Other Premier League Transfer News

27 Jul ညနေခင်း မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

ရီးရဲလ်မက်ဒရစ်ဗဟိုခံစစ်မှူး ရာဖေးလ် ဗာရွန်းဟာ နာရီပိုင်း၊ ရက်ပိုင်းအတွင်း မန်ချက်စတာ ယူနိုက်တက်ကစားသမားဖြစ်လာတော့မယ်လို့ ခိုင်လုံတဲ့ အပြောင်းအရွှေ့သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုသွားခဲ့ပြီး ပြင်သစ်သားဟာ ယူနိုက်တက်တို့နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူခဲ့​ပြီဖြစ်သလို အပြောင်းအရွှေ့ဆွေးနွေးမှုဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင် ၄၂.၇ သန်း ဖြစ်သလို ၂ ရက်အတွင်း မန်ချက်စတာမြို့မှာ ဆေးစစ်မှုခံယူသွားဖွယ်ရှိ။

ကွင်းလယ်လူ ပေါလ် ပေါ့ဘာ အသင်းပြောင်းမယ်ဆိုတဲ့ သတင်းထွက်ပေါ်မှုတွေကို ယူနိုက်တက်နည်းပြ အိုလေ ဂန်းနား ဆိုးလ်ရှားက အတိအလင်းပယ်ချသွားခဲ့ပြီး စာချုပ်သစ်အတွက် ကစားသမားနဲ့ ကိုယ်စားလှယ်တွေနဲ့ ကလပ်အသင်းကြား ဆွေးနွေးမှုတွေပြုလုပ်နေပြီး ၁ နှစ်စာချုပ်သာ ကျန်ရှိတဲ့ ပြင်သစ်သားကို ၅ နှစ်စာချုပ်သစ်နဲ့အတူ အိုးထရက်ဖို့ဒ်မှာ ဆက်ထိန်းသွားဖို့ ပြင်ဆင်နေ။

ယူနိုက်တက်ဟာ အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ရဲ့ အပြောင်းအရွှေ့ကို လေ့လာနေကြောင်း သိရှိရပြီး အခုနွေရာသီမှာ ပေါင် ၄၅ သန်းနဲ့ ရနိုင်မယ်လို့ ယုံကြည်ထားသလို လာလီဂါကလပ်အသင်းဘက်ကလည်း ဘဏ္ဍာရေးအခြေအနေအရ ရောင်းချလိုနေကြောင်း သိရ။

ယူနိုက်တက်ဟာ တပတ် ပေါင် ၁ သိန်းပေးချေရပြီး ၂ နှစ်စာချုပ် ကျန်ရှိသေးတဲ့ ဗဟိုခံစစ်မှူး ဖီးလ်ဂျူံးစ်ကို အလွတ်ထွက်ခွာခွင့်ပေးသွားမှာဖြစ်ပြီး ဗဟိုနောက်ခံလူနေရာမှာရော ကွင်းလယ်အဖျက်နေရာမှာပါ ကစားနိုင်တဲ့ အသက် ၂၉ နှစ်သားကို အဲဗာတန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ခံစစ်အားသန်တဲ့ နည်းပြဘင်နီတက်ဇ်ရဲ့ စိတ်​ကြိုက်ကစားသမားမျိုးဖြစ်ကြောင်း သိရ။

အိုးထရက်ဖို့ဒ်ကို ဂျေဒန် ဆန်ချိုရောက်ရှိလာပြီးနောက်ပိုင်းမှာ တိုက်စစ်မှူး အက်ဒ်ဆန် ကာဗာနီရဲ့ ဂိုးသွင်းအားဟာ ယူနိုက်တက်လူဟောင်း ရော်ဘင် ဗန်ပါစီထက်တောင် သာလွန်သွားလိမ့်မယ်လို့ သုံးသပ်ခံထားရပြီး ဆန်ချို+ကာဗာနီအတွဲဟာ ဖာဂီခေတ်က ဝိန်းရွန်နီ+ဗန်ပါစီအတွဲလို အိပ်မက်ပြဇာတ်ရုံမှာ တောက်ပလာလိမ့်မယ်လို့ မျှော်လင့်ခံလာရ။

