Premier League Transfer News

02 Aug နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ရဲ့ အေးဂျင့်ဖြစ်သူဟာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ကိစ္စရပ်ကို အပြီးသတ်ဆောင်ရွက်ဖို့ ဒီတပတ်အတွင်းမှာ အင်္ဂလန်ကို ရောက်ရှိလာ​တော့မှာဖြစ်ပြီး မိုက်ကယ် ကာရစ်လက်သစ်လို့ သတ်မှတ်ခံထားရတဲ့ စပိန်သားအတွက် ပေါင် ၃၅ သန်းနဲ့ သန်း ၄၀ ကြားမှာ စျေးတည့်သွားလိမ့်မယ်လို့ The Mirror သတင်းက ဖော်ပြသွားခဲ့။

ဟာရီ မက်ဂွိုင်းယား+ရာဖေးလ် ဗာရွန်းတို့အတွဲဟာ ဆာဖာဂီခေတ်က ဖာဒီနန်+ဗီဒစ်အတွဲကို ပြန်မြင်တွေ့ရသလို ဖြစ်လာတော့မယ်လို့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင်ဟောင်း ကီဗင် ဖီးလစ်က သရဲနီခံစစ်ကြောင်းကို သုံးသပ်သွားခဲ့ပြီး ယူနိုက်တက်အသင်းဟာ တချိန်ကရွှေထီးဆောင်းခဲ့တဲ့ခေတ်ကို ပြန်လည်ရောက်ရှိလုနီးပြီလို့ အားပါးတရပြောသွား။

ဒီနွေရာသီမှာ ယူနိုက်တက်ရဲ့ မယုံကြည်နိုင်ဖွယ်ရာကောင်းတဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေကို မနာလိုဖြစ်မိကြောင်း လီဗာပူးလ်ကစားသမားဟောင်းတဦးဖြစ်တဲ့ ဟိုဆေး အန်ရီကေက ဝန်ခံသွားခဲ့ပြီး ယာဂင် ကလော့ပ်ရဲ့အသင်းအနေနဲ့ နည်း​ပြဆိုးလ်ရှားရဲ့အသင်းကို ပရီးမီးယားလိဂ်သရဖူအတွက် မယှဥ်နိုင်မှာကို စိုးရိမ်လာကြောင်းသိရ။

ယူနိုက်တက်တို့ဟာ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းကို နောက်နှစ်နွေရာသီမှာ အပြီးသတ်ခေါ်ယူဖို့ ယုံကြည်ချက်အပြည့်ရှိနေတယ်လို့ The Sun သတင်းရဲ့ရေးသားမှုမှာ ပါဝင်လာခဲ့ပြီး ကစားသမားနဲ့ ခိုင်မာတဲ့ဆက်ဆံရေးတွေရှိနေတဲ့ နည်းပြ ဆိုးလ်ရှားကို သက်တမ်းတိုးခဲ့ခြင်းက နော်ဝေတိုက်စစ်မှုးအတွက် အိုးထရက်ဖို့ဒ်မှာ အခြေချဖို့ အဓိကဆွဲဆောင်မှုတခုဖြစ်နေကြောင်း ဖော်ပြသွားခဲ့။

ယူနိုက်တက်အသင်းက အလိုရှိနေတဲ့ နံပါတ် ၆ နေရာမှာကစားသွားမယ့် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ လီယွန် ဂေါ်ရက်ဇ်ကာကို အသင်းမှာ ပျော်ရွှင်စွာ ဆက်နေသွားစေချင်တယ်လို့ ဂျာမန်ကလပ်နည်းပြ ဂျူလီယန် နာဂျယ်စ်မန်းက ထုတ်ဖော်သွားခဲ့ပြီး ဘိုင်ယန်ထက် ၂ ဆပိုပေးထားတဲ့ တနှစ်လုပ်ခ ယူရို ၁၂ သန်းနဲ့ သရဲနီတို့ရဲ့ ကမ်းလှမ်းမှုက ခက်ခဲဖွယ်ရှိနေ။

ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်စွမ်း​ဆောင်ရည်ကို ပြသပြီး အင်္ဂလန်အသင်းကို ဗိုလ်လုပွဲအထိ ဆွဲတင်ခဲ့တဲ့ လုခ်ရှောရဲ့ခြေစွမ်းကို လေးစားမှုအပြည့်ရှိနေတဲ့ ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ သူ့အသင်းသားကို ရေရှည်ထိန်းသိမ်းသွားတော့မှာဖြစ်ပြီး စာချုပ်သစ်တရပ်ဖြစ်ပေါ်လာဖို့ အမြန်ဆုံးပြင်ဆင်နေကြောင်းသိရ။

