Other Premier League

မန်ချက်စတာယူနိုက်တက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တဲ့ ခိုင်လုံတဲ့ အ​ကြောင်းရင်း ၅ ချက်

စိတ်ကျေနပ်ဖွယ်ရာ နွေရာသီအပြောင်းအရွှေ့တံခါးကို အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာ့အဆင့်ကစားသမားတွေဖြစ်တဲ့ ဂျေဒန် ဆန်ချိုနဲ့ ရာဖေးလ် ဗာရွန်းတို့နှစ်ဦးပေါင်းအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကျော် သုံးစွဲခဲ့ပြီး ပြီးခဲ့တဲ့နှစ်ရာသီဆက်မှာ အဆင့် ၃၊ အဆင့် ၂ အသီးသီးရပ်တည်နိုင်ခဲ့တဲ့ နည်းပြဆိုးလ်ရှားကတော့ ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ဗိုလ်ဝင်ခံပြီး အဆင့် ၁ နေရာကို သေချာပေါက် မျှော်မှန်းလာတော့မှာပါ။ ယူနိုက်တက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တဲ့ ခိုင်လုံတဲ့ အ​ကြောင်းရင်း ၅ ချက်ကိုလည်း အခုလိုသုံးသပ်ထားကြပါတယ်။

၁။ လူငယ်တွေနဲ့ သာလွန်အင်အားကို ပိုင်ဆိုင်ထားပြီ
လူငယ်တွေရဲ့ စုဖွဲ့မှုကို အသားပေးပြီး အသင်းကို တည်ဆောက်ချင်နေတဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေ ဂန်းနား ဆိုးလ်ရှားရဲ့ ရေရှည်စီမံကိန်းက တဖြည်းဖြည်းနဲ့ ရုပ်ထွက်လှလာပြီလို့ ဆိုရမှာပါ။ ဂျိမ်းစ်ဂါနာ၊ ရှိူလာ ရှောတိုင်ယာ၊ အန်သော်နီ အီလန်ဂါ၊ ဟန်နီဘယ်လ် မက်ဂျ်ဘရီတို့က အကယ်ဒမီကနေ တိုးထွက်လာတော့မယ့် မီးတောက်တွေပါ။

ဒါ့အပြင် အာမက် ဂျယ်လို၊ ဂရင်းဝုဒ်၊ ပယ်လစ်စထရီတို့ကလည်း အသင်းရဲ့အနာဂတ်မှာ အဖြေထွက်လာဖို့ ရှိနေသလို လူငယ်တိုက်စစ်မှူးတွေဖြစ်တဲ့ ဂျိုးဟျူဂယ်လ်နဲ့ ချာလီ မက်နေးလ်တို့က စာချုပ်သစ်တွေ ချုပ်ဆိုပြီးဖြစ်သလို တောင်ပံတိုက်စစ်ရော အထောင်တိုက်စစ်ပါ ဖြည့်ကစားနိုင်တဲ့ မာစီယယ်နဲ့ ဂရင်းဝုဒ်တို့ကိုလည်း ကာဗာနီ၊ ရက်ရှ်ဖို့ဒ်၊ ဆန်ချိုတို့ရဲ့ အရန်အဖြစ် အားကိုးနိုင်ဦးမှာပါ။

၂။ ပရီးမီးယားလိဂ်ရဲ့ အတောင့်တင်းဆုံးကွင်းလယ်
ယူရို ၂၀၂၀ မှာ ပြင်သစ်ရဲ့ အချွန်ထွက်ဆုံးကစားသမားဖြစ်ခဲ့တဲ့ ပေါလ်ပေါ့ဘာက အသင်းမှာ ဆက်ရှိနေမယ်။ အရင်ရာသီကလို ဘရူနိူ ဖာနန်ဒက်စ်နဲ့ အပေးအယူမျှမျှ လက်တွဲကြဦးမယ့်အပြင် ယူရိုပါလိဂ်ဖိုင်နယ်မှာ မှတ်မှတ်ထင်ထင်​ခြေစွမ်းနဲ့ အကောင်းဆုံးပုံစံကို ပြသခဲ့တဲ့ စကော့ မက်တော်မီနေးက ပေါက်ကွဲဖို့ အသင့်ရှိနေတယ်။