စပါးစ်အသင်းဟာ ယူနိုက်တက်ရဲ့ နံပါတ် ၉ တိုက်စစ်မှူး အန်ထော်နီ မာစီယယ်လ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြောင်း MEN သတင်းက ဖော်ပြသွားခဲ့ပြီး ဆန်ချိုရောက်လာပြီးနောက် အိုးထရက်ဖို့ဒ်ကို စွန့်ခွာလိုနေတဲ့ ပြင်သစ်သားအတွက် ယူနိုက်တက်ဘက်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ တောင်းဆိုထားကြောင်း သိရ။

ယူနိုက်တက်ဘက်က တရားဝင်မိတ်ဆက်ထားပေမယ့် အသင်းနဲ့အတူ လေ့ကျင့်ရေး မဆင်းရသေးတဲ့ ဂျေဒန် ဆန်ချိုဟာ လာမယ့် ၂၀၂၁-၂၂ ရာသီရဲ့ တနှစ်တာအကောင်းဆုံး PFA ဆုရှင်အဖြစ် ရွေးချယ်ခံရလိမ့်မယ်လို့ ကြိုတင်အလေးပေးမှုတွေ ရှိလာခဲ့ပြီး ကီဗင် ဒီဘရိုင်းနား၊ ဟာရီကိန်း၊ မိုဆာလား၊ ဘရူနို ဖာနန်ဒက်စ်တို့ရဲ့နောက်မှာ ၁၄ လေး ၁ လေးနဲ့ ရပ်တည်နေကြောင်းသိရ။

ဘိုင်ယန်မြူးနစ်ဟာ ယူနိုက်တက်က လိုက်နေတဲ့ ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာကို အသင်းကနေ ထွက်ခွာခွင့်မပေးနိုင်ဘူးလို့ တုံ့ပြန်သွားခဲ့ကြောင်း သိရပြီး စာချုပ် ၁ နှစ်သာ ကျန်ရှိတဲ့ အသက် ၂၆ နှစ်သားကို ယူနိုက်တက်က ကမ်းလှမ်းထားတဲ့ တနှစ်လုပ်ခ ယူရို ၁၂ သန်းအတိုင်း ထပ်တူပေးချေသွားမယ့် စာချုပ်သစ်တရပ်ကို အရေးပေါ်ပြင်ဆင်နေကြောင်း မာကာသတင်းက ဖော်ပြသွားခဲ့။

လက်ရှိ ဒါဘီကောင်တီနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးကြီး ဝိန်းရွန်နီဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့တဲ့ မသင်္ကါဖွယ်ရာ ဓာတ်ပုံနဲ့ ရုပ်သံမှတ်တမ်းတချို့​ကြောင့် မန်ချက်စတာရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံယူရဖွယ်ရှိနေပြီး ဓာတ်ပုံတွေအရ သူဟာ အမျိုးသမီးနှစ်ဦးကြားမှာ အိပ်ပျော်နေသလို ပုလင်းပေါင်းများစွာကိုလည်း မြင်တွေ့ခဲ့ရပြီး ဒါဟာ မှုခင်းချိုးဖောက်မှုတခု ဖြစ်နိုင်ဖွယ်ရှိကြောင်း ယူဆခံထားရ။

အံ့အားသင့်ဖွယ်ရာ သတင်းတပုဒ်အနေနဲ့ ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးနဲ့ တောက်လျှောက်သတင်းတွေထွက်နေတဲ့ ဒေါ့မန်တိုက်စစ်မှူး အာလင်း ဟာလန်းကို မာစီယယ်လ်နဲ့ အလိုက်ပေးကမ်းလှမ်းခဲ့တယ်လို့ သိရပြီး အသင်းဖော်ဟောင်း နော်ဝေသားနဲ့ မကြာမီမှာ အတူပြန်လည်ဆုံစည်းကြမယ်လို့ အရိပ်အမြွက်ဆိုလိုက်တဲ့ ဆန်ချိုရဲ့စကားကြောင့် ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာဖြစ်လာကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္ဗဟိုခံစစ္မႉး ရာေဖးလ္ ဗာ႐ြန္းဟာ နာရီပိုင္း၊ ရက္ပိုင္းအတြင္း မန္ခ်က္စတာ ယူႏိုက္တက္ကစားသမားျဖစ္လာေတာ့မယ္လို႔ ခိုင္လုံတဲ့ အေျပာင္းအေ႐ႊ႕သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုက အတည္ျပဳသြားခဲ့ၿပီး ျပင္သစ္သားဟာ ယူႏိုက္တက္တို႔နဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရယူခဲ့​ၿပီျဖစ္သလို အေျပာင္းအေ႐ႊ႕ေဆြးေႏြးမႈဟာ ေနာက္ဆုံးအဆင့္ကို ေရာက္ရွိေနၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၂.၇ သန္း ျဖစ္သလို ၂ ရက္အတြင္း မန္ခ်က္စတာၿမိဳ႕မွာ ေဆးစစ္မႈခံယူသြားဖြယ္ရွိ။

