Other Premier League

မန်စီးတီးကို လိုက်မီဖို့ တူဟယ်လ်လုပ်ဆောင်သွားမယ့် ချဲလ်ဆီးရဲ့ လမ်းစဉ် ၅ ရပ်

ချယ်လ်ဆီးနည်းပြ တူဟယ်လ်ဟာ သူ့လက်ထ​က်မှာ ၃ ကြိမ်တွေ့ဆုံထားပြီး ၃ ကြိမ်စလုံး အနိုင်ယူထားတဲ့ မန်စီးတီးအသင်းကို အပြာရောင်တို့ရဲ့ ဒီရာသီမျှော်မှန်းချက်ဖြစ်တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အပြင်းထန်ဆုံး ဖိအားပေးသွားဖို့ ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ မန်စီးတီးလို အဆင့်အတန်းမျိုး ရောက်ရှိဖို့ ဆွဲတင်သွားမယ်လို့ သိရပါတယ်။

မန်ချက်စတာစီးတီးကို စတင်ဖြိုဖျက်ဖို့…
“နောက်ရာသီ ပထမဆုံးပွဲစဥ်ကစလို့ ကျွန်တော်တို့ မန်စီးတီးကို ဖြိုပါမယ်။ သူတို့နဲ့ ကွာဟချက်ကို ချုံ့ပစ်ပါမယ်။ ဒါက ကျွန်တော့်ရဲ့စံပါပဲ။ ဥရောပမှာ ကျွန်တော့်အတွက် စံနှုန်းမီတဲ့ အသင်းနှစ်သင်းက မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်ပါ။ ကျွန်တော့်အသင်းကို ဒီလိုတည်ဆောက်ဖို့ တပွဲချင်းစီတိုင်းကို အနိုင်ကစားပါမယ်”လို့ သူ့ရဲ့ကတိက ရှိထားခဲ့တာပါ။

တီမို ဗာနာကို ဂိုးသွင်းနိုင်အောင် ကူညီပေးပြီး ကမ္ဘာ့အဆင့်အထိ ပျိုးထောင်ဖို့…
“သူ့အနေနဲ့ အရွယ်ငယ်သေးသလို တိုးတက်စရာတွေ အများကြီးရှိနေပါတယ်။ အလားအလာကောင်းတွေ ရှိနေတယ်။ ဒါဟာ ကျွန်တော်တို့ သူ့ဆီက အပတ်စဥ်တိုင်း တောင်းဆိုနေတဲ့အရာပါ။ သူသာ စိတ်ရောကိုယ်ရော အနားယူပြီး ပြန်စဥ်းစားသုံးသပ်နိုင်မယ်ဆိုရင်တော့ ကျွန်တော်ထင်ပါတယ်။သူဟာ နောက်နှစ်မှာ ကြီးမားတဲ့ ခြေစွမ်းပြမှုတွေ ပြုလုပ်လာပါလိမ့်မယ်။ အခု သူက လူသစ် မဟုတ်တော့ဘူး။ အင်္ဂလန်မြေရဲ့ ပတ်ဝန်းကျင်မှာ အထိုင်ကျသွားပြီ။ သူ့အသင်းဖော်တွေအကြောင်းကို သူနားလည်နေပါပြီ”

“ပထမဆုံးတာထွက်မှာ သူဘာတွေ လွဲခဲ့လဲဆိုတာကို ကောင်းကောင်းသိရှိနေပြီ။ ဘယ်လိုပြုပြင်ပြောင်းလဲရမလဲဆိုတာကိုလည်း သူသဘောပေါက်နေလောက်ပါပြီ။ ဒါအသိစိတ်က သူ့ကို ကောင်းကောင်းအကူအညီပေးပါလိမ့်မယ်။ ဒီဖြစ်စဥ်ကို မြန်မြန်လည်ပတ်အောင် ကျွန်တော်တို့ သူ့ကို မောင်းပေးနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ သူ့ကို လိုအပ်ပါတယ်”လို့ ဆိုခဲ့ခြင်းမှာ ဗာနာကို ဂိုးသွင်းနိုင်အောင် ယုံကြည်မှုပေးသွားမယ်လို့ တူဟယ်လ်က ထောက်ခံချက်ပေးခဲ့ဖူးတာပါ။

