Other Leagues Premier League UCL&UEL

ယူအီးအက္ဖ္ေအနဲ႔ သေဘာတူညီၿပီး ဇူလုိင္ ၃၁ ရက္မွာ ၿပီးဆုံးဖို႔ ပစ္မွတ္ထားေနတဲ့ ပရီးမီးယားလိဂ္

ယူအီးအက္ဖ္ေအရဲ႕ ၿပဳိင္ပြဲႏွစ္ရပ္ျဖစ္တဲ့ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္တုိ႔ကို လာမယ့္ ၾသဂုတ္လထဲမွာ က်င္းပဖို႔ စီစဥ္ခဲ့ရာမွာ ပရီးမီးယားလိဂ္ကို ဇူလုိင္လ ၃၁ ရက္ ေနာက္ဆုံးထားၿပီး ၿပီးဆုံးေအာင္ ကစားေပးဖို႔ သေဘာတူညီမွဳ ရရွိခဲ့ၿပီး လိုအပ္တဲ့ ၿပဳိင္ပြဲက်င္းပႏုိင္ေရး အခ်က္အလက္ေတြကို ျပင္ဆင္ေနၾကတယ္လို႔ သိရပါတယ္။

ဥေရာပတစ္ခြင္မွာ ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မွဳေၾကာင့္ လက္ရွိေဘာလုံးရာသီရဲ႕ ပြဲစဥ္ေတြကို ရပ္နားထားခဲ့ရာမွာ အခ်ိန္ကာလအားျဖင့္ ေျခာက္ပတ္အထိ ရွိခဲ့ၿပီျဖစ္ၿပီး ေဘာလုံးအသင္းေတြအေနနဲ႔ ဝင္ေငြေတြ ေလ်ာ့က်မွဳအျပင္ ရာသီကို ၿပီးဆုံးေအာင္ ဆက္ကစားႏုိင္ပါ့မလားဆုိတဲ့ သံသယေတြနဲ႔လည္း ရင္ဆုိင္ေနၾကရတာပါ။

ပြဲစဥ္ေတြကို ၿပီးဆုံးေအာင္ ကစားဖို႔ဆုိရင္ လိုအပ္ခ်က္ေတြက ထင္သလို မ႐ိုးရွင္းဘဲ ရွဳပ္ေထြးတဲ့အရာေတြ မ်ားစြာပါဝင္ေနတာေၾကာင့္ ပရီးမီးယားလိဂ္အေနနဲ႔ သူတုိ႔ရဲ႕ အသင္း ၂၀ အျပင္ တျခားႏိုင္ငံေတြက ေဘာလုံးအဖြဲ႕ခ်ဳပ္ေတြနဲ႔ပါ ဆက္သြယ္ၿပီး အႀကံဉာဏ္ရယူမွဳေတြနဲ႔ ျပင္ဆင္ေနတယ္လုိ႔လည္း ဆုိပါတယ္။

ယူအီးအက္ဖ္ေအဥကၠဌ အလက္ဇန္းဒါး ဆက္ဖရင္အေနနဲ႔ ဥေရာပထိပ္တန္း အမွတ္ေပးၿပဳိင္ပြဲေတြကို အခ်ိန္ကိုက္ၿပီးဆုံးေအာင္ က်င္းပဖို႔ သေဘာတူညီမွဳေတြ လုပ္ေဆာင္ေနေပမယ့္ ကလပ္အသင္းတခ်ဳိ႕ကေတာ့ ကိုဗစ္-၁၉ ရဲ႕ အႏၲရာယ္ကို စိုးရိမ္ထိတ္လန္႔မွဳေတြနဲ႔ ဆက္မကစားဖို႔ကိုလည္း ဆႏၵရွိေနၾကတယ္လုိ႔ သတင္းအခ်ဳိ႕က ဆုိပါတယ္။

