International La Liga Premier League Serie A UCL&UEL

ဘယ်လွန်ဒေါ အခုရမယ့်သူနဲ့ နောက်ရမယ့်သူကို အီတလီဘောလုံးနာမည်ကြီးတွေ တစ်ပေး

ယူရို ၂၀၂၀ ချန်ပီယံ အီတလီအသင်းရဲ့ ကစားသမားနှစ်ဦးဟာ ဥရောပရွှေဘောလုံးဆု ဘယ်လွန်ဒေါအတွက် ရယူနိုင်စွမ်းရှိတယ်လို့ အီတလီ ဘောလုံးလောကမှာ လေးစားလောက်တဲ့ အတွေ့အကြုံတွေကို ပိုင်ဆိုင်ထားတဲ့ အားကစားဒါရိုက်တာ အာရီယေဒို ဘရာအီဒါက တစ်ပေးလိုက်သလို နည်းပြကြီး မော်ရီဇီယို ဆာရီနဲ့ ချဲလ်ဆီးဂန္ထဝင် ဂျန်ဖရန်ကို ဇိုလာတို့ကလည်း ထောက်ခံသွားခဲ့ကြပါတယ်။

ဘရာအီဒါဟာ ဘာစီလိုနာအသင်းရဲ့ ကင်းထောက်ချုပ်နဲ့ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ဖူးသူလည်းဖြစ်ပြီး သူက တောင်ပံသမား ဖက်ဒါရီကို ခီယေဆာဟာ သူ့ဖခင် အန်ရီကိုထက် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာနိုင်သလို ပြင်သစ်ဘောလုံးမဂ္ဂဇင်းရဲ့ တီထွင်မှုဖြစ်ပြီး ဥရောပကိုယ်စားပြုဖြစ်လာတဲ့ ဘယ်လွန်ဒေါဆုကိုလည်း အနာဂတ်မှာ ရယူဖို့ သိပ်စောင့်စရာမလိုတော့ဘူးလို့ ဆိုလိုက်တာပါ။

“ဒီအသက်အရွယ်မှာ သူက အီတလီနဲ့ ယူရိုဖလားရပြီးပြီ။ သူ့အနေနဲ့ ဒီအတိုင်းဆက်ပြီး ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင် ဘယ်လွန်ဒေါဆုအတွက် သူ့ရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မှာပဲ”လို့ ဂျူဗင်တပ်စ်ဆီ အငှားလာကစားခဲ့တဲ့ ပထမဆုံး ရာသီမှာပဲ ၁၅ ဂိုးသွင်းပြီး ၁၁ ဂိုးဖန်တီးခဲ့တဲ့ ခီယေဆာအတွက် တစ်ပေးသွားခဲ့တာဖြစ်ပါတယ်။

အီတလီအသင်းမှာတော့ ခီယေဆာရဲ့ စီနီယာကြီး ဂျော်ဂျင်ညိုက အနာဂတ်မှာ မဟုတ်ဘဲ ပစ္စုပ္ပန်မှာ ဒီဆုကို ရယူဖို့ ၂၀၂၁ ဘယ်လွန်ဒေါအတွက် ရေပန်းစားနေတာလည်းဖြစ်ပြီး ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ်အောင်မြင်မှုနဲ့ လက်ရွေးစင်အသင်းက ဥရောပအောင်မြင်မှုတွေကို ပေါင်းလိုက်ရင် ၂၀၀၆ ခုနှစ်က ရယူခဲ့တဲ့ ဖာဘီယို ကန်နာဗာရိုနောက်ပိုင်း ပထမဆုံး ပြန်လည်ရယူနိုင်တဲ့ အီတလီသားလည်းဖြစ်လာဖို့ ရှိနေတာပါ။