အဆုံးသတ်ပိုင်းသေချာအောင် မောင်းမယ်…
“ကျွန်တော်တို့အသင်းက ဘယ်တုန်းကမှ အခွင့်အရေးတွေ မဖန်တီးနိုင်ဘူးဆိုတာ မရှိပါဘူး။ ပြိုင်ဘက်ဧရိယာထဲ ဘောလုံးကိုင်ပြီး အမြဲခြိမ်းခြောက်နေတာပါ။ ဒါပေမယ့် ဂိုးအရေအတွက်ကတော့ နည်းနေတုန်းပါပဲ။ ဂိုးသွင်းအားကျနေတယ်လို့ ဆိုရမှာပါ”

“ဂိုးအခွင့်အရေးကောင်းတွေကို ဖန်တီးပြီး အဆုံးသတ်ပိုင်းကို သွေးအေးအေးနဲ့ သေချာအောင် ဂိုးသွင်းဖို့ လို​နေပါတယ်။ ဒါကို ပြုပြင်ပေးသွားပါမယ်။ ကစားသမားတွေကို တိုးတက်လာအောင် လုပ်ပေးမယ်။ သူတို့က ခံစစ်ကစားချိန်မှာပါ တာဝန်ယူထားရတဲ့အတွက် ဂိုးမသွင်းနိုင်ချိန်မှာ လက်ညှိုးထိုး အပြစ်ဖို့နေမှာ မဟုတ်ပါဘူး”လို့ တူဟယ်လ်ရဲ့ ရည်မှန်းချက်ကို မြင်တွေ့ထားရပါတယ်။

ကော့ဘ်ဟမ်အကယ်ဒမီကို ယုံကြည်မှုပေးမယ်…
“ကျွန်တော့်အမြင်မှာတော့ ကမ္ဘာပေါ်မှာ ဘယ်ကလပ်အသင်းအတွက်မဆို လူငယ်အကယ်ဒမီက အရေးအပါဆုံးဖြစ်ပါတယ်။ အကယ်ဒမီနဲ့ စီနီယာအသင်းကြီးကို ချိတ်ဆက်ပေးနိုင်ဖို့ လိုပါတယ်။ ချယ်လ်ဆီးဟာ ဥရောပမှာ အကောင်းတကာ့အကောင်းဆုံး အကယ်ဒမီတွေထဲက တခုကို ပိုင်ဆိုင်ထားတာပါ”

“လူငယ်လေးတွေကို အမြဲဆွဲတင်ပေးနေမယ်။ လမ်းညွှန်မှုပေးနေတယ်။ စိန်ခေါ်မှုတွေအတွက် အဆင်သင့်ဖြစ်လာအောင် ပျိုးထောင်ပေးနေပါတယ်။ ကမ္ဘာ့အကောင်းဆုံးအသင်းတသင်းမှာတော့ လွယ်လွယ်ဝင်တိုးဖို့ မဖြစ်နိုင်တာကြောင့်ပါ။ သူတို့ကို အရည်အချင်းပြည့်မီအောင် မောင်းနှင်​ပေးနေပါတယ်”လို့ တူဟယ်လ်က အသင်းကြီးနဲ့ အကယ်ဒမီကြား သူ့ရဲ့ချိတ်ဆက်ကိုင်တွယ်ပုံကို ရှင်းပြခဲ့တာပါ။

