Article Premier League

၂၁ ရာစုအတွင်း ဘယ်သူနဲ့မတူဘဲ ချာတူးလန်ခဲ့တဲ့ ဂန်နား XI လူစာရင်းက ဘယ်လိုရှိမလဲ?

အာဆင်နယ်အသင်းရဲ့ ၂၁ ရာစုအတွင်း အဆိုးရွားဆုံး လူစာရင်း XI ကို ရွေးချယ်ပါဆိုရင် အခက်ခဲဆုံးကတော့ ချန်ထားခဲ့ရမယ့် လူက အတော်များပြီး ဒီထဲမှာ နာမည်ကျော် ချာတူးလန်တွေဖြစ်တဲ့ မော်ရုန်း ချာမက်ခ်၊ လူးကပ်စ် ပီရက်ဇ်၊ မူစတာဖီ၊ ဆန်းဒရို့စ်၊ ပါစကယ် ဆီဂန်၊ အီမန်နူယယ်လ် အီဘိုယေးနဲ့ ယာယာ ဆာနိုဂိုတို့ကို ဘေးမဲ့ပေးထားရဦးမှာပါ။

၂၁ ရာစုရဲ့ အချာဆုံးဂန်းနား XI လူစာရင်းကို ရွေးထုတ်လိုက်ရာမှာတော့ ဂိုးသမားနေရာအတွက် အီတလီသား ဗီတို မန်နိုနီကို ရွေးချယ်ရမှာဖြစ်ပြီး သူက အာဆင်နယ်အသင်းမှာ ၇ နှစ်ကြာအချိန်ကုန်ခဲ့ပေမယ့် ၁၅ ပွဲသာ ကစားခွင့်ရခဲ့သလို လက်စွမ်းက ညံ့ဖျင်းလွန်းခဲ့ပါတယ်။ ညာနောက်ခံလူနေရာမှာ နယ်လ်ဆန် ဗီဗက်စ်က အမှိုက်ဆုအဖြစ် သတ်မှတ်ခံခဲ့ရပြီး အာဂျင်တီးနားလက်ရွေးစင်ဟာ အသက် ၃၆ နှစ်သား လီးဒစ်ဆင်ကို မကျော်နိုင်ခဲ့တာပါ။

၄ နှစ်အတွင်း ၃၁ ပွဲသာ ကစားခဲ့ရတဲ့ ဗဟိုခံစစ်မှူး အီဂေါ် စတီပါနော့ဗ်စ်ကတော့ ကံကောင်းထောက်မစွာပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုရ အာဆင်နယ်လူစာရင်းမှာ ပါဝင်နိုင်ခဲ့ပေမယ့် ဒီလတ်ဗီးယားသားကို ၂၀၁၀-၁၁ ရာသီမှာ အဆိုးရွားဆုံးခြေစွမ်းကို ပြသခဲ့တဲ့ ဆီဘက်စတီယန် စကီယာချီနဲ့အတူတွဲဖက်ပြီး ဗဟိုခံစစ်အထိုင်နေရာမှာ စာရင်းသွင်းခံထားရပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပွဲစဥ်တခုမှာ ပထမပိုင်းမှာ နုံချာလွန်းတဲ့ ခြေစွမ်းနဲ့ ကစားခဲ့ပြီး ပွဲအပြီး သရဲနီတိုက်စစ်မှူး ဗန်ပါစီနဲ့ ဂျာစီချင်းလဲလှယ်ခဲ့လို့ လပိုင်းအကြာမှာပဲ အသင်းကနေ ထွက်ခွာခဲ့ရတဲ့ ဘရာဇီးလ်သား အန်ဒရီ ဆန်းတို့စ်က အာဆင်နယ်ရဲ့ အဆိုးရွားဆုံး ဘယ်နောက်ခံလူလို့ ဆိုရမှာဖြစ်ပါတယ်။

ကွင်းလယ်ခံစစ်နှစ်ဦးနေရာမှာတော့ ဒတ်ချ်ကစားသမား ဂျိုဗန်နီ ဗန်ဘရွန်ခေါ့စ်နဲ့ ဘရာဇီးလ်သား ဒီနီလ်ဆန်တို့အနေနဲ့ လက်တွေ့​ခြေစွမ်းအရာမှာ နာမည်ကြီးသလောက်မဟုတ်ခဲ့ဘဲ ချာတူးလန်သွားခဲ့လို့ ဒီစာရင်းမှာ ထည့်သွင်းခံခဲ့ရပြီး ဆီဗီလာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့မှာ အောင်မြင်ခဲ့လို့ အာဆင်နယ်ကို ရောက်လာခဲ့တဲ့ ဂျူလီယို ဘက်တစ္စတာကလည်း တရာသီသာ ကစားခွင့်ရခဲ့ပြီး အဂွမ်းဆုံး ကွင်းလယ်တိုက်စစ်သမားအဖြစ် စာရင်းပေါက်သွားခဲ့ပါတယ်။

