Premier League Transfer News

မန်ချက်စတာယူနိုက်တက်တို့ ဆုဖလားအားလုံးကို ဒီရာသီမှာ သိမ်းမယ်ဆိုတဲ့ ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်အနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဗိုလ်လုပွဲတွေမှာ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာအပေါ်မှာ ကံဆိုးခဲ့တယ်လို့ ခံစားနေရတာဖြစ်ပြီး ဒီနှစ်မှာတော့ ပြီးခဲ့တဲ့နှစ်ကလို မဖြစ်တော့ဘူးလို့လည်း ယုံကြည်နေတာပဲ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်အနေနဲ့ ယူနိုက်တက်နဲ့အတူ အဓိကဆုဖလားတွေအားလုံးကို သိမ်းပိုက်ချင်နေတာကလည်း သိပ်တော့ မဆန်းဘဲ ၂၀၁၇ တုန်းက ယူရိုပါလိဂ်ဖလားရခဲ့ပြီးနောက်ပိုင်း ဥရောပအဆင့်မှာ အမြင့်ဆုံးအဆင့်အနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။

နော်ဝေးသား အိုလီဂန်နာ ဆိုးလ်ရှားဦးဆောင်တဲ့ ယူနိုက်တက်အသင်းကတော့ လာမယ့်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို အရယူဖို့ စိတ်အားထက်သန်နေပြီး သူ့အနေနဲ့လည်း ယူနိုက်တက်ကို စတင်ပြီး ကိုင်တွယ်ခဲ့ကတည်းက အသင်းအနေနဲ့ အခုထိ ဖလားလက်မဲ့ဖြစ်နေခဲ့တာကို ရပ်တန့်ဖို့ သတိပေးခံထားခဲ့ရတာပါ။

ဖာနန်ဒက်စ်ကတော့ Goal နဲ့ အင်တာဗျူးခဲ့စဉ်မှာ အသင်းအနေနဲ့ လာမယ့်ရာသီအတွက် အဆင်သင့်ဖြစ်ပြီလားဆိုတဲ့ အမေးကို သူက “ကျွန်တော် အမြဲလိုလို တွေးတာက ကျွန်တော်တို့အနေနဲ့ လိုချင်တဲ့ဖလားမှန်သမျှကို အနိုင်ရဖို့ အခွင့်အရေးရှိနေတယ်ဆိုတာပဲ”လို့ ပြောခဲ့ပြီး သူ့ရဲ့ယုံကြည်မှုကို ချပြခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကတော့ ကျွန်တော်တို့အတွက် ကံမကောင်းခဲ့ဘူးပဲဆိုပါတော့။ ဘာဖလားမှ မရခဲ့ဘူး‌။ ယူရိုပါလိဂ် ဗိုလ်လုပွဲကိုတော့ ရောက်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ အနိုင်မရခဲ့ဘူး။ အပြောင်းအရွှေ့တွေရှိရှိ မရှိရှိ ကျွန်တော်တို့ ပါဝင်နေတဲ့ ပြိုင်ပွဲမှန်သမျှ ဖလားရဖို့ ကြိုးစားနေတဲ့ အသင်းတွေအတွက်တော့ ကျွန်တော်တို့အသင်းက အခက်အခဲတွေ ပေးမှာပဲ”လို့ ပြောခဲ့ပါတယ်။

နောက်ထပ်လည်း သူက “ကျွန်တော်အမြဲပြောခဲ့သလိုပဲ ဒီလိုပြိုင်ပွဲအဆင့်တွေကို ယူနိုက်တက်လိုအသင်းမှာ ကစားနေတာဖြစ်လို့ ပွဲတိုင်းအနိုင်ရချင်ပြီး ဖလားတွေ ယူချင်တယ်။ ကျွန်တော်သိနေတယ်လေ။ ကျွန်တော်တို့မှာလည်း ပါဝင်သမျှ ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိတယ်ဆိုတာပေါ့”လို့ ပြောသွားခဲ့ပါသေးတယ်။

အဆုံးသတ်မှာတော့ “တကယ်ကစားရင် နိုင်နိုင်ရှုံးရှုံး ကျွန်တော်တို့မှာ အခွင့်အရေးရှိတယ်။ ကျွန်တော်တို့လည်း နိုင်ခြေရှိတာမို့လို့ အကောင်းဆုံး ကြိုးစားကစားရမှာပဲလေ”လို့ ပြောသွားခဲ့တာကြောင့် ဂျေဒန် ဆန်ချို၊ ရာဖေးလ် ဗာရွန်းတို့နဲ့အတူ ပိုကောင်းလာနိုင်တဲ့ ရာသီသစ်မှာတော့ ဖာနန်ဒက်စ်ပြောသလို ကန်သမျှ ဖလားတွေ အကုန်လုံးကို ယူနိုက်တက်တို့အနေနဲ့ သိမ်းပိုက်နိုင်မလားဆိုတာ စောင့်ကြည့်ရဖို့ ဖော်ပြပေးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမား ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက ဗိုလ္လုပြဲေတြမွာ ရႈံးနိမ့္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရတာအေပၚမွာ ကံဆိုးခဲ့တယ္လို႔ ခံစားေနရတာျဖစ္ၿပီး ဒီႏွစ္မွာေတာ့ ၿပီးခဲ့တဲ့ႏွစ္ကလို မျဖစ္ေတာ့ဘူးလို႔လည္း ယုံၾကည္ေနတာပဲ ျဖစ္ပါတယ္။