ပရီးမီးယားလိဂ္အေနနဲ႔ေတာ့ လာမယ့္ပြဲစဥ္ေတြကို ဇြန္လ ၈ ရက္ေန႔မွာ စတင္က်င္းပဖုိ႔ လ်ာထားၿပီး ရည္မွန္းခ်က္ျမင့္မားတဲ့ ကလပ္အသင္းႀကီးေတြအေနနဲ႔ စုစည္းၿပီး တျခားအသင္းေတြရဲ႕ ကန္႔ကြက္မွဳမွာ လိုအပ္တဲ့ မဲအေရအတြက္ မျဖစ္ေပၚေအာင္လည္း တားဆီးသြားဖို႔ စုစည္းထားေၾကာင္းလည္း အေစာပုိင္းသတင္းေတြအရ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ယူအီးအက်ဖ်အေရဲ့ ပြိုင်ပွဲနှစ်ရပ်ဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့ကို လာမယ့် သြဂုတ်လထဲမှာ ကျင်းပဖို့ စီစဉ်ခဲ့ရာမှာ ပရီးမီးယားလိဂ်ကို ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး ပြီးဆုံးအောင် ကစားပေးဖို့ သဘောတူညီမှု ရရှိခဲ့ပြီး လိုအပ်တဲ့ ပြိုင်ပွဲကျင်းပနိုင်ရေး အချက်အလက်တွေကို ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

ဥရောပတစ်ခွင်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် လက်ရှိဘောလုံးရာသီရဲ့ ပွဲစဉ်တွေကို ရပ်နားထားခဲ့ရာမှာ အချိန်ကာလအားဖြင့် ခြောက်ပတ်အထိ ရှိခဲ့ပြီဖြစ်ပြီး ဘောလုံးအသင်းတွေအနေနဲ့ ဝင်ငွေတွေ လျော့ကျမှုအပြင် ရာသီကို ပြီးဆုံးအောင် ဆက်ကစားနိုင်ပါ့မလားဆိုတဲ့ သံသယတွေနဲ့လည်း ရင်ဆိုင်နေကြရတာပါ။

ပွဲစဉ်တွေကို ပြီးဆုံးအောင် ကစားဖို့ဆိုရင် လိုအပ်ချက်တွေက ထင်သလို မရိုးရှင်းဘဲ ရှုပ်ထွေးတဲ့အရာတွေ များစွာပါဝင်နေတာကြောင့် ပရီးမီးယားလိဂ်အနေနဲ့ သူတို့ရဲ့ အသင်း ၂၀ အပြင် တခြားနိုင်ငံတွေက ဘောလုံးအဖွဲ့ချုပ်တွေနဲ့ပါ ဆက်သွယ်ပြီး အကြံဉာဏ်ရယူမှုတွေနဲ့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

ယူအီးအက်ဖ်အေဥက္ကဌ အလက်ဇန်းဒါး ဆက်ဖရင်အနေနဲ့ ဥရောပထိပ်တန်း အမှတ်ပေးပြိုင်ပွဲတွေကို အချိန်ကိုက်ပြီးဆုံးအောင် ကျင်းပဖို့ သဘောတူညီမှုတွေ လုပ်ဆောင်နေပေမယ့် ကလပ်အသင်းတချို့ကတော့ ကိုဗစ်-၁၉ ရဲ့ အန္တရာယ်ကို စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ဆက်မကစားဖို့ကိုလည်း ဆန္ဒရှိနေကြတယ်လို့ သတင်းအချို့က ဆိုပါတယ်။

ပရီးမီးယားလိဂ်အနေနဲ့တော့ လာမယ့်ပွဲစဉ်တွေကို ဇွန်လ ၈ ရက်နေ့မှာ စတင်ကျင်းပဖို့ လျာထားပြီး ရည်မှန်းချက်မြင့်မားတဲ့ ကလပ်အသင်းကြီးတွေအနေနဲ့ စုစည်းပြီး တခြားအသင်းတွေရဲ့ ကန့်ကွက်မှုမှာ လိုအပ်တဲ့ မဲအရေအတွက် မဖြစ်ပေါ်အောင်လည်း တားဆီးသွားဖို့ စုစည်းထားကြောင်းလည်း အစောပိုင်းသတင်းတွေအရ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.