Article Premier League Transfer News

ချန်ပီယံဆုအတွက် ပြင်ဆင်မယ့် လီဗာပူးလ်ကို ဘယ်ကစားသမားတွေ ရောက်လာနိုင်သလဲ

လီဗာပူးလ်တိုက်စစ်မှာ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလားကလွဲရင် ကျန်တဲ့ MSF ထဲက နှစ်ယောက်ကတော့ ပြီးခဲ့တဲ့ ရာသီတွေက စွမ်းဆောင်ရည်ထက် တော်တော်လေး ကျဆင်းလာခဲ့ကြသလို ဒီယိုဂို ဂျိုတာကလွဲရင် ကျန်တဲ့ ကစားသမားတွေဟာ တိုက်စစ်ကို အားဖြည့်ဖို့အတွက် အဆင်သင့် အနေအထားမှာ ရှိမနေဘဲ လိုအပ်ချက်တွေ များနေဆဲဖြစ်တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်ဖို့ ဒီနွေရာသီမှာ ကစားသမားတစ်ဦး(သို့) နှစ်ဦးနဲ့ အားဖြည့်သွားနိုင်ပါတယ်။

၅- ဒူရှန် ဗလာဟိုဗစ်ချ်
ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက အထူးခြေစွမ်းပြခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ဆားဘီးယားတိုက်စစ်မှူး ဒူရှန် ဗလာဟိုဗစ်ခ်ျကို လီဗာပူးလ်အသင်းအနေနဲ့ ရက်သတ္တပတ်အနည်းငယ် ကြာချိတ်ဆက်နေခဲ့ပြီး သူ့ခြေစွမ်းက ဂျူဗင်တပ်စ်နဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့လိုအသင်းတွေကိုပါ ဆွဲဆောင်နိုင်ခဲ့တာပါ။ ဖီအိုရင်တီးနားအနေနဲ့ ဆားဘီးယားသားကို ပေါင် ၅၂ သန်း တန်ကြေးသတ်မှတ်ထားပါတယ်။

ဗလာဟိုဗစ်ချ်အနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဖီအိုရင်တီးနားအသင်းအတွက် စီးရီးအေသွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးမှု ၂ ကြိမ်လည်း ပြုလုပ်ခဲ့ပါသေးတယ်။ လီဗာပူးလ်အသင်းအတွက် ဆားဘီးယားဂိုးသွင်းမုဆိုးက ရေတို‌ရော ရေရှည်အတွက်ပါ အသုံးတည့်မယ့် ကစားသမားလည်းဖြစ်ပေမယ့် ဘဏ္ဍာရေးအကျပ်အတည်းတွေကြောင့် သူ့ကို ပေါင် ၅၂ သန်းနဲ့ ခေါ်ယူဖို့ ခက်ခဲနိုင်ပါတယ်။

၄- ဂျားရော့ဒ် ဘိုဝင်
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ နိုင်ငံခြား ကစားသမားတွေကို ခေါ်ယူတဲ့ စည်းမျဉ်းကို တင်းကျပ်ထားလို့ လီဗာပူးလ်အသင်းအနေနဲ့ အင်္ဂလန်သားတွေဘက်ကို လှည့်ကြည့်ဖို့ လိုအပ်လာပါတယ်။ ဘိုဝင်အနေနဲ့ လီဗာပူးလ်မှာ အံဝင်မယ့် ခြေစွမ်းမျိုးကို အထူးသဖြင့် ပြီးခဲ့တဲ့ ဒုတိယရာသီဝက်မှာ ပြခဲ့ပါတယ်။ သတင်းတွေအရ ဘိုဝင်အတွက် ဝက်စ်ဟမ်းအသင်းက ပေါင် ၃၅ သန်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဟမ်းမားတို့အတွက် ၃၈ ပွဲစလုံး ကစားပေးထားတဲ့ ၂၁ နှစ်အရွယ် တောင်ပံတိုက်စစ်မှုးအနေနဲ့ ၈ ဂိုးသွင်းယူပေးခဲ့ပြီး ၅ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းမှာ ၁၈ လကြာတဲ့အထိပဲ ကစားပေးခဲ့ရပေမယ့် လက်ရှိမှာတော့ လီဗာပူးလ်အသင်းကို ရောက်ရှိဖို့အတွက် လက်တစ်ကမ်းအကွာမှာ ရှိနေပါတယ်။