ဂျော်ဂျင်ညိုရဲ့ ဆရာဟောင်း နည်းပြကြီး ဆာရီနဲ့ ချဲလ်ဆီးတိုက်စစ်မှူး/နည်းပြ/လက်ထောက်နည်းပြဟောင်း ဇိုလာတို့ကတော့ ဒီနှစ်အတွက် ဘယ်လွန်ဒေါဆုကို ဘရာဇီးလ်နွယ်ဖွား အီတလီကွင်းလယ်လူကပဲ ဆွတ်ခူးရရှိသင့်တယ်လို့ ထောက်ခံသွားပြီး “မက်ဆီဒေါ”လို့ လှောင်ပြောင်နေကြတဲ့ ဆုကို ပြုပြင်ပြောင်းလဲသင့်နေပြီလို့ ထင်မြင်ချက်တွေကလည်း တွစ်တာမှာ ပလူပျံနေခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်အတွက် ပေးအပ်မယ့်ဆုအတွက် မက်ဆီရဲ့ တောင်အမေရိကဖလား ကိုပါအမေရိကနဲ့ ပြည်တွင်းဖလား ကိုပါဒဲလ်ရေးတို့ဟာ ဂျော်ဂျင်ညိုရဲ့ ဥရောပဖလား ယူရိုနဲ့ ချန်ပီယံလိဂ်ဂုဏ်တွေဟာ နှိုင်းယှဉ်ရင် ဘယ်ဟာတွေက ပိုသာတယ်ဆိုတာ ဦးနှောက်ရှိသူတိုင်း သိလိမ့်မယ်လို့ ပရိသတ်တွေက ပြောနေကြပြီး ဂျော်ဂျင်ညိုဆီက ဓားပြတိုက်သွားမှာတော့ ကြောက်ရတယ်လို့ ခနဲ့နေကြတာပါ။

ဘရာအီဒါကတော့ “ဂျော်ဂျင်ညိုက ဘယ်သူနဲ့ပဲ ယှဉ်ယှဉ် ဆုအရသင့်ဆုံးသူဖြစ်ပြီး ချန်ပီယံလိဂ်နဲ့ ယူရိုဖလားကြီးကို သိမ်းပိုက်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုပဲ ဆုပေးသင့်ပြီး သူမဟုတ်ရင် နောက်ထပ်ရသင့်သူက ဂျန်လွီဂီ ဒွန်နာရမ်မာပါ… ခင်ဗျားတို့ ပြောနေကြသလို မက်ဆီကို ထည့်ပြီး စဉ်းစားချင်ရင်လည်း စဉ်းစားပေါ့လေ”လို့ သူ့ရဲ့ အီတလီသားတွေဘက်က မဲတင်းပေးသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူ႐ို ၂၀၂၀ ခ်န္ပီယံ အီတလီအသင္းရဲ႕ ကစားသမားႏွစ္ဦးဟာ ဥေရာပေ႐ႊေဘာလုံးဆု ဘယ္လြန္ေဒါအတြက္ ရယူႏိုင္စြမ္းရွိတယ္လို႔ အီတလီ ေဘာလုံးေလာကမွာ ေလးစားေလာက္တဲ့ အေတြ႕အႀကဳံေတြကို ပိုင္ဆိုင္ထားတဲ့ အားကစားဒါ႐ိုက္တာ အာရီေယဒို ဘရာအီဒါက တစ္ေပးလိုက္သလို နည္းျပႀကီး ေမာ္ရီဇီယို ဆာရီနဲ႔ ခ်ဲလ္ဆီးဂႏၴဝင္ ဂ်န္ဖရန္ကို ဇိုလာတို႔ကလည္း ေထာက္ခံသြားခဲ့ၾကပါတယ္။

ဘရာအီဒါဟာ ဘာစီလိုနာအသင္းရဲ႕ ကင္းေထာက္ခ်ဳပ္နဲ႔ အားကစားဒါ႐ိုက္တာအျဖစ္ ေဆာင္႐ြက္ခဲ့ဖူးသူလည္းျဖစ္ၿပီး သူက ေတာင္ပံသမား ဖက္ဒါရီကို ခီေယဆာဟာ သူ႔ဖခင္ အန္ရီကိုထက္ ေအာင္ျမင္တဲ့သူတစ္ေယာက္ျဖစ္လာႏိုင္သလို ျပင္သစ္ေဘာလုံးမဂၢဇင္းရဲ႕ တီထြင္မႈျဖစ္ၿပီး ဥေရာပကိုယ္စားျပဳျဖစ္လာတဲ့ ဘယ္လြန္ေဒါဆုကိုလည္း အနာဂတ္မွာ ရယူဖို႔ သိပ္ေစာင့္စရာမလိုေတာ့ဘူးလို႔ ဆိုလိုက္တာပါ။

“ဒီအသက္အ႐ြယ္မွာ သူက အီတလီနဲ႔ ယူ႐ိုဖလားရၿပီးၿပီ။ သူ႔အေနနဲ႔ ဒီအတိုင္းဆက္ၿပီး ဖြံ႕ၿဖိဳးတိုးတက္လာမယ္ဆိုရင္ ဘယ္လြန္ေဒါဆုအတြက္ သူ႔ရဲ႕ ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ႏိုင္မွာပဲ”လို႔ ဂ်ဴဗင္တပ္စ္ဆီ အငွားလာကစားခဲ့တဲ့ ပထမဆုံး ရာသီမွာပဲ ၁၅ ဂိုးသြင္းၿပီး ၁၁ ဂိုးဖန္တီးခဲ့တဲ့ ခီေယဆာအတြက္ တစ္ေပးသြားခဲ့တာျဖစ္ပါတယ္။

