Premier League Transfer News

ခရိုယန်ကီအခက်၊ အီယက်ခ်နဲ့ ပရိသတ်တွေအချက် ဖြစ်လာတော့မှာလား

အာဆင်နယ်အသင်းကို ပြီးခဲ့တဲ့ မေလအတွင်းက အလုံးစုံ လွှဲပြောင်းဝယ်ယူဖို့ ကမ်းလှမ်းလိုက်တဲ့ ဆွီဒင်ဘီလီယံနာသူဌေး ဒန်နီယယ်လ် အီယက်ခ်ကြောင့် အသင်းမှာ အပြောင်းအလဲတွေများစွာ ရှိလာခဲ့ပြီး လက်ရှိပိုင်ရှင် ခရိုယန်ကီအုပ်စုအနေနဲ့ လက်မလွှတ်ရဖို့အတွက် ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့သလို ရာသီသစ်မှာလည်း အပြောင်းအရွှေ့အသုံးစရိတ်တွေကို ပိုမိုထုတ်ပေးခြင်းနဲ့ ပရိသတ်တွေကို ဆွဲဆောင်စည်းရုံးခဲ့ပါတယ်။

Spotify လုပ်ငန်းရှင် အာဆင်နယ်ပရိသတ် အီယက်ခ်ရဲ့ နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းမှုကို ကစားသမားဟောင်းတွေဖြစ်ကြတဲ့ ဒင်းနစ္စ ဘားကမ့်၊ သီယာရီ အွန်နရီနဲ့ ပက်ထရစ် ဗီယာရာတို့က ပူးပေါင်းကူညီခဲ့ပေမယ့် အမေရိကန်တွေကတော့ ရောင်းဖို့ မဟုတ်ဘူးဆိုပြီး ပယ်ချခဲ့သလို ပရိသတ်တွေရဲ့ ပေါက်ကွဲမှုနဲ့ ရင်ဆိုင်လာရနိုင်ချိန်မှာ ငွေကြေးထုတ်ပေးပြီး နှစ်သိမ့်ဖို့ လုပ်ခဲ့တာပါ။

နည်းပြ မီခယ်လ် အာတီတာ လိုချင်တဲ့ ကစားသမားကောင်းတွေကို ခေါ်ယူဖို့ ပံ့ပိုးပေးနေပြီး ပေါင်သန်း ၇၀ ကျော်တန်တဲ့ အင်တာမီလန်ရှေ့တန်း တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်လို ကစားသမားမျိုးနဲ့ ပေါင်သန်း ၆၀ ဝန်းကျင် တန်ကြေးရှိတဲ့ လက်စတာရဲ့ မက်ဒီဆန်၊ ရီးရဲလ်မက်ဒရစ်နဲ့ အော်ဒီဂွါဒ် စတဲ့ ဖန်တီးရှင်ကွင်းလယ်လူတွေလိုမျိုးကို ရင်ခုန်ခွင့် ရှိလာချိန်မှာ သက်ပြင်းချပြီး နောက်ကွယ်က ပြုံးနေတဲ့ ခရိုယန်ကီတို့အတွက် မျက်လုံးပြူးစရာတစ်ခု ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ NFL ပြိုင်ပွဲမှာ LA Rams အသင်းကို ပိုင်ဆိုင်ထားတဲ့ ခရိုယန်ကီအုပ်စုအနေနဲ့ သူ့ရဲ့ အသင်း မူလတည်ရှိရာ မစ်ဆူရီပြည်နယ်၊ စိန့်လူဝီကနေ ကာလီဖိုးနီးယားပြည်နယ်၊ လော့ဆန်းဂျလိစ်မြို့ကို ပြောင်းရွှေ့ခဲ့မှုမှာ မူလအခြေစိုက်ရာ ဒေသအာဏာပိုင်တွေက တရားစွဲခဲ့တာဖြစ်ပြီး ၂၀၁၇ မှာ စတင်ခဲ့တဲ့ တရားတဘောင်ကိစ္စက လေးနှစ်ကြာချိန်မှာ အဖြေပေါ်ဖို့ ရှိလာခဲ့တာပါ။

မီဒီယာတွေရဲ့ အဆိုအရတော့ ဒီအမှုမှာ ခရိုယန်ကီတို့ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ပေါင်သန်း ၇၀၀ ကျော် လျော်ကြေးပေးဆောင်ရနိုင်ပြီး အသင်းရဲ့ ဘဏ္ဏာရေးနဲ့ Kroenke Sports Entertainment ရဲ့ လည်ပတ်မှုငွေကြေးတွေကို ထိခိုက်လာမှာဖြစ်တဲ့အတွက် ပြန်လည်ဖာထေးမိနိုင်ဖို့ ကြိုးပမ်းရနိုင်ချိန်မှာ ဒန်နီယယ်လ် အီယက်ခ်အနေနဲ့ သူအားပေးတဲ့ အသင်းကို အချိန်ကိုက် ပြန်လည်ကမ်းလှမ်းဖို့ ရှိလာနိုင်တာလည်းဖြစ်ပါတယ်။

