Premier League Transfer News

ဗာရွန်းနဲ့ ပြည့်စုံသွားနိုင်တဲ့ ယူနိုက်တက်ခံစစ်က ချန်ပီယံ စိန်ခေါ်နိုင်ပြီလား

မနေ့က နေ့လည်မှာ ဘောလုံးအပြောင်းအရွှေ့တွေမှာ တိကျတဲ့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက သူ့ရဲ့ တွစ်တာအကောင့်ကတစ်ဆင့် မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ရာဖေးလ် ဗာရွန်းတို့ကြား သဘောတူညီမှုရခဲ့ပြီး မကြာမီ တရားဝင်ကြေငြာဖို့ရှိနေတဲ့အကြောင်းကို အသိပေးသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ပရိသတ်တစ်ယောက်ကတော့ ဗာရွန်းကို ချီးကျူးထားတဲ့ ဗီဒီယိုတစ်ခု ဖန်တီးခဲ့ပြီး သူ့ရဲ့ မက်ဒရစ်မှာ ပြခဲ့တဲ့ခြေစွမ်းတွေက ဘယ်လောက်တောင် ကောင်းခဲ့လဲဆိုတာ ပါဝင်ခဲ့သလို အချိန်ကိုက်ဖျက်ထုတ်မှုတွေ၊ ဘောလုံးလမ်းကြောင်းတားတာတွေနဲ့ အမြင့်ဘောကစားပုံတွေ စတဲ့ကောင်းကွက်တွေကို စုစည်းထားခဲ့တာပါ။

ယူနိုက်တက်တို့အနေနဲ့ ပြင်သစ်သားအတွက် ပေါင် ၃၅ သန်း+အပိုဆုကြေး ပေါင် ၇ သန်းသာ ကုန်ကျမှာဖြစ်ပြီး ပြိုင်ဘက်ပရိသတ်တွေအတွက်တော့ မနာလိုစရာဖြစ်နေနိုင်သလို ဗာရွန်းကလည်း ခွန်အားနဲ့ ပေး‌ဆပ်လိုစိတ်တို့နဲ့ ပြည့်စုံတဲ့ နောက်ခံလူတစ်ယောက် ဖြစ်ပါတယ်။

ဗာရွန်းကတော့ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်ရယူထားခဲ့ပြီး ပြင်သစ်အသင်းရဲ့ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံအသင်းမှာလည်း အဓိက ကစားသမားတစ်ယောက်အဖြစ် ပါဝင်ခဲ့သလို အသင်းခေါင်းဆောင်နောက်ခံလူ ဟာရီ မက်ဂွိုင်းယားအတွက် သင့်တော်တဲ့ တွဲဖက်ဆိုပြီး ယူနိုက်တက်ပရိသတ်တွေက ရေပက်မဝင်အောင် ချီးကျူးနေကြတာပါ။

ယူနိုက်တက်တို့ကတော့ သူတို့ရဲ့ အစွမ်းအစရှိတဲ့ ကစားသမားတွေကြားထဲကို စူပါစတားနောက်ခံလူတစ်ယောက်ထပ်ထည့်နိုင်ခဲ့ပြီး လာမယ့်ဘောလုံးရာသီက အစပြုပြီး ပရီးမီးယားလိဂ်မှာ တစ်ချိန်ကလို ပြန်လည်မင်းမူနိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

အာရွန် ဝမ်-ဘစ်ဆာကာ၊ ရာဖေးလ် ဗာရွန်း၊ ဟာရီ မက်ဂွိုင်းယားနဲ့ လုခ်ရှောတို့ နောက်တန်း ၄ ယောက်တန်းကတော့ အနည်းဆုံးတော့ စာရွက်ပေါ်မှာ‌အရ လက်ရှိကမ္ဘာ့အကောင်းဆုံးနောက်တန်းအနေနဲ့တော့ တည်ရှိနေတာဖြစ်ပြီး ဆုဖလားတွေကို ပြန်လည်စိန်ခေါ်လာနိုင်မယ့် အဆင့်အတန်းကို ရောက်ရှိလာခဲ့တာပါ။