အီတလီအသင္းမွာေတာ့ ခီေယဆာရဲ႕ စီနီယာႀကီး ေဂ်ာ္ဂ်င္ညိဳက အနာဂတ္မွာ မဟုတ္ဘဲ ပစၥဳပၸန္မွာ ဒီဆုကို ရယူဖို႔ ၂၀၂၁ ဘယ္လြန္ေဒါအတြက္ ေရပန္းစားေနတာလည္းျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းက ခ်န္ပီယံလိဂ္ေအာင္ျမင္မႈနဲ႔ လက္ေ႐ြးစင္အသင္းက ဥေရာပေအာင္ျမင္မႈေတြကို ေပါင္းလိုက္ရင္ ၂၀၀၆ ခုႏွစ္က ရယူခဲ့တဲ့ ဖာဘီယို ကန္နာဗာ႐ိုေနာက္ပိုင္း ပထမဆုံး ျပန္လည္ရယူႏိုင္တဲ့ အီတလီသားလည္းျဖစ္လာဖို႔ ရွိေနတာပါ။

ေဂ်ာ္ဂ်င္ညိဳရဲ႕ ဆရာေဟာင္း နည္းျပႀကီး ဆာရီနဲ႔ ခ်ဲလ္ဆီးတိုက္စစ္မႉး/နည္းျပ/လက္ေထာက္နည္းျပေဟာင္း ဇိုလာတို႔ကေတာ့ ဒီႏွစ္အတြက္ ဘယ္လြန္ေဒါဆုကို ဘရာဇီးလ္ႏြယ္ဖြား အီတလီကြင္းလယ္လူကပဲ ဆြတ္ခူးရရွိသင့္တယ္လို႔ ေထာက္ခံသြားၿပီး “မက္ဆီေဒါ”လို႔ ေလွာင္ေျပာင္ေနၾကတဲ့ ဆုကို ျပဳျပင္ေျပာင္းလဲသင့္ေနၿပီလို႔ ထင္ျမင္ခ်က္ေတြကလည္း တြစ္တာမွာ ပလူပ်ံေနခဲ့တာျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္အတြက္ ေပးအပ္မယ့္ဆုအတြက္ မက္ဆီရဲ႕ ေတာင္အေမရိကဖလား ကိုပါအေမရိကနဲ႔ ျပည္တြင္းဖလား ကိုပါဒဲလ္ေရးတို႔ဟာ ေဂ်ာ္ဂ်င္ညိဳရဲ႕ ဥေရာပဖလား ယူ႐ိုနဲ႔ ခ်န္ပီယံလိဂ္ဂုဏ္ေတြဟာ ႏႈိင္းယွဥ္ရင္ ဘယ္ဟာေတြက ပိုသာတယ္ဆိုတာ ဦးေႏွာက္ရွိသူတိုင္း သိလိမ့္မယ္လို႔ ပရိသတ္ေတြက ေျပာေနၾကၿပီး ေဂ်ာ္ဂ်င္ညိဳဆီက ဓားျပတိုက္သြားမွာေတာ့ ေၾကာက္ရတယ္လို႔ ခနဲ႔ေနၾကတာပါ။

ဘရာအီဒါကေတာ့ “ေဂ်ာ္ဂ်င္ညိဳက ဘယ္သူနဲ႔ပဲ ယွဥ္ယွဥ္ ဆုအရသင့္ဆုံးသူျဖစ္ၿပီး ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုဖလားႀကီးကို သိမ္းပိုက္ခဲ့သူျဖစ္ပါတယ္။ ဒါေၾကာင့္ သူ႔ကိုပဲ ဆုေပးသင့္ၿပီး သူမဟုတ္ရင္ ေနာက္ထပ္ရသင့္သူက ဂ်န္လြီဂီ ဒြန္နာရမ္မာပါ… ခင္ဗ်ားတို႔ ေျပာေနၾကသလို မက္ဆီကို ထည့္ၿပီး စဥ္းစားခ်င္ရင္လည္း စဥ္းစားေပါ့ေလ”လို႔ သူ႔ရဲ႕ အီတလီသားေတြဘက္က မဲတင္းေပးသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.