မြို့ခံပြိုင်ဘက်ချယ်လ်ဆီးကနေ ပြောင်းလာခဲ့ပေမယ့် ၃၇ ပွဲမှာ လက်ရှိအချိန်ထိ တစ်ဂိုးသာ ရထားတဲ့ ဘရာဇီးလက်ရွေးစင် ဝီလီယန်ကတော့ အဆိုးရွားဆုံး ညာတောင်ပံတိုက်စစ်မှူးအဖြစ် အဆိုပြုခံထားရသလို ပြင်သစ်နဲ့ အီတလီမှာ အောင်မြင်ခဲ့ပေမယ့် ၂၀၁၁ ခုနှစ်က ဂန်းနားတစ်ယောက်ဖြစ်လာခဲ့တဲ့ အိုင်ဗရီကို့စ်သားကြီး ဂျာဗင်ညိုကတော့ အစုတ်ချာဆုံး ဘယ်တောင်ပံတိုက်စစ်မှူးအဖြစ် တင်သွင်းခံခဲ့ရပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ အတွင်း အာဆင်နယ်အသင်းမှာ အရည်အသွေးနိမ့် တိုက်စစ်မှူးတွေကို အများအပြား မြင်တွေ့ခဲ့ရပေမယ့် ၂၀၀၁ ခုနှစ်က ပေါင် ၁၀ သန်းနဲ့ ဟိုက်ဘာရီကို ရောက်ရှိလာပြီး အဲဒီခေတ်က မနည်းမနော ပြောင်းရွေ့ကြေးနဲ့ မတန်လှအောင်ပဲ ဂျင်းဖြစ်သွားခဲ့တဲ့ အထောင်တိုက်စစ်မှူး ဖရန်စစ် ဂျက်ဖားစ်ကတော့ ၃၉ ပွဲမှာ ၈ ဂိုးသာရပြီး သူမတူအောင် အညံ့ဖျင်းဆုံးအဖြစ် သတ်မှတ်ခံလိုက်ရ​ကြောင်း ပြန်ပြောင်းတူးဆွစရာ မှတ်တမ်းတခုအနေနဲ့ ဖောက်သည်ချလိုက်ပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ ၂၁ ရာစုအတြင္း အဆိုး႐ြားဆုံး လူစာရင္း XI ကို ေ႐ြးခ်ယ္ပါဆိုရင္ အခက္ခဲဆုံးကေတာ့ ခ်န္ထားခဲ့ရမယ့္ လူက အေတာ္မ်ားၿပီး ဒီထဲမွာ နာမည္ေက်ာ္ ခ်ာတူးလန္ေတြျဖစ္တဲ့ ေမာ္႐ုန္း ခ်ာမက္ခ္၊ လူးကပ္စ္ ပီရက္ဇ္၊ မူစတာဖီ၊ ဆန္းဒ႐ို႕စ္၊ ပါစကယ္ ဆီဂန္၊ အီမန္ႏူယယ္လ္ အီဘိုေယးနဲ႔ ယာယာ ဆာႏိုဂိုတို႔ကို ေဘးမဲ့ေပးထားရဦးမွာပါ။

၂၁ ရာစုရဲ႕ အခ်ာဆုံးဂန္းနား XI လူစာရင္းကို ေ႐ြးထုတ္လိုက္ရာမွာေတာ့ ဂိုးသမားေနရာအတြက္ အီတလီသား ဗီတို မန္ႏိုနီကို ေ႐ြးခ်ယ္ရမွာျဖစ္ၿပီး သူက အာဆင္နယ္အသင္းမွာ ၇ ႏွစ္ၾကာအခ်ိန္ကုန္ခဲ့ေပမယ့္ ၁၅ ပြဲသာ ကစားခြင့္ရခဲ့သလို လက္စြမ္းက ညံ့ဖ်င္းလြန္းခဲ့ပါတယ္။ ညာေနာက္ခံလူေနရာမွာ နယ္လ္ဆန္ ဗီဗက္စ္က အမႈိက္ဆုအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး အာဂ်င္တီးနားလက္ေ႐ြးစင္ဟာ အသက္ ၃၆ ႏွစ္သား လီးဒစ္ဆင္ကို မေက်ာ္ႏိုင္ခဲ့တာပါ။

