Premier League Transfer News

ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ အရှိန်မြှင့်ကြိုးပမ်းလာခဲ့တဲ့ မန်ချက်စတာစီးတီး

အက်စတန်ဗီလာရဲ့ ဂျက်ခ် ဂရီးလစ်ရှ်နဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းတို့နှစ်ဦးက မန်ချက်စတာစီးတီးအသင်းရဲ့ လက်ရှိအပြောင်းအရွှေ့ကာလရဲ့ အဓိကပစ်မှတ်ကစားသမားတွေဖြစ်ပြီး မိုးပြာရောင်မန်ချက်စတာသားတွေအနေနဲ့လည်း သူတို့ရဲ့ကြိုးပမ်းမှုက အင်္ဂလန်သား ၂ ယောက်ထဲက ၁ ယောက်တော့ အရခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။

အက်စတန်ဗီလာအသင်းအတွက် ဂရီးလစ်ရှ်က အဓိက ကစားသမားဖြစ်နေပြီး ချန်ပီယံရှစ်မှာ ကစားခဲ့စဉ်ကရော ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ နောက်ပိုင်းမှာပါ သူ့ကိုတည်ပြီး ကစားကွက်တည်ဆောက်ခဲ့တာပါ။ မန်စီးတီးရဲ့ မက်လုံးတွေကြား ဂရီးလစ်ရှ်ကို အပါမခံနိုင်လို့ ၂၅ နှစ်သား အင်္ဂလန်ကစားသမားကို တစ်ပတ်ပေါင် ၂၀၀,၀၀၀ အထိပေးပြီး ဗီလာပါ့ခ်မှာဆက်ရှိနေဖို့ ဗီလာတို့ ကြိုးပမ်းနေတာပါ။

မန်စီးတီးအနေနဲ့ ဂရီးလစ်ရှ်အတွက် ပထမဆုံး တရားဝင်ကမ်းလှမ်းမှုကို သူပါဝင်ကစားနေခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ယူရိုပြိုင်ပွဲခရီး အဆုံးသတ်တဲ့အထိ စောင့်ပြီးမှသာ ကမ်းလှမ်းခဲ့တာလည်း ဖြစ်ပြီး ပေါင် ၇၅ သန်းဝန်းကျင်နဲ့ စတင်ကမ်းလှမ်းခဲ့တာလည်း ဖြစ်ခဲ့ပေမယ့် အက်စတန်ဗီလာအသင်းခေါင်းဆောင်ရဲ့ ဈေးကွက်တန်ကြေးက ပေါင် ၅၈.၅ သန်းသာရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဗီလာတို့ကတော့ သူတို့ရဲ့အသင်းခေါင်းဆောင်ကို ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုထားခဲ့တာကြောင့်လည်း မန်စီးတီးအနေနဲ့ ညှိနှိုင်းရ ခက်ခဲစေတာလည်းဖြစ်ပြီး လက်ရှိလုပ်ဆောင်နေခဲ့တဲ့ ဘာမင်ဂမ်အခြေစိုက်အသင်းနဲ့ တိုက်ရိုက်ညှိနှိုင်းမှုတွေမှာ ပေါင်သန်း ၁၀၀ လောက်အထိ ပေးချေသွားရနိုင်တာလည်းဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မန်စီးတီးလို ဆုဖလားရဖို့ အာမခံချက်ပေးနိုင်တဲ့ အသင်းကြီးကို ပြောင်းရတာက ဂရီးလစ်ရှ်အနေနဲ့ အောင်မြင်မှုတစ်ခုခုရဖို့ လမ်းစလည်းဖြစ်နေပြီး ပက်ပ် ဂွါဒီယိုလာလို ထိပ်တန်းနည်းပြတစ်ယောက်ရဲ့ လက်အောက်မှာ ကစားရမယ်ဆိုတဲ့ မက်လုံးကလည်း သူ့အတွက် ဆွဲငင်အားပြင်းထန်နေတာကြောင့် ဒီရာသီမှာ အစ်တီဟတ်ကို ပထမဆုံး ရောက်လာတဲ့ နာမည်ကြီး အင်္ဂလန်သားဖြစ်လာမလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္စတန္ဗီလာရဲ႕ ဂ်က္ခ္ ဂရီးလစ္ရွ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ တိုက္စစ္မႉး ဟာရီကိန္းတို႔ႏွစ္ဦးက မန္ခ်က္စတာစီးတီးအသင္းရဲ႕ လက္ရွိအေျပာင္းအေ႐ႊ႕ကာလရဲ႕ အဓိကပစ္မွတ္ကစားသမားေတြျဖစ္ၿပီး မိုးျပာေရာင္မန္ခ်က္စတာသားေတြအေနနဲ႔လည္း သူတို႔ရဲ႕ႀကိဳးပမ္းမႈက အဂၤလန္သား ၂ ေယာက္ထဲက ၁ ေယာက္ေတာ့ အရေခၚယူႏိုင္မယ္လို႔ ယုံၾကည္ေနတာလည္း ျဖစ္ပါတယ္။