နောက်ဆုံးကမ်းလှမ်းမှုအရတော့ ပေါင် ၁.၈ ဘီလီယံတန် ဈေးဖွင့်လှစ်မှုကို အမေရိကန်တွေဘက်က ပယ်ချထားခဲ့ချိန်မှာ ဆွီဒင်သားဘက်က သွေးအေးသွားခဲ့ပေမယ့် လက်ရှိမှာတော့ ထပ်မံကမ်းလှမ်းတော့မယ်လို့ သတင်းတွေ ထွက်လာခဲ့သလို လက်ရှိအသင်းရဲ့ စီမံခန့်ခွဲမှုပုံစံကို စိတ်ကုန်နေသူတွေကလည်း အားပေးထောက်ခံလျက်ရှိနေပါတယ်။

ခရိုယန်ကီတွေဟာ အာဆင်နယ်အသင်းကို ၂၀၁၈ ခုနှစ်ကစပြီး ပြိုင်ဘက် အလီရှာ အူစမာနော့ဗ်ရဲ့ ရှယ်ယာတွေကိုပါ ဝယ်ယူပြီး အလုံးစုံ ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပြီး သုံးနှစ်အကြာမှာတော့ ဘယ်သူမှ မလိုလားဘဲ အင်္ဂလန်ရဲ့ ဂုဏ်သိက္ခာအမြင့်မားဆုံး သက်တမ်းရင့် အသင်းကြီးတစ်သင်းရဲ့ မျက်နှာကို အိုးမည်းသုတ်နေတဲ့ လုပ်ရပ်ကို အီယက်ခ်နဲ့ Invincibles တွေ အချိန်ကိုက် ရပ်တန့်သွားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါကြောင်း…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းကို ၿပီးခဲ့တဲ့ ေမလအတြင္းက အလုံးစုံ လႊဲေျပာင္းဝယ္ယူဖို႔ ကမ္းလွမ္းလိုက္တဲ့ ဆြီဒင္ဘီလီယံနာသူေဌး ဒန္နီယယ္လ္ အီယက္ခ္ေၾကာင့္ အသင္းမွာ အေျပာင္းအလဲေတြမ်ားစြာ ရွိလာခဲ့ၿပီး လက္ရွိပိုင္ရွင္ ခ႐ိုယန္ကီအုပ္စုအေနနဲ႔ လက္မလႊတ္ရဖို႔အတြက္ ကမ္းလွမ္းမႈေတြကို ပယ္ခ်ခဲ့သလို ရာသီသစ္မွာလည္း အေျပာင္းအေ႐ႊ႕အသုံးစရိတ္ေတြကို ပိုမိုထုတ္ေပးျခင္းနဲ႔ ပရိသတ္ေတြကို ဆြဲေဆာင္စည္း႐ုံးခဲ့ပါတယ္။

Spotify လုပ္ငန္းရွင္ အာဆင္နယ္ပရိသတ္ အီယက္ခ္ရဲ႕ ႏွစ္ႀကိမ္တိုင္တိုင္ ကမ္းလွမ္းမႈကို ကစားသမားေဟာင္းေတြျဖစ္ၾကတဲ့ ဒင္းနစၥ ဘားကမ့္၊ သီယာရီ အြန္နရီနဲ႔ ပက္ထရစ္ ဗီယာရာတို႔က ပူးေပါင္းကူညီခဲ့ေပမယ့္ အေမရိကန္ေတြကေတာ့ ေရာင္းဖို႔ မဟုတ္ဘူးဆိုၿပီး ပယ္ခ်ခဲ့သလို ပရိသတ္ေတြရဲ႕ ေပါက္ကြဲမႈနဲ႔ ရင္ဆိုင္လာရႏိုင္ခ်ိန္မွာ ေငြေၾကးထုတ္ေပးၿပီး ႏွစ္သိမ့္ဖို႔ လုပ္ခဲ့တာပါ။

