Premier League Transfer News

28 Jul ညနေခင်း နောက်ဆုံးရ လီဗာပူးလ် အပြောင်းအရွှေ့သတင်းများ စုစည်းမှု

လီဗာပူးလ်အသင်းအနေနဲ့ ကွင်းလယ်အတွက် အားဖြည့်ဖို့စီစဉ်နေတဲ့ ပစ်မှတ်ထဲက တစ်ယောက်ဖြစ်တဲ့ အသလက်တီကိုမက်ဒရစ်အသင်းရဲ့ စွယ်စုံရကွင်းလယ်ကစားသမား ဆာအူးလ် ညီးရက်ဇ်ကို ပေါင် ၄၁ သန်းနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေပြီး စပိန်ကလပ်အနေနဲ့လည်း လက်ခံနိုင်တဲ့ပမာဏဖြစ်လို့ အပြောင်းအရွှေ့ဖြစ်လာနိုင်ကြောင်း သတင်းတွေထွက်လာ။

ချဲလ်ဆီးအသင်းအနေနဲ့ အရောင်းစာရင်းတင်ထားတဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို လီဗာပူးလ်အသင်းအနေနဲ့လည်း ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာခဲ့ပြီး ငယ်သေးတဲ့အပြင် အင်္ဂလန်သားဖြစ်နေတဲ့ အချက်က ငယ်မွေးခြံပေါက်ကစားသမားစာရင်းထဲ ထည့်လို့ရနိုင်တာမို့လို့ ရောင်းထုတ်မယ့် ဒီဗော့ခ် အိုရီဂီနေရာအတွက် ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိလာကြောင်းသိရ။

လီဗာပူးလ်အသင်းအနေနဲ့ ဝုလ်ဗ်စ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အဒါမာ ထရာအိုရေးကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာခဲ့ပြီး ပေါင်သန်း ၃၀ နဲ့ စတင်ကမ်းလှမ်းဖို့ ရှိနေပေမယ့် အသင်းရဲ့ပိုလျှံကစားသမားတွေကို အရင်ရောင်းထုတ်ပြီးမှသာ ကမ်းလှမ်းသွားဖို့ စီစဉ်နေကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြနေကြ။

အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ပဲကျန်တော့တဲ့ တောင်ပံကစားသမား ချာဒန် ရှာကျီရီကို လီဗာပူးလ်အသင်းအနေနဲ့ ပေါင် ၈.၅ သန်းဝန်းကျင်နဲ့ ရောင်းထုတ်သွားဖို့အတွက် စီစဉ်လာခဲ့ပြီး ကစားသမားအသစ်တွေခေါ်ယူဖို့ ငွေကြေးအင်အားရှာဖွေသွားနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်လာ။

ခြေစွမ်းကျဆင်းလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ အသင်းက ရောင်းထုတ်ခံရဖို့ရှိလာခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်တိုက်စစ်ကစားသမား အစ္စကိုကို လီဗာပူးလ်အသင်း‌အနေနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး အလိမ်အခေါက်နဲ့ နည်းစနစ်ပိုင်းကောင်းမွန်တဲ့ ကစားသမားဖြစ်လို့ ကြိုးကြာနီတို့နဲ့ အံဝင်လာနိုင်ကြောင်းသိရ။

အင်တာမီလန်အသင်းရဲ့ ကွင်းလယ်ကစားသမား နီကိုလို ဘာရယ်လာအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ သတင်းတွေထွက်လာလို့ လီဗာပူးလ်အသင်းအနေနဲ့ အီတလီကွင်းလယ်လူကို အရခေါ်ယူချင်ရင် စာချုပ်သက်တမ်းမတိုးခင်မှာ အရခေါ်ယူသင့်ကြောင်း ပရိသတ်တွေက လူမှုကွန်ယက်တွေကတစ်ဆင့် တိုက်တွန်းနေကြ။

ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက လီဗာပူးလ်အသင်းအနေနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တဲ့ ပေါင် ၄၅ သန်းတန် ဝက်ဖို့ဒ်တောင်ပံကစားသမား အစ္စမိုင်လာ ဆားရ်အတွက် ဝတ်ဖို့ဒ်အသင်းနဲ့ တရားဝင်ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းတွေထွက်လာပြီး မကြာမီ ကာလအတွင်း အရခေါ်ယူသွားဖို့ မျှော်လင့်ထားကြောင်းသိရ။

