Serie A Transfer News

ဂျူဗင်တပ်စ်က မွန်ဇာအသင်းကို အနိုင်ရတဲ့ပွဲမှာ ရော်နယ်လ်ဒို ဘာကြောင့် ပါဝင်မလာတာလဲ?

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက စီဆီနာအသင်းကို အနိုင်ယူခဲ့ပြီးတဲ့နောက် ဂျူဗင်တပ်စ်အသင်းအနေနဲ့ ရာသီကြိုခြေစမ်းပွဲ ဒုတိယပွဲစဉ်အဖြစ် မွန်ဇာအသင်းကို သူတို့ရဲ့ အိမ်ကွင်းဖြစ်တဲ့ ယူ-ပါဝါကွင်းမှာ လွီဂျီ ဘာလူစကိုနီဖလားပွဲအနေနဲ့ မနေ့ညကရင်ဆိုင်ကစားခဲ့ရာမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဘာလူစကိုနီဖလားကို ရရှိခဲ့ပါတယ်။

မွန်ဇာအသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းလူစာရင်းမှာ ဗွိုင်ချက် ဆဇက်စနီ၊ မက်သစ် ဒီလစ်ချ်၊ အာရွန် ရမ်ဆေး၊ ဒီယန် ကူလူဆက်ဗ်စကီးနဲ့ အက်ဒရီယန် ရာဗျိုတို့လို ကစားသမားတွေ ပါဝင်လာခဲ့ပေမယ့် စီနီယာကစားသမားအချို့မပါဝင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ပေါ်လို ဒီဘားလား၊ ဝက်စ်တန် မက်ကန်နီတို့လို ကစားသမားတွေ မပါဝင်ခဲ့သလို အယ်လ်ဗာရို မိုရာတာနဲ့ ရိုဒရီဂို ဘန်တန်ကာတို့လို တနေ့ကမှ အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတွေအတွက် လေ့ကျင့်ရေးအစီအစဉ်မှာ ပူးပေါင်းလာခဲ့တဲ့သူတွေလည်း မပါဝင်ခဲ့ကြပါဘူး။

အီတလီသတင်းဌာန ကာလ်ချို မယ်ကာတိုရဲ့ ဖော်ပြချက်အရ ရော်နယ်လ်ဒိုအနေနဲ့ အသင်းရဲ့‌မန်နေဂျာ မက်ဆီမီလီယာနို အယ်လီဂရီကို သူ့အနေနဲ့ ကာယကြံ့ခိုင်မှုပြည့်ဝတယ်လို့ မခံစားရသေးတာကြောင့် မပူးပေါင်းသေးတာဖြစ်ကြောင်းနဲ့ လူတချို့အနေနဲ့ သူ့ကို ပီအက်စ်ဂျီအသင်းကို ပြောင်းဖို့ချိတ်ဆက်နေတာလို့ ထင်နေရင်တောင် ဒီထက်မပိုကြောင်း အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

၃၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးကြီးအနေနဲ့ သူ့ရဲ့အသင်းဖော်တွေနဲ့ နွေရာသီပူးပေါင်းမှုအဖြစ် ပြီးခဲ့တဲ့ တနင်္လာနေ့က ပူးပေါင်းခဲ့သေးလို့ သူ့ကို လာမယ့်ခြေစမ်းပွဲတွေမှာ မြင်ရဖို့အတွက် မျှော်လင့်လို့ ရပါသေးကြောင်း တင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ရက္သတၱပတ္တုန္းက စီဆီနာအသင္းကို အႏိုင္ယူခဲ့ၿပီးတဲ့ေနာက္ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ရာသီႀကိဳေျခစမ္းပြဲ ဒုတိယပြဲစဥ္အျဖစ္ မြန္ဇာအသင္းကို သူတို႔ရဲ႕ အိမ္ကြင္းျဖစ္တဲ့ ယူ-ပါဝါကြင္းမွာ လြီဂ်ီ ဘာလူစကိုနီဖလားပြဲအေနနဲ႔ မေန႔ညကရင္ဆိုင္ကစားခဲ့ရာမွာ ၂ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ဘာလူစကိုနီဖလားကို ရရွိခဲ့ပါတယ္။

မြန္ဇာအသင္းနဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ ဂ်ဴဗင္တပ္စ္အသင္းလူစာရင္းမွာ ဗြိဳင္ခ်က္ ဆဇက္စနီ၊ မက္သစ္ ဒီလစ္ခ်္၊ အာ႐ြန္ ရမ္ေဆး၊ ဒီယန္ ကူလူဆက္ဗ္စကီးနဲ႔ အက္ဒရီယန္ ရာဗ်ိဳတို႔လို ကစားသမားေတြ ပါဝင္လာခဲ့ေပမယ့္ စီနီယာကစားသမားအခ်ိဳ႕မပါဝင္ခဲ့ၾကတာလည္း ျဖစ္ပါတယ္။

အသင္းရဲ႕ၾကယ္ပြင့္ကစားသမားေတြျဖစ္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ ေပၚလို ဒီဘားလား၊ ဝက္စ္တန္ မက္ကန္နီတို႔လို ကစားသမားေတြ မပါဝင္ခဲ့သလို အယ္လ္ဗာ႐ို မိုရာတာနဲ႔ ႐ိုဒရီဂို ဘန္တန္ကာတို႔လို တေန႔ကမွ အသင္းရဲ႕ ရာသီႀကိဳေျခစမ္းပြဲေတြအတြက္ ေလ့က်င့္ေရးအစီအစဥ္မွာ ပူးေပါင္းလာခဲ့တဲ့သူေတြလည္း မပါဝင္ခဲ့ၾကပါဘူး။

အီတလီသတင္းဌာန ကာလ္ခ်ိဳ မယ္ကာတိုရဲ႕ ေဖာ္ျပခ်က္အရ ေရာ္နယ္လ္ဒိုအေနနဲ႔ အသင္းရဲ႕‌မန္ေနဂ်ာ မက္ဆီမီလီယာႏို အယ္လီဂရီကို သူ႔အေနနဲ႔ ကာယႀကံ့ခိုင္မႈျပည့္ဝတယ္လို႔ မခံစားရေသးတာေၾကာင့္ မပူးေပါင္းေသးတာျဖစ္ေၾကာင္းနဲ႔ လူတခ်ိဳ႕အေနနဲ႔ သူ႔ကို ပီအက္စ္ဂ်ီအသင္းကို ေျပာင္းဖို႔ခ်ိတ္ဆက္ေနတာလို႔ ထင္ေနရင္ေတာင္ ဒီထက္မပိုေၾကာင္း အေၾကာင္းၾကားခဲ့တယ္လို႔ သိရပါတယ္။

၃၆ ႏွစ္အ႐ြယ္ ေပၚတူဂီတိုက္စစ္မႉးႀကီးအေနနဲ႔ သူ႔ရဲ႕အသင္းေဖာ္ေတြနဲ႔ ေႏြရာသီပူးေပါင္းမႈအျဖစ္ ၿပီးခဲ့တဲ့ တနလၤာေန႔က ပူးေပါင္းခဲ့ေသးလို႔ သူ႔ကို လာမယ့္ေျခစမ္းပြဲေတြမွာ ျမင္ရဖို႔အတြက္ ေမွ်ာ္လင့္လို႔ ရပါေသးေၾကာင္း တင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.