Premier League Transfer News

27 Jul နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူသစ် အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါအနေနဲ့ ကျောနံပါတ် ၂၃ ကို ရယူခဲ့တာဟာ သူ့ရဲ့ စိတ်ကြိုက်နံပါတ် ၄၈ ကို အသင်းသစ်ရဲ့ ပေါ်လစီအရ ဝတ်ဆင်ခွင့် မရှိလို့ စိတ်လျှော့ခဲ့ရတာသာဖြစ်ပြီး ဘယ်လ်ဂျီယမ်သားအနေနဲ့ အင်စတာဂရမ်မှာ ၄၈ က နှလုံးသားထဲမှာ ၂၃ က ကျောမှာလို့ ပို့စ်တင်သွားခဲ့။

– အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင်ပစ်မှတ်တစ်ခုဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကစားသမား အစ္စကိုအတွက် ပေါင် ၁၅ သန်းတည်းနဲ့ ခေါ်ယူနိုင်ဖို့ ရှိတယ်လို့ သတင်းထွက်လာပြီး ဗာရွန်းကို ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ ရောင်းချထားခဲ့တဲ့ ဘာနေဗျူးဘက်က သဘောထားအရ ခိုင်မာတဲ့ သတင်းဖြစ်ဖို့ များနေ။

– ချဲလ်ဆီးတိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ခေါ်ယူဖို့အတွက် အာဆင်နယ်တို့အနေနဲ့ လက်ရှိတိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို အချိန်မီ ရှင်းထုတ်နိုင်ဖို့ လိုအပ်နေပြီး သူ့ရဲ့ လစာငွေကို လျှော့ချနိုင်မှသာ ပြောင်းရွှေ့ကြေး+လုပ်ခအတွက် အဆင်ပြေဖို့ရှိနေ။

– ဆာဆူအိုလိုအသင်းရဲ့ ယူရို ၂၀၂၀ ချန်ပီယံကွင်းလယ်လူ မာနူယယ် လိုကာတယ်လီအတွက် အာဆင်နယ်ဘက်က ကမ်းလှမ်းထားမှုကို ကစားသမားအနေနဲ့ အချိန်ယူစဉ်းစားနေတာကြောင့် အကျိုးဆက်အနေနဲ့ ချာကာကို ရောင်းထုတ်ဖို့နဲ့ ရူဘင် နီဗက်စ်ကို ပြန်ခေါ်ဖို့တွေက နှောင့်နှေးကြန့်ကြာနေ။

– အာဆင်နယ်အသင်းက အလိုရှိနေပြီး ကာလကြာရှည် စောင့်ကြည့်နေခဲ့တဲ့ တောင်ပံကစားသမား အူစမန် ဒမ်ဘီလီကို ရရှိနိုင်ခြေအတွက် ဘာစီလိုနာအသင်းဘက်က ရာဇသံပေးလိုက်ပြီး အငှားထုတ်တာမျိုး မရှိဘဲ သင့်တော်မှန်ကန်တဲ့ ပြောင်းရွှေ့ကြေးနဲ့ပဲ ရောင်းချမယ်လို့ သတိပေးသွား။

– အေစီမီလန်ကွင်းလယ်လူ ဖရွန့်ခ် ကက်ဆီယေးအနေနဲ့ ဆန်စီရိုမှာ ဆက်နေဖို့ စဉ်းစားနေတယ်လို့ သိရပြီး သူ့ကို လီဗာပူးလ်အသင်းအပြင် အာဆင်နယ်အသင်းကလည်း ကွင်းလယ်တစ်နေရာအတွက် ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူလိုနေတာကြောင့် ကစားသမားရဲ့ ဆန္ဒကို စောင့်ကြည့်ရဖို့ရှိလာ။

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်မှာ မြန်ဆန်သွက်လက်တဲ့ ကစားသမားမျိုးတွေကို ရရှိနေပြီဖြစ်လို့ လေးလံတဲ့ ဂရာနစ် ချာကာကို ရောင်းထုတ်ဖို့ အချိန်ရောက်ပြီလို့ တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်က ပြောကြားလိုက်ပြီး လက်ခံနိုင်တဲ့ ဈေးရရင် သိပ်စဉ်းစားမနေဘဲ ရှင်းထုတ်ပစ်ဖို့ တိုက်တွန်း။

