဖခင္ျဖစ္သူ ယာယာ(aubameyang.papa)က ျပန္တင္ခဲ့တာျဖစ္ၿပီး ဒါဟာ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ သူ႕သားကို တုိက္တြန္းလုိက္တာလားလို႔ ခန္႔မွန္းမွဳေတြလည္း ရွိလာခဲ့ပါတယ္။

အာဆင္နယ္အသင္းမွာေတာ့ လစာေငြ ဘတ္ဂ်က္အရ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္အတြက္ ျမင့္ျမင့္မားမား ေပးေခ်ေနရခ်ိန္မွာ အူဘာမီယန္းလိုခ်င္တဲ့ လုပ္ခလစာမ်ဳိး မေပးႏုိင္ဘူးလို႔ တာဝန္ရွိသူေတြက ဝန္ခံထားခဲ့ၿပီး လက္ရွိလစာေငြအတုိင္း သက္တမ္းတုိးႏုိင္ခဲ့ရင္ေတာ့ သူ႕ရဲ႕ ပြဲတြင္းစြမ္းေဆာင္ရည္နဲ႔ ေအာင္ျမင္မွဳအေပၚ ခံစားခြင့္ ေဘာနပ္စ္ေတြကိုေတာ့ တုိးျမႇင့္ညႇိႏွဳိင္းသြားႏုိင္ဖြယ္လည္း ရွိပါတယ္။

ဥေရာပႏိုင္ငံေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မွဳေၾကာင့္ အားလုံးနီးပါး စီးပြားေရးပ်က္ကပ္သေဘာမ်ဳိး ရင္ဆုိင္ေနၾကရခ်ိန္မွာ အူဘာမီယန္းရဲ႕ စာခ်ဳပ္သက္တမ္းတုိးဖို႔နဲ႔ အခ်ိန္ကိုက္ျဖစ္ေနတာကေတာ့ ဆုိးရြားလြန္းတဲ့ တုိက္ဆိုင္မွဳလို႔ပဲ ဆုိရမွာျဖစ္ၿပီး သူ႕အေနနဲ႔ ဒီထက္ေစာတဲ့ အခ်ိန္ကသာ ေပါင္သုံးသိန္းေပးရမယ္လို႔ ေတာင္းဆုိခဲ့ရင္ ရလဒ္တစ္ခုခု ထြက္ေပၚသြားႏုိင္တာလည္းျဖစ္ပါတယ္။

ေနာက္ဆုံးသတင္းအခ်ဳိ႕အရေတာ့ အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ အသင္းေခါင္းေဆာင္တုိက္စစ္မွဴးကို ထိန္းသိမ္းႏုိင္စြမ္းမရွိေတာ့လို႔ ၿပဳိင္ဘက္ေတြဆီက ကမ္းလွမ္းမွဳကိုေတာင္ လက္ခံစဥ္းစားေတာ့မယ္လုိ႔ ဆိုေနၾကၿပီး ဒီအခ်ိန္မွာ ဖခင္ျဖစ္သူ ဂါဘြန္ကြင္းလယ္လူေဟာင္းႀကီးရဲ႕ အင္စတာဂရမ္ပုိ႔စ္ဟာ ပရိသတ္ေတြအတြက္ ေမွ်ာ္လင့္စရာ ေကာက္႐ိုးတစ္မွ်င္ျဖစ္ေနႏိုင္ေၾကာင္း ေဖာ္ျပေပးလုိက္ရပါတယ္။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ၂၀၁၈ ဆောင်းရာသီက အာဆင်နယ်အသင်းနဲ့ သူ့ရဲ့သားဖြစ်သူ ပျယ်-အမ်မရိခ် အူဘာမီယန်းတို့ ပထမဆုံး လက်မှတ်ရေးထိုးခဲ့တဲ့ ပုံရိပ်ကို အင်စတာဂရမ် ပြန်တင်လိုက်တဲ့ ဖခင်ဖြစ်သူ ပျယ်-ဖရန်ဆွာ(ယာယာ)ကြောင့် အသင်းက ထွက်ခွာတော့မယ်လို့ ခန့်မှန်းနေကြသူတွေအနေနဲ့ မျက်စိလည်သွားခဲ့ရပြီး ပရိသတ်တွေအတွက်တော့ မျှော်လင့်ချက်တွေ ပြန်လည်ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒေါ့မွန်အသင်းကနေ ရောက်ရှိလာစဉ်က ညီအစ်ကိုတွေဖြစ်ကြတဲ့ ကာတာလီနာ၊ ဝီလီတို့နဲ့ အတူ ရိုက်ကူးထားခဲ့တဲ့ မင်းဒီမှာ ဘာလုပ်ရမလဲ ဆိုတာ သိတယ်မဟုတ်လား ဘရိုဆိုတဲ့ စာသားနဲ့ အူဘာမီယန်းရဲ့ အာဆင်နယ်ဖန်ပေ့ချ်တစ်ခုက ပုံကို ဖခင်ဖြစ်သူ ယာယာ(aubameyang.papa)က ပြန်တင်ခဲ့တာဖြစ်ပြီး ဒါဟာ စာချုပ်သစ်ချုပ်ဖို့ သူ့သားကို တိုက်တွန်းလိုက်တာလားလို့ ခန့်မှန်းမှုတွေလည်း ရှိလာခဲ့ပါတယ်။

