Other Leagues Premier League

တစ်ချိန်က ထိပ်တိုက်တွေ့ခဲ့တဲ့ ရွန်နီနဲ့ ဝီလ်ရှီးယားတို့ ဒါဘီမှာ လက်တွဲနိုင်ကြတော့မလား

ဒါဘီကောင်တီအသင်းရဲ့ နည်းပြ ဝိန်းရွန်နီကတော့ အသင်းလက်မဲ့ဖြစ်နေခဲ့ပြီး အသင်းသစ် ရှာဖွေနေခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူဟောင်း ဂျက်ခ် ဝီလ်ရှီးယားကို ဒါဘီကောင်တီအသင်းနဲ့ အတူတကွ လေ့ကျင့်ရေးလုပ်ဖို့ ဖိတ်ခေါ်ခဲ့ပြီး ဝီလ်ရှီးယားက လက်ခံခဲ့တာပါ။

ပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာ ဘုန်းမောက်အသင်းကနေ ထွက်ခွာလာခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တာဖြစ်နေခဲ့တဲ့ ဂန်းနားဟောင်းဟာ ဘုန်းမောက်ကို ၂၀၂၁ ဇန်နဝါရီလမှာ ဒုတိယအကြိမ်ပြန်လာခဲ့တဲ့နောက်ပိုင်း ၁၄ ပွဲသာကစားခွင့်ရခဲ့သလို ၁ ဂိုးသွင်းယူ၊ ၁ ဂိုးဖန်တီးပေးခဲ့ပါတယ်။

၂၉ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟောင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဝက်စ်ဟမ်းအသင်းမှာ နောက်ဆုံးကစားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီ တစ်ဝက်မကျိုးခင်မှာ ဟမ်းမားတို့က သူ့ကို စာချုပ်ဖျက်သိမ်း‌ဖို့ ပေါင် ၃.၃ သန်းလျော်ကြေးပေးခဲ့သလို သူကလည်း ၂ နှစ်အတွင်းမှာ ၁၉ ပွဲသာ ကစားပေးနိုင်ခဲ့တာပါ။

ဝီလ်ရှီးယာဟာ တစ်ချိန်တုန်းက ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးဘောလုံးသမားဖြစ်လာဖို့ ထင်ကြေးပေးခံခဲ့ရသူဖြစ်ခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကို ဆက်တိုက်ကြုံတွေ့ခဲ့ရတာက သူ့ကစားသမားဘဝကိုပါ ရပ်တန့်သွားစေခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၃၄ ပွဲသာ ကစားပေးခဲ့ရသလို အာဆင်နယ်ကနေ စာချုပ်သစ် မချုပ်တော့ဘဲ ထွက်ခွာခဲ့ရတာပါ။

သူနဲ့ ရွန်နီတို့ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့တုန်းက သိခဲ့ကြတာဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားနဲ့ ယူရို ၂၀၁၆ တုန်းက သူတို့နှစ်ဦးအနေနဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ ကလပ်အသင်းမှာတော့ သူတို့နှစ်ဦးက ပြိုင်ဘက်တွေဖြစ်ခဲ့ကြတာပါ။

နိုင်ငံအသင်းမှာ အသင်းဖော်တွေဖြစ်ခဲ့စဉ်က အသက် ၇ နှစ်လောက် ကွာပေမယ့်လည်း သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး လက်ရှိအချိန်မှာ တစ်ယောက်က အသင်းလက်မဲ့ဖြစ်နေချိန်မှာ ဒါဘီအသင်းကို ကိုင်တွယ်နေခဲ့တဲ့ လက်ရှိနည်းပြ ရွန်နီက အသင်းနဲ့ လာရောက်ပူးပေါင်းပြီး ကြံ့ခိုင်မှုတည်ဆောက်ဖို့ ဒီလဆန်းမှာ ဖိတ်ခေါ်ခဲ့တာပါ။

ရွန်နီအနေနဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း ဝီလ်ရှီးယားကို အသင်းနဲ့ လေ့ကျင့်ခန်း အတူတူဆင်းခိုင်းတာက အသင်းသစ်ရှာတဲ့အခါ ကြံ့ခိုင်မှုပြည့်နေစေချင်လို့လား ဒါမှမဟုတ် သူ့အသင်းနဲ့ စာချုပ်ကမ်းလှမ်းဖို့ စီစဉ်နေတာလားဆိုတာကတော့ မသိရသေးဘဲ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေရဲ့အ ချစ်တော် တိုက်စစ်မှူးဟောင်းကြီးနဲ့ အာဆင်နယ်အသင်းရဲ့ တစ်ချိန်က ကြယ်ပွင့်တို့ ဒါဘီမှာ ပူးပေါင်းမလားဆိုတာကတော့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒါဘီေကာင္တီအသင္းရဲ႕ နည္းျပ ဝိန္း႐ြန္နီကေတာ့ အသင္းလက္မဲ့ျဖစ္ေနခဲ့ၿပီး အသင္းသစ္ ရွာေဖြေနခဲ့တဲ့ အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူေဟာင္း ဂ်က္ခ္ ဝီလ္ရွီးယားကို ဒါဘီေကာင္တီအသင္းနဲ႔ အတူတကြ ေလ့က်င့္ေရးလုပ္ဖို႔ ဖိတ္ေခၚခဲ့ၿပီး ဝီလ္ရွီးယားက လက္ခံခဲ့တာပါ။

ၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္မွာ ဘုန္းေမာက္အသင္းကေန ထြက္ခြာလာခဲ့ၿပီးကတည္းက အသင္းလက္မဲ့ျဖစ္ေနခဲ့တာျဖစ္ေနခဲ့တဲ့ ဂန္းနားေဟာင္းဟာ ဘုန္းေမာက္ကို ၂၀၂၁ ဇန္နဝါရီလမွာ ဒုတိယအႀကိမ္ျပန္လာခဲ့တဲ့ေနာက္ပိုင္း ၁၄ ပြဲသာကစားခြင့္ရခဲ့သလို ၁ ဂိုးသြင္းယူ၊ ၁ ဂိုးဖန္တီးေပးခဲ့ပါတယ္။

၂၉ ႏွစ္အ႐ြယ္ အဂၤလန္လက္ေ႐ြးစင္ေဟာင္းအေနနဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို ဝက္စ္ဟမ္းအသင္းမွာ ေနာက္ဆုံးကစားခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ေဘာလုံးရာသီ တစ္ဝက္မက်ိဳးခင္မွာ ဟမ္းမားတို႔က သူ႔ကို စာခ်ဳပ္ဖ်က္သိမ္း‌ဖို႔ ေပါင္ ၃.၃ သန္းေလ်ာ္ေၾကးေပးခဲ့သလို သူကလည္း ၂ ႏွစ္အတြင္းမွာ ၁၉ ပြဲသာ ကစားေပးႏိုင္ခဲ့တာပါ။

ဝီလ္ရွီးယာဟာ တစ္ခ်ိန္တုန္းက ကမာၻ႔ေဘာလုံးေလာကရဲ႕ အေကာင္းဆုံးေဘာလုံးသမားျဖစ္လာဖို႔ ထင္ေၾကးေပးခံခဲ့ရသူျဖစ္ခဲ့ေပမယ့္ ဒဏ္ရာျပႆနာေတြကို ဆက္တိုက္ႀကဳံေတြ႕ခဲ့ရတာက သူ႔ကစားသမားဘဝကိုပါ ရပ္တန႔္သြားေစခဲ့ၿပီး အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္ ၃၄ ပြဲသာ ကစားေပးခဲ့ရသလို အာဆင္နယ္ကေန စာခ်ဳပ္သစ္ မခ်ဳပ္ေတာ့ဘဲ ထြက္ခြာခဲ့ရတာပါ။

သူနဲ႔ ႐ြန္နီတို႔ဟာ အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္ ကစားေပးခဲ့တုန္းက သိခဲ့ၾကတာျဖစ္ၿပီး ၂၀၁၄ ကမာၻ႔ဖလားနဲ႔ ယူ႐ို ၂၀၁၆ တုန္းက သူတို႔ႏွစ္ဦးအေနနဲ႔ အသင္းေဖာ္ေတြ ျဖစ္ခဲ့ၾကတာလည္းျဖစ္ပါတယ္။ ကလပ္အသင္းမွာေတာ့ သူတို႔ႏွစ္ဦးက ၿပိဳင္ဘက္ေတြျဖစ္ခဲ့ၾကတာပါ။

ႏိုင္ငံအသင္းမွာ အသင္းေဖာ္ေတြျဖစ္ခဲ့စဥ္က အသက္ ၇ ႏွစ္ေလာက္ ကြာေပမယ့္လည္း သူငယ္ခ်င္းေတြျဖစ္ခဲ့ၾကၿပီး လက္ရွိအခ်ိန္မွာ တစ္ေယာက္က အသင္းလက္မဲ့ျဖစ္ေနခ်ိန္မွာ ဒါဘီအသင္းကို ကိုင္တြယ္ေနခဲ့တဲ့ လက္ရွိနည္းျပ ႐ြန္နီက အသင္းနဲ႔ လာေရာက္ပူးေပါင္းၿပီး ႀကံ့ခိုင္မႈတည္ေဆာက္ဖို႔ ဒီလဆန္းမွာ ဖိတ္ေခၚခဲ့တာပါ။

႐ြန္နီအေနနဲ႔ အာဆင္နယ္ကြင္းလယ္လူေဟာင္း ဝီလ္ရွီးယားကို အသင္းနဲ႔ ေလ့က်င့္ခန္း အတူတူဆင္းခိုင္းတာက အသင္းသစ္ရွာတဲ့အခါ ႀကံ့ခိုင္မႈျပည့္ေနေစခ်င္လို႔လား ဒါမွမဟုတ္ သူ႔အသင္းနဲ႔ စာခ်ဳပ္ကမ္းလွမ္းဖို႔ စီစဥ္ေနတာလားဆိုတာကေတာ့ မသိရေသးဘဲ မန္ခ်က္စတာယူႏိုက္တက္ ပရိသတ္ေတြရဲ႕အ ခ်စ္ေတာ္ တိုက္စစ္မႉးေဟာင္းႀကီးနဲ႔ အာဆင္နယ္အသင္းရဲ႕ တစ္ခ်ိန္က ၾကယ္ပြင့္တို႔ ဒါဘီမွာ ပူးေပါင္းမလားဆိုတာကေတာ့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.