Premier League

အာဆင္နယ္ဂႏၴဝင္ အြန္နရီဟာ သူ႕ရဲ႕ အခက္ခဲဆုံးၿပဳိင္ဘက္လို႔ ဝန္ခံလုိက္တဲ့ အာတီတာ

အာဆင္နယ္အသင္းရဲ႕ နည္းျပတစ္ျဖစ္လဲ အသင္းေခါင္းေဆာင္ေဟာင္း မီခယ္လ္ အာတီတာက သူ႕ရဲ႕ ကစားသမားဘဝမွာ ရင္ဆုိင္ရ အခက္ခဲဆုံးကစားသမားဟာ ေျမာက္လန္ဒန္အသင္းရဲ႕ ထာဝရဂိုးသြင္းဘုရင္ျဖစ္တဲ့ သီယာရီ အြန္နရီျဖစ္ေၾကာင္း အဲဗာတန္ကစားသမားဘဝက ေတြ႕ႀကဳံခဲ့ရပုံေတြကို စဥ္းစားၿပီး ဝန္ခံလုိက္ပါတယ္။

အမ္းမရိတ္ကြင္းကို ၂၀၁၁-၁၂ ရာသီမွာ ေရာက္မလာခင္အခ်ိန္အထိ အဲဗာတန္အသင္းရဲ႕ အဓိက ကြင္းလယ္လူျဖစ္ခဲ့တဲ့ အာတီတာဟာ ဆက္စ္ ဖာဘရီဂက္စ္ရဲ႕ ပရီးမီးယားလိဂ္ စတင္ခ်ိန္မွာ အသင္းကေန ထြက္ခြာသြားမွဳေၾကာင့္ အလ်င္အျမန္ ျပန္လည္အစားထိုးခဲ့ရသူျဖစ္ခဲ့ၿပီး သူက အြန္နရီနဲ႔ ရင္ဆုိင္ခဲ့ရပုံေတြကို ထုတ္ေဖာ္သြားခဲ့တာပါ။

အဲဗာတန္အသင္းကို ၂၀၀၅-၀၆ ရာသီမွာ ေရာက္ရွိလာခဲ့တဲ့ ဘတ္စ္ေကးသားအေနနဲ႔ အြန္နရီကို အာဆင္နယ္က ထြက္ခြာမသြားခင္အထိ သုံးရာသီ ရင္ဆုိင္ခဲ့ဖူးၿပီး သူ႕ရဲ႕ကစားသမားဘဝမွာ ရင္ဆုိင္ရ အခက္ခဲဆုံးနဲ႔ သူနဲ႔ ေတြ႕တဲ့အခါ ၿပဳိင္ဘက္ေတြက လူငယ္အသင္းက ကစားသမားေတြ လူႀကီးအသင္းဆီ တက္ကစားရသလိုမ်ဳိး ျဖစ္သြားတယ္လုိ႔လည္း ဆုိခဲ့ပါတယ္။

“သူနဲ႔ ရင္ဆုိင္ရတဲ့အခါ တားဆီးဖို႔က မျဖစ္ႏုိင္သေလာက္ပါပဲ။ ဘာနဲ႔တူသလဲဆုိေတာ့ သူနဲ႔ယွဥ္ကစားရတဲ့သူေတြက လူငယ္ေတြလို ျဖစ္သြားၿပီး သူ႕ရဲ႕ ႀကီးမားတဲ့ ဖိအားကို ခံၾကရတာပါ။ သူ႕ကို အားလုံးက အရမ္းေလးစားၾကၿပီး ကၽြန္ေတာ့္အတြက္ဆိုရင္ေတာ့ ဘယ္တုန္းကမွ မျဖစ္ခဲ့ဖူးတဲ့ အရာေပါ့ဗ်ာ”လုိ႔ လက္ရွိအာဆင္နယ္နည္းျပက ဆုိပါတယ္။