ဖာနန္ဒက္စ္အေနနဲ႔ ယူႏိုက္တက္နဲ႔အတူ အဓိကဆုဖလားေတြအားလုံးကို သိမ္းပိုက္ခ်င္ေနတာကလည္း သိပ္ေတာ့ မဆန္းဘဲ ၂၀၁၇ တုန္းက ယူ႐ိုပါလိဂ္ဖလားရခဲ့ၿပီးေနာက္ပိုင္း ဥေရာပအဆင့္မွာ အျမင့္ဆုံးအဆင့္အေနနဲ႔ ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းက ယူ႐ိုပါလိဂ္မွာ ဗိုလ္လုပြဲအထိ ေရာက္ရွိခဲ့တာပဲျဖစ္ပါတယ္။

ေနာ္ေဝးသား အိုလီဂန္နာ ဆိုးလ္ရွားဦးေဆာင္တဲ့ ယူႏိုက္တက္အသင္းကေတာ့ လာမယ့္ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ကို အရယူဖို႔ စိတ္အားထက္သန္ေနၿပီး သူ႔အေနနဲ႔လည္း ယူႏိုက္တက္ကို စတင္ၿပီး ကိုင္တြယ္ခဲ့ကတည္းက အသင္းအေနနဲ႔ အခုထိ ဖလားလက္မဲ့ျဖစ္ေနခဲ့တာကို ရပ္တန႔္ဖို႔ သတိေပးခံထားခဲ့ရတာပါ။

ဖာနန္ဒက္စ္ကေတာ့ Goal နဲ႔ အင္တာဗ်ဴးခဲ့စဥ္မွာ အသင္းအေနနဲ႔ လာမယ့္ရာသီအတြက္ အဆင္သင့္ျဖစ္ၿပီလားဆိုတဲ့ အေမးကို သူက “ကြၽန္ေတာ္ အၿမဲလိုလို ေတြးတာက ကြၽန္ေတာ္တို႔အေနနဲ႔ လိုခ်င္တဲ့ဖလားမွန္သမွ်ကို အႏိုင္ရဖို႔ အခြင့္အေရးရွိေနတယ္ဆိုတာပဲ”လို႔ ေျပာခဲ့ၿပီး သူ႔ရဲ႕ယုံၾကည္မႈကို ခ်ျပခဲ့ပါတယ္။

ဆက္လက္ၿပီး သူက “ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းကေတာ့ ကြၽန္ေတာ္တို႔အတြက္ ကံမေကာင္းခဲ့ဘူးပဲဆိုပါေတာ့။ ဘာဖလားမွ မရခဲ့ဘူး‌။ ယူ႐ိုပါလိဂ္ ဗိုလ္လုပြဲကိုေတာ့ ေရာက္ခဲ့ေပမယ့္ ကံဆိုးစြာနဲ႔ပဲ အႏိုင္မရခဲ့ဘူး။ အေျပာင္းအေ႐ႊ႕ေတြရွိရွိ မရွိရွိ ကြၽန္ေတာ္တို႔ ပါဝင္ေနတဲ့ ၿပိဳင္ပြဲမွန္သမွ် ဖလားရဖို႔ ႀကိဳးစားေနတဲ့ အသင္းေတြအတြက္ေတာ့ ကြၽန္ေတာ္တို႔အသင္းက အခက္အခဲေတြ ေပးမွာပဲ”လို႔ ေျပာခဲ့ပါတယ္။

ေနာက္ထပ္လည္း သူက “ကြၽန္ေတာ္အၿမဲေျပာခဲ့သလိုပဲ ဒီလိုၿပိဳင္ပြဲအဆင့္ေတြကို ယူႏိုက္တက္လိုအသင္းမွာ ကစားေနတာျဖစ္လို႔ ပြဲတိုင္းအႏိုင္ရခ်င္ၿပီး ဖလားေတြ ယူခ်င္တယ္။ ကြၽန္ေတာ္သိေနတယ္ေလ။ ကြၽန္ေတာ္တို႔မွာလည္း ပါဝင္သမွ် ၿပိဳင္ပြဲေတြမွာ ခ်န္ပီယံျဖစ္ဖို႔ အခြင့္အေရးရွိတယ္ဆိုတာေပါ့”လို႔ ေျပာသြားခဲ့ပါေသးတယ္။

အဆုံးသတ္မွာေတာ့ “တကယ္ကစားရင္ ႏိုင္ႏိုင္ရႈံးရႈံး ကြၽန္ေတာ္တို႔မွာ အခြင့္အေရးရွိတယ္။ ကြၽန္ေတာ္တို႔လည္း ႏိုင္ေျခရွိတာမို႔လို႔ အေကာင္းဆုံး ႀကိဳးစားကစားရမွာပဲေလ”လို႔ ေျပာသြားခဲ့တာေၾကာင့္ ေဂ်ဒန္ ဆန္ခ်ိဳ၊ ရာေဖးလ္ ဗာ႐ြန္းတို႔နဲ႔အတူ ပိုေကာင္းလာႏိုင္တဲ့ ရာသီသစ္မွာေတာ့ ဖာနန္ဒက္စ္ေျပာသလို ကန္သမွ် ဖလားေတြ အကုန္လုံးကို ယူႏိုက္တက္တို႔အေနနဲ႔ သိမ္းပိုက္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.