လီဗာပူးလ် ကွင်းလယ်လူဟောင်း ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်ကတော့ သူ့အနေနဲ့ မာဆေးဆိုဒ်မှာရှိခဲ့စဉ်က အသင်းရှုံးပြီဆို လူမှုကွန်ယက်မှာ သူကပစ်မှတ်ဖြစ်ခဲ့ရလို့ အသင်းက ထွက်ခွာခဲ့ရတာပါဆိုတဲ့ စကားအပေါ် လီဗာပူးလ်နောက်ခံလူဟောင်း ဂျေမီ ကာရေဂါက ဒတ်ခ်ျကွင်းလယ်လူအနေနဲ့ ငွေကြေးကြောင့်သာ ပြောင်းသွားခဲ့တာလို့ ပြန်လည်ဝေဖန်သွားခဲ့။

အီတလီလက်ထောက်မန်နေဂျာ အဲလ်ဘာရီကို အီဗာနီက လီဗာပူးလ်အသင်းအနေနဲ့ ဂျူဗင်တပ်စ်တောင်ပံကစားသမား ဖက်ဒရီကို ခီယေးဆာကို ခေါ်ယူသင့်ကြောင်းတိုက်တွန်းခဲ့ပြီး မိုဟာမက် ဆာလားနဲ့ ဆာဒီယို မာနေးတို့ အာဖရိကဖလား သွားကစားခဲ့ရင် အသင်းမှာ အရည်အသွေးမြင့် တောင်ပံကစားသမားလိုအပ်ကြောင်း ထောက်ပြသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ကြင္းလယ္အတြက္ အားျဖည့္ဖို႔စီစဥ္ေနတဲ့ ပစ္မွတ္ထဲက တစ္ေယာက္ျဖစ္တဲ့ အသလက္တီကိုမက္ဒရစ္အသင္းရဲ႕ စြယ္စုံရကြင္းလယ္ကစားသမား ဆာအူးလ္ ညီးရက္ဇ္ကို ေပါင္ ၄၁ သန္းနဲ႔ ကမ္းလွမ္းဖို႔ စီစဥ္ေနၿပီး စပိန္ကလပ္အေနနဲ႔လည္း လက္ခံႏိုင္တဲ့ပမာဏျဖစ္လို႔ အေျပာင္းအေ႐ႊ႕ျဖစ္လာႏိုင္ေၾကာင္း သတင္းေတြထြက္လာ။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ အေရာင္းစာရင္းတင္ထားတဲ့ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို လီဗာပူးလ္အသင္းအေနနဲ႔လည္း ေခၚယူဖို႔အတြက္ စိတ္ဝင္စားလာခဲ့ၿပီး ငယ္ေသးတဲ့အျပင္ အဂၤလန္သားျဖစ္ေနတဲ့ အခ်က္က ငယ္ေမြးၿခံေပါက္ကစားသမားစာရင္းထဲ ထည့္လို႔ရႏိုင္တာမို႔လို႔ ေရာင္းထုတ္မယ့္ ဒီေဗာ့ခ္ အိုရီဂီေနရာအတြက္ ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔ ရွိလာေၾကာင္းသိရ။

လီဗာပူးလ္အသင္းအေနနဲ႔ ဝုလ္ဗ္စ္အသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား အဒါမာ ထရာအိုေရးကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားလာခဲ့ၿပီး ေပါင္သန္း ၃၀ နဲ႔ စတင္ကမ္းလွမ္းဖို႔ ရွိေနေပမယ့္ အသင္းရဲ႕ပိုလွ်ံကစားသမားေတြကို အရင္ေရာင္းထုတ္ၿပီးမွသာ ကမ္းလွမ္းသြားဖို႔ စီစဥ္ေနေၾကာင္း ေဒသတြင္းမီဒီယာမ်ားက ေဖာ္ျပေနၾက။

