Article La Liga Other Premier League Serie A

တန်ဖိုးမရှိသလို ဆက်ဆံခံရပြီး အမှိုက်လို စွန့်ပစ်ခံခဲ့ရတဲ့ နာမည်ကြီးကစားသမား ၈ ဦး

ပီအက်စ်ဂျီအသင်းဟာ အေစီမီလန်အသင်းကနေ အသက် ၂၂ နှစ်အရွယ် အီတလီလူငယ်ဂိုးသမားလေး ဒွန်နာရမ်မာကို ခေါ်ယူခဲ့တဲ့နောက်မှာ သူတို့အသင်းအတွက် အကောင်းဆုံးလက်စွမ်းနဲ့ အသုံးတော်ခံနေတဲ့ အသက် ၃၄ နှစ်အရွယ် ဂိုးသမားကြီး ကီလော် နာဗက်စ်အပေါ် ရက်စက်ရာကျခဲ့တယ်လို့ ဝေဖန်မှုတွေ ထွက်လာတဲ့နောက်မှာ သူ့လိုမျိုး တန်ဖိုးမရှိသလို ဆက်ဆံခံရတဲ့အပြင် အမှိုက်တခုလိုပါ စွန့်ပစ်ခံခဲ့ရတဲ့ နာမည်ကြီးကစားသမား ၈ ဦးကို ဖော်ပြပေးမှာပါ။

ရော်ဘီ ဖောင်လာ
မာဆေးဆိုက်ဒ်အသင်းရဲ့ ဘုရားသခင်လို့တောင် တင်စားခြင်းခံရတဲ့ လီဗာပူးလ်တိုက်စစ်မှူးက ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့ပေမယ့် နည်းပြကြီး ဂျရယ် အူလီယေးနဲ့တော့ အတော်လေးအဆင်မပြေဖြစ်ခဲ့ပြီး ကွဲပြဲခဲ့သလို နည်းဗျူဟာပိုင်းအရ မိုက်ကယ် အိုဝင်နဲ့ အီမီးလ် ဟက်စကီးတို့ရဲ့နောက်မှာ နေရာပျောက်ခဲ့လို့ အသင်းကနေ ထွက်ခွာခဲ့ရလို့ သူဆက်ဆံခံခဲ့ရပုံက မမျှတဘူးလို့ အချိန်တခုအကြာမှာ ပြန်လည်ရှင်းချက်ထုတ်သွားခဲ့ဖူးပါတယ်။

မော်ရို အီကာဒီ
အင်တာမီလန်အသင်းမှာ ၂၁၉ ပွဲကစားပြီး ၁၂၄ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူးက အသင်းရဲ့ ဂန္ထဝင်အဖြစ် ရပ်တည်ပြခဲ့တယ်လို့ ဆိုနိုင်သလို ၂၀၁၉ ခုနှစ်မှာတော့ သူ့ဇနီး ဝန်ဒါ နာရာက အင်တာမီလန်အသင်းဖော်တွေရဲ့ ​ခြေစွမ်းညံ့ဖျင်းမှုကို လူသိရှင်ကြား ဝေဖန်ခဲ့လို့ အသင်းခေါင်းဆောင်ရာထူးက ပြုတ်ခဲ့သလို ပီအက်စ်ဂျီအသင်းဆီ ရောင်းထုတ်ခံခဲ့ရတာပါ။ လက်ရှိမှာတော့ သူက နေမာ၊ အမ်ဘာပေတို့ရဲ့ အရန်အဖြစ် ကစားနေရပါတယ်။

အန်ဟဲလ် ဒီမာရီယာ
၂၀၁၅ ခုနှစ်က မန်ယူနိုက်တက်အသင်းဆီ ကန်စွန်းရွက်ရောင်းသလို ကန်ထုတ်ခြင်းခံခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်တောင်ပံတိုက်စစ်မှူးဟောင်းရဲ့ဖြစ်ရပ်ဟာ အဲဒီအချိန်က တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အတော်လေး ရှော့ခ်ရစေခဲ့ပြီး ဂိုးဖန်တီးနိုင်စွမ်းမြင့်တဲ့ အာဂျင်တီးနားသားကို ဟားမက်စ် ရိုဒရီးရက်ဇ်နဲ့ အစားထိုးသွားခဲ့တာပါ။ ဒီမာရီယာကတော့ အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကချန်ပီယံဖြစ်ခဲ့ပြီး ထိပ်တန်းခြေစွမ်းမှာ ရှိနေဆဲပါ။

