Analysis Bundesliga La Liga Ligue1 Premier League Serie A Transfer News

အပြောင်းအရွှေ့တိုင်းမှာ ပြိုင်ဘက်တွေထက် ပိုရနေတဲ့ စူပါအေးဂျင့် မီနို ရိုင်ယိုလာ

မီနို ရွိုင်အိုလာကတော့ သူ့ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ပေါလ် ပေါ့ဘာရဲ့ အပြောင်းအရွှေ့က ဖြစ်လာဖို့များနေတာကြောင့် သူ့အနေနဲ့ ငွေထုပ်ပိုက်ရဖို့လည်းရှိနေတာ ဖြစ်ပါတယ်။ ပျမ်းမျှအရဆိုရင်တော့ သူက သူ့ပြိုင်ဘက်တွေထက် အပြောင်းအရွှေ့တစ်ခုစီတိုင်းအတွက် ပိုရနေတာလည်းဖြစ်ပါတယ်။

ကမ္ဘာကျော် မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်ကိုယ်တိုင်က ကြည့်မရခဲ့တဲ့ ရိုင်ယိုလာက ဘောလုံးသမားအေးဂျင့်တွေထဲမှာတော့ နာမည်ကြီးပြီး ဇလာတန် အီဘရာဟီမိုဗစ်ခ်ျကစလို့ ကြယ်ပွင့်ဂိုးသမား ဂျန်လွီဂျီ ဒွန်နာရမ်မာအထိ အပြောင်းအရွှေ့တွေမှာ သူက အဓိကကျနေတာပါ။

စစ်တမ်းတွေအရ ရိုင်ယိုလာက ‌အခြားစူပါအေးဂျင့်တွေဖြစ်တဲ့ ဂျော်ဂျီ မန်ဒက်စ်နဲ့ ဂျိုနသန် ဘန်းနက်တို့ထက် ကစားသမားအပြောင်းအရွှေ့ကတစ်ဆင့် ငွေပိုရှာတတ်တယ်လို့ တွေ့ရသလို Forbes က ဖော်ပြချက်တွေအရ ၅၃ နှစ်သားကြီးက သူ့ကစားသမား‌တွေ အပြောင်းအရွှေ့တစ်ခုဖြစ်တိုင်း ပျမ်းမျှ ပေါင် ၇၉၆,၃၄၅ ရတယ်လို့ သိရပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဂျိုဆေး မော်ရင်ညိုတို့လိုလူတွေရဲ့ အေးဂျင့်ဖြစ်နေတဲ့ မန်ဒက်စ်ကတော့ ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ ဝုလ်ဗ်စ်မှာလည်း လွှမ်းမိုးမှု ကြီးမားပြီး သူ့ကစားသမားတွေထဲက အပြောင်းအရွှေ့တစ်ခုဖြစ်တိုင်း ပျမ်းမျှ ပေါင် ၅၀၅,၃၀၇ ရနေတယ်လို့ သိရပါတယ်။

ဂါရက်သ် ဘေးလ်ရဲ့ အေးဂျင့်ဖြစ်နေတဲ့ ဘားနတ်ထ်ကတော့ သူ့ကစားသမားတွေထဲက အပြောင်းအရွှေ့တစ်ခုဖြစ်တိုင်း ပေါင် ၁၅၃,၀၇၃ သာ ရပေမယ့် ကစားသမား အရေအတွက်ကတော့ ရိုင်ယိုလာနဲ့ မန်ဒက်စ်တို့ထက် များတဲ့ပမာဏကို ကိုင်တွယ်နေရတာလည်း ဖြစ်ပါတယ်။

