Premier League Transfer News

31 Jul ညနေခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

အက်သလက်တီကို မက်ဒရစ်အသင်းဟာ ကီရန် ထရစ်ပီယာအနေနဲ့ အိုးထရက်ဖို့ဒ်ကို ​ပြောင်းရွှေ့လိုနေပေမယ့် အောက်ထစ် ပေါင် ၃၅ သန်းရမှ ရောင်းမယ်လို့ သတိပေးမှုပြုလုပ်ခဲ့ကြောင်း သိရပြီး ယူနိုက်တက်ဟာ လာလီဂါချန်ပီယံဖြစ်ခဲ့တဲ့ အသက် ၃၀ အရွယ် အင်္ဂလန်သားကို အပြောင်းအရွှေ့နောက်ဆုံးရက်မှ ထပ်မံကမ်းလှမ်းတော့မယ်လို့ သိရ။

ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ ဝါရင့်ဂျာမန်ဗဟိုခံစစ်မှူးကြီး ဂျရုမ်း ဘိုတန်းဟာ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ယူနိုက်တက်အသင်းမှာ လာရောက်ကစားချင်နေကြောင်း သိရပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ရမယ့် အသက် ၃၂ နှစ်သားအတွက် သရဲနီတို့ရဲ့ စိတ်ဝင်စားမှုကိုတော့ မသိရှိရသေး။

ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အမိုက်စားဂိုးတဂိုးကို သွင်းယူသွားခဲ့တဲ့ ယူနိုက်တက်အကယ်ဒမီထွက်တိုက်စစ်မှူး အန်ထော်နီ အီလန်ဂါကို အငှားထုတ်ရမလား၊ စီနီယာပွဲထွက်ခွင့် ပေးမလားဆိုတဲ့ ကြီးမားတဲ့ဆုံးဖြတ်ချက်နဲ့ ရင်ဆိုင်နေရကြောင်း နည်းပြဆိုးလ်ရှားက ဝန်ခံသွားခဲ့ပြီး သူ့စိတ်ထဲကို ရောက်ရှိလာတဲ့ အသက် ၁၉ သား ဆွီဒင်ကြယ်ပွင့်လေးကို ရာသီသစ်မှာ ပွဲထုတ်သွားဖို့ စီစဥ်နေ။

ယူနိုက်တက်က ကင်းထောက်နေတဲ့ အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ဟာ သူ့ကို ထွက်ခွာခွင့်ပေးဖို့ အသင်းနဲ့ လူကြီးလူကောင်းဆန်ဆန် သဘောတူညီမှုရယူနိုင်ခဲ့ကြောင်း သိရပြီး ဆိုးလ်ရှားဟာ အသက် ၂၆ နှစ်အရွယ် စပိန်သားကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ လီဗာပူးလ်တို့ကို လက်ဦးနိုင်မယ့် နည်းလမ်းကို ရှာဖွေပြီး ပြောင်းရွှေ့ကြေးကို ညှိနှိုင်းနေ။

မန်စီးတီးအသင်းက ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းလိုက်ပြီလို့ သတင်းထွက်နေတဲ့ ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်ရဲ့ “ယူနိုက်တက် ချန်ပီယံဖြစ်ပါစေ။ စီးတီးရှုံးပါစေ”ဆိုတဲ့ မြို့ခံပြိုင်ဘက်ကို ထောက်ခံအားပေးနေကြောင်း တွစ်တာပေါ်က ပို့စ်အဟောင်းတွေ ပြန်တက်လာခဲ့ပြီး တစ်နာရီအကြာမှာပဲ ကစားသမားရဲ့ အကောင့်ကနေ ပြန်ဖျက်သွားခဲ့ကြောင်းသိရ။

ပခုံးဒဏ်ရာကို ခွဲစိတ်တော့မယ်လို့ အတည်ပြုခဲ့​တဲ့ ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ အနည်းဆုံး ပရီးမီးယားလိဂ်ရာသီအစ ၃ လအထိ လွဲချော်သွားတော့မယ်လို့ အကြမ်းဖျဥ်း ခန့်မှန်း​သိထားရပေမယ့် ယူနိုက်တက်အနေနဲ့ သူ့ကို အောက်တိုဘာမကုန်ခင် ပြန်ကစားနိုင်ဖို့ မျှော်လင့်ထား။

မန်ချက်စတာယူနိုက်တက်လူစာရင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု လုံးဝမရှိတော့ကြောင်း အသင်းက တရားဝင်အတည်ပြုသွားခဲ့ပြီး ပရက်စတန်နဲ့ ခြေစမ်းပွဲပျက်ခဲ့ပေမယ့် ရောဂါကာကွယ်ရေး လုပ်ငန်းစဥ်တွေကို အတိအကျလိုက်နာခဲ့လို့ ပရီးမီးယားလိဂ်က စိတ်ကျေနပ်နေပြီး ယူနိုက်တက်ကို လေ့ကျင့်ခန်း ပုံမှန်ပြန်ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရ။