အာတီတာက သူ႕အေနနဲ႔ အဲဗာတန္မွာတုန္းက အြန္နရီနဲ႔ ရင္ဆုိင္ရတာဟာ တကယ့္ျပႆနာႀကီးႀကီးမားမားကို ကိုင္တြယ္ခဲ့ရတာျဖစ္ၿပီး တစ္ခါမွလည္း လြယ္ကူခဲ့တယ္ဆုိတာ မရွိေၾကာင္းနဲ႔ အာဆင္နယ္ဂရိတ္ဟာ သူ႕အတြက္ေတာ့ အေကာင္းဆုံးနဲ႔ အေလးစားရဆုံးကစားသမားေတြထဲက တစ္ဦးလည္းျဖစ္ေၾကာင္း အသင္းဝက္ဘ္ဆိုက္ကို ေျပာၾကားသြားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: ARSENAL OFFICIAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ နည်းပြတစ်ဖြစ်လဲ အသင်းခေါင်းဆောင်ဟောင်း မီခယ်လ် အာတီတာက သူ့ရဲ့ ကစားသမားဘဝမှာ ရင်ဆိုင်ရ အခက်ခဲဆုံးကစားသမားဟာ မြောက်လန်ဒန်အသင်းရဲ့ ထာဝရဂိုးသွင်းဘုရင်ဖြစ်တဲ့ သီယာရီ အွန်နရီဖြစ်ကြောင်း အဲဗာတန်ကစားသမားဘဝက တွေ့ကြုံခဲ့ရပုံတွေကို စဉ်းစားပြီး ဝန်ခံလိုက်ပါတယ်။

အမ်းမရိတ်ကွင်းကို ၂၀၁၁-၁၂ ရာသီမှာ ရောက်မလာခင်အချိန်အထိ အဲဗာတန်အသင်းရဲ့ အဓိက ကွင်းလယ်လူဖြစ်ခဲ့တဲ့ အာတီတာဟာ ဆက်စ် ဖာဘရီဂက်စ်ရဲ့ ပရီးမီးယားလိဂ် စတင်ချိန်မှာ အသင်းကနေ ထွက်ခွာသွားမှုကြောင့် အလျင်အမြန် ပြန်လည်အစားထိုးခဲ့ရသူဖြစ်ခဲ့ပြီး သူက အွန်နရီနဲ့ ရင်ဆိုင်ခဲ့ရပုံတွေကို ထုတ်ဖော်သွားခဲ့တာပါ။

အဲဗာတန်အသင်းကို ၂၀၀၅-၀၆ ရာသီမှာ ရောက်ရှိလာခဲ့တဲ့ ဘတ်စ်ကေးသားအနေနဲ့ အွန်နရီကို အာဆင်နယ်က ထွက်ခွာမသွားခင်အထိ သုံးရာသီ ရင်ဆိုင်ခဲ့ဖူးပြီး သူ့ရဲ့ကစားသမားဘဝမှာ ရင်ဆိုင်ရ အခက်ခဲဆုံးနဲ့ သူနဲ့ တွေ့တဲ့အခါ ပြိုင်ဘက်တွေက လူငယ်အသင်းက ကစားသမားတွေ လူကြီးအသင်းဆီ တက်ကစားရသလိုမျိုး ဖြစ်သွားတယ်လို့လည်း ဆိုခဲ့ပါတယ်။

“သူနဲ့ ရင်ဆိုင်ရတဲ့အခါ တားဆီးဖို့က မဖြစ်နိုင်သလောက်ပါပဲ။ ဘာနဲ့တူသလဲဆိုတော့ သူနဲ့ယှဉ်ကစားရတဲ့သူတွေက လူငယ်တွေလို ဖြစ်သွားပြီး သူ့ရဲ့ ကြီးမားတဲ့ ဖိအားကို ခံကြရတာပါ။ သူ့ကို အားလုံးက အရမ်းလေးစားကြပြီး ကျွန်တော့်အတွက်ဆိုရင်တော့ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးတဲ့ အရာပေါ့ဗျာ”လို့ လက်ရှိအာဆင်နယ်နည်းပြက ဆိုပါတယ်။

အာတီတာက သူ့အနေနဲ့ အဲဗာတန်မှာတုန်းက အွန်နရီနဲ့ ရင်ဆိုင်ရတာဟာ တကယ့်ပြဿနာကြီးကြီးမားမားကို ကိုင်တွယ်ခဲ့ရတာဖြစ်ပြီး တစ်ခါမှလည်း လွယ်ကူခဲ့တယ်ဆိုတာ မရှိကြောင်းနဲ့ အာဆင်နယ်ဂရိတ်ဟာ သူ့အတွက်တော့ အကောင်းဆုံးနဲ့ အလေးစားရဆုံးကစားသမားတွေထဲက တစ်ဦးလည်းဖြစ်ကြောင်း အသင်းဝက်ဘ်ဆိုက်ကို ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: ARSENAL OFFICIAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.