Article Premier League

မာလိန်မှူး ဗီအဲရာရဲ့ လူငယ်တွေနဲ့အတူ ဖောင်ဖျက်တိုက်မယ့် PLခရီးကြမ်းပေါ်က ပဲလေ့စ်

၁၉၉၆ မှာ အေစီမီလန်က အသက် ၂၀ အရွယ် ချာတိတ်လေးကို အာဆင်နယ်နည်းပြကြီး အာဆင်ဝင်းဂါးက ခေါ်ယူပြီး ကမ္ဘာ့ထိပ်တန်းကစားသမားအဖြစ် ပုံဖော်ပေးခဲ့ဖူးပါတယ်။ သူကတော့ ပက်ထရစ် ဗီအဲရာဖြစ်ပြီး သူ့အနေနဲ့ ဝင်းဂါးဆီကတစ်ဆင့် အသင်းကို ပြန်တည်ဆောက်တဲ့အခါမှာ လူငယ်တွေရဲ့ အရေးပါပုံတွေကို အများကြီးသင်ယူခဲ့ဖူးသလို လက်ရှိမှာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ နည်းပြဖြစ်လာခဲ့ပါပြီ။

သိမ်းငှက်တို့ရဲ့ မန်နေဂျာဟောင်း ရွိုင်း ဟော့ဒ်ဆန်လက်အောက်မှာတုန်းက သက်ကြီးကစားသမားတွေ များနေခဲ့ပြီး ဂယ်ရီ ကာဟေးလ်၊ အန်ဒရို့စ် တောင်းဆန်း၊ စကော့ဒန်းနဲ့ ပတ်ထရစ် ဗန်အန်ဟော့လ်တို့လို စာချုပ်သက်တမ်းကုန်ခဲ့တဲ့ ကစားသမားအများစုကိုလည်း ဗီအဲရာက သက်တမ်းမတိုးတော့ဘဲ ထွက်ခွာခွင့်ပေးခဲ့ချိန်မှာ တစ်သင်းလုံးကို သွေးသစ်လောင်းဖို့ စီစဉ်နေတာပါ။

ဗီအဲရာအနေနဲ့ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက လီယွန်အသင်းရဲ့ ခံစစ်မှူး ယိုအာခင်မ် အန်ဒါဆန်ကို ပြောင်းရွှေ့ကြေးပေါင် ၁၇ သန်းဝန်းကျင်နဲ့ ခေါ်ယူခဲ့ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။ အသက် ၂၅ နှစ်အရွယ် ဒိန်းမတ်လက်ရွေးစင်နောက်ခံလူအနေနဲ့ ဖူလ်ဟမ်နဲ့ ခြေစွမ်းပြခဲ့လို့ သူ့ကို အသင်းကြီးတွေကပါ စောင့်ကြည့်ခဲ့သေးတာဖြစ်ပါတယ်။

အန်ဒါဆန်ကတော့ အနီးရော အဝေးပါ ဘောလုံးပေးပို့မှုနဲ့ အမြင့်ဘောရှင်းထုတ်ပုံသေသပ်ပြီး သူ့ရဲ့အမြင့်ဘောအားသာမှုကြောင့်လည်း ခေါင်းတိုက်ဂိုးတွေ ရယူနိုင်သူဖြစ်ပေမယ့် ဖျက်ထုတ်မှု အားနည်းလို့ ပြစ်ဒဏ်ဘော မကြာခဏပေးရတဲ့သူဖြစ်ပါတယ်။ သူ့ကို ဝုလ်ဗ်နဲ့ လိဒ်စ်ယူနိုက်တက်တို့လို အသင်းတွေက စိတ်ဝင်စားခဲ့ပေမယ့် သူ့အနေနဲ့ ပဲလေ့စ်ကိုပဲ ရွေးချယ်ခဲ့တာပါ။