PSG နည်းပြ ပိုချက်တီနိုက မိမိတို့အနေနဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုကို တိတ်တဆိတ် လုပ်ဆောင်နေကြောင်း ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာနဲ့ ပတ်သက်လို့ အရိပ်အမြွက် ပြောကြားသွားခဲ့ပြီး ပေါင်သန်း ၅၀ နဲ့ရမယ့် ပြင်သစ်သားကို သူ့ရဲ့လူစာရင်းမှာ ထပ်ပေါင်းထည့်ဖို့ စိတ်အားထက်သန်စွာ အရှိန်မြှင့် ကြိုးပမ်းလာနေကြောင်း သိရ။

အာဆင်နယ်အသင်းက နောက်ခံလူသစ် ဘန်ဝှိုက်ကို ​ပေါင်သန်း ၅၀ နဲ့ တရားဝင်ခေါ်ယူမှုအပြီးမှာ ယူနိုက်တက်ကစားသမားသစ် ရာဖေးလ် ဗာရွန်းရဲ့ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းနဲ့ နှိုင်းယှဥ်မှုတွေ ရှိလာခဲ့ပြီး သရဲနီတို့အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ အရှိန်ကြောင့် စျေးချိုချိုနဲ့ ရသလို ဂန်းနားတွေ အတွက်လည်း အင်္ဂလန်လူငယ်ကြယ်ပွင့်မို့သာ သန်း ၅၀ နဲ့တန်တယ်လို့ ဂျေမီ အိုဟာရာက မျှမျှတတသုံးသပ်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အက္သလက္တီကို မက္ဒရစ္အသင္းဟာ ကီရန္ ထရစ္ပီယာအေနနဲ႔ အိုးထရက္ဖို႔ဒ္ကို ​ေျပာင္းေ႐ႊ႕လိုေနေပမယ့္ ေအာက္ထစ္ ေပါင္ ၃၅ သန္းရမွ ေရာင္းမယ္လို႔ သတိေပးမႈျပဳလုပ္ခဲ့ေၾကာင္း သိရၿပီး ယူႏိုက္တက္ဟာ လာလီဂါခ်န္ပီယံျဖစ္ခဲ့တဲ့ အသက္ ၃၀ အ႐ြယ္ အဂၤလန္သားကို အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွ ထပ္မံကမ္းလွမ္းေတာ့မယ္လို႔ သိရ။

ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးၿပီး အသင္းလက္မဲ့ျဖစ္ေနတဲ့ ဝါရင့္ဂ်ာမန္ဗဟိုခံစစ္မႉးႀကီး ဂ်႐ုမ္း ဘိုတန္းဟာ သူ႔ရဲ႕အိပ္မက္ျဖစ္တဲ့ ယူႏိုက္တက္အသင္းမွာ လာေရာက္ကစားခ်င္ေနေၾကာင္း သိရၿပီး အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ရမယ့္ အသက္ ၃၂ ႏွစ္သားအတြက္ သရဲနီတို႔ရဲ႕ စိတ္ဝင္စားမႈကိုေတာ့ မသိရွိရေသး။

ဘရန္႔ဖို႔ဒ္နဲ႔ပြဲမွာ အမိုက္စားဂိုးတဂိုးကို သြင္းယူသြားခဲ့တဲ့ ယူႏိုက္တက္အကယ္ဒမီထြက္တိုက္စစ္မႉး အန္ေထာ္နီ အီလန္ဂါကို အငွားထုတ္ရမလား၊ စီနီယာပြဲထြက္ခြင့္ ေပးမလားဆိုတဲ့ ႀကီးမားတဲ့ဆုံးျဖတ္ခ်က္နဲ႔ ရင္ဆိုင္ေနရေၾကာင္း နည္းျပဆိုးလ္ရွားက ဝန္ခံသြားခဲ့ၿပီး သူ႔စိတ္ထဲကို ေရာက္ရွိလာတဲ့ အသက္ ၁၉ သား ဆြီဒင္ၾကယ္ပြင့္ေလးကို ရာသီသစ္မွာ ပြဲထုတ္သြားဖို႔ စီစဥ္ေန။

