International Other Transfer News

နိုင်ငံတကာနည်းပြရာထူးနဲ့ ဘောလုံးလောကကို စပရိုက်တိုက်ဦးမှာလား အာဆင်ဝင်းဂါး

အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာ ကိုင်တွယ်ပြီး ၂၀၁၈ ခုနှစ်မှာ နည်းပြဘဝကနေ အနားယူသွားခဲ့ပြီဖြစ်တဲ့ ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါးဟာ ၃ နှစ်ကြာ ကင်းကွာနေတဲ့ ဘောလုံးလောကကို တကျော့ပြန်ခြေချလာတော့မယ်လို့ သိရပြီး နည်းပြအဖြစ် ပြန်လာဖို့ နီးစပ်နေကြောင်း ဖော်ပြခံနေရပါတယ်။

အာဆင်ဝင်းဂါးဟာ တကယ်တမ်းမှာ တရားဝင်အနားယူထားခြင်းမဟုတ်ဘဲ အသက် ၇၁ နှစ်ရှ်ပြီဖြစ်တဲ့ သူ့ရဲ့အသက်အရွယ်အရ ဘဝကို ခပ်အေးအေးဖြတ်သန်းသွားဖို့ ရှိနေချိန်မှာ ဆွစ်ဇာလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်သွားဖို့ ကမ်းလှမ်းခံထားတယ်လို့ သိရပါတယ်။

ဆွစ်ဇာလန်မီဒီယာ Brick ရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကြီးမှာ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းကို ဖြုတ်ချလာခဲ့သလို ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲအပြီးမှာ ဘော်ဒိုးအသင်းကို နည်းပြဖို့အတွက် ၇ နှစ်ကြာ တာဝန်ယူလာတဲ့ ဆွစ်ဇာလန်လက်ရွေးစင်နည်းပြအဖြစ်ကနေ နှုတ်ထွက်သွားခဲ့တဲ့ ဗလာဒီယာ ပက်ကိုဗစ်နေရာမှာ အစားထိုးသွားဖို့ အာဆင်ဝင်းဂါးကို လျာထားတယ်လို့ သိရှိထားရပါတယ်။

ဆွစ်ဇာလန်အသင်းအနေနဲ့ လာမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွက် ပြင်ဆင်ဖို့ အမြန်ဆုံးလာရောက်ပြီး အကူအညီပေးနိုင်မယ့် နည်းပြတဦးကို အလိုရှိနေတာဖြစ်ပြီး အဆိုပါပြိုင်ပွဲကိုတော့ နောက်နှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ ကျင်းပသွားမှာပါ။ လက်ရှိမှာတော့ ခြေစစ်ပွဲအဆင့်ကို ယှဥ်ပြိုင်ကစားနေပါတယ်။

အာဆင်ဝင်းဂါးအနေနဲ့ ၁၉၉၅ ခုနှစ်တုန်းကလည်း ဆွစ်ဇာလန်နည်းပြရာထူးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ဖူးပြီး သဘောတူညီမှု မရခဲ့တာကြောင့် အာဆင်နယ်အသင်းကို ကိုင်တွယ်ဖို့ ဖြစ်သွားခဲ့တာပါ။ ဒီအ​ခြေအနေမှာ သူ့အနေနဲ့ အဆိုပါရာထူးကို ပြန်လည်စဥ်းစားလာဖွယ် ရှိနေပါတယ်။

” ကျွန်တော့်အနာဂတ်က ဘာဖြစ်လာမလဲဆိုတာ ကျွန်တော်တောင် မသေချာပါဘူး။ အခုတော့ ခရီးတွေထွက်ပြီး နေ့စဥ်ဘဝကို ပျော်ရွှင်နေပါတယ်။ ဒါပေမယ့် ဖိအားတချို့ကိုလည်း ပြန်လည်လွမ်းဆွတ်နေပါတယ်။ ကစားပွဲတွေကို ပြန်တောင့်တနေမိပါတယ်” လို့ ဆိုထားခဲ့ဖူးတဲ့ ပြင်သစ်သားကြီးရဲ့ စကားကလည်း ရှိထားခဲ့တာပါ။

ဆွစ်ဇာလန်အသင်းအနေနဲ့ လက်ရှိမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်ရဲ့ အုပ်စု ဂ မှာ အီတလီ၊ မြောက်အိုက်ယာလန်၊ ဘူလ်ဂေးရီးယား၊ လစ်သူယေးနီးယားတို့နဲ့ အတူကျရောက်ကာ ၂ ပွဲအနိုင်ရလဒ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေသလို အာဆင်ဝင်းဂါးအနေနဲ့ နည်းပြဘဝကို အံ့အားသင့်ဖွယ်ရာ တကျော့ပြန်လက်ခံသွားမလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပြီး သူ့ရဲ့ဂန်းနားတပည့်ဟောင်းဖြစ်တဲ့ ဂရာနစ် ချာကာနဲ့လည်း ပြန်လည်လက်တွဲသွားနိုင်မယ့် အနေအထားလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္အသင္းကို ၂၂ ႏွစ္ၾကာ ကိုင္တြယ္ၿပီး ၂၀၁၈ ခုႏွစ္မွာ နည္းျပဘဝကေန အနားယူသြားခဲ့ၿပီျဖစ္တဲ့ ဂႏၴဝင္နည္းျပႀကီး အာဆင္ဝင္းဂါးဟာ ၃ ႏွစ္ၾကာ ကင္းကြာေနတဲ့ ေဘာလုံးေလာကကို တေက်ာ့ျပန္ေျခခ်လာေတာ့မယ္လို႔ သိရၿပီး နည္းျပအျဖစ္ ျပန္လာဖို႔ နီးစပ္ေနေၾကာင္း ေဖာ္ျပခံေနရပါတယ္။