ဘရာဇီးလ်နဲ့ ကိုပါအမေရိကဖလား ဒုတိယနေရာရခဲ့တဲ့ ဖရက်ဒ်ကလည်း ပိုပြီးရင့်ကျက်လာဖို့ ရှိနေတဲ့ အနေအထားမျိုးမှာ လူငယ်လေး ဂျိမ်းဂါနာကလည်း အငှားကနေ ပြန်ရောက်လာပြီဖြစ်လို့ နည်းပြဆိုးလ်ရှားသာ လုပ်တတ်ကိုင်တတ်ရင် ယူနိုက်တက်ရဲ့ စစ်မျက်နှာက အတော်လေးစုံလင်သွားပြီလို့ ပြောနိုင်ပါတယ်။

၃။ တိုက်စစ်အားသန်တဲ့ ၄-၃-၃ ကို တည်ဆောက်မယ်
နည်းပြဆိုးလ်ရှားက လာမယ့်ရာသီသစ်မှာ ၄၃၃ နဲ့ တိုက်စစ်အားသန်တဲ့ ကစားကွက်ကို တည်ဆောက်မယ်လို့ သူ့အသင်းသားတွေကို အသိပေးထားပြီးဖြစ်ပါတယ်။ မက်ဂွိုင်းယား+ဗာရွန်းအတွဲကို ယုံကြည်လို့ရပြီဖြစ်လို့ ဗဟိုကွင်းလယ်လူနှစ်ဦးသုံးပြီး ခံစစ်ကို သတိကြီးကြီးထားနေရတဲ့ စနစ်ကို စွန့်လွှတ်သွားတော့မှာပါ။

ကွင်းလယ်တိုက်စစ်နေရာမှာ ဒွန်နီ ဗန်ဒဘိခ်က ထင်မှတ်မထားတဲ့ ဝှက်ဖဲတချက်ဖြစ်လာဖို့ ရှိပြီး တိုက်စစ်ကို ဦးဆောင်မယ့် ဆန်ချိုတို့အဖွဲ့ကို ပံ့ပိုးပေးလာမယ့် ပေါ့ဘာက သူအားသန်တဲ့ ကွင်းလယ်ဘယ်ခြမ်းတိုက်စစ်မှာ တာဝန်ယူလာရဖို့ ရှိနေတယ်။ ဖာနန်ဒက်စ်က သူ့ရဲ့ကစားအားကို ကစားကွက်ဖန်တီးရှင်နေရာမှာ ကောင်းကောင်းအသုံးချသွားဖို့ ရှိနေပြီး အသွင်မတူတော့ ယူနိုက်တက်တိုက်စစ်စတိုင်လ်ကို သစ်လွင်မှုအပြည့်နဲ့ မြင်တွေ့ရဖို့ ရှိနေပါတယ်။

၄။ ဗာရွန်းကြောင့် ကမ္ဘာ့အဆင့်မီခံစစ်ဖြစ်လာမယ်
ယူရိုဗိုလ်လုပွဲကို တက်ရောက်ထားခဲ့တဲ့ မက်ဂွိုင်းယားနဲ့ ချန်ပီယံလိဂ်ဖလား ၄ လုံးအပြင် ကမ္ဘာ့ဖလားချန်ပီယံဖြစ်ထားတဲ့ ဗာရွန်းတို့ရဲ့ ဗဟိုခံစစ်အတွဲက လက်ရှိပရီးမီးယားလိဂ်မှာ ဘယ်အသင်းမှ လိုက်မမီတဲ့ အနေအထားမျိုးနဲ့ အင်အားမျိုးကို ပိုင်ဆိုင်ထားခြင်းက အကြီးမားဆုံး အားသာချက်ဖြစ်လာဖို့ ရှိနေတယ်။