၃- ဖက်ဒရီကို ခီယေဆာ
ဥရောပရဲ့ အလားအလာအကောင်းဆုံး လူငယ်တိုက်စစ်ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဖက်ဒရီကို ခီယေဆာကို ခေါ်ယူဖို့အတွက် ကြိုးစားနေတဲ့အထဲ လီဗာပူးလ်အသင်းလည်း ပါဝင်နေပြီး သူ့အနေနဲ့ ယူရို ၂၀၂၀ မှာတုန်းက အီတလီရဲ့ပွဲထွက်စာရင်းမှာ အစပိုင်း‌မပါဝင်ခဲ့ပေမယ့် ကစားခွင့်ရတိုင်း ခြေစွမ်းပြလာတာကြောင့် ပွဲထွက်ကစားသမားအဖြစ် နောက်ပိုင်းမှာ ရွေးချယ်ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ၂၃ နှစ်သားအနေနဲ့ ဂျုဗင်တပ်စ်အသင်းမှာ ၄၃ ပွဲကစားခဲ့ပြီး ၁၄ ဂိုး သွင်းယူခဲ့သလို ၁၀ ဂိုး ဖန်တီးနိုင်ခဲ့လို့ ခြေစွမ်းပြခဲ့တယ်လို့ ဆိုလို့ရပါတယ်။ သူ့အတွက် လီဗာပူးလ်အသင်းရဲ့ ယူရိုသန်း ၁၀၀(ပေါင် ၈၅.၂၁ သန်း)တန်ကမ်းလှမ်းမှုကိုလည်း တူရင်သားတွေအနေနဲ့ ပယ်ချခဲ့ပြီး ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးတို့ကလည်း သူ့ကိုခေါ်ယူဖို့ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

၂- အိုလီ ဝပ်ကင်းစ်
အက်စတန်ဗီလာအသင်းအနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စွမ်းဆောင်ရည်ကောင်းခဲ့လို့ ချီးကျူးမှုတွေရဲ့သလို တိုက်စစ်မှူး အိုလီ ဝပ်ကင်းစ်ကလည်း ထည့်သွင်းပြောဆိုဖို့ ထိုက်တန်တဲ့သူပါ။ ၂၀၂၀-၂၁ ရာသီအတွင်း ၃၇ ပွဲကစားခဲ့ပြီး ၁၄ ဂိုး သွင်းပြီး ၅ ဂိုး ဖန်တီးပေးခဲ့တဲ့ ၂၅ နှစ်အရွယ် အထောင်တိုက်စစ်မှူးအနေနဲ့ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။

အင်္ဂလန်သား ငယ်မွေးခြံပေါက်လည်းဖြစ်လို့ ဘိုဝင်လိုပဲ ခေါ်ယူဖို့ ပိုစိတ်ဝင်စားစေတဲ့အချက်ဖြစ်ပြီး သူ့ရဲ့တိုက်စစ်အမြင်ကလည်း ကောင်းမွန်ပါတယ်။ ဗီလာတို့ အနေနဲ့ သူ့ကို ပေါင် ၃၃ သန်းနဲ့ ခေါ်ယူခဲ့ရလို့ ပေါင် ၄၅ သန်းလောက်ရမှသာ ရောင်းထုတ်ဖို့ စဉ်းစားလာနိုင်ပြီး ရောဘတ်တို ဖာမီနိုနေရာအတွက် အစားထိုးဖို့ လီဗာပူးလ်အသင်းအနေနဲ့ သူတို့ကို ဟက်ထရစ်သွင်းခဲ့ဖူးတဲ့ ကစားသမားကို စဉ်းစားနေလောက်ပါတယ်။