ကြင္းလယ္လူ ေပါလ္ေပါ့ဘာ အသင္းေျပာင္းမယ္ဆိုတဲ့ သတင္းထြက္ေပၚမႈေတြကို ယူႏိုက္တက္နည္းျပ အိုေလ ဂန္းနား ဆိုးလ္ရွားက အတိအလင္းပယ္ခ်သြားခဲ့ၿပီး စာခ်ဳပ္သစ္အတြက္ ကစားသမားနဲ႔ကိုယ္စားလွယ္ေတြနဲ႔ ကလပ္အသင္းၾကား ေဆြးေႏြးမႈေတြျပဳလုပ္ေနၿပီး ၁ ႏွစ္စာခ်ဳပ္သာ က်န္ရွိတဲ့ ျပင္သစ္သားကို ၅ ႏွစ္စာခ်ဳပ္သစ္နဲ႔အတူ အိုးထရက္ဖို႔ဒ္မွာ ဆက္ထိန္းသြားဖို႔ ျပင္ဆင္ေန။

ယူႏိုက္တက္ဟာ အက္သလက္တီကို မက္ဒရစ္ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ရဲ႕ အေျပာင္းအေ႐ႊ႕ကို ေလ့လာေနေၾကာင္း သိရွိရၿပီး အခုေႏြရာသီမွာ ေပါင္ ၄၅ သန္းနဲ႔ ရႏိုင္မယ္လို႔ ယုံၾကည္ထားသလို လာလီဂါကလပ္အသင္းဘက္ကလည္း ဘ႑ာေရးအေျခအေနအရ ေရာင္းခ်လိုေနေၾကာင္း သိရ။

ယူႏိုက္တက္ဟာ တပတ္ ေပါင္ ၁ သိန္းေပးေခ်ရၿပီး ၂ ႏွစ္စာခ်ဳပ္ က်န္ရွိေသးတဲ့ ဗဟိုခံစစ္မႉး ဖီးလ္ဂ်ဴံးစ္ကို အလြတ္ထြက္ခြာခြင့္ေပးသြားမွာျဖစ္ၿပီး ဗဟိုေနာက္ခံလူေနရာမွာေရာ ကြင္းလယ္အဖ်က္ေနရာမွာပါ ကစားႏိုင္တဲ့ အသက္ ၂၉ ႏွစ္သားကို အဲဗာတန္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနသလို ခံစစ္အားသန္တဲ့ နည္းျပဘင္နီတက္ဇ္ရဲ႕ စိတ္​ႀကိဳက္ကစားသမားမ်ိဳးျဖစ္ေၾကာင္း သိရ။

အိုးထရက္ဖို႔ဒ္ကို ေဂ်ဒန္ ဆန္ခ်ိဳေရာက္ရွိလာၿပီးေနာက္ပိုင္းမွာ တိုက္စစ္မႉး အက္ဒ္ဆန္ ကာဗာနီရဲ႕ ဂိုးသြင္းအားဟာ ယူႏိုက္တက္လူေဟာင္း ေရာ္ဘင္ ဗန္ပါစီထက္ေတာင္ သာလြန္သြားလိမ့္မယ္လို႔ သုံးသပ္ခံထားရၿပီး ဆန္ခ်ိဳ+ကာဗာနီအတြဲဟာ ဖာဂီေခတ္က ဝိန္း႐ြန္နီ+ဗန္ပါစီအတြဲလို အိပ္မက္ျပဇာတ္႐ုံမွာ ေတာက္ပလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ခံလာရ။

စပါးစ္အသင္းဟာ ယူႏိုက္တက္ရဲ႕ နံပါတ္ ၉ တိုက္စစ္မႉး အန္ေသာ္နီ မာစီယယ္လ္ကို ေခၚယူသြားဖို႔ စိတ္ဝင္စားေနေၾကာင္း MEN သတင္းက ေဖာ္ျပသြားခဲ့ၿပီး ဆန္ခ်ိဳေရာက္လာၿပီးေနာက္ အိုးထရက္ဖို႔ဒ္ကို စြန္႔ခြာလိုေနတဲ့ ျပင္သစ္သားအတြက္ ယူႏိုက္တက္ဘက္က ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၅၀ ေတာင္းဆိုထားေၾကာင္း သိရ။