သူတို့အတွဲ ကမ္ဘာ့အဆင့်ပါတနာတွေအဖြစ် ဟန်ချက်ညီညီ သက်သေပြလာဖို့ ရှိနေပြီး နှစ်ဦးစလုံးက ခံစစ်ကနေ ဘောလုံးစတင်ဖို့ နားလည်မှုရှိရှိနဲ့ ကိုင်ကစားနိုင်သလို ကြံ့ခိုင်မှုပိုင်းနဲ့ အရပ်အမောင်းအရ အမြင့်ဘောတွေကို အသာစီးရယူနိုင်ဖို့ ရှိသလို သူတို့ဆီက ခေါင်းတိုက်ဂိုးတွေကိုပါ မျှော်လင့်လာနိုင်မှာပါ။

လုခ်ရှောက ဥရောပရဲ့ အကောင်းဆုံးဘယ်နောက်ခံလူတွေထဲက တဦးအဖြစ် ပူပူနွေးနွေးပဲ သက်သေပြသပြီးဖြစ်သလို တဦးချင်းဖျက်ထုတ်ပုံအားကောင်းပြီး ဘယ်လိုတိုက်စစ်မှုးမျိုးနဲ့ ထိပ်တိုက်တွေ့တွေ့ ​ပိရိသေသပ်လွန်းလှတဲ့ အာရွန် ဝမ်ဘစ်ဆာကာတို့က ဖာဂူဆန်ရဲ့ “တိုက်စစ်ကြောင့် နိုင်ပွဲရတယ်ဆိုရင် ခံစစ်ကြောင့် ချန်ပီယံဖြစ်မှာ” ဆိုတဲ့ သမိုင်းဝင်စကားကို တကျော့ပြန်သံသရာအဖြစ် ဖန်တီးသွားဦးမှာပါ။

၅။ ဆန်ချိုကြောင့် အညံ့တွေပျောက်မယ်
ဒီစကားက မမှားယွင်းနိုင်တဲ့ ဟောကိန်းလို့ ဆိုနိုင်သလို စေ့စပ်သေချာလွန်းတဲ့ ကမ္ဘာ့အဆင့် တောင်ပံတိုက်စစ်မှူးကို ယူနိုက်တက်တို့ ပိုင်ဆိုင်ခွင့် ရခဲ့တာပါ။ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်ကိုသာ ပုံပြီးအားကိုးနေရတဲ့ ဂိုးဖန်တီးမှုအပိုင်းကို သူက ပိုပြီး တင့်တင့်တယ်တယ်ဖြစ်လာစေတော့မှာမို့ ကာဗာနီတို့အုပ်စု ဂိုးမြူးဖို့သာ စောင့်စားရတော့မှာပါ။

ဘယ်တောင်ပံတိုက်စစ်မှာ ရက်ရှ်ဖို့ဒ်က အပိုင်စားနေရာရဖို့ ရှိသလို ညတောင်ပံက ဆန်ချိုနဲ့ အထောင်တိုက်စစ်မှူး ကာဗာနီတို့က ယူနိုက်တက်တိုက်စစ်စီးဆင်းမှုကို အသွင်သစ်နဲ့ လှပသွားစေဖို့ ရှိနေသလို ဂရင်းဝုဒ်နဲ့ မာစီယယ်လ်တို့ စောင့်ဆိုင်းနေမယ့် အရန်တိုက်စစ်ကလည်း သိပ်အားကောင်းနေတာမို့ ယူနိုက်တက်တို့ ၉ နှစ်ကြာအညံ့တွေ ပျောက်ပြီး တကျော့ပြန် EPL ချန်ပီယံဖြစ်ဖို့ မျှော်မှန်းနိုင်တော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
စိတ္ေက်နပ္ဖြယ္ရာ ေႏြရာသီအေျပာင္းအေ႐ႊ႕တံခါးကို ေအာင္ေအာင္ျမင္ျမင္ ဖြင့္လွစ္ႏိုင္ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ကမာၻ႔အဆင့္ကစားသမားေတြျဖစ္တဲ့ ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ ရာေဖးလ္ ဗာ႐ြန္းတို႔ႏွစ္ဦးေပါင္းအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၀၀ ေက်ာ္ သုံးစြဲခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ရာသီဆက္မွာ အဆင့္ ၃၊ အဆင့္ ၂ အသီးသီးရပ္တည္ႏိုင္ခဲ့တဲ့ နည္းျပဆိုးလ္ရွားကေတာ့ ဒီရာသီမွာေတာ့ ပရီးမီးယားလိဂ္ဗိုလ္ဝင္ခံၿပီး အဆင့္ ၁ ေနရာကို ေသခ်ာေပါက္ ေမွ်ာ္မွန္းလာေတာ့မွာပါ။ ယူႏိုက္တက္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ႏိုင္တဲ့ ခိုင္လုံတဲ့ အ​ေၾကာင္းရင္း ၅ ခ်က္ကိုလည္း အခုလိုသုံးသပ္ထားၾကပါတယ္။

