Other Premier League Transfer News

1 Aug နောက်ဆုံးရ မန်ချက်စတာစီးတီး အပြောင်းအရွှေ့သတင်းများ စုစည်းမှု

မန်ချက်စတာစီးတီးအသင်းဟာ ဘင်ဖီကာဘယ်နောက်ခံလူ အဲလက်စ် ဂရီးမယ်လ်ဒိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး အသက် ၂၅ နှစ်အရွယ် ပေါ်တူဂီသားဟာ ဇင်ချန်ကို၊ ဘန်ဂျမင် မန်ဒီတို့ထက် သူ့ကစားဟန်မှာ ပိုပြီးအံဝင်လိမ့်မယ်လို့ ယူဆနေတဲ့ နည်းပြပပ်ဂွာဒီယိုလာအနေနဲ့ လာဇီယိုအသင်းကို ကျော်ဖြတ်ပြီး ယူရိုသန်း ၃၀ နဲ့ ဝယ်ယူသွားမှာကြောင်း သိရ။

ကမ္ဘာ့အချမ်းသာဆုံး ထိပ်သီး ကလပ်အသင်းပိုင်ရှင် ၁၀ ဦးစာရင်း ထွက်ပေါ်လာခဲ့ရာမှာ မန်ချက်စတာစီးတီးသူဌေး ရှိတ်မန်ဆော်က အဆင့် ၁ နေရာက ဦးဆောင်သွားခဲ့ပြီး သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာဘီလျံ ၂၀ ကြွယ်ဝကြောင်း သိရကာ ချယ်လ်ဆီးသူဌေး ရိုမန် အေဘရာမိုဗစ်ချ်နဲ့ အာဆင်နယ်သူဌေး ခရိုယန်ကီတို့က အဆင့် ၅ နဲ့ အဆင့် ၇ နေရာမှာ အသီးသီးရပ်တည်သွားခဲ့ကြ။

မန်ချက်စတာစီးတီးအသင်းမှာ ဂျက်ဂရီးလစ်ရှ်နဲ့ အတူပူပေါင်းချင်နေတဲ့ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းဟာ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ဖိအားပေးသွားဖို့ ပြင်ဆင်နေကြောင်း သိရပြီး ပေါင်သန်း ၁၀၀ ကမ်းလှမ်းမှုကို ပယ်ချခံထားရတဲ့ အင်္ဂလန်သားဟာ လာမယ့်တပတ်အတွင်းမှာ ဥက္ကဋ္ဌလီဗိုင်းနဲ့ အဖြူအမည်းသဲကွဲအောင် ဆွေးနွေးသွားတော့မယ်လို့ သိရှိထားရ။

မန်စီးတီးအသင်းနဲ့ တိုက်စစ်မှူး ရာဟင်းမ် စတာလင်တို့ကြားမှာ စာချုပ်သစ်ချုပ်ဆိုဖို့ တံတိုင်းတွေကြား​နေတယ်လို့ နောက်ဆုံးသတင်းတွေအရ သိရပြီး Mirror သတင်းရဲ့ဖော်ပြချက်မှာ ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်ရောက်ရှိလာဖို့ နီးစပ်နေချိန်မှာ အင်္ဂလန်တိုက်စစ်မှူးနဲ့ စာချုပ်သစ်ညှိနှိုင်းမှုဟာ တိုးတက်မှုမရှိတော့ကြောင်း ရေးသားသွားခဲ့။

ဂျက်ဂရီးလစ်ရှ်အတွက် ပေါင်သန်း ၁၀၀ ကမ်းလှမ်းမှုဟာ အောင်​မြင်တော့မယ်လို့ မန်ချက်စတာစီးတီးအားကစားဒါရိုက်တာ ဘီဂီရီစတိန်းက ယုံကြည်ချက်ခိုင်မာနေပြီး အင်္ဂလန်သားဟာ အပြာရောင်တို့နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူသွားဖို့ စီစဥ်နေကာ လာမယ့်တပတ်အတွင်း မန်ချက်စတာကို ခရီးနှင်ပြီး အပြောင်းအရွှေ့အပြီးသတ်လုပ်ဆောင်မှာဖြစ်သလို ၅ နှစ်စာချုပ်နဲ့တကွ တပတ်လုပ်ခ အနည်းဆုံး ပေါင် ၂ သိန်း ပေးချေခံရမယ်လို့ သိရ။

ဒီရာသီမှာလည်း ရူဘင် ဒီယာ့စ်နဲ့ ဂျွန်စတုန်းစ်တို့အတွဲကြောင့် နေရာပျောက်ဦးမယ်လို့ ခံယူထားတဲ့ မန်ချက်စတာစီးတီးဗဟိုနောက်ခံလူ လာပေါ်တေးဟာ အသင်းမှာ မပျော်ရွှင်တော့တာကြောင့် အီတီဟတ်က​နေ ထွက်ခွာမယ်လို့ တောင်းဆိုသွားခဲ့ကြောင်း သိရပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေ။