ဗာရွန်းကို ခေါ်ယူလိုက်တာက ယူနိုက်တက်တို့အနေနဲ့ မန်ချက်စတာစီးတီး၊ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ကို လာမယ့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီကစပြီး အဓိကဆုဖလားကြီးတွေအတွက် ဒဲ့စိန်ခေါ်နိုင်ဖို့ အဓိကကျပြီး ဟိုအရင်နေ့ရက်တွေကလို ဆုဖလားကြီးတွေနဲ့ ယဉ်ပါးတဲ့အသင်းအဖြစ် ပြန်လည်ဦးမော့လာမလားဆိုတာကတော့…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မေန႔က ေန႔လည္မွာ ေဘာလုံးအေျပာင္းအေ႐ႊ႕ေတြမွာ တိက်တဲ့ သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုက သူ႔ရဲ႕ တြစ္တာအေကာင့္ကတစ္ဆင့္ မန္ခ်က္စတာယူႏိုက္တက္၊ ရီးရဲလ္မက္ဒရစ္တို႔နဲ႔ ရာေဖးလ္ ဗာ႐ြန္းတို႔ၾကား သေဘာတူညီမႈရခဲ့ၿပီး မၾကာမီ တရားဝင္ေၾကျငာဖို႔ရွိေနတဲ့အေၾကာင္းကို အသိေပးသြားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ပရိသတ္တစ္ေယာက္ကေတာ့ ဗာ႐ြန္းကို ခ်ီးက်ဴးထားတဲ့ ဗီဒီယိုတစ္ခု ဖန္တီးခဲ့ၿပီး သူ႔ရဲ႕ မက္ဒရစ္မွာ ျပခဲ့တဲ့ေျခစြမ္းေတြက ဘယ္ေလာက္ေတာင္ ေကာင္းခဲ့လဲဆိုတာ ပါဝင္ခဲ့သလို အခ်ိန္ကိုက္ဖ်က္ထုတ္မႈေတြ၊ ေဘာလုံးလမ္းေၾကာင္းတားတာေတြနဲ႔ အျမင့္ေဘာကစားပုံေတြ စတဲ့ေကာင္းကြက္ေတြကို စုစည္းထားခဲ့တာပါ။

ယူႏိုက္တက္တို႔အေနနဲ႔ ျပင္သစ္သားအတြက္ ေပါင္ ၃၅ သန္း+အပိုဆုေၾကး ေပါင္ ၇ သန္းသာ ကုန္က်မွာျဖစ္ၿပီး ၿပိဳင္ဘက္ပရိသတ္ေတြအတြက္ေတာ့ မနာလိုစရာျဖစ္ေနႏိုင္သလို ဗာ႐ြန္းကလည္း ခြန္အားနဲ႔ ေပး‌ဆပ္လိုစိတ္တို႔နဲ႔ ျပည့္စုံတဲ့ ေနာက္ခံလူတစ္ေယာက္ ျဖစ္ပါတယ္။

ဗာ႐ြန္းကေတာ့ ရီးရဲလ္မက္ဒရစ္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၄ ႀကိမ္ရယူထားခဲ့ၿပီး ျပင္သစ္အသင္းရဲ႕ ၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံအသင္းမွာလည္း အဓိက ကစားသမားတစ္ေယာက္အျဖစ္ ပါဝင္ခဲ့သလို အသင္းေါင္းေဆာင္ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားအတြက္ သင့္ေတာ္တဲ့ တြဲဖက္ဆိုၿပီး ယူႏိုက္တက္ပရိသတ္ေတြက ေရပက္မဝင္ေအာင္ ခ်ီးက်ဴးေနၾကတာပါ။

ယူႏိုက္တက္တို႔ကေတာ့ သူတို႔ရဲ႕ အစြမ္းအစရွိတဲ့ ကစားသမားေတြၾကားထဲကို စူပါစတားေနာက္ခံလူတစ္ေယာက္ထပ္ထည့္ႏိုင္ခဲ့ၿပီး လာမယ့္ေဘာလုံးရာသီက အစျပဳၿပီး ပရီးမီးယားလိဂ္မွာ တစ္ခ်ိန္ကလို ျပန္ၿပီးမင္းမူႏိုင္ဖို႔ ႀကိဳးစားေနတာလည္း ျဖစ္ပါတယ္။

အာ႐ြန္ ဝမ္-ဘစ္ဆာကာ၊ ရာေဖးလ္ ဗာ႐ြန္း၊ ဟာရီ မက္ဂြိဳင္းယားနဲ႔ လုခ္ေရွာတို႔ ေနာက္တန္း ၄ ေယာက္တန္းကေတာ့ အနည္းဆုံးေတာ့ စာ႐ြက္ေပၚမွာ‌အရ လက္ရွိကမာၻ႔အေကာင္းဆုံးေနာက္တန္းအေနနဲ႔ေတာ့ တည္ရွိေနတာျဖစ္ၿပီး ဆုဖလားေတြကို ျပန္လည္စိန္ေခၚလာႏိုင္မယ့္ အဆင့္အတန္းကို ေရာက္ရွိလာခဲ့တာပါ။

ဗာ႐ြန္းကို ေခၚယူလိုက္တာက ယူႏိုက္တက္တို႔အေနနဲ႔ မန္ခ်က္စတာစီးတီး၊ လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတို႔ကို လာမယ့္ ၂၀၂၁-၂၀၂၂ ေဘာလုံးရာသီကစၿပီး အဓိကဆုဖလားႀကီးေတြအတြက္ ဒဲ့စိန္ေခၚႏိုင္ဖို႔ အဓိကက်ၿပီး ဟိုအရင္ေန႔ရက္ေတြကလို ဆုဖလားႀကီးေတြနဲ႔ ယဥ္ပါးတဲ့အသင္းအျဖစ္ ျပန္လည္ဦးေမာ့လာမလားဆိုတာကေတာ့…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.