အာဆင်နယ်အသင်းမှာတော့ လစာငွေ ဘတ်ဂျက်အရ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်အတွက် မြင့်မြင့်မားမား ပေးချေနေရချိန်မှာ အူဘာမီယန်းလိုချင်တဲ့ လုပ်ခလစာမျိုး မပေးနိုင်ဘူးလို့ တာဝန်ရှိသူတွေက ဝန်ခံထားခဲ့ပြီး လက်ရှိလစာငွေအတိုင်း သက်တမ်းတိုးနိုင်ခဲ့ရင်တော့ သူ့ရဲ့ ပွဲတွင်းစွမ်းဆောင်ရည်နဲ့ အောင်မြင်မှုအပေါ် ခံစားခွင့် ဘောနပ်စ်တွေကိုတော့ တိုးမြှင့်ညှိနှိုင်းသွားနိုင်ဖွယ်လည်း ရှိပါတယ်။

ဥရောပနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အားလုံးနီးပါး စီးပွားရေးပျက်ကပ်သဘောမျိုး ရင်ဆိုင်နေကြရချိန်မှာ အူဘာမီယန်းရဲ့ စာချုပ်သက်တမ်းတိုးဖို့နဲ့ အချိန်ကိုက်ဖြစ်နေတာကတော့ ဆိုးရွားလွန်းတဲ့ တိုက်ဆိုင်မှုလို့ပဲ ဆိုရမှာဖြစ်ပြီး သူ့အနေနဲ့ ဒီထက်စောတဲ့ အချိန်ကသာ ပေါင်သုံးသိန်းပေးရမယ်လို့ တောင်းဆိုခဲ့ရင် ရလဒ်တစ်ခုခု ထွက်ပေါ်သွားနိုင်တာလည်းဖြစ်ပါတယ်။

နောက်ဆုံးသတင်းအချို့အရတော့ အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူးကို ထိန်းသိမ်းနိုင်စွမ်းမရှိတော့လို့ ပြိုင်ဘက်တွေဆီက ကမ်းလှမ်းမှုကိုတောင် လက်ခံစဉ်းစားတော့မယ်လို့ ဆိုနေကြပြီး ဒီအချိန်မှာ ဖခင်ဖြစ်သူ ဂါဘွန်ကွင်းလယ်လူဟောင်းကြီးရဲ့ အင်စတာဂရမ်ပို့စ်ဟာ ပရိသတ်တွေအတွက် မျှော်လင့်စရာ ကောက်ရိုးတစ်မျှင်ဖြစ်နေနိုင်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
SPORTS A2Z.