ယူႏိုက္တက္ဘက္က တရားဝင္မိတ္ဆက္ထားေပမယ့္ အသင္းနဲ႔အတူ ေလ့က်င့္ေရး မဆင္းရေသးတဲ့ ေဂ်ဒန္ ဆန္ခ်ိဳဟာ လာမယ့္ ၂၀၂၁-၂၂ ရာသီရဲ႕ တႏွစ္တာအေကာင္းဆုံး PFA ဆုရွင္အျဖစ္ ေ႐ြးခ်ယ္ခံရလိမ့္မယ္လို႔ ႀကိဳတင္အေလးေပးမႈေတြ ရွိလာခဲ့ၿပီး ကီဗင္ ဒီဘ႐ိုင္းနား၊ ဟာရီကိန္း၊ မိုဆာလား၊ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ရဲ႕ေနာက္မွာ ၁၄ ေလး ၁ ေလးနဲ႔ ရပ္တည္ေနေၾကာင္းသိရ။

ဘိုင္ယန္ျမဴးနစ္ဟာ ယူႏိုက္တက္က လိုက္ေနတဲ့ ကြင္းလယ္လူ ေဂၚရက္ဇ္ကာကို အသင္းကေန ထြက္ခြာခြင့္မေပးႏိုင္ဘူးလို႔ တုံ႔ျပန္သြားခဲ့ေၾကာင္း သိရၿပီး စာခ်ဳပ္ ၁ ႏွစ္သာ က်န္ရွိတဲ့ အသက္ ၂၆ ႏွစ္သားကို ယူႏိုက္တက္က ကမ္းလွမ္းထားတဲ့ တႏွစ္လုပ္ခ ယူ႐ို ၁၂ သန္းအတိုင္း ထပ္တူေပးေခ်သြားမယ့္ စာခ်ဳပ္သစ္တရပ္ကို အေရးေပၚျပင္ဆင္ေနေၾကာင္း မာကာသတင္းက ေဖာ္ျပသြားခဲ့။

လက္ရွိ ဒါဘီေကာင္တီနည္းျပအျဖစ္ ေဆာင္႐ြက္ေနတဲ့ ယူႏိုက္တက္ဂႏၴဝင္တိုက္စစ္မႉးႀကီး ဝိန္း႐ြန္နီဟာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔လာခဲ့တဲ့ မသကၤါဖြယ္ရာ ဓာတ္ပုံနဲ႔ ႐ုပ္သံမွတ္တမ္းတခ်ိဳ႕​ေၾကာင့္ မန္ခ်က္စတာရဲတပ္ဖြဲ႕ရဲ႕ စုံစမ္းစစ္ေဆးမႈကို ခံယူရဖြယ္ရွိေနၿပီး ဓာတ္ပုံေတြအရ သူဟာ အမ်ိဳးသမီးႏွစ္ဦးၾကားမွာ အိပ္ေပ်ာ္ေနသလို ပုလင္းေပါင္းမ်ားစြာကိုလည္း ျမင္ေတြ႕ခဲ့ရၿပီး ဒါဟာ မႈခင္းခ်ိဳးေဖာက္မႈတခု ျဖစ္ႏိုင္ဖြယ္ရွိေၾကာင္း ယူဆခံထားရ။

အံ့အားသင့္ဖြယ္ရာ သတင္းတပုဒ္အေနနဲ႔ ယူႏိုက္တက္အသင္းဟာ ခ်ယ္လ္ဆီးနဲ႔ ေတာက္ေလွ်ာက္သတင္းေတြထြက္ေနတဲ့ ေဒါ့မန္တိုက္စစ္မႉး အာလင္း ဟာလန္းကို မာစီယယ္လ္နဲ႔ အလိုက္ေပးကမ္းလွမ္းခဲ့တယ္လို႔ သိရၿပီး အသင္းေဖာ္ေဟာင္း ေနာ္ေဝသားနဲ႔ မၾကာမီမွာ အတူျပန္လည္ဆုံစည္းၾကမယ္လို႔ အရိပ္အႁမြက္ဆိုလိုက္တဲ့ ဆန္ခ်ိဳရဲ႕စကားေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြအတြက္ စိတ္လႈပ္ရွားစရာျဖစ္လာေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.