ဒါ့အပြင် ချဲလ်ဆီးနောက်ခံလူ မာ့ခ် ဂူဟီကိုလည်း ပေါင် ၁၈ သန်းဝန်းကျင်နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ၂၁ နှစ်အရွယ် ခံစစ်အတွင်းလူအနေနဲ့ ပွဲအတွင်း အာရုံစူးစိုက်မှုကောင်းပြီး ဖျက်ထုတ်မှုအပိုင်းမှာ ကျွမ်းကျင်သလို မလိုအပ်ဘဲ ဘောလုံးနဲ့ တပါတည်း ဆွဲပြေးတတ်တဲ့ ကစားပုံကိုသာ ဗီအဲရာအနေနဲ့ ပြင်နိုင်မယ်ဆို အန်ဒါဆန်နဲ့ ကောင်းမွန်တဲ့ အတွဲအဖက်ဖြစ်လာနိုင်ပါတယ်။

ဗီအဲရာအနေနဲ့ အသင်းကို ရောက်ရောက်ချင်း မကြာမီမှာပဲ ရီးဒင်းအသင်းရဲ့ စွယ်စုံရတိုက်စစ်ကစားသမား မိုက်ကယ် အိုလိစ်ကို ဖော်ပြမထားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့အတူ ၅ နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး သူကတော့ ဖြတ်တင်ဘောနဲ့ အဝေးကန်ချက် အတော်ကောင်းမွန်တဲ့ ကစားသမားဖြစ်သလို ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဂိုးဖန်တီးမှု ၁၂ ကြိမ်နဲ့ EFL လိဂ်ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကို ရခဲ့ပါသေးတယ်။

အသင်းကို လူငယ်တွေ ခေါ်ယူဖို့ လုပ်ငန်းစဉ်က ဒါနဲ့တင် မရပ်တန့်သေးဘဲ အာဆင်နယ်အသင်းက ကွင်းလယ်နဲ့ တောင်ပံမှာ နေရာစုံကစားနိုင်တဲ့ အသက် ၂၃ နှစ်အရွယ် မိတ်လန်းနိုင်းလ်စ်ကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေတဲ့ပြင် ၂၁ နှစ်သား တောင်ပံသမား နယ်လ်ဆင်ကိုလည်း ဗီအဲရာက စိတ်ဝင်စားနေပြီး ဝီလ်ဖရီးဒ် ဇာဟာရဲ့ အရန်အဖြစ် ခေါ်ယူသွားဖို့ ရှိနေသလို ဂန်းနားတို့ ရောင်းထုတ်ဖို့ စီစဉ်ထားတဲ့ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူး နကီးတီးယားကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

သိမ်းငှက်တို့အနေနဲ့ အွန်းဂျေးစ်ကွင်းလယ်လူ အွန်ဂျယ်လို ဖူလ်ဂျီနီကိုလည်း ပေါင် ၁၀ သန်းဝန်းကျင်နဲ့ ခေါ်ယူဖို့ စောင့်ကြည့်နေပြီး အလိမ်အခေါက်ပိုင်းမှာ ပြင်သစ်လိဂ်ရဲ့ ထိပ်တန်းစာရင်းဝင်ကစားသမားဖြစ်သလို အသက် ၂၄ နှစ်သာ ရှိသေးတာပါ။ ဗီအဲရာအနေနဲ့ ဇာဟာနဲ့ အီဇီတို့ကို အာဖရိကဖလား စေလွှတ်ခဲ့ရရင် အရည်အသွေးမြင့်လူငယ်တွေ အဆင်သင့်ရှိအောင် ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ ၂၉.၈ နှစ်နဲ့ ပျှမ်းမျှအသက်အကြီးဆုံးအသင်းဖြစ်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကို နည်းပြသစ် ဗီအဲရာအနေနဲ့ ခြေစွမ်းထက်လာမယ့် လူငယ်တွေကို အခြေပြုပြီး သူ့အတွေ့အကြုံ၊ အတွေးအခေါ်တွေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဥရောပပြိုင်ပွဲ ဝင်ခွင့်ရတဲ့အထိ ခေါ်သွားနိုင်မလားဆိုတာကတော့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၁၉၉၆ မွာ ေအစီမီလန္က အသက္ ၂၀ အ႐ြယ္ ခ်ာတိတ္ေလးကို အာဆင္နယ္နည္းျပႀကီး အာဆင္ဝင္းဂါးက ေခၚယူၿပီး ကမာၻ႔ထိပ္တန္းကစားသမားအျဖစ္ ပုံေဖာ္ေပးခဲ့ဖူးပါတယ္။ သူကေတာ့ ပက္ထရစ္ ဗီအဲရာျဖစ္ၿပီး သူ႔အေနနဲ႔ ဝင္းဂါးဆီကတစ္ဆင့္ အသင္းကို ျပန္တည္ေဆာက္တဲ့အခါမွာ လူငယ္ေတြရဲ႕ အေရးပါပုံေတြကို အမ်ားႀကီးသင္ယူခဲ့ဖူးသလို လက္ရွိမွာ ခရစၥတယ္ပဲေလ့စ္အသင္းရဲ႕ နည္းျပျဖစ္လာခဲ့ပါၿပီ။

