Premier League

စပါးစ်တိုက်စစ်က မန်ချက်စတာယူနိုက်တက်ထက် ကောင်းကြောင်းပြောတဲ့ ကွင်းလယ်လူဟောင်း

တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ ကွင်းလယ်လူဟောင်း ဂျေမီ အိုဟာရာက လက်ရှိ စပါးစ်အသင်းရဲ့ ၃ ယောက်တွဲ တိုက်စစ်အနေနဲ့ အင်္ဂလန်ရဲ့ ဈေးအကြီးဆုံး တောင်ပံတိုက်စစ်မှူး ဆန်ချိုပါတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်ထက် ပိုကောင်းကြောင်း talk SPORT မှာ ဆွေးနွေးသွားခဲ့ပါတယ်။

talk SPORT မှာ ပရီးမီးယားလိဂ်ရဲ့လက်ရှိအကောင်းဆုံး တိုက်စစ်တွေအကြောင်း ဆွေးနွေးချိန်မှာတော့ အိုဟာရာက “လီဗာပူးလ်အသင်းကတော့ အကောင်းဆုံးတိုက်စစ် ၃ ယောက်အတွဲကို ပိုင်ဆိုင်ထားတယ်။ ဆာဒီယို မာနေး၊ ရောဘတ်တို ဖာမင်နိုနဲ့ မိုဟာမက် ဆာလားတို့ပေါ့”

“ဒါက မန်ချက်စတာယူနိုက်တက်ထက်တော့ သာပါသေးတယ်။ ကျွန်တော့်အတွက်ပေါ့နော်။ ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်မှုကို ကြည့်ပြီးပြောတာ မဟုတ်ဘူး။ အရည်အသွေးနဲ့ သူတို့အကောင်းဆုံးအချိန်မှာ ဘယ်လောက်လုပ်ပြနိုင်လဲဆိုတာကို ကြည့်ပြီးပြောတာ”

“မန်စီးတီးကိုလည်း သိပ်မကြိုက်ဘူး။ တကယ်လို့များ ဖီးလ် ဖိုဒန်၊ ရီယက် မာရက်ဇ်နဲ့ ကီဗင် ဒီဘရိုင်းနားတို့ ၃ ယောက်မှာ ဒီဘရိုင်းနားကိုသာ False Nine အနေနဲ့ သုံးပြီး ပွဲထွက်လာဦးမယ်ဆိုလည်း အဲ့ဒီတိုက်စစ်က မန်ယူနိုက်တက်တိုက်စစ်ထက် သာသေးတယ်။ ဒါပေမယ့် သူတို့အနေနဲ့လည်း တိုက်စစ်မှူးအသစ် တစ်ယောက်တော့ ခေါ်သင့်တယ်”

“ဒါပေမယ့် ဒီဘရိုင်းနားကလည်း False Nine အနေနဲ့ တိုက်စစ်မှူးနေရာကို တက်ကစားနိုင်တယ်။ ဂါဘရီယဲလ် ဂျေဆူးစ်နဲ့ ကာဗာနီကို ယှဉ်မယ်ဆိုရင်တော့ ကာဗာနီလို့ပဲ ဖြေကြမှာပဲ။ ဒါပေမယ့် ဖိုဒန်နဲ့ ရက်ရှ်ဖို့ဒ်မှာတော့ ဖိုဒန်လို့ပဲ ဖြေကြမှာပဲလေ။ ဒါက အမှန်တရားပဲကို”

“ကျွန်တော့်အထင်တော့ စပါးစ်တိုက်စစ် ၃ ယောက်အတွဲကလည်း မန်ချက်စတာယူနိုက်တက် တိုက်စစ် ၃ ယောက်အတွဲထက် ကောင်းသေးတယ်” ဆိုတဲ့ စကားအပြီးမှာတော့ talkSPORT က အန်ဒီ ဂိုးလ်ဒ်စတိန်းအနေနဲ့ အံ့ဩသွားခဲ့ပြီး “ဒါဆို ဆွန်‌ဟောင်မင်၊ ဟာရီကိန်းနဲ့ လူးကပ်စ် မော်ရာတို့က ရက်ရှ်ဖို့ဒ်၊ ကာဗာနီနဲ့ ဆန်ချိုထက် ပိုကောင်းတယ်ပေါ့”လို့ မေးခဲ့ပါတယ်။