အက္စတန္ဗီလာအသင္းအတြက္ ဂရီးလစ္ရွ္က အဓိက ကစားသမားျဖစ္ေနၿပီး ခ်န္ပီယံရွစ္မွာ ကစားခဲ့စဥ္ကေရာ ပရီးမီးယားလိဂ္ကို တန္းျပန္တက္လာတဲ့ ေနာက္ပိုင္းမွာပါ သူ႔ကိုတည္ၿပီး ကစားကြက္တည္ေဆာက္ခဲ့တာပါ။ မန္စီးတီးရဲ႕ မက္လုံးေတြၾကား ဂရီးလစ္ရွ္ကို အပါမခံႏိုင္လို႔ ၂၅ ႏွစ္သား အဂၤလန္ကစားသမားကို တစ္ပတ္ေပါင္ ၂၀၀,၀၀၀ အထိေပးၿပီး ဗီလာပါ့ခ္မွာဆက္ရွိေနဖို႔ ဗီလာတို႔ ႀကိဳးပမ္းေနတာပါ။

မန္စီးတီးအေနနဲ႔ ဂရီးလစ္ရွ္အတြက္ ပထမဆုံး တရားဝင္ကမ္းလွမ္းမႈကို သူပါဝင္ကစားေနခဲ့တဲ့ အဂၤလန္အသင္းရဲ႕ ယူ႐ိုၿပိဳင္ပြဲခရီး အဆုံးသတ္တဲ့အထိ ေစာင့္ၿပီးမွသာ ကမ္းလွမ္းခဲ့တာလည္း ျဖစ္ၿပီး ေပါင္ ၇၅ သန္းဝန္းက်င္နဲ႔ စတင္ကမ္းလွမ္းခဲ့တာလည္း ျဖစ္ခဲ့ေပမယ့္ အက္စတန္ဗီလာအသင္းေခါင္းေဆာင္ရဲ႕ ေဈးကြက္တန္ေၾကးက ေပါင္ ၅၈.၅ သန္းသာရွိခဲ့တာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ ဗီလာတို႔ကေတာ့ သူတို႔ရဲ႕အသင္းေခါင္းေဆာင္ကို ၂၀၂၅ ခုႏွစ္အထိ သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုထားခဲ့တာေၾကာင့္လည္း မန္စီးတီးအေနနဲ႔ ညႇိႏႈိင္းရ ခက္ခဲေစတာလည္းျဖစ္ၿပီး လက္ရွိလုပ္ေဆာင္ေနခဲ့တဲ့ ဘာမင္ဂမ္အေျခစိုက္အသင္းနဲ႔ တိုက္႐ိုက္ညႇိႏႈိင္းမႈေတြမွာ ေပါင္သန္း ၁၀၀ ေလာက္အထိ ေပးေခ်သြားရႏိုင္တာလည္းျဖစ္ပါတယ္။

တစ္ဖက္မွာလည္း မန္စီးတီးလို ဆုဖလားရဖို႔ အာမခံခ်က္ေပးႏိုင္တဲ့ အသင္းႀကီးကို ေျပာင္းရတာက ဂရီးလစ္ရွ္အေနနဲ႔ ေအာင္ျမင္မႈတစ္ခုခုရဖို႔ လမ္းစလည္းျဖစ္ေနၿပီး ပက္ပ္ ဂြါဒီယိုလာလို ထိပ္တန္းနည္းျပတစ္ေယာက္ရဲ႕ လက္ေအာက္မွာ ကစားရမယ္ဆိုတဲ့ မက္လုံးကလည္း သူ႔အတြက္ ဆြဲငင္အားျပင္းထန္ေနတာေၾကာင့္ ဒီရာသီမွာ အစ္တီဟတ္ကို ပထမဆုံး ေရာက္လာတဲ့ နာမည္ႀကီး အဂၤလန္သားျဖစ္လာမလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.