သိမ္းငွက္တို႔ရဲ႕ မန္ေနဂ်ာေဟာင္း ႐ြိဳင္း ေဟာ့ဒ္ဆန္လက္ေအာက္မွာတုန္းက သက္ႀကီးကစားသမားေတြ မ်ားေနခဲ့ၿပီး ဂယ္ရီ ကာေဟးလ္၊ အန္ဒ႐ို႕စ္ ေတာင္းဆန္း၊ စေကာ့ဒန္းနဲ႔ ပတ္ထရစ္ ဗန္အန္ေဟာ့လ္တို႔လို စာခ်ဳပ္သက္တမ္းကုန္ခဲ့တဲ့ ကစားသမားအမ်ားစုကိုလည္း ဗီအဲရာက သက္တမ္းမတိုးေတာ့ဘဲ ထြက္ခြာခြင့္ေပးခဲ့ခ်ိန္မွာ တစ္သင္းလုံးကို ေသြးသစ္ေလာင္းဖို႔ စီစဥ္ေနတာပါ။

ဗီအဲရာအေနနဲ႔ ၿပီးခဲ့တဲ့ရက္အနည္းငယ္တုန္းက လီယြန္အသင္းရဲ႕ ခံစစ္မႉး ယိုအာခင္မ္ အန္ဒါဆန္ကို ေျပာင္းေ႐ႊ႕ေၾကးေပါင္ ၁၇ သန္းဝန္းက်င္နဲ႔ ေခၚယူခဲ့ၿပီး ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာပါ။ အသက္ ၂၅ ႏွစ္အ႐ြယ္ ဒိန္းမတ္လက္ေ႐ြးစင္ေနာက္ခံလူအေနနဲ႔ ဖူလ္ဟမ္နဲ႔ ေျခစြမ္းျပခဲ့လို႔ သူ႔ကို အသင္းႀကီးေတြကပါ ေစာင့္ၾကည့္ခဲ့ေသးတာျဖစ္ပါတယ္။

အန္ဒါဆန္ကေတာ့ အနီးေရာ အေဝးပါ ေဘာလုံးေပးပို႔မႈနဲ႔ အျမင့္ေဘာရွင္းထုတ္ပုံေသသပ္ၿပီး သူ႔ရဲ႕အျမင့္ေဘာအားသာမႈေၾကာင့္လည္း ေခါင္းတိုက္ဂိုးေတြ ရယူႏိုင္သူျဖစ္ေပမယ့္ ဖ်က္ထုတ္မႈ အားနည္းလို႔ ျပစ္ဒဏ္ေဘာ မၾကာခဏေပးရတဲ့သူျဖစ္ပါတယ္။ သူ႔ကို ဝုလ္ဗ္နဲ႔ လိဒ္စ္ယူႏိုက္တက္တို႔လို အသင္းေတြက စိတ္ဝင္စားခဲ့ေပမယ့္ သူ႔အေနနဲ႔ ပဲေလ့စ္ကိုပဲ ေ႐ြးခ်ယ္ခဲ့တာပါ။

ဒါ့အျပင္ ခ်ဲလ္ဆီးေနာက္ခံလူ မာ့ခ္ ဂူဟီကိုလည္း ေပါင္ ၁၈ သန္းဝန္းက်င္နဲ႔ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ခဲ့ပါတယ္။ ၂၁ ႏွစ္အ႐ြယ္ ခံစစ္အတြင္းလူအေနနဲ႔ ပြဲအတြင္း အာ႐ုံစူးစိုက္မႈေကာင္းၿပီး ဖ်က္ထုတ္မႈအပိုင္းမွာ ကြၽမ္းက်င္သလို မလိုအပ္ဘဲ ေဘာလုံးနဲ႔ တပါတည္း ဆြဲေျပးတတ္တဲ့ ကစားပုံကိုသာ ဗီအဲရာအေနနဲ႔ ျပင္ႏိုင္မယ္ဆို အန္ဒါဆန္နဲ႔ ေကာင္းမြန္တဲ့ အတြဲအဖက္ျဖစ္လာႏိုင္ပါတယ္။

