Premier League

ကိုဗစ္-၁၉ ေၾကာင့္ အသင္းမွာ ရွိတဲ့ ဂ်ီ႐ူးကိုပဲ စာခ်ဳပ္သက္တမ္းတုိးဖို႔ ခ်ဲလ္ဆီးစီစဥ္

လာမယ့္ရာသီကုန္မွာ စာခ်ဳပ္ကုန္ဆုံးေတာ့မယ့္ တုိက္စစ္မွဴး အုိလီဗီးေယး ဂ်ီ႐ူးကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္လႊတ္မယ့္အစား မူလစာခ်ဳပ္မွာ ပါရွိတဲ့ အသင္းဘက္က တစ္ႏွစ္သက္တမ္းတုိးႏုိင္ခြင့္ကို အသုံးခ်ၿပီး ၂၀၂၁ ေႏြရာသီအထိ ဆက္လက္ထိန္းသိမ္းသြားဖို႔ စီစဥ္ေနပါတယ္။

အီတလီ စီးရီးေအက နာပုိလီတုိက္စစ္မွဴး ဒရီးစ္ မာတန္းစ္နဲ႔ သတင္းေတြ ထြက္ေနေပမယ့္လည္း ဘယ္အသင္းနဲ႔မွာ သေဘာတူညီမွဳ မရေသးတဲ့ ဒီတုိက္စစ္မွဴးဟာ ခ်ဲလ္ဆီးအသင္းနဲ႔လည္း တူညီတဲ့ အျဖစ္မ်ဳိးပဲ သြားေတာ့မယ္လုိ႔ ခန္႔မွန္းေနရၿပီး ကစားသမားသစ္တစ္ေယာက္ကို လက္မွတ္ထိုးေၾကးႀကီးႀကီးေပးေခၚမယ့္အစား ဂ်ီ႐ူးနဲ႔ပဲ ေခၽြတာသြားဖို႔ ရွိေနတာပါ။

အာဆင္နယ္အသင္းကေန ၂၀၁၈ ေဆာင္းရာသီမွာ တစ္ႏွစ္ခြဲစာခ်ဳပ္နဲ႔ ေရာက္လာခဲ့တဲ့ အသက္ ၃၃ ႏွစ္အရြယ္ ျပင္သစ္တိုက္စစ္မွဴးဟာ အသင္းကို ယူ႐ိုပါလိဂ္ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးႏုိင္ခဲ့သူျဖစ္ၿပီး ဂိုးသြင္းယူမွဳ မမ်ားေပမယ့္လည္း အေထာင္တုိက္စစ္မွာ ေနရာလြတ္ေတြ ရွာေဖြမွဳက အေရးပါခဲ့ပါတယ္။

ကိုဗစ္-၁၉ ေၾကာင့္ ကစားသမားသစ္ေတြအတြက္ ေဆးစစ္မွဳ ခံယူဖို႔ မလြယ္ကူသလုိ လိုအပ္တဲ့ေနရာမွာ ေျပာင္းေရႊ႕ေၾကးသုံးစြဲႏုိင္ဖို႔ အသင္းရဲ႕ ဘတ္ဂ်က္ကို ေခၽြတာရဖို႔ ရွိေနတဲ့ ခ်ဲလ္ဆီးအေနနဲ႔ အဓိကပစ္မွတ္ျဖစ္ေနတဲ့ လက္စတာရဲ႕ ဘန္ ေခ်းဝဲလ္ကို ေခၚယူဖို႔ကိုပဲ အာ႐ုံစိုက္သြားဖို႔ ရွိေနပါတယ္။