ဂရာနစ် ချာကာ
ဆွစ်ဇာလန်နဲ့အတူ ယူရိုမှာ ခြေစွမ်းတောက်ပခဲ့တဲ့ အသင်းခေါင်းဆောင် ချာကာဟာ စွယ်စုံရကွင်းလယ်လူတဦးဖြစ်သလို အာဆင်နယ်မှာတော့ ရှုံးပွဲကြုံတွေ့တိုင်း အမြဲလက်ညှိုးထိုးခံခဲ့ရတဲ့ ကစားသမားမျိုးလည်း ဖြစ်နေခြင်းမှာ အမ်းမရိတ်စ်မြေမှာ သူ့တန်ဖိုးကို သိမြင်နိုင်သူ နည်းပါးခဲ့တာပါ။ လက်ရှိမှာတော့ ရိုးမားနဲ့ ပူးပေါင်းသွားဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

အိုလီဗီးယေး ဂျီရူး
အာဆင်နယ်အသင်းအတွက် ၂၅၃ ပွဲမှာ ၁၀၅ ဂိုးသွင်းပေးခဲ့တဲ့ ပြင်သစ်သားက FA ဖလား ၃ ထပ်ကွမ်းချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူက မြို့ခံလန်ဒန်ပြိုင်ဘက်အသင်းဆီ ထုတ်ရောင်းခြင်းခံခဲ့ရတယ်။ သူက ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပေမယ့် ပြင်သစ်အသင်းကတော့ ပြီးခဲ့တဲ့ ယူရိုဖလားမှာ ဘန်ဇီမာကို ပုံအပ်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရခြင်းက နည်းပြ ဒေးရွှမ့်စ်တစ်ယောက် အတွက်မှားခဲ့တယ်လို့ သုံးသပ်ခံထားရပါတယ်။

ရိုမီလူ လူကာကူး
မန်ချက်စတာ ယူနိုက်တက်အသင်းဟာလည်း လူကာကူလို တိုက်စစ်မှူးမျိုးကို တန်ဖိုးမရှိသလို ပစ်ပစ်ခါခါဆက်ဆံခဲ့သလို အိုးထရက်ဖို့ဒ်ဟာ သူ့အတွက် နာကျည်းစရာဖြစ်ခဲ့တာပါ။ လက်ရှိမှာတော့ အင်တာမီလန်နဲ့ စီးရီးအေချန်ပီယံအဖြစ် ပူပူနွေးနွေး ရပ်တည်ထားနိုင်သလို ၉၆ ပွဲမှာ ၄၅ ဂိုးသွင်းပေးခဲ့တဲ့ ခြေစွမ်းနဲ့ ပရီးမီးယားလိဂ်ရဲ့ ဂိုးရာပြည့်တိုက်စစ်မှူးမျိုးကို ဘောလုံးမထိန်းတတ်လို့ ရောင်းထုတ်ခဲ့တယ်ဆိုတဲ့ ယူနိုက်တက်တို့ ရွေးချယ်မှု မှားယွင်းကြောင်း သက်သေပြထားခဲ့တာပါ။

လူးဝစ် ဆွာရက်ဇ်
ဘာစီလိုနာမှာ မက်ဆီပြီးရင် ဂိုးအများဆုံး သွင်းထားခဲ့သူက ဆွာရက်ဇ်ပါ။ ဒီလို အဖိုးတန်တိုက်စစ်မှူးမျိုးကို အမှိုက်တခုလို စွန့်ပစ်ခဲ့တဲ့ နူးကမ့်တာဝန်ရှိသူတွေရဲ့ အကဲဖြတ်နိုင်စွမ်းက အတော်လေး အဆင့်အတန်းနိမ့်ခဲ့သလို မက်ဆီကိုယ်တိုင်တောင်မှ အံ့အားသင့်ခဲ့ရပါသေးတယ်။ အက်သလက်တီကို မက်ဒရစ်ကို ရောက်ရောက်ချင်းရာသီမှာပဲ လာလီဂါချန်ပီယံဖြစ်စေခဲ့လို့ ဘာစီလိုနာကတော့ လွတ်တဲ့ငါး ပိုကြီးသွားခဲ့တာပါ။