၁- အဒါမာ ထရာအိုရေး
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း စိတ်ဝင်စားစရာအကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ အဒါမာ ထရာအိုရေးအနေနဲ့ လီဗာပူးလ်ကို ရောက်ဖို့ သတင်းမွှေးနေတာပါ။ ဝုလ်ဗ်စ်အသင်းအနေနဲ့ နည်းပြ နူနို အက်စ်ပီရီတို ဆန်တို ထွက်ခွာပြီးနောက်ပိုင်း စပိန်လက်ရွေးစင်အပါအဝင် ကစားသမားအများစုကို ရောင်းထုတ်ဖို့လည်း ရည်ရွယ်နေပါတယ်။

၂၀၁၉-၂၀၂၀ ရာသီမှာ စတင်တောက်ပလာခဲ့တဲ့ ညာတောင်ပံကစားသမား ထရာအိုရေးအနေနဲ့ ၅၄ ပွဲအတွင်း ၆ ဂိုးသွင်းယူထားခဲ့ပြီး ၁၂ ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ချိန်မှာ နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ၂၅ နှစ်အရွယ် လာမာစီယာအကယ်ဒမီထွက်ရဲ့ ခြေစွမ်းကို သဘောကျနေသလို သူ့ကို ပေါင်သန်း ၃၀ ရရင် လက်လွှတ်မယ့် ဝံပုလွေတို့နဲ့ သဘောတူသွားနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္တိုက္စစ္မွာ အီဂ်စ္တိုက္စစ္မႉး မိုဟာမက္ ဆာလားကလြဲရင္ က်န္တဲ့ MSF ထဲက ႏွစ္ေယာက္ကေတာ့ ၿပီးခဲ့တဲ့ ရာသီေတြက စြမ္းေဆာင္ရည္ထက္ ေတာ္ေတာ္ေလး က်ဆင္းလာခဲ့ၾကသလို ဒီယိုဂို ဂ်ိဳတာကလြဲရင္ က်န္တဲ့ ကစားသမားေတြဟာ တိုက္စစ္ကို အားျဖည့္ဖို႔အတြက္ အဆင္သင့္ အေနအထားမွာ ရွိမေနဘဲ လိုအပ္ခ်က္ေတြ မ်ားေနဆဲျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ျပန္လည္စိန္ေခၚဖို႔ ဒီေႏြရာသီမွာ ကစားသမားတစ္ဦး(သို႔) ႏွစ္ဦးနဲ႔ အားျဖည့္သြားႏိုင္ပါတယ္။

၅- ဒူရွန္ ဗလာဟိုဗစ္ခ်္
ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းက အထူးေျခစြမ္းျပခဲ့တဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ ဆားဘီးယားတိုက္စစ္မႉး ဒူရွန္ ဗလာဟိုဗစ္ခ္်ကို လီဗာပူးလ္အသင္းအေနနဲ႔ ရက္သတၱပတ္အနည္းငယ္ ၾကာခ်ိတ္ဆက္ေနခဲ့ၿပီး သူ႔ေျခစြမ္းက ဂ်ဴဗင္တပ္စ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တို႔လိုအသင္းေတြကိုပါ ဆြဲေဆာင္ႏိုင္ခဲ့တာပါ။ ဖီအိုရင္တီးနားအေနနဲ႔ ဆားဘီးယားသားကို ေပါင္ ၅၂ သန္း တန္ေၾကးသတ္မွတ္ထားပါတယ္။

ဗလာဟိုဗစ္ခ်္အေနနဲ႔ ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ ဖီအိုရင္တီးနားအသင္းအတြက္ စီးရီးေအသြင္းဂိုး ၂၁ ဂိုးအထိ သြင္းယူေပးခဲ့ၿပီး ဂိုးဖန္တီးမႈ ၂ ႀကိမ္လည္း ျပဳလုပ္ခဲ့ပါေသးတယ္။ လီဗာပူးလ္အသင္းအတြက္ ဆားဘီးယားဂိုးသြင္းမုဆိုးက ေရတို‌ေရာ ေရရွည္အတြက္ပါ အသုံးတည့္မယ့္ ကစားသမားလည္းျဖစ္ေပမယ့္ ဘ႑ာေရးအက်ပ္အတည္းေတြေၾကာင့္ သူ႔ကို ေပါင္ ၅၂ သန္းနဲ႔ ေခၚယူဖို႔ ခက္ခဲႏိုင္ပါတယ္။