ဂ်ီ႐ူးကို ဆက္လက္ထိန္းသိမ္းသြားမယ့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ လက္ရွိလက္စြမ္းနဲ႔ ဥေရာပရဲ႕ စီးပြားေရးအေျခအေန က်ဆင္းေနမွဳေတြေၾကာင့္ ေဈးေကာင္းျပန္မရႏုိင္တဲ့ အသင္းရဲ႕ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးရွင္ ကီပါ အာရီဇာဘာလာဂါကိုလည္း ဆက္လက္ထိန္းသိမ္းဖို႔ ရွိေနၿပီး ဂိုးသမားသစ္ေခၚယူဖို႔ကိုလည္း ေသခ်ာေစာင့္ၾကည့္ၿပီးမွသာ လုပ္ေဆာင္သြားဖြယ္ရွိတယ္လို႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လာမယ့်ရာသီကုန်မှာ စာချုပ်ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးကို ချဲလ်ဆီးအသင်းအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်မယ့်အစား မူလစာချုပ်မှာ ပါရှိတဲ့ အသင်းဘက်က တစ်နှစ်သက်တမ်းတိုးနိုင်ခွင့်ကို အသုံးချပြီး ၂၀၂၁ နွေရာသီအထိ ဆက်လက်ထိန်းသိမ်းသွားဖို့ စီစဉ်နေပါတယ်။

အီတလီ စီးရီးအေက နာပိုလီတိုက်စစ်မှူး ဒရီးစ် မာတန်းစ်နဲ့ သတင်းတွေ ထွက်နေပေမယ့်လည်း ဘယ်အသင်းနဲ့မှာ သဘောတူညီမှု မရသေးတဲ့ ဒီတိုက်စစ်မှူးဟာ ချဲလ်ဆီးအသင်းနဲ့လည်း တူညီတဲ့ အဖြစ်မျိုးပဲ သွားတော့မယ်လို့ ခန့်မှန်းနေရပြီး ကစားသမားသစ်တစ်ယောက်ကို လက်မှတ်ထိုးကြေးကြီးကြီးပေးခေါ်မယ့်အစား ဂျီရူးနဲ့ပဲ ချွေတာသွားဖို့ ရှိနေတာပါ။

အာဆင်နယ်အသင်းကနေ ၂၀၁၈ ဆောင်းရာသီမှာ တစ်နှစ်ခွဲစာချုပ်နဲ့ ရောက်လာခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ အသင်းကို ယူရိုပါလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး ဂိုးသွင်းယူမှု မများပေမယ့်လည်း အထောင်တိုက်စစ်မှာ နေရာလွတ်တွေ ရှာဖွေမှုက အရေးပါခဲ့ပါတယ်။

ကိုဗစ်-၁၉ ကြောင့် ကစားသမားသစ်တွေအတွက် ဆေးစစ်မှု ခံယူဖို့ မလွယ်ကူသလို လိုအပ်တဲ့နေရာမှာ ပြောင်းရွှေ့ကြေးသုံးစွဲနိုင်ဖို့ အသင်းရဲ့ ဘတ်ဂျက်ကို ချွေတာရဖို့ ရှိနေတဲ့ ချဲလ်ဆီးအနေနဲ့ အဓိကပစ်မှတ်ဖြစ်နေတဲ့ လက်စတာရဲ့ ဘန် ချေးဝဲလ်ကို ခေါ်ယူဖို့ကိုပဲ အာရုံစိုက်သွားဖို့ ရှိနေပါတယ်။

ဂျီရူးကို ဆက်လက်ထိန်းသိမ်းသွားမယ့် ချဲလ်ဆီးအသင်းအနေနဲ့ လက်ရှိလက်စွမ်းနဲ့ ဥရောပရဲ့ စီးပွားရေးအခြေအနေ ကျဆင်းနေမှုတွေကြောင့် ဈေးကောင်းပြန်မရနိုင်တဲ့ အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ကီပါ အာရီဇာဘာလာဂါကိုလည်း ဆက်လက်ထိန်းသိမ်းဖို့ ရှိနေပြီး ဂိုးသမားသစ်ခေါ်ယူဖို့ကိုလည်း သေချာစောင့်ကြည့်ပြီးမှသာ လုပ်ဆောင်သွားဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.