အာဆင္ဝင္းဂါးဟာ တကယ္တမ္းမွာ တရားဝင္အနားယူထားျခင္းမဟုတ္ဘဲ အသက္ ၇၁ ႏွစ္ရွ္ၿပီျဖစ္တဲ့ သူ႔ရဲ႕အသက္အ႐ြယ္အရ ဘဝကို ခပ္ေအးေအးျဖတ္သန္းသြားဖို႔ ရွိေနခ်ိန္မွာ ဆြစ္ဇာလန္လက္ေ႐ြးစင္အသင္းကို ကိုင္တြယ္သြားဖို႔ ကမ္းလွမ္းခံထားတယ္လို႔ သိရပါတယ္။

ဆြစ္ဇာလန္မီဒီယာ Brick ရဲ႕ ေဖာ္ျပခ်က္အရ ၿပီးခဲ့တဲ့ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲႀကီးမွာ ကမာၻ႔ဖလားခ်န္ပီယံ ျပင္သစ္အသင္းကို ျဖဳတ္ခ်လာခဲ့သလို ကြာတားဖိုင္နယ္အဆင့္အထိ တက္ေရာက္ခဲ့ၿပီး ၿပိဳင္ပြဲအၿပီးမွာ ေဘာ္ဒိုးအသင္းကို နည္းျပဖို႔အတြက္ ၇ ႏွစ္ၾကာ တာဝန္ယူလာတဲ့ ဆြစ္ဇာလန္လက္ေ႐ြးစင္နည္းျပအျဖစ္ကေန ႏႈတ္ထြက္သြားခဲ့တဲ့ ဗလာဒီယာ ပက္ကိုဗစ္ေနရာမွာ အစားထိုးသြားဖို႔ အာဆင္ဝင္းဂါးကို လ်ာထားတယ္လို႔ သိရွိထားရပါတယ္။

ဆြစ္ဇာလန္အသင္းအေနနဲ႔ လာမယ့္ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲႀကီးအတြက္ ျပင္ဆင္ဖို႔ အျမန္ဆုံးလာေရာက္ၿပီး အကူအညီေပးႏိုင္မယ့္ နည္းျပတဦးကို အလိုရွိေနတာျဖစ္ၿပီး အဆိုပါၿပိဳင္ပြဲကိုေတာ့ ေနာက္ႏွစ္ ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာလမွာ က်င္းပသြားမွာပါ။ လက္ရွိမွာေတာ့ ေျခစစ္ပြဲအဆင့္ကို ယွဥ္ၿပိဳင္ကစားေနပါတယ္။

အာဆင္ဝင္းဂါးအေနနဲ႔ ၁၉၉၅ ခုႏွစ္တုန္းကလည္း ဆြစ္ဇာလန္နည္းျပရာထူးအတြက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ဖူးၿပီး သေဘာတူညီမႈ မရခဲ့တာေၾကာင့္ အာဆင္နယ္အသင္းကို ကိုင္တြယ္ဖို႔ ျဖစ္သြားခဲ့တာပါ။ ဒီအ​ေျခအေနမွာ သူ႔အေနနဲ႔ အဆိုပါရာထူးကို ျပန္လည္စဥ္းစားလာဖြယ္ ရွိေနပါတယ္။

” ကြၽန္ေတာ့္အနာဂတ္က ဘာျဖစ္လာမလဲဆိုတာ ကြၽန္ေတာ္ေတာင္ မေသခ်ာပါဘူး။ အခုေတာ့ ခရီးေတြထြက္ၿပီး ေန႔စဥ္ဘဝကို ေပ်ာ္႐ႊင္ေနပါတယ္။ ဒါေပမယ့္ ဖိအားတခ်ိဳ႕ကိုလည္း ျပန္လည္လြမ္းဆြတ္ေနပါတယ္။ ကစားပြဲေတြကို ျပန္ေတာင့္တေနမိပါတယ္” လို႔ ဆိုထားခဲ့ဖူးတဲ့ ျပင္သစ္သားႀကီးရဲ႕ စကားကလည္း ရွိထားခဲ့တာပါ။

ဆြစ္ဇာလန္အသင္းအေနနဲ႔ လက္ရွိမွာ ကမာၻ႔ဖလားေျခစစ္ပြဲအဆင့္ရဲ႕ အုပ္စု ဂ မွာ အီတလီ၊ ေျမာက္အိုက္ယာလန္၊ ဘူလ္ေဂးရီးယား၊ လစ္သူေယးနီးယားတို႔နဲ႔ အတူက်ေရာက္ကာ ၂ ပြဲအႏိုင္ရလဒ္နဲ႔ အဆင့္ ၂ ေနရာမွာ ရပ္တည္ေနသလို အာဆင္ဝင္းဂါးအေနနဲ႔ နည္းျပဘဝကို အံ့အားသင့္ဖြယ္ရာ တေက်ာ့ျပန္လက္ခံသြားမလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး သူ႔ရဲ႕ဂန္းနားတပည့္ေဟာင္းျဖစ္တဲ့ ဂရာနစ္ ခ်ာကာနဲ႔လည္း ျပန္လည္လက္တြဲသြားႏိုင္မယ့္ အေနအထားလည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.