ဗီအဲရာအေနနဲ႔ အသင္းကို ေရာက္ေရာက္ခ်င္း မၾကာမီမွာပဲ ရီးဒင္းအသင္းရဲ႕ စြယ္စုံရတိုက္စစ္ကစားသမား မိုက္ကယ္ အိုလိစ္ကို ေဖာ္ျပမထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္နဲ႔အတူ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီး သူကေတာ့ ျဖတ္တင္ေဘာနဲ႔ အေဝးကန္ခ်က္ အေတာ္ေကာင္းမြန္တဲ့ ကစားသမားျဖစ္သလို ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ ဂိုးဖန္တီးမႈ ၁၂ ႀကိမ္နဲ႔ EFL လိဂ္ရဲ႕ အေကာင္းဆုံးလူငယ္ကစားသမားဆုကို ရခဲ့ပါေသးတယ္။

အသင္းကို လူငယ္ေတြ ေခၚယူဖို႔ လုပ္ငန္းစဥ္က ဒါနဲ႔တင္ မရပ္တန႔္ေသးဘဲ အာဆင္နယ္အသင္းက ကြင္းလယ္နဲ႔ ေတာင္ပံမွာ ေနရာစုံကစားႏိုင္တဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ မိတ္လန္းႏိုင္းလ္စ္ကို ေခၚယူဖို႔လည္း စိတ္ဝင္စားေနတဲ့ျပင္ ၂၁ ႏွစ္သား ေတာင္ပံသမား နယ္လ္ဆင္ကိုလည္း ဗီအဲရာက စိတ္ဝင္စားေနၿပီး ဝီလ္ဖရီးဒ္ ဇာဟာရဲ႕ အရန္အျဖစ္ ေခၚယူသြားဖို႔ ရွိေနသလို ဂန္းနားတို႔ ေရာင္းထုတ္ဖို႔ စီစဥ္ထားတဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉး နကီးတီးယားကိုလည္း ေခၚယူဖို႔ ေစာင့္ၾကည့္ေနပါတယ္။

သိမ္းငွက္တို႔အေနနဲ႔ အြန္းေဂ်းစ္ကြင္းလယ္လူ အြန္ဂ်ယ္လို ဖူလ္ဂ်ီနီကိုလည္း ေပါင္ ၁၀ သန္းဝန္းက်င္နဲ႔ ေခၚယူဖို႔ ေစာင့္ၾကည့္ေနၿပီး အလိမ္အေခါက္ပိုင္းမွာ ျပင္သစ္လိဂ္ရဲ႕ ထိပ္တန္းစာရင္းဝင္ကစားသမားျဖစ္သလို အသက္ ၂၄ ႏွစ္သာ ရွိေသးတာပါ။ ဗီအဲရာအေနနဲ႔ ဇာဟာနဲ႔ အီဇီတို႔ကို အာဖရိကဖလား ေစလႊတ္ခဲ့ရရင္ အရည္အေသြးျမင့္လူငယ္ေတြ အဆင္သင့္ရွိေအာင္ ျပင္ဆင္ေနတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ေဘာလုံးရာသီမွာ ၂၉.၈ ႏွစ္နဲ႔ ပွ်မ္းမွ်အသက္အႀကီးဆုံးအသင္းျဖစ္ခဲ့တဲ့ ခရစၥတယ္ပဲေလ့စ္အသင္းကို နည္းျပသစ္ ဗီအဲရာအေနနဲ႔ ေျခစြမ္းထက္လာမယ့္ လူငယ္ေတြကို အေျချပဳၿပီး သူ႔အေတြ႕အႀကဳံ၊ အေတြးအေခၚေတြနဲ႔ ဒီရာသီ ပရီးမီးယားလိဂ္မွာ ဥေရာပၿပိဳင္ပြဲ ဝင္ခြင့္ရတဲ့အထိ ေခၚသြားႏိုင္မလားဆိုတာကေတာ့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.