Premier League Transfer News

3 Aug နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းအနေနဲ့ အင်တာမီလန်တိုက်စစ်မှူး ရိုမီလူ လူကာကူးကို ပရိသတ်တော်တော်များများက ကြိုက်နှစ်သက်ခြင်းမရှိပေမယ့် ပြန်လည်ခေါ်ယူသွားနိုင်ပြီး နောက်ခံလူဟောင်း အက်ရှ်လီ ကိုးလ်က ထိပ်တန်းကစားသမားလို့ ဆိုထားခဲ့တဲ့ ဘယ်လ်ဂျီယမ်သားကို အင်တာ မီလန်အသင်းဆီက ခေါ်ယူဖို့ အပြောင်းအရွှေ့တာဝန်ခံ မာရီနာ ဂရာနော့ဗ်စကားယာကလည်း သဘောကျနေ။

– ချဲလ်ဆီးနောက်ခံလူဟောင်း ဖရွန့်ခ် လူးဘတ်ဖ်က အရောင်းသံထွက်နေတဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါကို ဆက်လက်ထိန်းသိမ်းထားဖို့နဲ့ ဆီဗီလာအသင်းကနေ အသစ်ရောက်လာမယ့် ဂျူးလ် ကွန်ဒီဟာလည်း ဂျာမနီလက်ရွေးစင်ကို ကျော်လွန်ပြီး ပွဲထွက်ခွင့်ကို လုယူနိုင်ဖို့ မဖြစ်သင့်ကြောင်း သတိပေး။

– လက်ရှိ အပြောင်းအရွှေ့ဈေးကွက်ထဲက တခြားထိပ်တန်းပစ်မှတ် တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ ဒေါ့မွန်ရဲ့ အာလင်း ဟားလန်းနဲ့ စပါးစ်ရဲ့ ဟာရီကိန်းတို့ကို လူကာကူးနဲ့ ဆွေးနွေးနေတဲ့ အခြေအနေကို စောင့်ကြည့်ပြီးမှသာ ခေါ်ယူသွားဖို့ ရှိနေပြီး ချဲလ်ဆီးတို့အနေနဲ့ ဘယ်သူ့ကိုပဲ ခေါ်ခေါ် ပေါင်သန်း ၁၀၀ အထက် ကုန်ကျဖို့ ရှိနေ။

– ဂျူဗင်တပ်စ်အသင်းအနေနဲ့ သူတို့ရဲ့ တောင်ပံကစားသမား ဖက်ဒါရီကို ခီယေဆာအတွက် ချဲလ်ဆီးနဲ့ လီဗာပူးလ်အသင်းတွေဆီက ကမ်းလှမ်းမှုတွေကို ပယ်ချထားခဲ့တယ်လို့ လာဂဇက်တာဒယ်လိုစပို့စ်က ဖော်ပြလိုက်ပြီး အနောက်လန်ဒန်သားတွေအနေနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ သစ္စာရှိတပည့်လို့ နာမည်ထွက်နေတဲ့ အီတလီသားကို ထပ်မံကြိုးစားဦးမယ်လို့ သတင်းထွက်နေ။

– ချန်ပီယံလိဂ်ဖလားပုံနဲ့ ရယူခဲ့တဲ့ နေ့ရက်ကို ခြေသလုံးမှာ တက်တူးထိုးပြသွားခဲ့တဲ့ နောက်ခံလူ ရီးစ် ဂျိမ်းစ်ဟာ ၂၀၂၀-၂၁ ရာသီမှာ မြို့ခံ ပြိုင်ဘက် အာဆင်နယ်တစ်သင်းလုံး စွမ်းဆောင်ခဲ့တာထက်တောင် ပိုမိုကြီးမားတဲ့ ပမာဏကို ပြသနိုင်ခဲ့တယ်လို့ ချဲလ်ဆီးပရိသတ်တွေ ဝင့်ကြွားနေကြပြီး အကောင်းဆုံး ညာနောက်ခံလူလို့ ချီးကျူး။

– စာချုပ်သစ် သက်တမ်းတိုးဖို့ ပယ်ချအပြီးမှာ ချဲလ်ဆီးအသင်းအနေနဲ့ ဆောက်သမ်တန်အသင်းကို ပေါင် ၅ သန်းနဲ့ ရောင်းချလိုက်တဲ့ လူငယ် တောင်ပံကစားသမား ဗလင်တီနို လီဗရာမန်တိုအတွက် တောင်ပိုင်းကမ်းခြေကလပ်ဆီကနေ ပေါင်သန်း ၄၀ နဲ့ ပြန်လည်ခေါ်ယူခွင့်ကို ထည့်သွင်းထားခဲ့ကြောင်း သိရ။

– ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ သူ့ရဲ့ အသင်းကို ဒီရာသီမှာ ပိုမိုအသွင်ပြောင်းလဲဖို့ စီစဉ်နေပြီး ခရစ္စတီယန် ပူလီရှစ်ချ်ကို အလယ်တန်းတောင်ပံမှာ Wing Back အဖြစ် အသုံးပြုသွားဖို့ စီစဉ်နေသလို ကွင်းလယ်မှာလည်း ကိုယ်လုံးကိုယ်ထည်ကောင်းကောင်းနဲ့ ဘောလုံးကိုင်ကစားနိုင်မယ့် ရူဘင် လော့ဖ်တပ်ချိစ်ရဲ့ စွမ်းဆောင်ရည်ကို သဘောကျပြီး နေရာပေးသွားဖို့ စဉ်းစားနေ။