၁။ လူငယ္ေတြနဲ႔ သာလြန္အင္အားကို ပိုင္ဆိုင္ထားၿပီ
လူငယ္ေတြရဲ႕ စုဖြဲ႕မႈကို အသားေပးၿပီး အသင္းကို တည္ေဆာက္ခ်င္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုေလ ဂန္းနား ဆိုးလ္ရွားရဲ႕ ေရရွည္စီမံကိန္းက တျဖည္းျဖည္းနဲ႔ ႐ုပ္ထြက္လွလာၿပီလို႔ ဆိုရမွာပါ။ ဂ်ိမ္းစ္ဂါနာ၊ ရွိူလာ ေရွာတိုင္ယာ၊ အန္ေသာ္နီ အီလန္ဂါ၊ ဟန္နီဘယ္လ္ မက္ဂ်္ဘရီတို႔က အကယ္ဒမီကေန တိုးထြက္လာေတာ့မယ့္ မီးေတာက္ေတြပါ။

ဒါ့အျပင္ အာမက္ ဂ်ယ္လို၊ ဂရင္းဝုဒ္၊ ပယ္လစ္စထရီတို႔ကလည္း အသင္းရဲ႕အနာဂတ္မွာ အေျဖထြက္လာဖို႔ ရွိေနသလို လူငယ္တိုက္စစ္မႉးေတြျဖစ္တဲ့ ဂ်ိဳးဟ်ဴဂယ္လ္နဲ႔ ခ်ာလီ မက္ေနးလ္တို႔က စာခ်ဳပ္သစ္ေတြ ခ်ဳပ္ဆိုၿပီးျဖစ္သလို ေတာင္ပံတိုက္စစ္ေရာ အေထာင္တိုက္စစ္ပါ ျဖည့္ကစားႏိုင္တဲ့ မာစီယယ္နဲ႔ ဂရင္းဝုဒ္တို႔ကိုလည္း ကာဗာနီ၊ ရက္ရွ္ဖို႔ဒ္၊ ဆန္ခ်ိဳတို႔ရဲ႕ အရန္အျဖစ္ အားကိုးႏိုင္ဦးမွာပါ။

၂။ ပရီးမီးယားလိဂ္ရဲ႕ အေတာင့္တင္းဆုံးကြင္းလယ္
ယူ႐ို ၂၀၂၀ မွာ ျပင္သစ္ရဲ႕ အခြၽန္ထြက္ဆုံးကစားသမားျဖစ္ခဲ့တဲ့ ေပါလ္ေပါ့ဘာက အသင္းမွာ ဆက္ရွိေနမယ္။ အရင္ရာသီကလို ဘ႐ူႏိူ ဖာနန္ဒက္စ္နဲ႔ အေပးအယူမွ်မွ် လက္တြဲၾကဦးမယ့္အျပင္ ယူ႐ိုပါလိဂ္ဖိုင္နယ္မွာ မွတ္မွတ္ထင္ထင္​ေျခစြမ္းနဲ႔ အေကာင္းဆုံးပုံစံကို ျပသခဲ့တဲ့ စေကာ့ မက္ေတာ္မီေနးက ေပါက္ကြဲဖို႔ အသင့္ရွိေနတယ္။

