Premier League

ယူႏိုက္တက္ရဲ႕ ေတာင္းဆိုမႈေတြကို အီဂါလို ျဖည့္ဆည္းေပးႏိုင္မလား

တုိက္စစ္မွဴး အိုဒီယြန္ အီဂါလိုဟာ Chinese Super League မွာ သုံးႏွစ္ၾကာကစားၿပီးေနာက္ ယူႏိုက္တက္အသင္းကို ၆ လ အငွားစာခ်ဳပ္နဲ႔ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ ေရာက္ရွိလာခဲ့ပါတယ္။ သူရဲ႕တစ္ေက်ာ့ျပန္ အဂၤလန္ေျမဟာ ၀က္ဖို႔ဒ္အသင္းတုန္းကထက္ ဖိအားေတြမ်ားေနမွာလည္း မလြဲမေသြပါပဲ ျဖစ္ပါတယ္။

သူဟာ ၀က္ဖို႔ဒ္အသင္းမွာ ပြဲ ၁၀၀ ကစားထားရာ သြင္းဂိုး ၄၀ ရယူထားႏိုင္ခဲ့ေပမဲ့ အဲ့ဒီထက္ ပိုႀကိဳစားမွ ယူႏိုက္တက္မွာ ေအာင္ျမင္မႈရလိမ့္မယ္လို႔ ႏိုင္ဂ်ီးရီးယားကစားသမားေဟာင္း ဂါဘာ လာဝယ္လ္က ေျပာဆိုလိုက္ပါတယ္။

“ယူႏိုက္တက္ကို သူေရာက္သြားတဲ့အတြက္ ဂုဏ္ယူမိပါတယ္။ ယူႏိုက္တက္မွာ တစ္ပတ္ၿပီးတစ္ပတ္ စိန္ေခၚမႈေတြ ပိုပိုႀကဳံရမွာဗ်။ ယူႏိုက္တက္က ၀က္ဖို႔ဒ္လို မဟုတ္ဘူး။ ေတာင္းဆိုမႈေတြက ၀က္ဖို႔ဒ္အသင္းထက္ ပိုမ်ားတယ္။ ဒါေတြကို ေက်နပ္ေအာင္လုပ္ျပဖို႔ မလြယ္ဘူးဗ်။ သူ ေကာင္းေကာင္း ျပင္ဆင္ထားရမယ္။ အသင္းက သူ႔ဆီကေန အမ်ားႀကီး ေမွ်ာ္လင့္ေနတယ္။ သူလုပ္ျပႏိုင္မယ္လို႔ ယုံၾကည္ပါတယ္”ဆိုၿပီး Goal ကို ေျပာဆိုသြားခဲ့ပါတယ္။

လာဝယ္လ္ကေတာ့ အီဂါလိုဟာ ၀က္ဖို႔ဒ္အသင္းနဲ႔ ပရီးမီးယားလိဂ္မွာ ကစားခဲ့တဲ့ အေတြ႕အႀကဳံေတြေၾကာင့္ သူရဲ႕အဂၤလန္​တစ္ေက်ာ့ျပန္ခရီးဟာ ဘာျပႆနာမွ မရွိႏိုင္ဘူးလို႔ ယုံၾကည္ေနၿပီး သူ႕အတြက္ ျပႆနာတစ္ခုခုရွိမယ္လို႔ မထင္ဘူးလို႔လည္း ဆိုသြားပါတယ္။

ယူႏိုက္တက္ကြင္းလယ္ကစားသမား မက္တြန္မီေနးကလည္း “ကစားသမားအသစ္ေတြက အသင္းအတြက္ တကယ္လိုအပ္တဲ့သူေတြျဖစ္ၿပီး သူတို႔က အသင္းကို အမ်ားႀကီး ကူညီေပးမွာပါ။ သူတို႔ေရာက္လာတဲ့အတြက္ သိပ္ေက်နပ္မိပါတယ္”ဆိုၿပီး ေျပာထားခဲ့ၿပီး အီဂါလိုတစ္ေယာက္ ယူႏိုက္တက္မွာ ဘာေတြလုပ္ျပမလဲဆိုတာကေတာ့ ရင္ခုန္စရာေကာင္းလြန္းေနပါ​ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.

UNICODE: တိုက်စစ်မှူး အိုဒီယွန် အီဂါလိုဟာ Chinese Super League မှာ သုံးနှစ်ကြာကစားပြီးနောက် ယူနိုက်တက်အသင်းကို ၆ လ အငှားစာချုပ်နဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ရောက်ရှိလာခဲ့ပါတယ်။ သူရဲ့တစ်ကျော့ပြန် အင်္ဂလန်မြေဟာ ဝက်ဖို့ဒ်အသင်းတုန်းကထက် ဖိအားတွေများနေမှာလည်း မလွဲမသွေပါပဲ ဖြစ်ပါတယ်။

သူဟာ ဝက်ဖို့ဒ်အသင်းမှာ ပွဲ ၁၀၀ ကစားထားရာ သွင်းဂိုး ၄၀ ရယူထားနိုင်ခဲ့ပေမဲ့ အဲ့ဒီထက် ပိုကြိုစားမှ ယူနိုက်တက်မှာ အောင်မြင်မှုရလိမ့်မယ်လို့ နိုင်ဂျီးရီးယားကစားသမားဟောင်း ဂါဘာ လာဝယ်လ်က ပြောဆိုလိုက်ပါတယ်။

“ယူနိုက်တက်ကို သူရောက်သွားတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ယူနိုက်တက်မှာ တစ်ပတ်ပြီးတစ်ပတ် စိန်ခေါ်မှုတွေ ပိုပိုကြုံရမှာဗျ။ ယူနိုက်တက်က ဝက်ဖို့ဒ်လို မဟုတ်ဘူး။ တောင်းဆိုမှုတွေက ဝက်ဖို့ဒ်အသင်းထက် ပိုများတယ်။ ဒါတွေကို ကျေနပ်အောင်လုပ်ပြဖို့ မလွယ်ဘူးဗျ။ သူ ကောင်းကောင်း ပြင်ဆင်ထားရမယ်။ အသင်းက သူ့ဆီကနေ အများကြီး မျှော်လင့်နေတယ်။ သူလုပ်ပြနိုင်မယ်လို့ ယုံကြည်ပါတယ်”ဆိုပြီး Goal ကို ပြောဆိုသွားခဲ့ပါတယ်။

လာဝယ်လ်ကတော့ အီဂါလိုဟာ ဝက်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ အတွေ့အကြုံတွေကြောင့် သူရဲ့အင်္ဂလန်တစ်ကျော့ပြန်ခရီးဟာ ဘာပြဿနာမှ မရှိနိုင်ဘူးလို့ ယုံကြည်နေပြီး သူ့အတွက် ပြဿနာတစ်ခုခုရှိမယ်လို့ မထင်ဘူးလို့လည်း ဆိုသွားပါတယ်။

ယူနိုက်တက်ကွင်းလယ်ကစားသမား မက်တွန်မီနေးကလည်း “ကစားသမားအသစ်တွေက အသင်းအတွက် တကယ်လိုအပ်တဲ့သူတွေဖြစ်ပြီး သူတို့က အသင်းကို အများကြီး ကူညီပေးမှာပါ။ သူတို့ရောက်လာတဲ့အတွက် သိပ်ကျေနပ်မိပါတယ်”ဆိုပြီး ပြောထားခဲ့ပြီး အီဂါလိုတစ်ယောက် ယူနိုက်တက်မှာ ဘာတွေလုပ်ပြမလဲဆိုတာကတော့ ရင်ခုန်စရာကောင်းလွန်းနေပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.