ဟဒ်ဆန်-အိုဒွိုင်းကို နောက်တစ်ဆင့်မြှင့်ပေးမယ်…
ရာသီ​ကြိုလေ့ကျင့်ရေး ပထမနေ့မှာတင် တူဟယ်လ်ပြောခဲ့တာက “အိုဒွိုင်းအတွက် သိပ်ကောင်းတဲ့ အနေအထားပါ။ သူပုန်းနေလို့ မရတော့ပါဘူး။ အဲဒါပြီးသွားလို့ ​ခြေစွမ်းပြချိန်တန်ပါပြီ”လို့ မှတ်ချက်ပေးသွားခဲ့သလို သူ့ရဲ့နည်းပြဘဝ ၂ လတာအတွင်းမှာ အင်္ဂလန်သားလေးကို ၁၃ ပွဲကစားစေခဲ့တာကလည်း အသိအမှတ်ပြုရမှာပါ။

မေလတုန်းက အီတီဟတ်ကွင်းကြီးမှာ ချယ်လ်ဆီးရဲ့ အနိုင်ဂိုးအတွက် အကျိုးပြုခဲ့တဲ့ သူ့ကို ၉၅ ရာခိုင်နှုန်းအထိ ကြိုးစားရုံနဲ့ မလုံလောက်ကြောင်း တိုက်တွန်းထားခဲ့သလို ပါရမီကြီးမားတာနဲ့အမျှ ကြိုးစားအားထုတ်မှုအပိုင်းမှာပါ တာဝန်ပိုကြီးကြောင်း အမြော်မြင်ရှိတဲ့ စကားဆိုခဲ့ပြီး အခုထက်ပိုတဲ့ ​ခြေစွမ်းမျိုးနဲ့ တောက်ပလာအောင် မြေတောင်မြှောက်ပေးသွားဖို့ ပြင်ဆင်နေတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ယ္လ္ဆီးနည္းျပ တူဟယ္လ္ဟာ သူ႔လက္ထ​က္မွာ ၃ ႀကိမ္ေတြ႕ဆုံထားၿပီး ၃ ႀကိမ္စလုံး အႏိုင္ယူထားတဲ့ မန္စီးတီးအသင္းကို အျပာေရာင္တို႔ရဲ႕ ဒီရာသီေမွ်ာ္မွန္းခ်က္ျဖစ္တဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အျပင္းထန္ဆုံး ဖိအားေပးသြားဖို႔ ရွိေနပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ မန္စီးတီးလို အဆင့္အတန္းမ်ိဳး ေရာက္ရွိဖို႔ ဆြဲတင္သြားမယ္လို႔ သိရပါတယ္။

မန္ခ်က္စတာစီးတီးကို စတင္ၿဖိဳဖ်က္ဖို႔…
“ေနာက္ရာသီ ပထမဆုံးပြဲစဥ္ကစလို႔ ကြၽန္ေတာ္တို႔ မန္စီးတီးကို ၿဖိဳပါမယ္။ သူတို႔နဲ႔ ကြာဟခ်က္ကို ခ်ဳံ႕ပစ္ပါမယ္။ ဒါက ကြၽန္ေတာ့္ရဲ႕စံပါပဲ။ ဥေရာပမွာ ကြၽန္ေတာ့္အတြက္ စံႏႈန္းမီတဲ့ အသင္းႏွစ္သင္းက မန္စီးတီးနဲ႔ ဘိုင္ယန္ျမဴးနစ္ပါ။ ကြၽန္ေတာ့္အသင္းကို ဒီလိုတည္ေဆာက္ဖို႔ တပြဲခ်င္းစီတိုင္းကို အႏိုင္ကစားပါမယ္”လို႔ သူ႔ရဲ႕ကတိက ရွိထားခဲ့တာပါ။

