Premier League Transfer News

3 Aug ညဦးပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

ဂျက်ဂရီးလစ်ရှ်ဟာ မန်စီးတီးအသင်းဆီက ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းမှုပြုလုပ်ခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အက်စတန်ဗီလာအသင်းရဲ့ ရာသီကြို လေ့ကျင့်ရေးအစီအစဥ်မှာ ပူးပေါင်းခဲ့တယ်လို့ သိရပြီး ဗီလာပရိသတ်တွေက တပတ်ပေါင် ၂ သိန်း လစာနဲ့ ဖျောင်းဖျပြီး သူ့ကို ဆက်ထိန်းသွားနိုင်မယ်လို့ ယုံကြည်ထားသလို အပြာရောင်တို့ဆီ ပြောင်းရွှေ့မယ်ဆိုရင် ကစားသမားဘဝပျက်စီးသွားမယ်လို့ သတိပေးသွားခဲ့ကြ။

မန်စီးတီးကို ပြောင်းရွှေ့လိုစိတ် ပြင်းပြနေတဲ့ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းဟာ အသင်းလေ့ကျင့်ရေးအစီအစဥ်ကို ပျက်ကွက်မှုနဲ့ ဥက္ကဋ္ဌလီဗိုင်းကို စိန်ခေါ်ဆန္ဒပြသွားခဲ့တယ်လို့ သိရပြီး လီဗိုင်းအနေနဲ့ အင်္ဂလန်ကပ္ပတိန်ကို စည်းကမ်းပိုင်းအရ ဒဏ်ကြေးတပ်သွားမှာဖြစ်သလို ပေါင်သန်း ၁၆၀ ကို တပြားမှ မလျှော့နိုင်ကြောင်း ဆက်လက်ခေါင်းမာနေတယ်လို့ The Sun က ဖော်ပြသွားခဲ့။

ဆူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ မန်စီးတီးအသင်းအနေနဲ့ အခုလာမယ့် ပရီးမီးယားလိဂ်ရာသီသစ်မှာ ၂ နှစ်ဆက်ချန်ပီယံဖြစ်မယ်လို့ တွက်ချက်ပေးသွားခဲ့ပြီး အဆင့် ၂၊ ၃၊ ၄ နေရာမှာ ချယ်လ်ဆီး၊ လီဗာပူးလ်နဲ့ မန်ယူနိုက်တက်အသင်းတို့က အစဥ်လိုက်ရပ်တည်ကာ အာဆင်နယ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ကို ဆက်လက်လွဲချော်ဦးမယ်လို့ ဟောကိန်းထုတ်ခဲ့။

အက်စတန်ဗီလာနဲ့ မန်စီးတီးကစားသမားဟောင်း ဂါရက်သ် ဘယ်ရီက လက်ရှိအချိန်ဟာ ဂျက်ဂရီးလစ်ရှ်အတွက် ခေါင်းအရှုပ်ဆုံးအချိန်ဖြစ်နေလိမ့်မယ်လို့ စာနာမှုပေးသွားခဲ့ပြီး သံယောဇဉ်ကြီးမားတဲ့ ငယ်ဘဝအသင်းနဲ့ ကစားသမားဘဝ နောက်တဆင့် မြင့်တက်စေမယ့် အသင်းတို့ကြား ရွေးချယ်ရာမှာ ကြီးမားတဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ လွန်ဆွဲနေလိမ့်လို့ သုံးသပ်သွား။

စပါးစ်အသင်းဟာ မန်စီးတီးကနေ ထွက်ခွာလိုနေတဲ့ ကွင်းလယ်တိုက်စစ်မှူး ဘာနာဒို ဆေးလ်ဗားကို မျက်စိကျလာခဲ့တယ်လို့ သိရပြီး နည်းပြ ပက်ပ် ဂွာဒီယိုလာအနေနဲ့ အသက် ၂၆ နှစ်သားကို ယူရိုသန်း ၇၀ နဲ့ စျေးဖွင့်လိုက်ချိန်မှာ ပေါ်တူဂီသားရဲ့ဆန္ဒအရ ဘာစီလိုနာ သို့မဟုတ် အက်သလက်တီကို မက်ဒရစ်အသင်းကိုသာ ရွေးချယ်လိုနေတာဖြစ်ပြီး စပိန်မှာသာ ကစားလိုနေ။

