Premier League Transfer News

1 Aug နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အင်တာမီလန်အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ဆန်စီရိုက ထွက်ခွာချင်ရင် တားဆီးမှာ မဟုတ်ဘူးလို့ အတိအလင်း ဆိုထားတဲ့အတွက် ပေါင်သန်း ၆၀ တန် ကမ်းလှမ်းမှုကို ပယ်ချခံထားရတဲ့ အာဆင်နယ်အသင်းအနေနဲ့ အာဂျင်တီးနားသားကို စည်းရုံးနိုင်ပြီး ပြောင်းရွှေ့ကြေး သဘောတူညီရင် အခက်အခဲမရှိ ခေါ်ယူနိုင်ဖို့ရှိနေ။

– အာဆင်နယ်အသင်းနဲ့ အင်တာမီလန်အသင်းတို့ကြားမှာ ဆက်ဆံရေး ချောမွေ့အဆင်ပြေစေဖို့ တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်အတွက် ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ကို အငှားချပေးသွားဖို့ ရှိနေပြီး အပြီးသတ်ခေါ်ယူခွင့်ကို မဖြစ်မနေ ထည့်သွင်းဖို့ ကိစ္စကတော့ ပါမပါ မသိရသေးဘူးလို့ ဒေးဗစ် အွန်းစတိန်းဆို။

– အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း ပက်ထရစ် ဗီယာရာရဲ့ ခရစ္စတယ်လ်ပဲလေ့စ်အသင်းအတွက် ရာသီကြို ကစားသမား ခေါ်ယူမှုတွေမှာ တောင်ပံသမားပစ်မှတ်အတွက် အသင်းဟောင်းရဲ့ လူငယ်ကစားသမား ရီးစ် နယ်လ်ဆန်က နံပါတ်တစ် ဖြစ်နေပြီး အငှားနဲ့ စတင် ခေါ်ယူဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ယူရို ၂၀၂၀ မှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာကို စာချုပ်သစ်ချုပ်ဆိုဖို့ လုပ်ဆောင်နေတာကြောင့် ဆွစ်ဇာလန်သားကို အလိုရှိနေတဲ့ ရိုးမားအသင်းဘက်က သဘောထား ပျော့ပြောင်းလာခဲ့ပြီး မူလကမ်းလှမ်းခဲ့တဲ့ ယူရို ၁၅ သန်းထက် တိုးပေးဖွယ်ရှိနေသလို ဒေါ့မွန်ကွင်းလယ်လူ သောမတ်စ် ဒီလေးနီကိုတော့ အရန်အဖြစ် စောင့်ကြည့်ထား။

– အသင်းရဲ့ ကွင်းလယ် Box to Box ကစားသမားသစ်တစ်ဦး ရှာဖွေနေမှုမှာ ရူဘင် နီဗက်စ်၊ မာနူယယ် လိုကာတယ်လီနဲ့ ရီနာတို ဆန်းချက်စ် စတဲ့ ကစားသမားတွေကို အတိအလင်း ကြိုးစားခြင်း မပြုခဲ့တာဟာ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ လီယွန်ကွင်းလယ်လူ ဘရူနို ဂီမာရိုင်းစ်ကို အိုလံပစ်ပြိုင်ပွဲက ပြန်လာအောင် စောင့်ဆိုင်းနေတာဖြစ်တယ်လို့ သတင်းထွက်လာ။

– လီဗာပူးလ်အသင်းကနေ ထွက်ခွာနိုင်ခြေရှိနေတဲ့ သူတို့ရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်ဟာ တိုက်ပွဲဝင်စိတ်အပြည့်နဲ့ အာဆင်နယ်အသင်းကို မောင်းနှင်ပေးနိုင်မယ့်သူမျိုးဖြစ်လို့ ရေတိုအတွက်ပဲဖြစ်ဖြစ် ခေါ်ယူသွားသင့်ကြောင်း တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်တိုက်တွန်း။