၄- ဂ်ားေရာ့ဒ္ ဘိုဝင္
အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔ ႏိုင္ငံျခား ကစားသမားေတြကို ေခၚယူတဲ့ စည္းမ်ဥ္းကို တင္းက်ပ္ထားလို႔ လီဗာပူးလ္အသင္းအေနနဲ႔ အဂၤလန္သားေတြဘက္ကို လွည့္ၾကည့္ဖို႔ လိုအပ္လာပါတယ္။ ဘိုဝင္အေနနဲ႔ လီဗာပူးလ္မွာ အံဝင္မယ့္ ေျခစြမ္းမ်ိဳးကို အထူးသျဖင့္ ၿပီးခဲ့တဲ့ ဒုတိယရာသီဝက္မွာ ျပခဲ့ပါတယ္။ သတင္းေတြအရ ဘိုဝင္အတြက္ ဝက္စ္ဟမ္းအသင္းက ေပါင္ ၃၅ သန္း သတ္မွတ္ထားတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက ဟမ္းမားတို႔အတြက္ ၃၈ ပြဲစလုံး ကစားေပးထားတဲ့ ၂၁ ႏွစ္အ႐ြယ္ ေတာင္ပံတိုက္စစ္မႈးအေနနဲ႔ ၈ ဂိုးသြင္းယူေပးခဲ့ၿပီး ၅ ဂိုး ဖန္တီးေပးခဲ့ပါတယ္။ ဝက္စ္ဟမ္းအသင္းမွာ ၁၈ လၾကာတဲ့အထိပဲ ကစားေပးခဲ့ရေပမယ့္ လက္ရွိမွာေတာ့ လီဗာပူးလ္အသင္းကို ေရာက္ရွိဖို႔အတြက္ လက္တစ္ကမ္းအကြာမွာ ရွိေနပါတယ္။

၃- ဖက္ဒရီကို ခီေယဆာ
ဥေရာပရဲ႕ အလားအလာအေကာင္းဆုံး လူငယ္တိုက္စစ္ကစားသမားေတြထဲက တစ္ေယာက္ျဖစ္တဲ့ ဖက္ဒရီကို ခီေယဆာကို ေခၚယူဖို႔အတြက္ ႀကိဳးစားေနတဲ့အထဲ လီဗာပူးလ္အသင္းလည္း ပါဝင္ေနၿပီး သူ႔အေနနဲ႔ ယူ႐ို ၂၀၂၀ မွာတုန္းက အီတလီရဲ႕ပြဲထြက္စာရင္းမွာ အစပိုင္း‌မပါဝင္ခဲ့ေပမယ့္ ကစားခြင့္ရတိုင္း ေျခစြမ္းျပလာတာေၾကာင့္ ပြဲထြက္ကစားသမားအျဖစ္ ေနာက္ပိုင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရတာပါ။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက ၂၃ ႏွစ္သားအေနနဲ႔ ဂ်ဳဗင္တပ္စ္အသင္းမွာ ၄၃ ပြဲကစားခဲ့ၿပီး ၁၄ ဂိုး သြင္းယူခဲ့သလို ၁၀ ဂိုး ဖန္တီးႏိုင္ခဲ့လို႔ ေျခစြမ္းျပခဲ့တယ္လို႔ ဆိုလို႔ရပါတယ္။ သူ႔အတြက္ လီဗာပူးလ္အသင္းရဲ႕ ယူ႐ိုသန္း ၁၀၀(ေပါင္ ၈၅.၂၁ သန္း)တန္ကမ္းလွမ္းမႈကိုလည္း တူရင္သားေတြအေနနဲ႔ ပယ္ခ်ခဲ့ၿပီး ခ်ဲလ္ဆီး၊ ဘိုင္ယန္ျမဴးနစ္နဲ႔ မန္စီးတီးတို႔ကလည္း သူ႔ကိုေခၚယူဖို႔ ေစာင့္ၾကည့္ေနၾကတာျဖစ္ပါတယ္။