အသင္းနဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္ပဲက်န္ေတာ့တဲ့ ေတာင္ပံကစားသမား ခ်ာဒန္ ရွာက်ီရီကို လီဗာပူးလ္အသင္းအေနနဲ႔ ေပါင္ ၈.၅ သန္းဝန္းက်င္နဲ႔ ေရာင္းထုတ္သြားဖို႔အတြက္ စီစဥ္လာခဲ့ၿပီး ကစားသမားအသစ္ေတြေခၚယူဖို႔ ေငြေၾကးအင္အားရွာေဖြသြားႏိုင္ေၾကာင္း သတင္းေတြ ထြက္ေပၚလာ။

ေျခစြမ္းက်ဆင္းလာတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔အတူ အသင္းက ေရာင္းထုတ္ခံရဖို႔ရွိလာခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ ကြင္းလယ္တိုက္စစ္ကစားသမား အစၥကိုကို လီဗာပူးလ္အသင္း‌အေနနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားလာခဲ့ၿပီး အလိမ္အေခါက္နဲ႔ နည္းစနစ္ပိုင္းေကာင္းမြန္တဲ့ ကစားသမားျဖစ္လို႔ ႀကိဳးၾကာနီတို႔နဲ႔ အံဝင္လာႏိုင္ေၾကာင္းသိရ။

အင္တာမီလန္အသင္းရဲ႕ ကြင္းလယ္ကစားသမား နီကိုလို ဘာရယ္လာအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ သတင္းေတြထြက္လာလို႔ လီဗာပူးလ္အသင္းအေနနဲ႔ အီတလီကြင္းလယ္လူကို အရေခၚယူခ်င္ရင္ စာခ်ဳပ္သက္တမ္းမတိုးခင္မွာ အရေခၚယူသင့္ေၾကာင္း ပရိသတ္ေတြက လူမႈကြန္ယက္ေတြကတစ္ဆင့္ တိုက္တြန္းေနၾက။

ၿပီးခဲ့တဲ့ ၂ ႏွစ္ေလာက္ကတည္းက လီဗာပူးလ္အသင္းအေနနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနခဲ့တဲ့ ေပါင္ ၄၅ သန္းတန္ ဝက္ဖို႔ဒ္ေတာင္ပံကစားသမား အစၥမိုင္လာ ဆားရ္အတြက္ ဝတ္ဖို႔ဒ္အသင္းနဲ႔ တရားဝင္ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း သတင္းေတြထြက္လာၿပီး မၾကာမီ ကာလအတြင္း အရေခၚယူသြားဖို႔ ေမွ်ာ္လင့္ထားေၾကာင္းသိရ။

လီဗာပူးလ္ ကြင္းလယ္လူေဟာင္း ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ကေတာ့ သူ႔အေနနဲ႔ မာေဆးဆိုဒ္မွာရွိခဲ့စဥ္က အသင္းရႈံးၿပီဆို လူမႈကြန္ယက္မွာ သူကပစ္မွတ္ျဖစ္ခဲ့ရလို႔ အသင္းက ထြက္ခြာခဲ့ရတာပါဆိုတဲ့ စကားအေပၚ လီဗာပူးလ္ေနာက္ခံလူေဟာင္း ေဂ်မီ ကာေရဂါက ဒတ္ခ္်ကြင္းလယ္လူအေနနဲ႔ ေငြေၾကးေၾကာင့္သာ ေျပာင္းသြားခဲ့တာလို႔ ျပန္လည္ေဝဖန္သြားခဲ့။

အီတလီလက္ေထာက္မန္ေနဂ်ာ အဲလ္ဘာရီကို အီဗာနီက လီဗာပူးလ္အသင္းအေနနဲ႔ ဂ်ဴဗင္တပ္စ္ေတာင္ပံကစားသမား ဖက္ဒရီကို ခီေယးဆာကို ေခၚယူသင့္ေၾကာင္းတိုက္တြန္းခဲ့ၿပီး မိုဟာမက္ ဆာလားနဲ႔ ဆာဒီယို မာေနးတို႔ အာဖရိကဖလား သြားကစားခဲ့ရင္ အသင္းမွာ အရည္အေသြးျမင့္ ေတာင္ပံကစားသမားလိုအပ္ေၾကာင္း ေထာက္ျပသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.