ရာသီကြိုမှာ Gym ကောင်းကောင်းကစားခဲ့ပြီး ကိုယ်ရည်စစ်သွားခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ရဲ့ပြောင်းလဲမှုကို အသင်းဖော်တွေက အံ့အားသင့်ခဲ့ရတယ်လို့ သိရပြီး ဘရန်ဖို့ဒ်နဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားခဲ့တဲ့ နယ်သာလန်သားကို လာမယ့်ရာသီမှာ လုံလောက်တဲ့ ပွဲကစားခွင့်ပေးသွားဖို့ နည်းပြဆိုးလ်ရှားက ပစ်မှတ်ထားနေ။

အိပ်မက်အသင်းဖြစ်တဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ကစားချင်နေကြောင်း အသိပေးလာတဲ့ ဂျာမန်ဗဟိုနောက်ခံလူ ဂျရုမ်း ဘိုတန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားနိုင်ပေမယ့် အိုးထရက်ဖို့ဒ်ဘက်က အသင်းလက်မဲ့ဖြစ်နေတဲ့ ဘိုင်ယန်မြူးနစ်နောက်ခံလူဟောင်းကို စိတ်ဝင်စားခြင်းအလျဥ်းမရှိကြောင်း ဖာဘရီဇီယို ရိုမာနိုက အတည်ပြုသွားခဲ့။

အဲဗာတန်နဲ့ ​ခြေစမ်းပွဲမတိုင်မီ ရာဖေးလ် ဗာရွန်းကို ယူနိုက်တက်ကစားသမားအဖြစ် တရားဝင်ကြေငြာသွားဖို့ ရှိနေသလို လာမယ့်တပတ်အတွင်း မန်ချက်စတာမြို့ကို ရောက်ရှိလာမယ့် ပြင်သစ်သားဟာ အင်္ဂလန်ဗီဇာရယူဖို့ အနည်းငယ်ကြန့်ကြာနေတာဖြစ်ပြီး ကွာရန်တင်းဝင်ပြီးမှသာ ဆေးစစ်မှုခံယူရဖွယ်ရှိနေကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အက္သလက္တီကို မက္ဒရစ္ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ရဲ႕ ေအးဂ်င့္ျဖစ္သူဟာ ယူႏိုက္တက္နဲ႔ အေျပာင္းအေ႐ႊ႕ကိစၥရပ္ကို အၿပီးသတ္ေဆာင္႐ြက္ဖို႔ ဒီတပတ္အတြင္းမွာ အဂၤလန္ကို ေရာက္ရွိလာ​ေတာ့မွာျဖစ္ၿပီး မိုက္ကယ္ ကာရစ္လက္သစ္လို႔ သတ္မွတ္ခံထားရတဲ့ စပိန္သားအတြက္ ေပါင္ ၃၅ သန္းနဲ႔ သန္း ၄၀ ၾကားမွာ ေစ်းတည့္သြားလိမ့္မယ္လို႔ The Mirror သတင္းက ေဖာ္ျပသြားခဲ့။

ဟာရီ မက္ဂြိဳင္းယား+ရာေဖးလ္ ဗာ႐ြန္းတို႔အတြဲဟာ ဆာဖာဂီေခတ္က ဖာဒီနန္+ဗီဒစ္အတြဲကို ျပန္ျမင္ေတြ႕ရသလို ျဖစ္လာေတာ့မယ္လို႔ ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္ဆုရွင္ေဟာင္း ကီဗင္ ဖီးလစ္က သရဲနီခံစစ္ေၾကာင္းကို သုံးသပ္သြားခဲ့ၿပီး ယူႏိုက္တက္အသင္းဟာ တခ်ိန္ကေ႐ႊထီးေဆာင္းခဲ့တဲ့ေခတ္ကို ျပန္လည္ေရာက္ရွိလုနီးၿပီလို႔ အားပါးတရေျပာသြား။

ဒီေႏြရာသီမွာ ယူႏိုက္တက္ရဲ႕ မယုံၾကည္ႏိုင္ဖြယ္ရာေကာင္းတဲ့ အေျပာင္းအေ႐ႊ႕လႈပ္ရွားမႈေတြကို မနာလိုျဖစ္မိေၾကာင္း လီဗာပူးလ္ကစားသမားေဟာင္းတဦးျဖစ္တဲ့ ဟိုေဆး အန္ရီေကက ဝန္ခံသြားခဲ့ၿပီး ယာဂင္ ကေလာ့ပ္ရဲ႕အသင္းအေနနဲ႔ နည္း​ျပဆိုးလ္ရွားရဲ႕အသင္းကို ပရီးမီးယားလိဂ္သရဖူအတြက္ မယွဥ္ႏိုင္မွာကို စိုးရိမ္လာေၾကာင္းသိရ။