၄ ႏွစ္အတြင္း ၃၁ ပြဲသာ ကစားခဲ့ရတဲ့ ဗဟိုခံစစ္မႉး အီေဂၚ စတီပါေနာ့ဗ္စ္ကေတာ့ ကံေကာင္းေထာက္မစြာပဲ ပရီးမီးယားလိဂ္ခ်န္ပီယံဆုရ အာဆင္နယ္လူစာရင္းမွာ ပါဝင္ႏိုင္ခဲ့ေပမယ့္ ဒီလတ္ဗီးယားသားကို ၂၀၁၀-၁၁ ရာသီမွာ အဆိုး႐ြားဆုံးေျခစြမ္းကို ျပသခဲ့တဲ့ ဆီဘက္စတီယန္ စကီယာခ်ီနဲ႔အတူတြဲဖက္ၿပီး ဗဟိုခံစစ္အထိုင္ေနရာမွာ စာရင္းသြင္းခံထားရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္တခုမွာ ပထမပိုင္းမွာ ႏုံခ်ာလြန္းတဲ့ ေျခစြမ္းနဲ႔ ကစားခဲ့ၿပီး ပြဲအၿပီး သရဲနီတိုက္စစ္မႉး ဗန္ပါစီနဲ႔ ဂ်ာစီခ်င္းလဲလွယ္ခဲ့လို႔ လပိုင္းအၾကာမွာပဲ အသင္းကေန ထြက္ခြာခဲ့ရတဲ့ ဘရာဇီးလ္သား အန္ဒရီ ဆန္းတို႔စ္က အာဆင္နယ္ရဲ႕ အဆိုး႐ြားဆုံး ဘယ္ေနာက္ခံလူလို႔ ဆိုရမွာျဖစ္ပါတယ္။

ကြင္းလယ္ခံစစ္ႏွစ္ဦးေနရာမွာေတာ့ ဒတ္ခ်္ကစားသမား ဂ်ိဳဗန္နီ ဗန္ဘ႐ြန္ေခါ့စ္နဲ႔ ဘရာဇီးလ္သား ဒီနီလ္ဆန္တို႔အေနနဲ႔ လက္ေတြ႕​ေျခစြမ္းအရာမွာ နာမည္ႀကီးသေလာက္မဟုတ္ခဲ့ဘဲ ခ်ာတူးလန္သြားခဲ့လို႔ ဒီစာရင္းမွာ ထည့္သြင္းခံခဲ့ရၿပီး ဆီဗီလာနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔မွာ ေအာင္ျမင္ခဲ့လို႔ အာဆင္နယ္ကို ေရာက္လာခဲ့တဲ့ ဂ်ဴလီယို ဘက္တစၥတာကလည္း တရာသီသာ ကစားခြင့္ရခဲ့ၿပီး အဂြမ္းဆုံး ကြင္းလယ္တိုက္စစ္သမားအျဖစ္ စာရင္းေပါက္သြားခဲ့ပါတယ္။

ၿမိဳ႕ခံၿပိဳင္ဘက္ခ်ယ္လ္ဆီးကေန ေျပာင္းလာခဲ့ေပမယ့္ ၃၇ ပြဲမွာ လက္ရွိအခ်ိန္ထိ တစ္ဂိုးသာ ရထားတဲ့ ဘရာဇီးလက္ေ႐ြးစင္ ဝီလီယန္ကေတာ့ အဆိုး႐ြားဆုံး ညာေတာင္ပံတိုက္စစ္မႉးအျဖစ္ အဆိုျပဳခံထားရသလို ျပင္သစ္နဲ႔ အီတလီမွာ ေအာင္ျမင္ခဲ့ေပမယ့္ ၂၀၁၁ ခုႏွစ္က ဂန္းနားတစ္ေယာက္ျဖစ္လာခဲ့တဲ့ အိုင္ဗရီကို႔စ္သားႀကီး ဂ်ာဗင္ညိဳကေတာ့ အစုတ္ခ်ာဆုံး ဘယ္ေတာင္ပံတိုက္စစ္မႉးအျဖစ္ တင္သြင္းခံခဲ့ရပါတယ္။

လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၀ အတြင္း အာဆင္နယ္အသင္းမွာ အရည္အေသြးနိမ့္ တိုက္စစ္မႉးေတြကို အမ်ားအျပား ျမင္ေတြ႕ခဲ့ရေပမယ့္ ၂၀၀၁ ခုႏွစ္က ေပါင္ ၁၀ သန္းနဲ႔ ဟိုက္ဘာရီကို ေရာက္ရွိလာၿပီး အဲဒီေခတ္က မနည္းမေနာ ေျပာင္းေ႐ြ႕ေၾကးနဲ႔ မတန္လွေအာင္ပဲ ဂ်င္းျဖစ္သြားခဲ့တဲ့ အေထာင္တိုက္စစ္မႉး ဖရန္စစ္ ဂ်က္ဖားစ္ကေတာ့ ၃၉ ပြဲမွာ ၈ ဂိုးသာရၿပီး သူမတူေအာင္ အညံ့ဖ်င္းဆုံးအျဖစ္ သတ္မွတ္ခံလိုက္ရ​ေၾကာင္း ျပန္ေျပာင္းတူးဆြစရာ မွတ္တမ္းတခုအေနနဲ႔ ေဖာက္သည္ခ်လိုက္ပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.