– ပေါင်သန်း ၅၀ ပေးချေခဲ့ရတဲ့ ဘန်ဝှိုက်အတွက် နောက်ခံလူဟောင်း ဆိုးလ် ကမ်းဘဲလ်က ကြိုတင်သတိပေးလိုက်ပြီး အာဆင်နယ်အသင်းအနေနဲ့ ရင်းနှီးမြှုပ်နှံမှုက မှားယွင်းလို့ မရသလို ၂၃ နှစ်အရွယ် အင်္ဂလန်သားအနေနဲ့ ခံစစ်မှာ အကောင်းဆုံးပုံစံကို ပြသနိုင်ရလိမ့်မယ်လို့ တိုက်တွန်းသွား။

– အာဆင်နယ်အသင်းရဲ့ ၂၀၂၁-၂၂ ရာသီအတွက် အဝေးကွင်းဝတ်စုံသစ် ဆိုရှယ်မီဒီယာတွေပေါ်မှာ ပေါက်ကြားလာခဲ့ပြီး အပြာရောင် နောက်ခံပေါ်မှာ အတွန့်တွေနဲ့ အလှဆင်ထားတဲ့ အင်္ကျီကို ပရိသတ်တွေကတော့ သိပ်ပြီး သဘောမကျကြဘူးလို့ တုံ့ပြန်မှုတွေအရ သိရ။

– နယူးကာဆယ်လ်အသင်းအနေနဲ့ အာဆင်နယ်ကွင်းလယ်လူ ဂျိုးဝီလော့ခ်ကို နောက်တစ်ရာသီ ဆက်လက်ခေါ်ယူဖို့ မသေချာဘူးလို့ သိရပြီး မြို့ခံကလပ်တစ်ခုဖြစ်တဲ့ ခရစ္စတယ်လ်ပဲလေ့စ်အသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်နေတဲ့ ဂန်းနားအသင်းခေါင်းဆောင်ဟောင်း ပက်ထရစ် ဗီယာရာနဲ့ သဘောတူညီမှု ရနိုင်ဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူသစ္ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါအေနနဲ႔ ေက်ာနံပါတ္ ၂၃ ကို ရယူခဲ့တာဟာ သူ႔ရဲ႕ စိတ္ႀကိဳက္နံပါတ္ ၄၈ ကို အသင္းသစ္ရဲ႕ ေပၚလစီအရ ဝတ္ဆင္ခြင့္ မရွိလို႔ စိတ္ေလွ်ာ့ခဲ့ရတာသာျဖစ္ၿပီး ဘယ္လ္ဂ်ီယမ္သားအေနနဲ႔ အင္စတာဂရမ္မွာ ၄၈ က ႏွလုံးသားထဲမွာ ၂၃ က ေက်ာမွာလို႔ ပို႔စ္တင္သြားခဲ့။

– အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ပစ္မွတ္တစ္ခုျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ကစားသမား အစၥကိုအတြက္ ေပါင္ ၁၅ သန္းတည္းနဲ႔ ေခၚယူႏိုင္ဖို႔ ရွိတယ္လို႔ သတင္းထြက္လာၿပီး ဗာ႐ြန္းကို ေပါင္သန္း ၄၀ ဝန္းက်င္နဲ႔ ေရာင္းခ်ထားခဲ့တဲ့ ဘာေနဗ်ဴးဘက္က သေဘာထားအရ ခိုင္မာတဲ့ သတင္းျဖစ္ဖို႔ မ်ားေန။

– ခ်ဲလ္ဆီးတိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို ေခၚယူဖို႔အတြက္ အာဆင္နယ္တို႔အေနနဲ႔ လက္ရွိတိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို အခ်ိန္မီ ရွင္းထုတ္ႏိုင္ဖို႔ လိုအပ္ေနၿပီး သူ႔ရဲ႕ လစာေငြကို ေလွ်ာ့ခ်ႏိုင္မွသာ ေျပာင္းေ႐ႊ႕ေၾကး+လုပ္ခအတြက္ အဆင္ေျပဖို႔ရွိေန။

– ဆာဆူအိုလိုအသင္းရဲ႕ ယူ႐ို ၂၀၂၀ ခ်န္ပီယံကြင္းလယ္လူ မာႏူယယ္ လိုကာတယ္လီအတြက္ အာဆင္နယ္ဘက္က ကမ္းလွမ္းထားမႈကို ကစားသမားအေနနဲ႔ အခ်ိန္ယူစဥ္းစားေနတာေၾကာင့္ အက်ိဳးဆက္အေနနဲ႔ ခ်ာကာကို ေရာင္းထုတ္ဖို႔နဲ႔ ႐ူဘင္ နီဗက္စ္ကို ျပန္ေခၚဖို႔ေတြက ေႏွာင့္ေႏွးၾကန႔္ၾကာေန။