– အာဆင်နယ်နောက်ခံလူသစ် ဘန်ဝှိုက်က အသင်းသစ်မှာ သဘောအကျဆုံးနဲ့ စိတ်အလှုပ်ရှားရဆုံး အရည်အသွေးကို ပိုင်ဆိုင်ထားတာဟာ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာပဲဖြစ်တယ်လို့ အင်္ဂလန်လက်ရွေးစင်အသင်းက အတွေ့အကြုံအရ ပြောကြားလိုက်ပြီး ထူးခြားချက်အနေနဲ့ သူ့ကို ခေါ်ယူရာမှာလည်း ဆာကာက ထောက်ခံချက်ပေးသွားခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ ညာနောက်ခံလူသစ် ရှာဖွေရာမှာ နှစ်ဦးအထိ ရှာဖွေရနိုင်ပြီး နောက်ဆုံးသတင်းတွေအရ ဟက်တာ ဘယ်လာရင် ထွက်ခွာဖို့ ရှိနေသလို ပေါ်တူဂီနောက်ခံလူ ဆီးဒရစ် ဆွာရက်စ်ကိုလည်း တူရကီကလပ် ဖီနာဘာချီနည်းပြ ဗစ်တာ ပါရဲရားက စိတ်ဝင်စား ခေါ်ယူလိုနေ။

– ယူရိုသန်း ၅၀ နဲ့ အရောင်းစာရင်း တင်ထားပြီလို့ သတင်းထွက်နေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းနဲ့အတူ ချဲလ်ဆီးနဲ့ လီဗာပူးလ်အသင်းတွေဆီကပါ ပြိုင်ဆိုင်မှုတွေ ရှိလာခဲ့ပြီး နော်ဝေသားအတွက် အသင်းဟောင်းကတော့ ပိုမိုစိတ်ချရတဲ့ ရွေးချယ်စရာဖြစ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အင္တာမီလန္အသင္းအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္ဇ္ကို ဆန္စီ႐ိုက ထြက္ခြာခ်င္ရင္ တားဆီးမွာ မဟုတ္ဘူးလို႔ အတိအလင္း ဆိုထားတဲ့အတြက္ ေပါင္သန္း ၆၀ တန္ ကမ္းလွမ္းမႈကို ပယ္ခ်ခံထားရတဲ့ အာဆင္နယ္အသင္းအေနနဲ႔ အာဂ်င္တီးနားသားကို စည္း႐ုံးႏိုင္ၿပီး ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီရင္ အခက္အခဲမရွိ ေခၚယူႏိုင္ဖို႔ရွိေန။

– အာဆင္နယ္အသင္းနဲ႔ အင္တာမီလန္အသင္းတို႔ၾကားမွာ ဆက္ဆံေရး ေခ်ာေမြ႕အဆင္ေျပေစဖို႔ တိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္ဇ္အတြက္ ညာေနာက္ခံလူ ဟက္တာ ဘယ္လာရင္ကို အငွားခ်ေပးသြားဖို႔ ရွိေနၿပီး အၿပီးသတ္ေခၚယူခြင့္ကို မျဖစ္မေန ထည့္သြင္းဖို႔ ကိစၥကေတာ့ ပါမပါ မသိရေသးဘူးလို႔ ေဒးဗစ္ အြန္းစတိန္းဆို။

– အာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္း ပက္ထရစ္ ဗီယာရာရဲ႕ ခရစၥတယ္လ္ပဲေလ့စ္အသင္းအတြက္ ရာသီႀကိဳ ကစားသမား ေခၚယူမႈေတြမွာ ေတာင္ပံသမားပစ္မွတ္အတြက္ အသင္းေဟာင္းရဲ႕ လူငယ္ကစားသမား ရီးစ္ နယ္လ္ဆန္က နံပါတ္တစ္ ျဖစ္ေနၿပီး အငွားနဲ႔ စတင္ ေခၚယူဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ယူ႐ို ၂၀၂၀ မွာ ေျခစြမ္းျပခဲ့တဲ့ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ လုပ္ေဆာင္ေနတာေၾကာင့္ ဆြစ္ဇာလန္သားကို အလိုရွိေနတဲ့ ႐ိုးမားအသင္းဘက္က သေဘာထား ေပ်ာ့ေျပာင္းလာခဲ့ၿပီး မူလကမ္းလွမ္းခဲ့တဲ့ ယူ႐ို ၁၅ သန္းထက္ တိုးေပးဖြယ္ရွိေနသလို ေဒါ့မြန္ကြင္းလယ္လူ ေသာမတ္စ္ ဒီေလးနီကိုေတာ့ အရန္အျဖစ္ ေစာင့္ၾကည့္ထား။