ဂါရက်သ် ဘေးလ်
ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၂၅၁ ပွဲကစားပြီး ၁၀၅ ဂိုးသွင်းယူထားသလို ချန်ပီယံလိဂ်ဖလား ၄ လုံးနဲ့ လာလီဂါချန်ပီယံ ၂ ကြိမ်ဖြစ်ထားတဲ့ ဘေးလ်က ၂၀၁၈ ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်ညမှာ လီဗာပူးလ်သွင်းယူခဲ့တဲ့ဂိုးက အတော်လေး ပြီးပြည့်စုံတဲ့ ခြေစွမ်းမျိုးဖြစ်သလို ဘာနေဗျူးမှာ တာထွက်ခဲ့တဲ့ ရာသီမှာပဲ ဘာစီလိုနာကို လှလှပပ ဂိုးသွင်းယူပြီး အသင်းကို ကိုပါဒယ်လ်ရေးချန်ပီယံဖြစ်စေခဲ့သူပါ။ ဒါပေမယ့် ဘာနေဗျုးမှာ သူ့ကို ဝေဖန်မှုတွေက အတော်လေးပြင်းထန်ခဲ့တာက မမျှတဘူးလို့ ဆိုရပါမယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီအသင္းဟာ ေအစီမီလန္အသင္းကေန အသက္ ၂၂ ႏွစ္အ႐ြယ္ အီတလီလူငယ္ဂိုးသမားေလး ဒြန္နာရမ္မာကို ေခၚယူခဲ့တဲ့ေနာက္မွာ သူတို႔အသင္းအတြက္ အေကာင္းဆုံးလက္စြမ္းနဲ႔ အသုံးေတာ္ခံေနတဲ့ အသက္ ၃၄ ႏွစ္အ႐ြယ္ ဂိုးသမားႀကီး ကီေလာ္ နာဗက္စ္အေပၚ ရက္စက္ရာက်ခဲ့တယ္လို႔ ေဝဖန္မႈေတြ ထြက္လာတဲ့ေနာက္မွာ သူ႔လိုမ်ိဳး တန္ဖိုးမရွိသလို ဆက္ဆံခံရတဲ့အျပင္ အမႈိက္တခုလိုပါ စြန္႔ပစ္ခံခဲ့ရတဲ့ နာမည္ႀကီးကစားသမား ၈ ဦးကို ေဖာ္ျပေပးမွာပါ။

ေရာ္ဘီ ေဖာင္လာ
မာေဆးဆိုက္ဒ္အသင္းရဲ႕ ဘုရားသခင္လို႔ေတာင္ တင္စားျခင္းခံရတဲ့ လီဗာပူးလ္တိုက္စစ္မႉးက ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္ခဲ့ေပမယ့္ နည္းျပႀကီး ဂ်ရယ္ အူလီေယးနဲ႔ေတာ့ အေတာ္ေလးအဆင္မေျပျဖစ္ခဲ့ၿပီး ကြဲၿပဲခဲ့သလို နည္းဗ်ဴဟာပိုင္းအရ မိုက္ကယ္ အိုဝင္နဲ႔ အီမီးလ္ ဟက္စကီးတို႔ရဲ႕ေနာက္မွာ ေနရာေပ်ာက္ခဲ့လို႔ အသင္းကေန ထြက္ခြာခဲ့ရလို႔ သူဆက္ဆံခံခဲ့ရပုံက မမွ်တဘူးလို႔ အခ်ိန္တခုအၾကာမွာ ျပန္လည္ရွင္းခ်က္ထုတ္သြားခဲ့ဖူးပါတယ္။