ယူႏိုက္တက္က ကင္းေထာက္ေနတဲ့ အက္သလက္တီကိုမက္ဒရစ္ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ဟာ သူ႔ကို ထြက္ခြာခြင့္ေပးဖို႔ အသင္းနဲ႔ လူႀကီးလူေကာင္းဆန္ဆန္ သေဘာတူညီမႈရယူႏိုင္ခဲ့ေၾကာင္း သိရၿပီး ဆိုးလ္ရွားဟာ အသက္ ၂၆ ႏွစ္အ႐ြယ္ စပိန္သားကို ေခၚယူဖို႔ ဘာစီလိုနာနဲ႔ လီဗာပူးလ္တို႔ကို လက္ဦးႏိုင္မယ့္ နည္းလမ္းကို ရွာေဖြၿပီး ေျပာင္းေ႐ႊ႕ေၾကးကို ညႇိႏႈိင္းေန။

မန္စီးတီးအသင္းက ေပါင္သန္း ၁၀၀ နဲ႔ ကမ္းလွမ္းလိုက္ၿပီလို႔ သတင္းထြက္ေနတဲ့ ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ဂရီးလစ္ရွ္ရဲ႕ “ယူႏိုက္တက္ ခ်န္ပီယံျဖစ္ပါေစ။ စီးတီးရႈံးပါေစ”ဆိုတဲ့ ၿမိဳ႕ခံၿပိဳင္ဘက္ကို ေထာက္ခံအားေပးေနေၾကာင္း တြစ္တာေပၚက ပို႔စ္အေဟာင္းေတြ ျပန္တက္လာခဲ့ၿပီး တစ္နာရီအၾကာမွာပဲ ကစားသမားရဲ႕ အေကာင့္ကေန ျပန္ဖ်က္သြားခဲ့ေၾကာင္းသိရ။

ပခုံးဒဏ္ရာကို ခြဲစိတ္ေတာ့မယ္လို႔ အတည္ျပဳခဲ့​တဲ့ ယူႏိုက္တက္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ အနည္းဆုံး ပရီးမီးယားလိဂ္ရာသီအစ ၃ လအထိ လြဲေခ်ာ္သြားေတာ့မယ္လို႔ အၾကမ္းဖ်ဥ္း ခန္႔မွန္း​သိထားရေပမယ့္ ယူႏိုက္တက္အေနနဲ႔ သူ႔ကို ေအာက္တိုဘာမကုန္ခင္ ျပန္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ထား။

မန္ခ်က္စတာယူႏိုက္တက္လူစာရင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ လုံးဝမရွိေတာ့ေၾကာင္း အသင္းက တရားဝင္အတည္ျပဳသြားခဲ့ၿပီး ပရက္စတန္နဲ႔ ေျခစမ္းပြဲပ်က္ခဲ့ေပမယ့္ ေရာဂါကာကြယ္ေရး လုပ္ငန္းစဥ္ေတြကို အတိအက်လိုက္နာခဲ့လို႔ ပရီးမီးယားလိဂ္က စိတ္ေက်နပ္ေနၿပီး ယူႏိုက္တက္ကို ေလ့က်င့္ခန္း ပုံမွန္ျပန္ဆင္းခြင့္ျပဳလိုက္ၿပီျဖစ္ေၾကာင္း သိရ။

PSG နည္းျပ ပိုခ်က္တီႏိုက မိမိတို႔အေနနဲ႔ အေျပာင္းအေ႐ႊ႕လႈပ္ရွားမႈကို တိတ္တဆိတ္ လုပ္ေဆာင္ေနေၾကာင္း ယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဘာနဲ႔ ပတ္သက္လို႔ အရိပ္အႁမြက္ ေျပာၾကားသြားခဲ့ၿပီး ေပါင္သန္း ၅၀ နဲ႔ရမယ့္ ျပင္သစ္သားကို သူ႔ရဲ႕လူစာရင္းမွာ ထပ္ေပါင္းထည့္ဖို႔ စိတ္အားထက္သန္စြာ အရွိန္ျမႇင့္ ႀကိဳးပမ္းလာေနေၾကာင္း သိရ။

အာဆင္နယ္အသင္းက ေနာက္ခံလူသစ္ ဘန္ဝႈိက္ကို ​ေပါင္သန္း ၅၀ နဲ႔ တရားဝင္ေခၚယူမႈအၿပီးမွာ ယူႏိုက္တက္ကစားသမားသစ္ ရာေဖးလ္ ဗာ႐ြန္းရဲ႕ ကနဦး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၄ သန္းနဲ႔ ႏႈိင္းယွဥ္မႈေတြ ရွိလာခဲ့ၿပီး သရဲနီတို႔အေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ရထားတဲ့ အရွိန္ေၾကာင့္ ေစ်းခ်ိဳခ်ိဳနဲ႔ ရသလို ဂန္းနားေတြ အတြက္လည္း အဂၤလန္လူငယ္ၾကယ္ပြင့္မို႔သာ သန္း ၅၀ နဲ႔တန္တယ္လို႔ ေဂ်မီ အိုဟာရာက မွ်မွ်တတသုံးသပ္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.