Premier League

စပါဂတ်တီကြိုက်လွန်းလို့ ဂျာစီနဲ့ စပါဂတ်တီ လဲစားခဲ့တဲ့ စပါးစ်ကွင်းလယ်လူဟောင်း

တော့တင်ဟမ်ဟော့စပါးစ်ကွင်းလယ်လူဟောင်း ဗစ်တာ ဝမ်ယာမာကတော့ လက်ရှိမှာ အမေရိကန်မေဂျာလိဂ်ကလပ် မွန်ထရီရဲလ်အသင်းမှာ ကစားနေပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက မွန်ထရီရဲလ်အသင်းရဲ့ ပွဲစဉ်တစ်ခုမှာ ပါဝင်ခဲ့သလို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာတော့ သူက ဘယ်သူမှ ထင်မထားခဲ့တဲ့ ကိစ္စတစ်ခုကို လုပ်ခဲ့ပါတယ်။

ကင်ညာကွင်းလယ်ခံစစ်ကစားသမားကတော့ ရှုံးပွဲအပြီးမှာ စိတ်ညစ်နေမှာ မှန်ခဲ့ပေမယ့် သူ့ရဲ့စိတ်က အဝတ်လဲခန်းကို သွားဖို့လုပ်နေတုန်းမှာ စာတန်းကိုင်ထားတဲ့ ပရိသတ်ကြောင့် ညစ်နေတဲ့စိတ်က ရုတ်တရက်ပြောင်းသွားခဲ့ပြီး အဲ့ဒီပရိသတ်ကို သူ့ရဲ့ဂျာစီချွတ်ပြီး ပေးခဲ့ပါတယ်။ ဒါဆို အဲ့ဒီပရိသတ်က ဘာရေးထားလို့ သူက ပေးလိုက်တာလဲ။

အဲ့ဒီပရိသတ်ကိုင်ထားတဲ့ စာတန်းလေးကတော့ “ဂျာစီနဲ့ စပါဂတ်တီနဲ့ လဲမလား”ဆိုတဲ့ စာတန်းလေးပါ။ ဝမ်ယာမာကတော့ အဲ့ဒီစာတန်းကို တွေ့တွေ့ချင်းမှာပဲ ဂျာစီကိုလဲဖို့ စီစဉ်ခဲ့ပြီး သူ့ဂျာစီကို ချွတ်ပေးခဲ့တာပါ။ အဲ့ဒီပရိသတ်ကလည်း စပါဂတ်တီထုပ်လေးကို ကင်ညာသားကြီးကို ပေးခဲ့ပါတယ်။

အဲ့ဒီပရိသတ်ကတော့ ဝမ်ယာမာရဲ့ဂျာစီအတွက် အတော်ကျေနပ်နေပုံပေါ်နေခဲ့ပြီး ကင်ညာသားကြီးအနေနဲ့တော့ စပါဂတ်တီထုပ်ရသွားလို့ သူ့ဂျာစီပေးခဲ့တဲ့ ပရိသတ်ထက်တောင် သူက ပျော်နေပုံပေါ်ခဲ့ပါသေးတယ်။ ဒါဆို ဝမ်ယာမာက ဘာလို့ ဂျာစီနဲ့ စပါဂတ်တီလဲဖို့ ဆုံးဖြတ်ခဲ့တာလဲဆိုတာ အများစု သိချင်နေကြမှာပါ။

ပြီးခဲ့တဲ့ ၉ နှစ်တုန်းက တွစ်တာက ပို့စ်လေးတစ်ခုက ဒီဖြစ်ရပ်ကို ရှင်းပြပါလိမ့်မယ်။ ၂၀၁၂ ခုနှစ်၊ မေလ ၇ ရက်နေ့တုန်းက ဝမ်ယာမာက “ကျွန်တော် စပါဂတ်တီစားခဲ့ပြီးတော့ အဲ့ဒါက အရမ်းစားလို့ကောင်းတယ်။ ကျွန်တော်တော့ သဘောကျတယ်”လို့ တင်ခဲ့တာပါ။ အဲ့ဒီပို့စ်ကလည်း ဘောလုံးပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့ပါသေးတယ်။

စပါးစ်အသင်းကလည်း ၂၀၁၆ တုန်းက ဝမ်ယာမာကို ခေါ်ယူခဲ့အပြီးမှာတော့ ၂၀၁၂ တုန်းက ကင်ညာသားကြီး တင်ခဲ့တဲ့ပို့စ်ကို ရည်ညွှန်းပြီးတော့ “ကျွန်တော်တို့ ဗစ်တာ ဝမ်ယာမာကို လက်မှတ်ထိုးစာချုပ်နိုင်ခဲ့ပြီး သူက အရမ်းကောင်းတယ်။ ကျွန်တော်တို့လည်း သဘောကျတယ်”လို့ အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေ တင်ခဲ့တာပါ။

ဒါ့ကြောင့် အဲ့ဒီပရိသတ်ကလည်း ဝမ်ယာမာရဲ့ဂျာစီနဲ့ စပါဂတ်တီကို လဲဖို့အတွက် ကံစမ်းကြည့်ပြီး အလုပ်ဖြစ်ခဲ့တာပါ။ ကင်ညာသားကြီးအနေနဲ့ တွစ်တာမှာတင်ခဲ့တာ ၉ နှစ်ကျော်ပြီဆိုပေမယ့် စပါဂတ်တီကို ကြိုက်နေတုန်းပဲဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေတာ့တင္ဟမ္ေဟာ့စပါးစ္ကြင္းလယ္လူေဟာင္း ဗစ္တာ ဝမ္ယာမာကေတာ့ လက္ရွိမွာ အေမရိကန္ေမဂ်ာလိဂ္ကလပ္ မြန္ထရီရဲလ္အသင္းမွာ ကစားေနၿပီး ၿပီးခဲ့တဲ့ ရက္သတၱပတ္တုန္းက မြန္ထရီရဲလ္အသင္းရဲ႕ ပြဲစဥ္တစ္ခုမွာ ပါဝင္ခဲ့သလို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲအၿပီးမွာေတာ့ သူက ဘယ္သူမွ ထင္မထားခဲ့တဲ့ ကိစၥတစ္ခုကို လုပ္ခဲ့ပါတယ္။