စပါးစ်နဲ့ လေ့ကျင့်ခန်းမဆင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းရဲ့ လုပ်ရပ်ဟာ မှားယွင်းပြီး အီတီဟတ်ကို မပြောင်းခင် နာမည်ပျက်သွားလိမ့်မယ်လို့ ဂျေမီ ကာရေဂါက မှတ်ချက်ပေးသွားခဲ့ချိန်မှာ ရီယို ဖာဒီနန်ကတော့ စပါးစ်ဥက္ကဌလီဗိုင်းကို မန်စီးတီး-ဟာရီကိန်းဖြစ်စဥ်ကို ယောက်ျားဆန်ဆန်ထွက်ရှင်းဖို့ ခပ်ပြင်းပြင်း သတိပေးသွား။

မန်စီးတီးအသင်းဟာ လိုင်လီဗဟိုနောက်ခံလူ ဆဗင် ဘော့တ်မန်ရဲ့ အပြောင်းအရွှေ့ကို အကဲခတ်နေကြောင်း သိရပြီး မန်ယူနိုက်တက်၊ လီဗာပူးလ်အသင်းတို့က အပြိုင်အဆိုင် စိတ်ဝင်စားနေတဲ့ အသက် ၂၁ နှစ်သားကို ပြင်သစ်လီဂူးချန်ပီယံအသင်းက ပေါင် ၄၃ သန်းနဲ့ ရောင်းထုတ်ဖို့ ဆန္ဒရှိနေပြီး အသင်းက ထွက်ခွာနိုင်တဲ့ နောက်ခံလူ အေးမရစ် လာပေါ့တ်ရဲ့နေရာကို အစားထိုးမယ်လို့ သိရှိထားရ။

မန်ချက်စတာစီးတီးအသင်းအနေနဲ့ တော့တင်ဟမ်ဟော့စပါးစ်တိုက်စစ်မှူး ဟာရီကိန်းကို မခေါ်ယူနိုင်ဘူးဆိုရင် ဘင်ဖီကာတိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ကို အရန်အစီအစဉ်အဖြစ် အစားထိုးဖို့ စောင့်ကြည့်နေပြီး ယူရို ၄၅ သန်း(ပေါင် ၃၈.၄ သန်း)တန် ဥရုဂွေးသားကို ဘရိုက်တန်အသင်းကလည်း ချဉ်းကပ်နေတာကြောင့် ခေါ်ယူမယ်ဆိုရင် မျက်ခြေပြတ်မခံဘဲ လက်သွက်ဖို့ လိုအပ်နေ။

ရာသီသစ်အတွက် ချန်ပီယံလိဂ် မဲခွဲမှုတွေမှာ မန်ချက်စတာစီးတီးပါအဝင် အင်္ဂလန်အသင်းတွေအနေနဲ့ အုပ်စုတွင်းမှာ ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ကျရောက်နိုင်ပြီး ဆီဒင်သတ်မှတ်မှုအရ ဒုတိယ ဦးစားပေး မဲအိုးထဲကို ဝင်သွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီ၊ ဆီဗီလာ၊ ဒေါ့မွန်၊ စတုတ္ထဦးစားပေး မဲအိုးရဲ့ အေစီမီလန်တို့နဲ့ ကြုံရဖို့ ရှိလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်က္ဂရီးလစ္ရွ္ဟာ မန္စီးတီးအသင္းဆီက ေပါင္သန္း ၁၀၀ နဲ႔ ကမ္းလွမ္းမႈျပဳလုပ္ခံရၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ အက္စတန္ဗီလာအသင္းရဲ႕ ရာသီႀကိဳ ေလ့က်င့္ေရးအစီအစဥ္မွာ ပူးေပါင္းခဲ့တယ္လို႔ သိရၿပီး ဗီလာပရိသတ္ေတြက တပတ္ေပါင္ ၂ သိန္း လစာနဲ႔ ေဖ်ာင္းဖ်ၿပီး သူ႔ကို ဆက္ထိန္းသြားႏိုင္မယ္လို႔ ယုံၾကည္ထားသလို အျပာေရာင္တို႔ဆီ ေျပာင္းေ႐ႊ႕မယ္ဆိုရင္ ကစားသမားဘဝပ်က္စီးသြားမယ္လို႔ သတိေပးသြားခဲ့ၾက။

