Premier League

လက္စတာရဲ႕ ေခ်းလ္ဝဲလ္ကိုပဲ မျဖစ္မေန ေခၚယူရဖို႔ ရွိလာတဲ့ ခ်ဲလ္ဆီး

ဘယ္ေနာက္ခံလူတစ္ေယာက္ မျဖစ္မေန လိုအပ္ေနခဲ့တဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ေဈးႏွဳန္းသင့္ေတာ္တဲ့ ဦးစားေပးပစ္မွတ္ အဲလက္စ္ တဲလက္စ္အတြက္ ၿပဳိင္ပြဲမွာ ပီအက္စ္ဂ်ီကို ရွဳံးနိမ့္သြားတယ္လို႔ သိခဲ့ရအၿပီးမွာ လက္စတာစီးတီးရဲ႕ ဘန္ ေခ်းလ္ဝဲလ္ကိုပဲ ေခၚယူဖို႔ ေျပာင္းလဲႀကဳိးစားရေတာ့မွာျဖစ္ပါတယ္။

အသင္းပုိင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ်္ရဲ႕ ရင္းႏွီးတဲ့ မိတ္ေဆြျဖစ္တဲ့ ပီနီ ဇာဟာဗီကို ေအးဂ်င့္အျဖစ္ ခန္႔အပ္ခဲ့လို႔ ခ်ဲလ္ဆီးကို ေရာက္ေတာ့မယ္ဆုိၿပီး သတင္းေတြ ထြက္ခဲ့တဲ့ အသက္ ၂၇ ႏွစ္အရြယ္ ဘရာဇီးလ္ေနာက္ခံလူအတြက္ကေတာ့ စတမ္းဖို႔ဒ္ဘရစ္ခ်္နဲ႔ နီးစပ္ဖို႔ သိပ္မရွိေတာ့ဘူးလို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ဒါေၾကာင့္ နည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔ သူစိတ္ႀကဳိက္မေတြ႕တဲ့ ကစားသမားႏွစ္ဦးနဲ႔ ယွဥ္ၿပဳိင္ေနခဲ့ရတဲ့ အသင္းရဲ႕ ဘယ္ေနာက္ခံေနရာကို ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး အဂၤလန္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ေခ်းလ္ဝဲလ္နဲ႔ အစားထိုးဖုိ႔ လုပ္ေဆာင္ေနၿပီျဖစ္ၿပီး လက္ရွိအေျခအေနအရ အနည္းဆုံး ေပါင္သန္း ၆၀ ေလာက္ေတာ့ ေပးေခ်သြားရႏုိင္ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဘယ္ေနာက္ခံလူဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ၂၃ ပြဲ ကစားထားခဲ့ရာမွာ ၂ ဂိုးသြင္း ၃ ဂိုး ဖန္တီးေပးခဲ့ၿပီး လက္စတာစီးတီးရဲ႕ ဘယ္ျခမ္းရဲ႕ အဓိကလက္နက္တစ္ခုလည္းျဖစ္ခဲ့သလို သူ႕ကို လိုခ်င္ေနတဲ့ အသင္းႀကီးေတြလည္း မ်ားျပားလာခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေခ်းဝဲလ္ကို လိုခ်င္ေနေပမယ့္ တျခားေနရာေတြကုိ အဓိကျဖည့္ဆည္းဖို႔ ရွိေနတဲ့ မန္ခ်က္စတာၿမဳိ႕ခံႏွစ္သင္းထက္ လက္ဦးမွဳ ရယူၿပီး ေခၚယူသြားဖို႔ ရွိေနသလို ဘယ္ေနာက္ခံေနရာဟာ အသင္းအတြက္ မျဖစ္မေနအားျဖည့္ရမယ့္ ေနရာျဖစ္ေနတာေၾကာင့္ နည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔ အသင္းရဲ႕ အေျပာင္းအေရႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကာယာကို အထူးေတာင္းဆုိမွဳျပဳလုပ္သြားဖြယ္ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘယ်နောက်ခံလူတစ်ယောက် မဖြစ်မနေ လိုအပ်နေခဲ့တဲ့ ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ ဈေးနှုန်းသင့်တော်တဲ့ ဦးစားပေးပစ်မှတ် အဲလက်စ် တဲလက်စ်အတွက် ပြိုင်ပွဲမှာ ပီအက်စ်ဂျီကို ရှုံးနိမ့်သွားတယ်လို့ သိခဲ့ရအပြီးမှာ လက်စတာစီးတီးရဲ့ ဘန် ချေးလ်ဝဲလ်ကိုပဲ ခေါ်ယူဖို့ ပြောင်းလဲကြိုးစားရတော့မှာဖြစ်ပါတယ်။

အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်တဲ့ ပီနီ ဇာဟာဗီကို အေးဂျင့်အဖြစ် ခန့်အပ်ခဲ့လို့ ချဲလ်ဆီးကို ရောက်တော့မယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် ဘရာဇီးလ်နောက်ခံလူအတွက်ကတော့ စတမ်းဖို့ဒ်ဘရစ်ချ်နဲ့ နီးစပ်ဖို့ သိပ်မရှိတော့ဘူးလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဒါကြောင့် နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ သူစိတ်ကြိုက်မတွေ့တဲ့ ကစားသမားနှစ်ဦးနဲ့ ယှဉ်ပြိုင်နေခဲ့ရတဲ့ အသင်းရဲ့ ဘယ်နောက်ခံနေရာကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အင်္ဂလန်နောက်ခံလူတစ်ဦးဖြစ်တဲ့ ချေးလ်ဝဲလ်နဲ့ အစားထိုးဖို့ လုပ်ဆောင်နေပြီဖြစ်ပြီး လက်ရှိအခြေအနေအရ အနည်းဆုံး ပေါင်သန်း ၆၀ လောက်တော့ ပေးချေသွားရနိုင်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘယ်နောက်ခံလူဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂၃ ပွဲ ကစားထားခဲ့ရာမှာ ၂ ဂိုးသွင်း ၃ ဂိုး ဖန်တီးပေးခဲ့ပြီး လက်စတာစီးတီးရဲ့ ဘယ်ခြမ်းရဲ့ အဓိကလက်နက်တစ်ခုလည်းဖြစ်ခဲ့သလို သူ့ကို လိုချင်နေတဲ့ အသင်းကြီးတွေလည်း များပြားလာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ချေးဝဲလ်ကို လိုချင်နေပေမယ့် တခြားနေရာတွေကို အဓိကဖြည့်ဆည်းဖို့ ရှိနေတဲ့ မန်ချက်စတာမြို့ခံနှစ်သင်းထက် လက်ဦးမှု ရယူပြီး ခေါ်ယူသွားဖို့ ရှိနေသလို ဘယ်နောက်ခံနေရာဟာ အသင်းအတွက် မဖြစ်မနေအားဖြည့်ရမယ့် နေရာဖြစ်နေတာကြောင့် နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ အသင်းရဲ့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကာယာကို အထူးတောင်းဆိုမှုပြုလုပ်သွားဖွယ်ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.