ယူႏိုက္တက္တို႔ဟာ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟာလန္းကို ေနာက္ႏွစ္ေႏြရာသီမွာ အၿပီးသတ္ေခၚယူဖို႔ ယုံၾကည္ခ်က္အျပည့္ရွိေနတယ္လို႔ The Sun သတင္းရဲ႕ေရးသားမႈမွာ ပါဝင္လာခဲ့ၿပီး ကစားသမားနဲ႔ ခိုင္မာတဲ့ဆက္ဆံေရးေတြရွိေနတဲ့ နည္းျပ ဆိုးလ္ရွားကို သက္တမ္းတိုးခဲ့ျခင္းက ေနာ္ေဝတိုက္စစ္မႈးအတြက္ အိုးထရက္ဖို႔ဒ္မွာ အေျခခ်ဖို႔ အဓိကဆြဲေဆာင္မႈတခုျဖစ္ေနေၾကာင္း ေဖာ္ျပသြားခဲ့။

ယူႏိုက္တက္အသင္းက အလိုရွိေနတဲ့ နံပါတ္ ၆ ေနရာမွာကစားသြားမယ့္ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ လီယြန္ ေဂၚရက္ဇ္ကာကို အသင္းမွာ ေပ်ာ္႐ႊင္စြာ ဆက္ေနသြားေစခ်င္တယ္လို႔ ဂ်ာမန္ကလပ္နည္းျပ ဂ်ဴလီယန္ နာဂ်ယ္စ္မန္းက ထုတ္ေဖာ္သြားခဲ့ၿပီး ဘိုင္ယန္ထက္ ၂ ဆပိုေပးထားတဲ့ တႏွစ္လုပ္ခ ယူ႐ို ၁၂ သန္းနဲ႔ သရဲနီတို႔ရဲ႕ ကမ္းလွမ္းမႈက ခက္ခဲဖြယ္ရွိေန။

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ကမာၻ႔အဆင့္စြမ္း​ေဆာင္ရည္ကို ျပသၿပီး အဂၤလန္အသင္းကို ဗိုလ္လုပြဲအထိ ဆြဲတင္ခဲ့တဲ့ လုခ္ေရွာရဲ႕ေျခစြမ္းကို ေလးစားမႈအျပည့္ရွိေနတဲ့ ယူႏိုက္တက္နည္းျပဆိုးလ္ရွားဟာ သူ႔အသင္းသားကို ေရရွည္ထိန္းသိမ္းသြားေတာ့မွာျဖစ္ၿပီး စာခ်ဳပ္သစ္တရပ္ျဖစ္ေပၚလာဖို႔ အျမန္ဆုံးျပင္ဆင္ေနေၾကာင္းသိရ။

ရာသီႀကိဳမွာ Gym ေကာင္းေကာင္းကစားခဲ့ၿပီး ကိုယ္ရည္စစ္သြားခဲ့တဲ့ ယူႏိုက္တက္ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္ရဲ႕ေျပာင္းလဲမႈကို အသင္းေဖာ္ေတြက အံ့အားသင့္ခဲ့ရတယ္လို႔ သိရၿပီး ဘရန္ဖို႔ဒ္နဲ႔ပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူကစားခဲ့တဲ့ နယ္သာလန္သားကို လာမယ့္ရာသီမွာ လုံေလာက္တဲ့ ပြဲကစားခြင့္ေပးသြားဖို႔ နည္းျပဆိုးလ္ရွားက ပစ္မွတ္ထားေန။

အိပ္မက္အသင္းျဖစ္တဲ့ ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ကစားခ်င္ေနေၾကာင္း အသိေပးလာတဲ့ ဂ်ာမန္ဗဟိုေနာက္ခံလူ ဂ်႐ုမ္း ဘိုတန္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူသြားႏိုင္ေပမယ့္ အိုးထရက္ဖို႔ဒ္ဘက္က အသင္းလက္မဲ့ျဖစ္ေနတဲ့ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူေဟာင္းကို စိတ္ဝင္စားျခင္းအလ်ဥ္းမရွိေၾကာင္း ဖာဘရီဇီယို ႐ိုမာႏိုက အတည္ျပဳသြားခဲ့။

အဲဗာတန္နဲ႔ ​ေျခစမ္းပြဲမတိုင္မီ ရာေဖးလ္ ဗာ႐ြန္းကို ယူႏိုက္တက္ကစားသမားအျဖစ္ တရားဝင္ေၾကျငာသြားဖို႔ ရွိေနသလို လာမယ့္တပတ္အတြင္း မန္ခ်က္စတာၿမိဳ႕ကို ေရာက္ရွိလာမယ့္ ျပင္သစ္သားဟာ အဂၤလန္ဗီဇာရယူဖို႔ အနည္းငယ္ၾကန္႔ၾကာေနတာျဖစ္ၿပီး ကြာရန္တင္းဝင္ၿပီးမွသာ ေဆးစစ္မႈခံယူရဖြယ္ရွိေနေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.