မန်ချက်စတာစီးတီးအနေနဲ့ ဟာရီကိန်းကြောင့် ခေါင်းခြောက်ခံမနေဘဲ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးကိုသာ အမြန်ဆုံးခေါ်ယူသွားသင့်တယ်လို့ မန်စီးတီးကစားသမားဟောင်း စတိဗ် ဟော်ဝေး​က ထောက်ခံချက်ပေးသွားခဲ့ပြီး လစာရော ပြောင်းရွှေ့ကြေးပါ အပုံကြီးသက်သာသွားလိမ့်မယ်လို့ မှတ်ချက်ပေးသွား။

မန်စီးတီးဟာ ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ပယ်ချခဲ့တဲ့ လူငယ်ကြယ်ပွင့်ကွင်းလယ်လူ မိုရီဘာကို ဒီနွေမှာ အပြီးသတ်ခေါ်ယူနိုင်ဖို့ ခပ်ကြမ်းကြမ်းဖိအားပေးသွားမယ်လို့ သိရပြီး ပေါ့ဘာနဲ့ နှိုင်းယှဥ်ခံထားရတဲ့ စပိန်သားဟာ စီတီဇန်တို့အပေါ် များစွာလေးစားနေသလို ရေရှည်ကစားသမားဘဝကို အီတီဟတ်မှာ အခြေချသွားလိုခြင်းကြောင့် မီးစိမ်းပြလိုက်ပြီလို့ သိရ။

ကွင်းလယ်အင်အားဖြည့်ဖို့ ဒေါ့မန်ကစားသမား မာမွတ် ဒါဟွတ်ရဲ့ အပြောင်းအရွှေ့ကို လေ့လာနေတဲ့ မန်ချက်စတာစီးတီးနည်းပြ ပပ် ဂွာဒီယိုလာအနေနဲ့ တနှစ်စာချုပ်သာ ကျန်ရှိတော့ပေမယ့် ၂၀၂၃ အထိ သက်တမ်းတိုးလိုက်တဲ့ အသက် ၂၅ နှစ်သားကြောင့် စိတ်ပျက်သွားခဲ့ကြောင်း ဒီနွေမှာ အပြီးသတ်ဝယ်ယူချင်နေတဲ့ အဆိုပါပစ်မှတ်ကို ဆက်လက်ချိတ်ဆက်နိုင်ဖို့ ကြိုးစားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းဟာ ဘင္ဖီကာဘယ္ေနာက္ခံလူ အဲလက္စ္ ဂရီးမယ္လ္ဒိုကို ေခၚယူဖို႔ ပစ္မွတ္ထားေနၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ ေပၚတူဂီသားဟာ ဇင္ခ်န္ကို၊ ဘန္ဂ်မင္ မန္ဒီတို႔ထက္ သူ႔ကစားဟန္မွာ ပိုၿပီးအံဝင္လိမ့္မယ္လို႔ ယူဆေနတဲ့ နည္းျပပပ္ဂြာဒီယိုလာအေနနဲ႔ လာဇီယိုအသင္းကို ေက်ာ္ျဖတ္ၿပီး ယူ႐ိုသန္း ၃၀ နဲ႔ ဝယ္ယူသြားမွာေၾကာင္း သိရ။

ကမာၻ႔အခ်မ္းသာဆုံး ထိပ္သီး ကလပ္အသင္းပိုင္ရွင္ ၁၀ ဦးစာရင္း ထြက္ေပၚလာခဲ့ရာမွာ မန္ခ်က္စတာစီးတီးသူေဌး ရွိတ္မန္ေဆာ္က အဆင့္ ၁ ေနရာက ဦးေဆာင္သြားခဲ့ၿပီး သူ႔ရဲ႕ပိုင္ဆိုင္မႈဟာ ေဒၚလာဘီလ်ံ ၂၀ ႂကြယ္ဝေၾကာင္း သိရကာ ခ်ယ္လ္ဆီးသူေဌး ႐ိုမန္ ေအဘရာမိုဗစ္ခ်္နဲ႔ အာဆင္နယ္သူေဌး ခ႐ိုယန္ကီတို႔က အဆင့္ ၅ နဲ႔ အဆင့္ ၇ ေနရာမွာ အသီးသီးရပ္တည္သြားခဲ့ၾက။

မန္ခ်က္စတာစီးတီးအသင္းမွာ ဂ်က္ဂရီးလစ္ရွ္နဲ႔ အတူပူေပါင္းခ်င္ေနတဲ့ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းဟာ အသင္းကေန ထြက္ခြာခြင့္ေပးဖို႔ ဖိအားေပးသြားဖို႔ ျပင္ဆင္ေနေၾကာင္း သိရၿပီး ေပါင္သန္း ၁၀၀ ကမ္းလွမ္းမႈကို ပယ္ခ်ခံထားရတဲ့ အဂၤလန္သားဟာ လာမယ့္တပတ္အတြင္းမွာ ဥကၠ႒လီဗိုင္းနဲ႔ အျဖဴအမည္းသဲကြဲေအာင္ ေဆြးေႏြးသြားေတာ့မယ္လို႔ သိရွိထားရ။