တီမို ဗာနာကို ဂိုးသြင္းႏိုင္ေအာင္ ကူညီေပးၿပီး ကမာၻ႔အဆင့္အထိ ပ်ိဳးေထာင္ဖို႔…
“သူ႔အေနနဲ႔ အ႐ြယ္ငယ္ေသးသလို တိုးတက္စရာေတြ အမ်ားႀကီးရွိေနပါတယ္။ အလားအလာေကာင္းေတြ ရွိေနတယ္။ ဒါဟာ ကြၽန္ေတာ္တို႔ သူ႔ဆီက အပတ္စဥ္တိုင္း ေတာင္းဆိုေနတဲ့အရာပါ။ သူသာ စိတ္ေရာကိုယ္ေရာ အနားယူၿပီး ျပန္စဥ္းစားသုံးသပ္ႏိုင္မယ္ဆိုရင္ေတာ့ ကြၽန္ေတာ္ထင္ပါတယ္။သူဟာ ေနာက္ႏွစ္မွာ ႀကီးမားတဲ့ ေျခစြမ္းျပမႈေတြ ျပဳလုပ္လာပါလိမ့္မယ္။ အခု သူက လူသစ္ မဟုတ္ေတာ့ဘူး။ အဂၤလန္ေျမရဲ႕ ပတ္ဝန္းက်င္မွာ အထိုင္က်သြားၿပီ။ သူ႔အသင္းေဖာ္ေတြအေၾကာင္းကို သူနားလည္ေနပါၿပီ”

“ပထမဆုံးတာထြက္မွာ သူဘာေတြ လြဲခဲ့လဲဆိုတာကို ေကာင္းေကာင္းသိရွိေနၿပီ။ ဘယ္လိုျပဳျပင္ေျပာင္းလဲရမလဲဆိုတာကိုလည္း သူသေဘာေပါက္ေနေလာက္ပါၿပီ။ ဒါအသိစိတ္က သူ႔ကို ေကာင္းေကာင္းအကူအညီေပးပါလိမ့္မယ္။ ဒီျဖစ္စဥ္ကို ျမန္ျမန္လည္ပတ္ေအာင္ ကြၽန္ေတာ္တို႔ သူ႔ကို ေမာင္းေပးေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ သူ႔ကို လိုအပ္ပါတယ္”လို႔ ဆိုခဲ့ျခင္းမွာ ဗာနာကို ဂိုးသြင္းႏိုင္ေအာင္ ယုံၾကည္မႈေပးသြားမယ္လို႔ တူဟယ္လ္က ေထာက္ခံခ်က္ေပးခဲ့ဖူးတာပါ။

အဆုံးသတ္ပိုင္းေသခ်ာေအာင္ ေမာင္းမယ္…
“ကြၽန္ေတာ္တို႔အသင္းက ဘယ္တုန္းကမွ အခြင့္အေရးေတြ မဖန္တီးႏိုင္ဘူးဆိုတာ မရွိပါဘူး။ ၿပိဳင္ဘက္ဧရိယာထဲ ေဘာလုံးကိုင္ၿပီး အၿမဲၿခိမ္းေျခာက္ေနတာပါ။ ဒါေပမယ့္ ဂိုးအေရအတြက္ကေတာ့ နည္းေနတုန္းပါပဲ။ ဂိုးသြင္းအားက်ေနတယ္လို႔ ဆိုရမွာပါ”

“ဂိုးအခြင့္အေရးေကာင္းေတြကို ဖန္တီးၿပီး အဆုံးသတ္ပိုင္းကို ေသြးေအးေအးနဲ႔ ေသခ်ာေအာင္ ဂိုးသြင္းဖို႔ လို​ေနပါတယ္။ ဒါကို ျပဳျပင္ေပးသြားပါမယ္။ ကစားသမားေတြကို တိုးတက္လာေအာင္ လုပ္ေပးမယ္။ သူတို႔က ခံစစ္ကစားခ်ိန္မွာပါ တာဝန္ယူထားရတဲ့အတြက္ ဂိုးမသြင္းႏိုင္ခ်ိန္မွာ လက္ညႇိဳးထိုး အျပစ္ဖို႔ေနမွာ မဟုတ္ပါဘူး”လို႔ တူဟယ္လ္ရဲ႕ ရည္မွန္းခ်က္ကို ျမင္ေတြ႕ထားရပါတယ္။