ေမာ္႐ို အီကာဒီ
အင္တာမီလန္အသင္းမွာ ၂၁၉ ပြဲကစားၿပီး ၁၂၄ ဂိုးသြင္းခဲ့တဲ့ တိုက္စစ္မႉးက အသင္းရဲ႕ ဂႏၴဝင္အျဖစ္ ရပ္တည္ျပခဲ့တယ္လို႔ ဆိုႏိုင္သလို ၂၀၁၉ ခုႏွစ္မွာေတာ့ သူ႔ဇနီး ဝန္ဒါ နာရာက အင္တာမီလန္အသင္းေဖာ္ေတြရဲ႕ ​ေျခစြမ္းညံ့ဖ်င္းမႈကို လူသိရွင္ၾကား ေဝဖန္ခဲ့လို႔ အသင္းေခါင္းေဆာင္ရာထူးက ျပဳတ္ခဲ့သလို ပီအက္စ္ဂ်ီအသင္းဆီ ေရာင္းထုတ္ခံခဲ့ရတာပါ။ လက္ရွိမွာေတာ့ သူက ေနမာ၊ အမ္ဘာေပတို႔ရဲ႕ အရန္အျဖစ္ ကစားေနရပါတယ္။

အန္ဟဲလ္ ဒီမာရီယာ
၂၀၁၅ ခုႏွစ္က မန္ယူႏိုက္တက္အသင္းဆီ ကန္စြန္း႐ြက္ေရာင္းသလို ကန္ထုတ္ျခင္းခံခဲ့ရတဲ့ ရီးရဲလ္မက္ဒရစ္ေတာင္ပံတိုက္စစ္မႉးေဟာင္းရဲ႕ျဖစ္ရပ္ဟာ အဲဒီအခ်ိန္က တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို အေတာ္ေလး ေရွာ့ခ္ရေစခဲ့ၿပီး ဂိုးဖန္တီးႏိုင္စြမ္းျမင့္တဲ့ အာဂ်င္တီးနားသားကို ဟားမက္စ္ ႐ိုဒရီးရက္ဇ္နဲ႔ အစားထိုးသြားခဲ့တာပါ။ ဒီမာရီယာကေတာ့ အာဂ်င္တီးနားနဲ႔အတူ ကိုပါအေမရိကခ်န္ပီယံျဖစ္ခဲ့ၿပီး ထိပ္တန္းေျခစြမ္းမွာ ရွိေနဆဲပါ။

ဂရာနစ္ ခ်ာကာ
ဆြစ္ဇာလန္နဲ႔အတူ ယူ႐ိုမွာ ေျခစြမ္းေတာက္ပခဲ့တဲ့ အသင္းေခါင္းေဆာင္ ခ်ာကာဟာ စြယ္စုံရကြင္းလယ္လူတဦးျဖစ္သလို အာဆင္နယ္မွာေတာ့ ရႈံးပြဲႀကဳံေတြ႕တိုင္း အၿမဲလက္ညႇိဳးထိုးခံခဲ့ရတဲ့ ကစားသမားမ်ိဳးလည္း ျဖစ္ေနျခင္းမွာ အမ္းမရိတ္စ္ေျမမွာ သူ႔တန္ဖိုးကို သိျမင္ႏိုင္သူ နည္းပါးခဲ့တာပါ။ လက္ရွိမွာေတာ့ ႐ိုးမားနဲ႔ ပူးေပါင္းသြားဖို႔ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။

အိုလီဗီးေယး ဂ်ီ႐ူး
အာဆင္နယ္အသင္းအတြက္ ၂၅၃ ပြဲမွာ ၁၀၅ ဂိုးသြင္းေပးခဲ့တဲ့ ျပင္သစ္သားက FA ဖလား ၃ ထပ္ကြမ္းခ်န္ပီယံလည္း ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ သူက ၿမိဳ႕ခံလန္ဒန္ၿပိဳင္ဘက္အသင္းဆီ ထုတ္ေရာင္းျခင္းခံခဲ့ရတယ္။ သူက ၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့ေပမယ့္ ျပင္သစ္အသင္းကေတာ့ ၿပီးခဲ့တဲ့ ယူ႐ိုဖလားမွာ ဘန္ဇီမာကို ပုံအပ္ခဲ့ၿပီး ၿပိဳင္ပြဲက ထြက္ခြာခဲ့ရျခင္းက နည္းျပ ေဒး႐ႊမ့္စ္တစ္ေယာက္ အတြက္မွားခဲ့တယ္လို႔ သုံးသပ္ခံထားရပါတယ္။