ကင္ညာကြင္းလယ္ခံစစ္ကစားသမားကေတာ့ ရႈံးပြဲအၿပီးမွာ စိတ္ညစ္ေနမွာ မွန္ခဲ့ေပမယ့္ သူ႔ရဲ႕စိတ္က အဝတ္လဲခန္းကို သြားဖို႔လုပ္ေနတုန္းမွာ စာတန္းကိုင္ထားတဲ့ ပရိသတ္ေၾကာင့္ ညစ္ေနတဲ့စိတ္က ႐ုတ္တရက္ေျပာင္းသြားခဲ့ၿပီး အဲ့ဒီပရိသတ္ကို သူ႔ရဲ႕ဂ်ာစီခြၽတ္ၿပီး ေပးခဲ့ပါတယ္။ ဒါဆို အဲ့ဒီပရိသတ္က ဘာေရးထားလို႔ သူက ေပးလိုက္တာလဲ။

အဲ့ဒီပရိသတ္ကိုင္ထားတဲ့ စာတန္းေလးကေတာ့ “ဂ်ာစီနဲ႔ စပါဂတ္တီနဲ႔ လဲမလား”ဆိုတဲ့ စာတန္းေလးပါ။ ဝမ္ယာမာကေတာ့ အဲ့ဒီစာတန္းကို ေတြ႕ေတြ႕ခ်င္းမွာပဲ ဂ်ာစီကိုလဲဖို႔ စီစဥ္ခဲ့ၿပီး သူ႔ဂ်ာစီကို ခြၽတ္ေပးခဲ့တာပါ။ အဲ့ဒီပရိသတ္ကလည္း စပါဂတ္တီထုပ္ေလးကို ကင္ညာသားႀကီးကို ေပးခဲ့ပါတယ္။

အဲ့ဒီပရိသတ္ကေတာ့ ဝမ္ယာမာရဲ႕ဂ်ာစီအတြက္ အေတာ္ေက်နပ္ေနပုံေပၚေနခဲ့ၿပီး ကင္ညာသားႀကီးအေနနဲ႔ေတာ့ စပါဂတ္တီထုပ္ရသြားလို႔ သူ႔ဂ်ာစီေပးခဲ့တဲ့ ပရိသတ္ထက္ေတာင္ သူက ေပ်ာ္ေနပုံေပၚခဲ့ပါေသးတယ္။ ဒါဆို ဝမ္ယာမာက ဘာလို႔ ဂ်ာစီနဲ႔ စပါဂတ္တီလဲဖို႔ ဆုံးျဖတ္ခဲ့တာလဲဆိုတာ အမ်ားစု သိခ်င္ေနၾကမွာပါ။

ၿပီးခဲ့တဲ့ ၉ ႏွစ္တုန္းက တြစ္တာက ပို႔စ္ေလးတစ္ခုက ဒီျဖစ္ရပ္ကို ရွင္းျပပါလိမ့္မယ္။ ၂၀၁၂ ခုႏွစ္၊ ေမလ ၇ ရက္ေန႔တုန္းက ဝမ္ယာမာက “ကြၽန္ေတာ္ စပါဂတ္တီစားခဲ့ၿပီးေတာ့ အဲ့ဒါက အရမ္းစားလို႔ေကာင္းတယ္။ ကြၽန္ေတာ္ေတာ့ သေဘာက်တယ္”လို႔ တင္ခဲ့တာပါ။ အဲ့ဒီပို႔စ္ကလည္း ေဘာလုံးပရိသတ္ေတြၾကားမွာ နာမည္ႀကီးခဲ့ပါေသးတယ္။

စပါးစ္အသင္းကလည္း ၂၀၁၆ တုန္းက ဝမ္ယာမာကို ေခၚယူခဲ့အၿပီးမွာေတာ့ ၂၀၁၂ တုန္းက ကင္ညာသားႀကီး တင္ခဲ့တဲ့ပို႔စ္ကို ရည္ၫႊန္းၿပီးေတာ့ “ကြၽန္ေတာ္တို႔ ဗစ္တာ ဝမ္ယာမာကို လက္မွတ္ထိုးစာခ်ဳပ္ႏိုင္ခဲ့ၿပီး သူက အရမ္းေကာင္းတယ္။ ကြၽန္ေတာ္တို႔လည္း သေဘာက်တယ္”လို႔ အသင္းရဲ႕ တရားဝင္ ဝက္ဘ္ဆိုက္ကေန တင္ခဲ့တာပါ။

ဒါ့ေၾကာင့္ အဲ့ဒီပရိသတ္ကလည္း ဝမ္ယာမာရဲ႕ဂ်ာစီနဲ႔ စပါဂတ္တီကို လဲဖို႔အတြက္ ကံစမ္းၾကည့္ၿပီး အလုပ္ျဖစ္ခဲ့တာပါ။ ကင္ညာသားႀကီးအေနနဲ႔ တြစ္တာမွာတင္ခဲ့တာ ၉ ႏွစ္ေက်ာ္ၿပီဆိုေပမယ့္ စပါဂတ္တီကို ႀကိဳက္ေနတုန္းပဲျဖစ္ေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.