မိုနာကိုတိုက်စစ်မှူး ဝီဆွမ် ဘင်ယက်ဒါနဲ့ မန်စီးတီးနောက်ခံလူ ဘင်ဂျမင် မန်ဒီတို့ရဲ့ ပြင်သစ်အခြေစိုက် အေးဂျင့် မီးဆာ အန်ဒီယာယီကတော့ သူ့ကစားသမား‌တွေထဲက အပြောင်းအရွှေ့တစ်ခုဖြစ်တိုင်း ပေါင် ၅၃၀,၁၁၈ အထိ ရပြီး မန်ဒက်စ်နဲ့ ဘားနက်ထ်တို့ထက် နှုန်းအရပိုရပေမယ့် တာဝန်ယူရတဲ့ ဖောက်သည်ကစားသမားကတော့ သူတို့နှစ်ယောက်ထက် နည်းနေတာပါ။

ရိုင်ယိုလာကတော့ ပေါ့ဘာရဲ့ အပြောင်းအရွှေ့နဲ့ ငွေထုပ်ပိုက်ရဖို့ နီးစပ်နေပြီး ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းကလည်း အသင်းပြောင်းချင်နေတာကြောင့် စာချုပ်လျော်ကြေး ပေါင် ၇၅ သန်းနဲ့ နွေမှာ တခြားအသင်းကြီးတွေဆီ ပါမသွားစေဖို့ ချဲလ်ဆီးအသင်းက ပေါင် ၁၇၅ သန်းအထိ သုံးပြီးခေါ်ဖြစ်ခဲ့ရင် ပေါင်သန်း ၄၀ အထိ ပွဲခတောင်းဖို့ ရှိနေသလို ဘောလုံးလောကမှာ ဖျံကျပြီး လူမုန်းများပေမယ့် ဝင်ငွေကတော့ ကြောက်ဖို့ကောင်းလွန်းနေတဲ့ ပီဇာသမားဟောင်းအကြောင်းကို ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မီႏို ႐ြိဳင္အိုလာကေတာ့ သူ႔ကစားသမားေတြထဲက တစ္ေယာက္ျဖစ္တဲ့ ေပါလ္ ေပါ့ဘာရဲ႕ အေျပာင္းအေ႐ႊ႕က ျဖစ္လာဖို႔မ်ားေနတာေၾကာင့္ သူ႔အေနနဲ႔ ေငြထုပ္ပိုက္ရဖို႔လည္းရွိေနတာ ျဖစ္ပါတယ္။ ပ်မ္းမွ်အရဆိုရင္ေတာ့ သူက သူ႔ၿပိဳင္ဘက္ေတြထက္ အေျပာင္းအေ႐ႊ႕တစ္ခုစီတိုင္းအတြက္ ပိုရေနတာလည္းျဖစ္ပါတယ္။

ကမာၻေက်ာ္ မန္ခ်က္စတာယူႏိုက္တက္နည္းျပေဟာင္း ဆာအဲလက္စ္ ဖာဂူဆန္ကိုယ္တိုင္က ၾကည့္မရခဲ့တဲ့ ႐ိုင္ယိုလာက ေဘာလုံးသမားေအးဂ်င့္ေတြထဲမွာေတာ့ နာမည္ႀကီးၿပီး ဇလာတန္ အီဘရာဟီမိုဗစ္ခ္်ကစလို႔ ၾကယ္ပြင့္ဂိုးသမား ဂ်န္လြီဂ်ီ ဒြန္နာရမ္မာအထိ အေျပာင္းအေ႐ႊ႕ေတြမွာ သူက အဓိကက်ေနတာပါ။