မန္စီးတီးကို ေျပာင္းေ႐ႊ႕လိုစိတ္ ျပင္းျပေနတဲ့ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းဟာ အသင္းေလ့က်င့္ေရးအစီအစဥ္ကို ပ်က္ကြက္မႈနဲ႔ ဥကၠ႒လီဗိုင္းကို စိန္ေခၚဆႏၵျပသြားခဲ့တယ္လို႔ သိရၿပီး လီဗိုင္းအေနနဲ႔ အဂၤလန္ကပၸတိန္ကို စည္းကမ္းပိုင္းအရ ဒဏ္ေၾကးတပ္သြားမွာျဖစ္သလို ေပါင္သန္း ၁၆၀ ကို တျပားမွ မေလွ်ာ့ႏိုင္ေၾကာင္း ဆက္လက္ေခါင္းမာေနတယ္လို႔ The Sun က ေဖာ္ျပသြားခဲ့။

ဆူပါကြန္ပ်ဴတာရဲ႕ ခန္႔မွန္းခ်က္အရ မန္စီးတီးအသင္းအေနနဲ႔ အခုလာမယ့္ ပရီးမီးယားလိဂ္ရာသီသစ္မွာ ၂ ႏွစ္ဆက္ခ်န္ပီယံျဖစ္မယ္လို႔ တြက္ခ်က္ေပးသြားခဲ့ၿပီး အဆင့္ ၂၊ ၃၊ ၄ ေနရာမွာ ခ်ယ္လ္ဆီး၊ လီဗာပူးလ္နဲ႔ မန္ယူႏိုက္တက္အသင္းတို႔က အစဥ္လိုက္ရပ္တည္ကာ အာဆင္နယ္အသင္းက ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ဆက္လက္လြဲေခ်ာ္ဦးမယ္လို႔ ေဟာကိန္းထုတ္ခဲ့။

အက္စတန္ဗီလာနဲ႔ မန္စီးတီးကစားသမားေဟာင္း ဂါရက္သ္ ဘယ္ရီက လက္ရွိအခ်ိန္ဟာ ဂ်က္ဂရီးလစ္ရွ္အတြက္ ေခါင္းအရႈပ္ဆုံးအခ်ိန္ျဖစ္ေနလိမ့္မယ္လို႔ စာနာမႈေပးသြားခဲ့ၿပီး သံေယာဇဥ္ႀကီးမားတဲ့ ငယ္ဘဝအသင္းနဲ႔ ကစားသမားဘဝ ေနာက္တဆင့္ ျမင့္တက္ေစမယ့္ အသင္းတို႔ၾကား ေ႐ြးခ်ယ္ရာမွာ ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္ျဖစ္လို႔ လြန္ဆြဲေနလိမ့္လို႔ သုံးသပ္သြား။

စပါးစ္အသင္းဟာ မန္စီးတီးကေန ထြက္ခြာလိုေနတဲ့ ကြင္းလယ္တိုက္စစ္မႉး ဘာနာဒို ေဆးလ္ဗားကို မ်က္စိက်လာခဲ့တယ္လို႔ သိရၿပီး နည္းျပ ပက္ပ္ ဂြာဒီယိုလာအေနနဲ႔ အသက္ ၂၆ ႏွစ္သားကို ယူ႐ိုသန္း ၇၀ နဲ႔ ေစ်းဖြင့္လိုက္ခ်ိန္မွာ ေပၚတူဂီသားရဲ႕ဆႏၵအရ ဘာစီလိုနာ သို႔မဟုတ္ အက္သလက္တီကို မက္ဒရစ္အသင္းကိုသာ ေ႐ြးခ်ယ္လိုေနတာျဖစ္ၿပီး စပိန္မွာသာ ကစားလိုေန။