– အသင္းရဲ႕ ကြင္းလယ္ Box to Box ကစားသမားသစ္တစ္ဦး ရွာေဖြေနမႈမွာ ႐ူဘင္ နီဗက္စ္၊ မာႏူယယ္ လိုကာတယ္လီနဲ႔ ရီနာတို ဆန္းခ်က္စ္ စတဲ့ ကစားသမားေတြကို အတိအလင္း ႀကိဳးစားျခင္း မျပဳခဲ့တာဟာ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ လီယြန္ကြင္းလယ္လူ ဘ႐ူႏို ဂီမာ႐ိုင္းစ္ကို အိုလံပစ္ၿပိဳင္ပြဲက ျပန္လာေအာင္ ေစာင့္ဆိုင္းေနတာျဖစ္တယ္လို႔ သတင္းထြက္လာ။

– လီဗာပူးလ္အသင္းကေန ထြက္ခြာႏိုင္ေျခရွိေနတဲ့ သူတို႔ရဲ႕ အသင္းေခါင္းေဆာင္ ကြင္းလယ္လူ ေဂ်ာ္ဒန္ ဟန္ဒါဆန္ဟာ တိုက္ပြဲဝင္စိတ္အျပည့္နဲ႔ အာဆင္နယ္အသင္းကို ေမာင္းႏွင္ေပးႏိုင္မယ့္သူမ်ိဳးျဖစ္လို႔ ေရတိုအတြက္ပဲျဖစ္ျဖစ္ ေခၚယူသြားသင့္ေၾကာင္း တိုက္စစ္မႉးေဟာင္း ကီဗင္ ကမ္းဘဲလ္တိုက္တြန္း။

– အာဆင္နယ္ေနာက္ခံလူသစ္ ဘန္ဝႈိက္က အသင္းသစ္မွာ သေဘာအက်ဆုံးနဲ႔ စိတ္အလႈပ္ရွားရဆုံး အရည္အေသြးကို ပိုင္ဆိုင္ထားတာဟာ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာပဲျဖစ္တယ္လို႔ အဂၤလန္လက္ေ႐ြးစင္အသင္းက အေတြ႕အႀကဳံအရ ေျပာၾကားလိုက္ၿပီး ထူးျခားခ်က္အေနနဲ႔ သူ႔ကို ေခၚယူရာမွာလည္း ဆာကာက ေထာက္ခံခ်က္ေပးသြားခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ ညာေနာက္ခံလူသစ္ ရွာေဖြရာမွာ ႏွစ္ဦးအထိ ရွာေဖြရႏိုင္ၿပီး ေနာက္ဆုံးသတင္းေတြအရ ဟက္တာ ဘယ္လာရင္ ထြက္ခြာဖို႔ ရွိေနသလို ေပၚတူဂီေနာက္ခံလူ ဆီးဒရစ္ ဆြာရက္စ္ကိုလည္း တူရကီကလပ္ ဖီနာဘာခ်ီနည္းျပ ဗစ္တာ ပါရဲရားက စိတ္ဝင္စား ေခၚယူလိုေန။

– ယူ႐ိုသန္း ၅၀ နဲ႔ အေရာင္းစာရင္း တင္ထားၿပီလို႔ သတင္းထြက္ေနခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ကို ေခၚယူဖို႔ အာဆင္နယ္အသင္းနဲ႔အတူ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္အသင္းေတြဆီကပါ ၿပိဳင္ဆိုင္မႈေတြ ရွိလာခဲ့ၿပီး ေနာ္ေဝသားအတြက္ အသင္းေဟာင္းကေတာ့ ပိုမိုစိတ္ခ်ရတဲ့ ေ႐ြးခ်ယ္စရာျဖစ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.