ဘရာဇီးလ္နဲ႔ ကိုပါအေမရိကဖလား ဒုတိယေနရာရခဲ့တဲ့ ဖရက္ဒ္ကလည္း ပိုၿပီးရင့္က်က္လာဖို႔ ရွိေနတဲ့ အေနအထားမ်ိဳးမွာ လူငယ္ေလး ဂ်ိမ္းဂါနာကလည္း အငွားကေန ျပန္ေရာက္လာၿပီျဖစ္လို႔ နည္းျပဆိုးလ္ရွားသာ လုပ္တတ္ကိုင္တတ္ရင္ ယူႏိုက္တက္ရဲ႕ စစ္မ်က္ႏွာက အေတာ္ေလးစုံလင္သြားၿပီလို႔ ေျပာႏိုင္ပါတယ္။

၃။ တိုက္စစ္အားသန္တဲ့ ၄-၃-၃ ကို တည္ေဆာက္မယ္
နည္းျပဆိုးလ္ရွားက လာမယ့္ရာသီသစ္မွာ ၄၃၃ နဲ႔ တိုက္စစ္အားသန္တဲ့ ကစားကြက္ကို တည္ေဆာက္မယ္လို႔ သူ႔အသင္းသားေတြကို အသိေပးထားၿပီးျဖစ္ပါတယ္။ မက္ဂြိဳင္းယား+ဗာ႐ြန္းအတြဲကို ယုံၾကည္လို႔ရၿပီျဖစ္လို႔ ဗဟိုကြင္းလယ္လူႏွစ္ဦးသုံးၿပီး ခံစစ္ကို သတိႀကီးႀကီးထားေနရတဲ့ စနစ္ကို စြန္႔လႊတ္သြားေတာ့မွာပါ။

ကြင္းလယ္တိုက္စစ္ေနရာမွာ ဒြန္နီ ဗန္ဒဘိခ္က ထင္မွတ္မထားတဲ့ ဝွက္ဖဲတခ်က္ျဖစ္လာဖို႔ ရွိၿပီး တိုက္စစ္ကို ဦးေဆာင္မယ့္ ဆန္ခ်ိဳတို႔အဖြဲ႕ကို ပံ့ပိုးေပးလာမယ့္ ေပါ့ဘာက သူအားသန္တဲ့ ကြင္းလယ္ဘယ္ျခမ္းတိုက္စစ္မွာ တာဝန္ယူလာရဖို႔ ရွိေနတယ္။ ဖာနန္ဒက္စ္က သူ႔ရဲ႕ကစားအားကို ကစားကြက္ဖန္တီးရွင္ေနရာမွာ ေကာင္းေကာင္းအသုံးခ်သြားဖို႔ ရွိေနၿပီး အသြင္မတူေတာ့ ယူႏိုက္တက္တိုက္စစ္စတိုင္လ္ကို သစ္လြင္မႈအျပည့္နဲ႔ ျမင္ေတြ႕ရဖို႔ ရွိေနပါတယ္။

၄။ ဗာ႐ြန္းေၾကာင့္ ကမာၻ႔အဆင့္မီခံစစ္ျဖစ္လာမယ္
ယူ႐ိုဗိုလ္လုပြဲကို တက္ေရာက္ထားခဲ့တဲ့ မက္ဂြိဳင္းယားနဲ႔ ခ်န္ပီယံလိဂ္ဖလား ၄ လုံးအျပင္ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ထားတဲ့ ဗာ႐ြန္းတို႔ရဲ႕ ဗဟိုခံစစ္အတြဲက လက္ရွိပရီးမီးယားလိဂ္မွာ ဘယ္အသင္းမွ လိုက္မမီတဲ့ အေနအထားမ်ိဳးနဲ႔ အင္အားမ်ိဳးကို ပိုင္ဆိုင္ထားျခင္းက အႀကီးမားဆုံး အားသာခ်က္ျဖစ္လာဖို႔ ရွိေနတယ္။