စပါးစ္နဲ႔ ေလ့က်င့္ခန္းမဆင္းဖို႔ ဆုံးျဖတ္ခဲ့တဲ့ တိုက္စစ္မႉး ဟာရီကိန္းရဲ႕ လုပ္ရပ္ဟာ မွားယြင္းၿပီး အီတီဟတ္ကို မေျပာင္းခင္ နာမည္ပ်က္သြားလိမ့္မယ္လို႔ ေဂ်မီ ကာေရဂါက မွတ္ခ်က္ေပးသြားခဲ့ခ်ိန္မွာ ရီယို ဖာဒီနန္ကေတာ့ စပါးစ္ဥကၠဌလီဗိုင္းကို မန္စီးတီး-ဟာရီကိန္းျဖစ္စဥ္ကို ေယာက္်ားဆန္ဆန္ထြက္ရွင္းဖို႔ ခပ္ျပင္းျပင္း သတိေပးသြား။

မန္စီးတီးအသင္းဟာ လိုင္လီဗဟိုေနာက္ခံလူ ဆဗင္ ေဘာ့တ္မန္ရဲ႕ အေျပာင္းအေ႐ႊ႕ကို အကဲခတ္ေနေၾကာင္း သိရၿပီး မန္ယူႏိုက္တက္၊ လီဗာပူးလ္အသင္းတို႔က အၿပိဳင္အဆိုင္ စိတ္ဝင္စားေနတဲ့ အသက္ ၂၁ ႏွစ္သားကို ျပင္သစ္လီဂူးခ်န္ပီယံအသင္းက ေပါင္ ၄၃ သန္းနဲ႔ ေရာင္းထုတ္ဖို႔ ဆႏၵရွိေနၿပီး အသင္းက ထြက္ခြာႏိုင္တဲ့ ေနာက္ခံလူ ေအးမရစ္ လာေပါ့တ္ရဲ႕ေနရာကို အစားထိုးမယ္လို႔ သိရွိထားရ။

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တိုက္စစ္မႉး ဟာရီကိန္းကို မေခၚယူႏိုင္ဘူးဆိုရင္ ဘင္ဖီကာတိုက္စစ္မႉး ဒါဝင္ ႏူးညက္ဇ္ကို အရန္အစီအစဥ္အျဖစ္ အစားထိုးဖို႔ ေစာင့္ၾကည့္ေနၿပီး ယူ႐ို ၄၅ သန္း(ေပါင္ ၃၈.၄ သန္း)တန္ ဥ႐ုေဂြးသားကို ဘ႐ိုက္တန္အသင္းကလည္း ခ်ဥ္းကပ္ေနတာေၾကာင့္ ေခၚယူမယ္ဆိုရင္ မ်က္ေျချပတ္မခံဘဲ လက္သြက္ဖို႔ လိုအပ္ေန။

ရာသီသစ္အတြက္ ခ်န္ပီယံလိဂ္ မဲခြဲမႈေတြမွာ မန္ခ်က္စတာစီးတီးပါအဝင္ အဂၤလန္အသင္းေတြအေနနဲ႔ အုပ္စုတြင္းမွာ ခက္ခဲတဲ့ ၿပိဳင္ဘက္ေတြနဲ႔ က်ေရာက္ႏိုင္ၿပီး ဆီဒင္သတ္မွတ္မႈအရ ဒုတိယ ဦးစားေပး မဲအိုးထဲကို ဝင္သြားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္စ္၊ ပီအက္စ္ဂ်ီ၊ ဆီဗီလာ၊ ေဒါ့မြန္၊ စတုတၳဦးစားေပး မဲအိုးရဲ႕ ေအစီမီလန္တို႔နဲ႔ ႀကဳံရဖို႔ ရွိလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.