နည္းျပ မီခယ္လ္ အာတီတာ လိုခ်င္တဲ့ ကစားသမားေကာင္းေတြကို ေခၚယူဖို႔ ပံ့ပိုးေပးေနၿပီး ေပါင္သန္း ၇၀ ေက်ာ္တန္တဲ့ အင္တာမီလန္ေရွ႕တန္း တိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္ဇ္လို ကစားသမားမ်ိဳးနဲ႔ ေပါင္သန္း ၆၀ ဝန္းက်င္ တန္ေၾကးရွိတဲ့ လက္စတာရဲ႕ မက္ဒီဆန္၊ ရီးရဲလ္မက္ဒရစ္နဲ႔ ေအာ္ဒီဂြါဒ္ စတဲ့ ဖန္တီးရွင္ကြင္းလယ္လူေတြလိုမ်ိဳးကို ရင္ခုန္ခြင့္ ရွိလာခ်ိန္မွာ သက္ျပင္းခ်ၿပီး ေနာက္ကြယ္က ၿပဳံးေနတဲ့ ခ႐ိုယန္ကီတို႔အတြက္ မ်က္လုံးျပဴးစရာတစ္ခု ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံ NFL ၿပိဳင္ပြဲမွာ LA Rams အသင္းကို ပိုင္ဆိုင္ထားတဲ့ ခ႐ိုယန္ကီအုပ္စုအေနနဲ႔ သူ႔ရဲ႕ အသင္း မူလတည္ရွိရာ မစ္ဆူရီျပည္နယ္၊ စိန႔္လူဝီကေန ကာလီဖိုးနီးယားျပည္နယ္၊ ေလာ့ဆန္းဂ်လိစ္ၿမိဳ႕ကို ေျပာင္းေ႐ႊ႕ခဲ့မႈမွာ မူလအေျခစိုက္ရာ ေဒသအာဏာပိုင္ေတြက တရားစြဲခဲ့တာျဖစ္ၿပီး ၂၀၁၇ မွာ စတင္ခဲ့တဲ့ တရားတေဘာင္ကိစၥက ေလးႏွစ္ၾကာခ်ိန္မွာ အေျဖေပၚဖို႔ ရွိလာခဲ့တာပါ။

မီဒီယာေတြရဲ႕ အဆိုအရေတာ့ ဒီအမႈမွာ ခ႐ိုယန္ကီတို႔ ရႈံးနိမ့္ခဲ့မယ္ဆိုရင္ ေပါင္သန္း ၇၀၀ ေက်ာ္ ေလ်ာ္ေၾကးေပးေဆာင္ရႏိုင္ၿပီး အသင္းရဲ႕ ဘဏၰာေရးနဲ႔ Kroenke Sports Entertainment ရဲ႕ လည္ပတ္မႈေငြေၾကးေတြကို ထိခိုက္လာမွာျဖစ္တဲ့အတြက္ ျပန္လည္ဖာေထးမိႏိုင္ဖို႔ ႀကိဳးပမ္းရႏိုင္ခ်ိန္မွာ ဒန္နီယယ္လ္ အီယက္ခ္အေနနဲ႔ သူအားေပးတဲ့ အသင္းကို အခ်ိန္ကိုက္ ျပန္လည္ကမ္းလွမ္းဖို႔ ရွိလာႏိုင္တာလည္းျဖစ္ပါတယ္။

ေနာက္ဆုံးကမ္းလွမ္းမႈအရေတာ့ ေပါင္ ၁.၈ ဘီလီယံတန္ ေဈးဖြင့္လွစ္မႈကို အေမရိကန္ေတြဘက္က ပယ္ခ်ထားခဲ့ခ်ိန္မွာ ဆြီဒင္သားဘက္က ေသြးေအးသြားခဲ့ေပမယ့္ လက္ရွိမွာေတာ့ ထပ္မံကမ္းလွမ္းေတာ့မယ္လို႔ သတင္းေတြ ထြက္လာခဲ့သလို လက္ရွိအသင္းရဲ႕ စီမံခန႔္ခြဲမႈပုံစံကို စိတ္ကုန္ေနသူေတြကလည္း အားေပးေထာက္ခံလ်က္ရွိေနပါတယ္။

ခ႐ိုယန္ကီေတြဟာ အာဆင္နယ္အသင္းကို ၂၀၁၈ ခုႏွစ္ကစၿပီး ၿပိဳင္ဘက္ အလီရွာ အူစမာေနာ့ဗ္ရဲ႕ ရွယ္ယာေတြကိုပါ ဝယ္ယူၿပီး အလုံးစုံ ပိုင္ဆိုင္ႏိုင္ခဲ့တာျဖစ္ၿပီး သုံးႏွစ္အၾကာမွာေတာ့ ဘယ္သူမွ မလိုလားဘဲ အဂၤလန္ရဲ႕ ဂုဏ္သိကၡာအျမင့္မားဆုံး သက္တမ္းရင့္ အသင္းႀကီးတစ္သင္းရဲ႕ မ်က္ႏွာကို အိုးမည္းသုတ္ေနတဲ့ လုပ္ရပ္ကို အီယက္ခ္နဲ႔ Invincibles ေတြ အခ်ိန္ကိုက္ ရပ္တန႔္သြားႏိုင္မလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါေၾကာင္း…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.