သူတို႔အတြဲ ကမာၻ႔အဆင့္ပါတနာေတြအျဖစ္ ဟန္ခ်က္ညီညီ သက္ေသျပလာဖို႔ ရွိေနၿပီး ႏွစ္ဦးစလုံးက ခံစစ္ကေန ေဘာလုံးစတင္ဖို႔ နားလည္မႈရွိရွိနဲ႔ ကိုင္ကစားႏိုင္သလို ႀကံ့ခိုင္မႈပိုင္းနဲ႔ အရပ္အေမာင္းအရ အျမင့္ေဘာေတြကို အသာစီးရယူႏိုင္ဖို႔ ရွိသလို သူတို႔ဆီက ေခါင္းတိုက္ဂိုးေတြကိုပါ ေမွ်ာ္လင့္လာႏိုင္မွာပါ။

လုခ္ေရွာက ဥေရာပရဲ႕ အေကာင္းဆုံးဘယ္ေနာက္ခံလူေတြထဲက တဦးအျဖစ္ ပူပူေႏြးေႏြးပဲ သက္ေသျပသၿပီးျဖစ္သလို တဦးခ်င္းဖ်က္ထုတ္ပုံအားေကာင္းၿပီး ဘယ္လိုတိုက္စစ္မႈးမ်ိဳးနဲ႔ ထိပ္တိုက္ေတြ႕ေတြ႕ ​ပိရိေသသပ္လြန္းလွတဲ့ အာ႐ြန္ ဝမ္ဘစ္ဆာကာတို႔က ဖာဂူဆန္ရဲ႕ “တိုက္စစ္ေၾကာင့္ ႏိုင္ပြဲရတယ္ဆိုရင္ ခံစစ္ေၾကာင့္ ခ်န္ပီယံျဖစ္မွာ” ဆိုတဲ့ သမိုင္းဝင္စကားကို တေက်ာ့ျပန္သံသရာအျဖစ္ ဖန္တီးသြားဦးမွာပါ။

၅။ ဆန္ခ်ိဳေၾကာင့္ အညံ့ေတြေပ်ာက္မယ္
ဒီစကားက မမွားယြင္းႏိုင္တဲ့ ေဟာကိန္းလို႔ ဆိုႏိုင္သလို ေစ့စပ္ေသခ်ာလြန္းတဲ့ ကမာၻ႔အဆင့္ ေတာင္ပံတိုက္စစ္မႉးကို ယူႏိုက္တက္တို႔ ပိုင္ဆိုင္ခြင့္ ရခဲ့တာပါ။ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္ကိုသာ ပုံၿပီးအားကိုးေနရတဲ့ ဂိုးဖန္တီးမႈအပိုင္းကို သူက ပိုၿပီး တင့္တင့္တယ္တယ္ျဖစ္လာေစေတာ့မွာမို႔ ကာဗာနီတို႔အုပ္စု ဂိုးျမဴးဖို႔သာ ေစာင့္စားရေတာ့မွာပါ။

ဘယ္ေတာင္ပံတိုက္စစ္မွာ ရက္ရွ္ဖို႔ဒ္က အပိုင္စားေနရာရဖို႔ ရွိသလို ညေတာင္ပံက ဆန္ခ်ိဳနဲ႔ အေထာင္တိုက္စစ္မႉး ကာဗာနီတို႔က ယူႏိုက္တက္တိုက္စစ္စီးဆင္းမႈကို အသြင္သစ္နဲ႔ လွပသြားေစဖို႔ ရွိေနသလို ဂရင္းဝုဒ္နဲ႔ မာစီယယ္လ္တို႔ ေစာင့္ဆိုင္းေနမယ့္ အရန္တိုက္စစ္ကလည္း သိပ္အားေကာင္းေနတာမို႔ ယူႏိုက္တက္တို႔ ၉ ႏွစ္ၾကာအညံ့ေတြ ေပ်ာက္ၿပီး တေက်ာ့ျပန္ EPL ခ်န္ပီယံျဖစ္ဖို႔ ေမွ်ာ္မွန္းႏိုင္ေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.