႐ိုမီလူ လူကာကူး
မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာလည္း လူကာကူလို တိုက္စစ္မႉးမ်ိဳးကို တန္ဖိုးမရွိသလို ပစ္ပစ္ခါခါဆက္ဆံခဲ့သလို အိုးထရက္ဖို႔ဒ္ဟာ သူ႔အတြက္ နာက်ည္းစရာျဖစ္ခဲ့တာပါ။ လက္ရွိမွာေတာ့ အင္တာမီလန္နဲ႔ စီးရီးေအခ်န္ပီယံအျဖစ္ ပူပူေႏြးေႏြး ရပ္တည္ထားႏိုင္သလို ၉၆ ပြဲမွာ ၄၅ ဂိုးသြင္းေပးခဲ့တဲ့ ေျခစြမ္းနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ဂိုးရာျပည့္တိုက္စစ္မႉးမ်ိဳးကို ေဘာလုံးမထိန္းတတ္လို႔ ေရာင္းထုတ္ခဲ့တယ္ဆိုတဲ့ ယူႏိုက္တက္တို႔ ေ႐ြးခ်ယ္မႈ မွားယြင္းေၾကာင္း သက္ေသျပထားခဲ့တာပါ။

လူးဝစ္ ဆြာရက္ဇ္
ဘာစီလိုနာမွာ မက္ဆီၿပီးရင္ ဂိုးအမ်ားဆုံး သြင္းထားခဲ့သူက ဆြာရက္ဇ္ပါ။ ဒီလို အဖိုးတန္တိုက္စစ္မႉးမ်ိဳးကို အမႈိက္တခုလို စြန္႔ပစ္ခဲ့တဲ့ ႏူးကမ့္တာဝန္ရွိသူေတြရဲ႕ အကဲျဖတ္ႏိုင္စြမ္းက အေတာ္ေလး အဆင့္အတန္းနိမ့္ခဲ့သလို မက္ဆီကိုယ္တိုင္ေတာင္မွ အံ့အားသင့္ခဲ့ရပါေသးတယ္။ အက္သလက္တီကို မက္ဒရစ္ကို ေရာက္ေရာက္ခ်င္းရာသီမွာပဲ လာလီဂါခ်န္ပီယံျဖစ္ေစခဲ့လို႔ ဘာစီလိုနာကေတာ့ လြတ္တဲ့ငါး ပိုႀကီးသြားခဲ့တာပါ။

ဂါရက္သ္ ေဘးလ္
ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ၂၅၁ ပြဲကစားၿပီး ၁၀၅ ဂိုးသြင္းယူထားသလို ခ်န္ပီယံလိဂ္ဖလား ၄ လုံးနဲ႔ လာလီဂါခ်န္ပီယံ ၂ ႀကိမ္ျဖစ္ထားတဲ့ ေဘးလ္က ၂၀၁၈ ခုႏွစ္ ခ်န္ပီယံလိဂ္ဖိုင္နယ္ညမွာ လီဗာပူးလ္သြင္းယူခဲ့တဲ့ဂိုးက အေတာ္ေလး ၿပီးျပည့္စုံတဲ့ ေျခစြမ္းမ်ိဳးျဖစ္သလို ဘာေနဗ်ဴးမွာ တာထြက္ခဲ့တဲ့ ရာသီမွာပဲ ဘာစီလိုနာကို လွလွပပ ဂိုးသြင္းယူၿပီး အသင္းကို ကိုပါဒယ္လ္ေရးခ်န္ပီယံျဖစ္ေစခဲ့သူပါ။ ဒါေပမယ့္ ဘာေနဗ်ဳးမွာ သူ႔ကို ေဝဖန္မႈေတြက အေတာ္ေလးျပင္းထန္ခဲ့တာက မမွ်တဘူးလို႔ ဆိုရပါမယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.