မန္စီးတီးအသင္းနဲ႔ တိုက္စစ္မႉး ရာဟင္းမ္ စတာလင္တို႔ၾကားမွာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ တံတိုင္းေတြၾကား​ေနတယ္လို႔ ေနာက္ဆုံးသတင္းေတြအရ သိရၿပီး Mirror သတင္းရဲ႕ေဖာ္ျပခ်က္မွာ ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ဂရီးလစ္ရွ္ေရာက္ရွိလာဖို႔ နီးစပ္ေနခ်ိန္မွာ အဂၤလန္တိုက္စစ္မႉးနဲ႔ စာခ်ဳပ္သစ္ညႇိႏႈိင္းမႈဟာ တိုးတက္မႈမရွိေတာ့ေၾကာင္း ေရးသားသြားခဲ့။

ဂ်က္ဂရီးလစ္ရွ္အတြက္ ေပါင္သန္း ၁၀၀ ကမ္းလွမ္းမႈဟာ ေအာင္​ျမင္ေတာ့မယ္လို႔ မန္ခ်က္စတာစီးတီးအားကစားဒါ႐ိုက္တာ ဘီဂီရီစတိန္းက ယုံၾကည္ခ်က္ခိုင္မာေနၿပီး အဂၤလန္သားဟာ အျပာေရာင္တို႔နဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရယူသြားဖို႔ စီစဥ္ေနကာ လာမယ့္တပတ္အတြင္း မန္ခ်က္စတာကို ခရီးႏွင္ၿပီး အေျပာင္းအေ႐ႊ႕အၿပီးသတ္လုပ္ေဆာင္မွာျဖစ္သလို ၅ ႏွစ္စာခ်ဳပ္နဲ႔တကြ တပတ္လုပ္ခ အနည္းဆုံး ေပါင္ ၂ သိန္း ေပးေခ်ခံရမယ္လို႔ သိရ။

ဒီရာသီမွာလည္း ႐ူဘင္ ဒီယာ့စ္နဲ႔ ဂြၽန္စတုန္းစ္တို႔အတြဲေၾကာင့္ ေနရာေပ်ာက္ဦးမယ္လို႔ ခံယူထားတဲ့ မန္ခ်က္စတာစီးတီးဗဟိုေနာက္ခံလူ လာေပၚေတးဟာ အသင္းမွာ မေပ်ာ္႐ႊင္ေတာ့တာေၾကာင့္ အီတီဟတ္က​ေန ထြက္ခြာမယ္လို႔ ေတာင္းဆိုသြားခဲ့ေၾကာင္း သိရၿပီး ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ခ်ိတ္ဆက္ေန။

မန္ခ်က္စတာစီးတီးအေနနဲ႔ ဟာရီကိန္းေၾကာင့္ ေခါင္းေျခာက္ခံမေနဘဲ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးကိုသာ အျမန္ဆုံးေခၚယူသြားသင့္တယ္လို႔ မန္စီးတီးကစားသမားေဟာင္း စတိဗ္ ေဟာ္ေဝး​က ေထာက္ခံခ်က္ေပးသြားခဲ့ၿပီး လစာေရာ ေျပာင္းေ႐ႊ႕ေၾကးပါ အပုံႀကီးသက္သာသြားလိမ့္မယ္လို႔ မွတ္ခ်က္ေပးသြား။

မန္စီးတီးဟာ ဘာစီလိုနာနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ပယ္ခ်ခဲ့တဲ့ လူငယ္ၾကယ္ပြင့္ကြင္းလယ္လူ မိုရီဘာကို ဒီေႏြမွာ အၿပီးသတ္ေခၚယူႏိုင္ဖို႔ ခပ္ၾကမ္းၾကမ္းဖိအားေပးသြားမယ္လို႔ သိရၿပီး ေပါ့ဘာနဲ႔ ႏႈိင္းယွဥ္ခံထားရတဲ့ စပိန္သားဟာ စီတီဇန္တို႔အေပၚ မ်ားစြာေလးစားေနသလို ေရရွည္ကစားသမားဘဝကို အီတီဟတ္မွာ အေျခခ်သြားလိုျခင္းေၾကာင့္ မီးစိမ္းျပလိုက္ၿပီလို႔ သိရ။

ကြင္းလယ္အင္အားျဖည့္ဖို႔ ေဒါ့မန္ကစားသမား မာမွတ် ဒါဟွတ်ရဲ႕ အေျပာင္းအေ႐ႊ႕ကို ေလ့လာေနတဲ့ မန္ခ်က္စတာစီးတီးနည္းျပ ပပ္ ဂြာဒီယိုလာအေနနဲ႔ တႏွစ္စာခ်ဳပ္သာ က်န္ရွိေတာ့ေပမယ့္ ၂၀၂၃ အထိ သက္တမ္းတိုးလိုက္တဲ့ အသက္ ၂၅ ႏွစ္သားေၾကာင့္ စိတ္ပ်က္သြားခဲ့ေၾကာင္း ဒီေႏြမွာ အၿပီးသတ္ဝယ္ယူခ်င္ေနတဲ့ အဆိုပါပစ္မွတ္ကို ဆက္လက္ခ်ိတ္ဆက္ႏိုင္ဖို႔ ႀကိဳးစားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.