စစ္တမ္းေတြအရ ႐ိုင္ယိုလာက ‌အျခားစူပါေအးဂ်င့္ေတြျဖစ္တဲ့ ေဂ်ာ္ဂ်ီ မန္ဒက္စ္နဲ႔ ဂ်ိဳနသန္ ဘန္းနက္တို႔ထက္ ကစားသမားအေျပာင္းအေ႐ႊ႕ကတစ္ဆင့္ ေငြပိုရွာတတ္တယ္လို႔ ေတြ႕ရသလို Forbes က ေဖာ္ျပခ်က္ေတြအရ ၅၃ ႏွစ္သားႀကီးက သူ႔ကစားသမား‌ေတြ အေျပာင္းအေ႐ႊ႕တစ္ခုျဖစ္တိုင္း ပ်မ္းမွ် ေပါင္ ၇၉၆,၃၄၅ ရတယ္လို႔ သိရပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ဂ်ိဳေဆး ေမာ္ရင္ညိဳတို႔လိုလူေတြရဲ႕ ေအးဂ်င့္ျဖစ္ေနတဲ့ မန္ဒက္စ္ကေတာ့ ပရီးမီးယားလိဂ္အသင္းတစ္သင္းျဖစ္တဲ့ ဝုလ္ဗ္စ္မွာလည္း လႊမ္းမိုးမႈ ႀကီးမားၿပီး သူ႔ကစားသမားေတြထဲက အေျပာင္းအေ႐ႊ႕တစ္ခုျဖစ္တိုင္း ပ်မ္းမွ် ေပါင္ ၅၀၅,၃၀၇ ရေနတယ္လို႔ သိရပါတယ္။

ဂါရက္သ္ ေဘးလ္ရဲ႕ ေအးဂ်င့္ျဖစ္ေနတဲ့ ဘားနတ္ထ္ကေတာ့ သူ႔ကစားသမားေတြထဲက အေျပာင္းအေ႐ႊ႕တစ္ခုျဖစ္တိုင္း ေပါင္ ၁၅၃,၀၇၃ သာ ရေပမယ့္ ကစားသမား အေရအတြက္ကေတာ့ ႐ိုင္ယိုလာနဲ႔ မန္ဒက္စ္တို႔ထက္ မ်ားတဲ့ပမာဏကို ကိုင္တြယ္ေနရတာလည္း ျဖစ္ပါတယ္။

မိုနာကိုတိုက္စစ္မႉး ဝီဆြမ္ ဘင္ယက္ဒါနဲ႔ မန္စီးတီးေနာက္ခံလူ ဘင္ဂ်မင္ မန္ဒီတို႔ရဲ႕ ျပင္သစ္အေျခစိုက္ ေအးဂ်င့္ မီးဆာ အန္ဒီယာယီကေတာ့ သူ႔ကစားသမား‌ေတြထဲက အေျပာင္းအေ႐ႊ႕တစ္ခုျဖစ္တိုင္း ေပါင္ ၅၃၀,၁၁၈ အထိ ရၿပီး မန္ဒက္စ္နဲ႔ ဘားနက္ထ္တို႔ထက္ ႏႈန္းအရပိုရေပမယ့္ တာဝန္ယူရတဲ့ ေဖာက္သည္ကစားသမားကေတာ့ သူတို႔ႏွစ္ေယာက္ထက္ နည္းေနတာပါ။

႐ိုင္ယိုလာကေတာ့ ေပါ့ဘာရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ ေငြထုပ္ပိုက္ရဖို႔ နီးစပ္ေနၿပီး ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟာလန္းကလည္း အသင္းေျပာင္းခ်င္ေနတာေၾကာင့္ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၇၅ သန္းနဲ႔ ေႏြမွာ တျခားအသင္းႀကီးေတြဆီ ပါမသြားေစဖို႔ ခ်ဲလ္ဆီးအသင္းက ေပါင္ ၁၇၅ သန္းအထိ သုံးၿပီးေခၚျဖစ္ခဲ့ရင္ ေပါင္သန္း ၄၀ အထိ ပြဲခေတာင္းဖို႔ ရွိေနသလို ေဘာလုံးေလာကမွာ ဖ်ံက်ၿပီး လူမုန္းမ်ားေပမယ့္ ဝင္ေငြကေတာ့ ေၾကာက္ဖို႔ေကာင္းလြန္းေနတဲ့ ပီဇာသမားေဟာင္းအေၾကာင္းကို ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.