– ဂျူဗင်တပ်စ်အသင်းအနေနဲ့ ဆာဆူအိုလိုကွင်းလယ်လူ မာနူယယ် လိုကာတယ်လီကို ခေါ်ယူနိုင်ဖို့ ကစားသမားရဲ့ ဆန္ဒကို ရယူနိုင်ခဲ့ပေမယ့် ဖရဲသီးခွံတွေလို့ နာမည်ပြောင်ရထားတဲ့ အသင်းအနေနဲ့ သူ့ကို ရောင်းချဖို့ စိတ်ကူးမရှိတာကြောင့် ချဲလ်ဆီးအသင်းရဲ့ ပိုလျှံကစားသမား တီမူး ဘာကာယိုကို,ကို ပြောင်းလဲခေါ်ယူသွားဖို့ စိတ်ဝင်စားလာနေ။

– အက်စ်တန်ဗီလာအသင်းက အလိုရှိနေတယ်လို့ အသံထွက်လာခဲ့တဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ရာသီမစခင်မှာ ရောင်းချသွားဖို့နဲ့ အာဆင်နယ်အသင်းက ခေါ်ယူမယ်ဆိုရင်လည်း ရလာတဲ့ ငွေကြေးနဲ့ လော်တာရို မာတီနက်ဇ်ကို ပြောင်းလဲကမ်းလှမ်းစေဖို့ ချဲလ်ဆီးပရိသတ်တွေ တိုက်တွန်း။

– စီးရီးအေချန်ပီယံ အင်တာမီလန်အသင်းက အလိုရှိနေတဲ့ နောက်ခံလူ မားကို့စ် အလွန်ဆိုအတွက် ချဲလ်ဆီးအသင်းအနေနဲ့ ယူရိုသန်း ၂၀ ဈေးနှုန်းသတ်မှတ်ထားပြီး တိုက်စစ်မှူး လူကာကူးကို ခေါ်ယူရာမှာ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အလိုက်ပေးသွားဖို့လည်း ကမ်းလှမ်းထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ အင္တာမီလန္တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို ပရိသတ္ေတာ္ေတာ္မ်ားမ်ားက ႀကိဳက္ႏွစ္သက္ျခင္းမရွိေပမယ့္ ျပန္လည္ေခၚယူသြားႏိုင္ၿပီး ေနာက္ခံလူေဟာင္း အက္ရွ္လီ ကိုးလ္က ထိပ္တန္းကစားသမားလို႔ ဆိုထားခဲ့တဲ့ ဘယ္လ္ဂ်ီယမ္သားကို အင္တာ မီလန္အသင္းဆီက ေခၚယူဖို႔ အေျပာင္းအေ႐ႊ႕တာဝန္ခံ မာရီနာ ဂရာေနာ့ဗ္စကားယာကလည္း သေဘာက်ေန။

– ခ်ဲလ္ဆီးေနာက္ခံလူေဟာင္း ဖ႐ြန႔္ခ္ လူးဘတ္ဖ္က အေရာင္းသံထြက္ေနတဲ့ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါကို ဆက္လက္ထိန္းသိမ္းထားဖို႔နဲ႔ ဆီဗီလာအသင္းကေန အသစ္ေရာက္လာမယ့္ ဂ်ဴးလ္ ကြန္ဒီဟာလည္း ဂ်ာမနီလက္ေ႐ြးစင္ကို ေက်ာ္လြန္ၿပီး ပြဲထြက္ခြင့္ကို လုယူႏိုင္ဖို႔ မျဖစ္သင့္ေၾကာင္း သတိေပး။

– လက္ရွိ အေျပာင္းအေ႐ႊ႕ေဈးကြက္ထဲက တျခားထိပ္တန္းပစ္မွတ္ တိုက္စစ္မႉးႏွစ္ဦးျဖစ္တဲ့ ေဒါ့မြန္ရဲ႕ အာလင္း ဟားလန္းနဲ႔ စပါးစ္ရဲ႕ ဟာရီကိန္းတို႔ကို လူကာကူးနဲ႔ ေဆြးေႏြးေနတဲ့ အေျခအေနကို ေစာင့္ၾကည့္ၿပီးမွသာ ေခၚယူသြားဖို႔ ရွိေနၿပီး ခ်ဲလ္ဆီးတို႔အေနနဲ႔ ဘယ္သူ႔ကိုပဲ ေခၚေခၚ ေပါင္သန္း ၁၀၀ အထက္ ကုန္က်ဖို႔ ရွိေန။

– ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေတာင္ပံကစားသမား ဖက္ဒါရီကို ခီေယဆာအတြက္ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္အသင္းေတြဆီက ကမ္းလွမ္းမႈေတြကို ပယ္ခ်ထားခဲ့တယ္လို႔ လာဂဇက္တာဒယ္လိုစပို႔စ္က ေဖာ္ျပလိုက္ၿပီး အေနာက္လန္ဒန္သားေတြအေနနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ သစၥာရွိတပည့္လို႔ နာမည္ထြက္ေနတဲ့ အီတလီသားကို ထပ္မံႀကိဳးစားဦးမယ္လို႔ သတင္းထြက္ေန။

– ခ်န္ပီယံလိဂ္ဖလားပုံနဲ႔ ရယူခဲ့တဲ့ ေန႔ရက္ကို ေျခသလုံးမွာ တက္တူးထိုးျပသြားခဲ့တဲ့ ေနာက္ခံလူ ရီးစ္ ဂ်ိမ္းစ္ဟာ ၂၀၂၀-၂၁ ရာသီမွာ ၿမိဳ႕ခံ ၿပိဳင္ဘက္ အာဆင္နယ္တစ္သင္းလုံး စြမ္းေဆာင္ခဲ့တာထက္ေတာင္ ပိုမိုႀကီးမားတဲ့ ပမာဏကို ျပသႏိုင္ခဲ့တယ္လို႔ ခ်ဲလ္ဆီးပရိသတ္ေတြ ဝင့္ႂကြားေနၾကၿပီး အေကာင္းဆုံး ညာေနာက္ခံလူလို႔ ခ်ီးက်ဴး။

– စာခ်ဳပ္သစ္ သက္တမ္းတိုးဖို႔ ပယ္ခ်အၿပီးမွာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေဆာက္သမ္တန္အသင္းကို ေပါင္ ၅ သန္းနဲ႔ ေရာင္းခ်လိုက္တဲ့ လူငယ္ ေတာင္ပံကစားသမား ဗလင္တီႏို လီဗရာမန္တိုအတြက္ ေတာင္ပိုင္းကမ္းေျခကလပ္ဆီကေန ေပါင္သန္း ၄၀ နဲ႔ ျပန္လည္ေခၚယူခြင့္ကို ထည့္သြင္းထားခဲ့ေၾကာင္း သိရ။

– ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ သူ႔ရဲ႕ အသင္းကို ဒီရာသီမွာ ပိုမိုအသြင္ေျပာင္းလဲဖို႔ စီစဥ္ေနၿပီး ခရစၥတီယန္ ပူလီရွစ္ခ်္ကို အလယ္တန္းေတာင္ပံမွာ Wing Back အျဖစ္ အသုံးျပဳသြားဖို႔ စီစဥ္ေနသလို ကြင္းလယ္မွာလည္း ကိုယ္လုံးကိုယ္ထည္ေကာင္းေကာင္းနဲ႔ ေဘာလုံးကိုင္ကစားႏိုင္မယ့္ ႐ူဘင္ ေလာ့ဖ္တပ္ခ်ိစ္ရဲ႕ စြမ္းေဆာင္ရည္ကို သေဘာက်ၿပီး ေနရာေပးသြားဖို႔ စဥ္းစားေန။

– ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ဆာဆူအိုလိုကြင္းလယ္လူ မာႏူယယ္ လိုကာတယ္လီကို ေခၚယူႏိုင္ဖို႔ ကစားသမားရဲ႕ ဆႏၵကို ရယူႏိုင္ခဲ့ေပမယ့္ ဖရဲသီးခြံေတြလို႔ နာမည္ေျပာင္ရထားတဲ့ အသင္းအေနနဲ႔ သူ႔ကို ေရာင္းခ်ဖို႔ စိတ္ကူးမရွိတာေၾကာင့္ ခ်ဲလ္ဆီးအသင္းရဲ႕ ပိုလွ်ံကစားသမား တီမူး ဘာကာယိုကို,ကို ေျပာင္းလဲေခၚယူသြားဖို႔ စိတ္ဝင္စားလာေန။

– အက္စ္တန္ဗီလာအသင္းက အလိုရွိေနတယ္လို႔ အသံထြက္လာခဲ့တဲ့ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို ရာသီမစခင္မွာ ေရာင္းခ်သြားဖို႔နဲ႔ အာဆင္နယ္အသင္းက ေခၚယူမယ္ဆိုရင္လည္း ရလာတဲ့ ေငြေၾကးနဲ႔ ေလာ္တာ႐ို မာတီနက္ဇ္ကို ေျပာင္းလဲကမ္းလွမ္းေစဖို႔ ခ်ဲလ္ဆီးပရိသတ္ေတြ တိုက္တြန္း။

– စီးရီးေအခ်န္ပီယံ အင္တာမီလန္အသင္းက အလိုရွိေနတဲ့ ေနာက္ခံလူ မားကို႔စ္ အလြန္ဆိုအတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ယူ႐ိုသန္း ၂၀ ေဈးႏႈန္းသတ္မွတ္ထားၿပီး တိုက္စစ္မႉး လူကာကူးကို ေခၚယူရာမွာ အေျပာင္းအေ႐ႊ႕ရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ အလိုက္ေပးသြားဖို႔လည္း ကမ္းလွမ္းထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.