အိုဟာရာကလည်း “ဒါပေါ့။ ဆွန်က ရက်ရှ်ဖို့ဒ်ထက်ကောင်းတယ်။ ကိန်းက ကာဗာနီထက်ကောင်းတယ်။ မော်ရာက ဆန်ချိုလောက်မကောင်းဘူးဆိုပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းက ထိပ်တန်းစွမ်းဆောင်ရည် ပြခဲ့တယ်လေ”လို့ ပြိုင်ဘက်ဟောင်းတွေကို သေးသေးတင် ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ ကြင္းလယ္လူေဟာင္း ေဂ်မီ အိုဟာရာက လက္ရွိ စပါးစ္အသင္းရဲ႕ ၃ ေယာက္တြဲ တိုက္စစ္အေနနဲ႔ အဂၤလန္ရဲ႕ ေဈးအႀကီးဆုံး ေတာင္ပံတိုက္စစ္မႉး ဆန္ခ်ိဳပါတဲ့ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္ထက္ ပိုေကာင္းေၾကာင္း talk SPORT မွာ ေဆြးေႏြးသြားခဲ့ပါတယ္။

talk SPORT မွာ ပရီးမီးယားလိဂ္ရဲ႕လက္ရွိအေကာင္းဆုံး တိုက္စစ္ေတြအေၾကာင္း ေဆြးေႏြးခ်ိန္မွာေတာ့ အိုဟာရာက “လီဗာပူးလ္အသင္းကေတာ့ အေကာင္းဆုံးတိုက္စစ္ ၃ ေယာက္အတြဲကို ပိုင္ဆိုင္ထားတယ္။ ဆာဒီယို မာေနး၊ ေရာဘတ္တို ဖာမင္ႏိုနဲ႔ မိုဟာမက္ ဆာလားတို႔ေပါ့”

“ဒါက မန္ခ်က္စတာယူႏိုက္တက္ထက္ေတာ့ သာပါေသးတယ္။ ကြၽန္ေတာ့္အတြက္ေပါ့ေနာ္။ ၿပီးခဲ့တဲ့ရာသီက စြမ္းေဆာင္မႈကို ၾကည့္ၿပီးေျပာတာ မဟုတ္ဘူး။ အရည္အေသြးနဲ႔ သူတို႔အေကာင္းဆုံးအခ်ိန္မွာ ဘယ္ေလာက္လုပ္ျပႏိုင္လဲဆိုတာကို ၾကည့္ၿပီးေျပာတာ”

“မန္စီးတီးကိုလည္း သိပ္မႀကိဳက္ဘူး။ တကယ္လို႔မ်ား ဖီးလ္ ဖိုဒန္၊ ရီယက္ မာရက္ဇ္နဲ႔ ကီဗင္ ဒီဘ႐ိုင္းနားတို႔ ၃ ေယာက္မွာ ဒီဘ႐ိုင္းနားကိုသာ False Nine အေနနဲ႔ သုံးၿပီး ပြဲထြက္လာဦးမယ္ဆိုလည္း အဲ့ဒီတိုက္စစ္က မန္ယူႏိုက္တက္တိုက္စစ္ထက္ သာေသးတယ္။ ဒါေပမယ့္ သူတို႔အေနနဲ႔လည္း တိုက္စစ္မႉးအသစ္ တစ္ေယာက္ေတာ့ ေခၚသင့္တယ္”

“ဒါေပမယ့္ ဒီဘ႐ိုင္းနားကလည္း False Nine အေနနဲ႔ တိုက္စစ္မႉးေနရာကို တက္ကစားႏိုင္တယ္။ ဂါဘရီယဲလ္ ေဂ်ဆူးစ္နဲ႔ ကာဗာနီကို ယွဥ္မယ္ဆိုရင္ေတာ့ ကာဗာနီလို႔ပဲ ေျဖၾကမွာပဲ။ ဒါေပမယ့္ ဖိုဒန္နဲ႔ ရက္ရွ္ဖို႔ဒ္မွာေတာ့ ဖိုဒန္လို႔ပဲ ေျဖၾကမွာပဲေလ။ ဒါက အမွန္တရားပဲကို”

“ကြၽန္ေတာ့္အထင္ေတာ့ စပါးစ္တိုက္စစ္ ၃ ေယာက္အတြဲကလည္း မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္ ၃ ေယာက္အတြဲထက္ ေကာင္းေသးတယ္” ဆိုတဲ့ စကားအၿပီးမွာေတာ့ talkSPORT က အန္ဒီ ဂိုးလ္ဒ္စတိန္းအေနနဲ႔ အံ့ဩသြားခဲ့ၿပီး “ဒါဆို ဆြန္‌ေဟာင္မင္၊ ဟာရီကိန္းနဲ႔ လူးကပ္စ္ ေမာ္ရာတို႔က ရက္ရွ္ဖို႔ဒ္၊ ကာဗာနီနဲ႔ ဆန္ခ်ိဳထက္ ပိုေကာင္းတယ္ေပါ့”လို႔ ေမးခဲ့ပါတယ္။

အိုဟာရာကလည္း “ဒါေပါ့။ ဆြန္က ရက္ရွ္ဖို႔ဒ္ထက္ေကာင္းတယ္။ ကိန္းက ကာဗာနီထက္ေကာင္းတယ္။ ေမာ္ရာက ဆန္ခ်ိဳေလာက္မေကာင္းဘူးဆိုေပမယ့္ ၿပီးခဲ့တဲ့ရာသီတုန္းက ထိပ္တန္းစြမ္းေဆာင္ရည္ ျပခဲ့တယ္ေလ”လို႔ ၿပိဳင္ဘက္ေဟာင္းေတြကို ေသးေသးတင္ ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.