၂- အိုလီ ဝပ္ကင္းစ္
အက္စတန္ဗီလာအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ စြမ္းေဆာင္ရည္ေကာင္းခဲ့လို႔ ခ်ီးက်ဴးမႈေတြရဲ႕သလို တိုက္စစ္မႉး အိုလီ ဝပ္ကင္းစ္ကလည္း ထည့္သြင္းေျပာဆိုဖို႔ ထိုက္တန္တဲ့သူပါ။ ၂၀၂၀-၂၁ ရာသီအတြင္း ၃၇ ပြဲကစားခဲ့ၿပီး ၁၄ ဂိုး သြင္းၿပီး ၅ ဂိုး ဖန္တီးေပးခဲ့တဲ့ ၂၅ ႏွစ္အ႐ြယ္ အေထာင္တိုက္စစ္မႉးအေနနဲ႔ အသင္းရဲ႕ ဂိုးသြင္းအမ်ားဆုံး ကစားသမားအျဖစ္ ရပ္တည္ခဲ့တာလည္း ျဖစ္ပါတယ္။

အဂၤလန္သား ငယ္ေမြးၿခံေပါက္လည္းျဖစ္လို႔ ဘိုဝင္လိုပဲ ေခၚယူဖို႔ ပိုစိတ္ဝင္စားေစတဲ့အခ်က္ျဖစ္ၿပီး သူ႔ရဲ႕တိုက္စစ္အျမင္ကလည္း ေကာင္းမြန္ပါတယ္။ ဗီလာတို႔ အေနနဲ႔ သူ႔ကို ေပါင္ ၃၃ သန္းနဲ႔ ေခၚယူခဲ့ရလို႔ ေပါင္ ၄၅ သန္းေလာက္ရမွသာ ေရာင္းထုတ္ဖို႔ စဥ္းစားလာႏိုင္ၿပီး ေရာဘတ္တို ဖာမီႏိုေနရာအတြက္ အစားထိုးဖို႔ လီဗာပူးလ္အသင္းအေနနဲ႔ သူတို႔ကို ဟက္ထရစ္သြင္းခဲ့ဖူးတဲ့ ကစားသမားကို စဥ္းစားေနေလာက္ပါတယ္။

၁- အဒါမာ ထရာအိုေရး
ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း စိတ္ဝင္စားစရာအေကာင္းဆုံး ကစားသမားေတြထဲက တစ္ေယာက္ျဖစ္တဲ့ အဒါမာ ထရာအိုေရးအေနနဲ႔ လီဗာပူးလ္ကို ေရာက္ဖို႔ သတင္းေမႊးေနတာပါ။ ဝုလ္ဗ္စ္အသင္းအေနနဲ႔ နည္းျပ ႏူႏို အက္စ္ပီရီတို ဆန္တို ထြက္ခြာၿပီးေနာက္ပိုင္း စပိန္လက္ေ႐ြးစင္အပါအဝင္ ကစားသမားအမ်ားစုကို ေရာင္းထုတ္ဖို႔လည္း ရည္႐ြယ္ေနပါတယ္။

၂၀၁၉-၂၀၂၀ ရာသီမွာ စတင္ေတာက္ပလာခဲ့တဲ့ ညာေတာင္ပံကစားသမား ထရာအိုေရးအေနနဲ႔ ၅၄ ပြဲအတြင္း ၆ ဂိုးသြင္းယူထားခဲ့ၿပီး ၁၂ ဂိုးအထိ ဖန္တီးေပးႏိုင္ခဲ့ခ်ိန္မွာ နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ၂၅ ႏွစ္အ႐ြယ္ လာမာစီယာအကယ္ဒမီထြက္ရဲ႕ ေျခစြမ္းကို သေဘာက်ေနသလို သူ႔ကို ေပါင္သန္း ၃၀ ရရင္ လက္လႊတ္မယ့္ ဝံပုေလြတို႔နဲ႔ သေဘာတူသြားႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.