ေကာ့ဘ္ဟမ္အကယ္ဒမီကို ယုံၾကည္မႈေပးမယ္…
“ကြၽန္ေတာ့္အျမင္မွာေတာ့ ကမာၻေပၚမွာ ဘယ္ကလပ္အသင္းအတြက္မဆို လူငယ္အကယ္ဒမီက အေရးအပါဆုံးျဖစ္ပါတယ္။ အကယ္ဒမီနဲ႔ စီနီယာအသင္းႀကီးကို ခ်ိတ္ဆက္ေပးႏိုင္ဖို႔ လိုပါတယ္။ ခ်ယ္လ္ဆီးဟာ ဥေရာပမွာ အေကာင္းတကာ့အေကာင္းဆုံး အကယ္ဒမီေတြထဲက တခုကို ပိုင္ဆိုင္ထားတာပါ”

“လူငယ္ေလးေတြကို အၿမဲဆြဲတင္ေပးေနမယ္။ လမ္းၫႊန္မႈေပးေနတယ္။ စိန္ေခၚမႈေတြအတြက္ အဆင္သင့္ျဖစ္လာေအာင္ ပ်ိဳးေထာင္ေပးေနပါတယ္။ ကမာၻ႔အေကာင္းဆုံးအသင္းတသင္းမွာေတာ့ လြယ္လြယ္ဝင္တိုးဖို႔ မျဖစ္ႏိုင္တာေၾကာင့္ပါ။ သူတို႔ကို အရည္အခ်င္းျပည့္မီေအာင္ ေမာင္းႏွင္​ေပးေနပါတယ္”လို႔ တူဟယ္လ္က အသင္းႀကီးနဲ႔ အကယ္ဒမီၾကား သူ႔ရဲ႕ခ်ိတ္ဆက္ကိုင္တြယ္ပုံကို ရွင္းျပခဲ့တာပါ။

ဟဒ္ဆန္-အိုဒြိဳင္းကို ေနာက္တစ္ဆင့္ျမႇင့္ေပးမယ္…
ရာသီ​ႀကိဳေလ့က်င့္ေရး ပထမေန႔မွာတင္ တူဟယ္လ္ေျပာခဲ့တာက “အိုဒြိဳင္းအတြက္ သိပ္ေကာင္းတဲ့ အေနအထားပါ။ သူပုန္းေနလို႔ မရေတာ့ပါဘူး။ အဲဒါၿပီးသြားလို႔ ​ေျခစြမ္းျပခ်ိန္တန္ပါၿပီ”လို႔ မွတ္ခ်က္ေပးသြားခဲ့သလို သူ႔ရဲ႕နည္းျပဘဝ ၂ လတာအတြင္းမွာ အဂၤလန္သားေလးကို ၁၃ ပြဲကစားေစခဲ့တာကလည္း အသိအမွတ္ျပဳရမွာပါ။

ေမလတုန္းက အီတီဟတ္ကြင္းႀကီးမွာ ခ်ယ္လ္ဆီးရဲ႕ အႏိုင္ဂိုးအတြက္ အက်ိဳးျပဳခဲ့တဲ့ သူ႔ကို ၉၅ ရာခိုင္ႏႈန္းအထိ ႀကိဳးစား႐ုံနဲ႔ မလုံေလာက္ေၾကာင္း တိုက္တြန္းထားခဲ့သလို ပါရမီႀကီးမားတာနဲ႔အမွ် ႀကိဳးစားအားထုတ္မႈအပိုင္းမွာပါ တာဝန္ပိုႀကီးေၾကာင္း အေျမာ္ျမင္ရွိတဲ့ စကားဆိုခဲ့ၿပီး အခုထက္ပိုတဲ့ ​ေျခစြမ္းမ်ိဳးနဲ႔ ေတာက္ပလာေအာင္ ေျမေတာင္ေျမႇာက္ေပးသြားဖို႔ ျပင္ဆင္ေနတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.