– အာဆင္နယ္အသင္းက အလိုရွိေနၿပီး ကာလၾကာရွည္ ေစာင့္ၾကည့္ေနခဲ့တဲ့ ေတာင္ပံကစားသမား အူစမန္ ဒမ္ဘီလီကို ရရွိႏိုင္ေျခအတြက္ ဘာစီလိုနာအသင္းဘက္က ရာဇသံေပးလိုက္ၿပီး အငွားထုတ္တာမ်ိဳး မရွိဘဲ သင့္ေတာ္မွန္ကန္တဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ပဲ ေရာင္းခ်မယ္လို႔ သတိေပးသြား။

– ေအစီမီလန္ကြင္းလယ္လူ ဖ႐ြန႔္ခ္ ကက္ဆီေယးအေနနဲ႔ ဆန္စီ႐ိုမွာ ဆက္ေနဖို႔ စဥ္းစားေနတယ္လို႔ သိရၿပီး သူ႔ကို လီဗာပူးလ္အသင္းအျပင္ အာဆင္နယ္အသင္းကလည္း ကြင္းလယ္တစ္ေနရာအတြက္ ေပါင္သန္း ၃၀ ဝန္းက်င္နဲ႔ ေခၚယူလိုေနတာေၾကာင့္ ကစားသမားရဲ႕ ဆႏၵကို ေစာင့္ၾကည့္ရဖို႔ရွိလာ။

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္မွာ ျမန္ဆန္သြက္လက္တဲ့ ကစားသမားမ်ိဳးေတြကို ရရွိေနၿပီျဖစ္လို႔ ေလးလံတဲ့ ဂရာနစ္ ခ်ာကာကို ေရာင္းထုတ္ဖို႔ အခ်ိန္ေရာက္ၿပီလို႔ တိုက္စစ္မႉးေဟာင္း ကီဗင္ ကမ္းဘဲလ္က ေျပာၾကားလိုက္ၿပီး လက္ခံႏိုင္တဲ့ ေဈးရရင္ သိပ္စဥ္းစားမေနဘဲ ရွင္းထုတ္ပစ္ဖို႔ တိုက္တြန္း။

– ေပါင္သန္း ၅၀ ေပးေခ်ခဲ့ရတဲ့ ဘန္ဝႈိက္အတြက္ ေနာက္ခံလူေဟာင္း ဆိုးလ္ ကမ္းဘဲလ္က ႀကိဳတင္သတိေပးလိုက္ၿပီး အာဆင္နယ္အသင္းအေနနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈက မွားယြင္းလို႔ မရသလို ၂၃ ႏွစ္အ႐ြယ္ အဂၤလန္သားအေနနဲ႔ ခံစစ္မွာ အေကာင္းဆုံးပုံစံကို ျပသႏိုင္ရလိမ့္မယ္လို႔ တိုက္တြန္းသြား။

– အာဆင္နယ္အသင္းရဲ႕ ၂၀၂၁-၂၂ ရာသီအတြက္ အေဝးကြင္းဝတ္စုံသစ္ ဆိုရွယ္မီဒီယာေတြေပၚမွာ ေပါက္ၾကားလာခဲ့ၿပီး အျပာေရာင္ ေနာက္ခံေပၚမွာ အတြန႔္ေတြနဲ႔ အလွဆင္ထားတဲ့ အက်ႌကို ပရိသတ္ေတြကေတာ့ သိပ္ၿပီး သေဘာမက်ၾကဘူးလို႔ တုံ႔ျပန္မႈေတြအရ သိရ။

– နယူးကာဆယ္လ္အသင္းအေနနဲ႔ အာဆင္နယ္ကြင္းလယ္လူ ဂ်ိဳးဝီေလာ့ခ္ကို ေနာက္တစ္ရာသီ ဆက္လက္ေခၚယူဖို႔ မေသခ်ာဘူးလို႔ သိရၿပီး ၿမိဳ႕ခံကလပ္တစ္ခုျဖစ္တဲ့ ခရစၥတယ္လ္ပဲေလ့စ္အသင္းကို နည္းျပသစ္အျဖစ္ ကိုင္တြယ္ေနတဲ့ ဂန္းနားအသင္းေခါင္းေဆာင္ေဟာင္း ပက္ထရစ္ ဗီယာရာနဲ႔ သေဘာတူညီမႈ ရႏိုင္ဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.