Premier League Transfer News

အင်္ဂလန်ကပ္ပတိန်ကို ခေါ်နိုင်ခဲ့ရင် မန်စီးတီးကို ယှဉ်ဖို့အသင်း ရှားမယ်ဆိုတဲ့ ဒေါ်ဆန်

လတ်တလော ထွက်ပေါ်နေတဲ့ မန်စီးတီးရဲ့ ဟာရီကိန်းအတွက် ပေါင်သန်း ၁၆၀ တန် ပရီးမီးယားလိဂ်စံချိန်တင် ပြောင်းရွှေ့ကြေးအပေါ် တော့တင်ဟမ်ဟော့စပါးစ် အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ မိုက်ကယ် ဒေါ်ဆန်က သူ့အမြင်ကို talkSPORT နဲ့ အစီအစဉ်တစ်ခုမှာ ထုတ်ပြောသွားခဲ့ပါတယ်။

သူက “ကျွန်တော်က စပါးစ်အသင်းကို ကြိုက်တယ်။ ကစားသမားကောင်းတွေလည်းရှိပြီး အခုက ပြန်တည်ဆောက်နေတဲ့ အဆင့်လေ။ မန်စီးတီးက လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးတို့ရဲ့ အရှေ့ကို ဘယ်လောက်ရောက်နေပြီလဲ ကြည့်လိုက်။ စပါးစ်ကတော့ သူတို့ရဲ့ အနောက်မှာပေါ့”လို့ ပြောသွားခဲ့ပါတယ်။

သူက “သူတို့ရဲ့ ရည်ရွယ်ချက်က အရယူဖို့ ခက်ခဲနေတဲ့ ချန်ပီယံလိဂ်ယူဖို့ပဲ။ ဘာဖြစ်လို့ ခက်ခဲသလဲဆိုတော့ ကျန်တဲ့အသင်းတွေလည်း တိုးတက်လာတယ်လေ။ တကယ်လို့ မန်စီးတီးသာ ဟာရီကိန်းကို အရခေါ်နိုင်ခဲ့ရင် ဘယ်အသင်းက သူတို့နဲ့ ယှဉ်နိုင်တော့မယ် ထင်သလဲ။ သူက ဂိုးသွင်းဖို့ မွေးလာတဲ့လူသားပါ”

နောက်ထပ်လည်း သူက “သူ စပါးစ်မှာ ဆက်နေဖို့ပဲ မျှော်လင့်တယ်။ ဒါပေမယ့် လက်ရှိအနေအထားတွေအရတော့ သူထွက်သွားလိမ့်မယ်လို့ ထင်တယ်။ ကိန်းကို ဘယ်လိုပဲဝေဖန်ပါစေ၊ သူက တစ်နှစ်ပြီးတစ်နှစ် ဂိုးတွေ ဆက်တိုက်သွင်းပြနေတာ။ ကျွန်တော် အမြဲတမ်းပြောခဲ့သလိုပဲ ကိန်းကို ခေါ်ဖို့ဆိုရင် လွယ်လွယ်နဲ့တော့ မရဘူး”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ကိန်းကို ခေါ်ဖို့ဆိုရင် စံချိန်တင် ပြောင်းရွှေ့ကြေးတွေနဲ့မှ ရမယ်။ ကျွန်တော် ဒယ်နီယယ်လ် လီဗိုင်းအကြောင်းသိတယ်။ ကစားသမားတိုင်းကို ‌နှုန်းတစ်ခု သတ်မှတ်ထားတဲ့လူ။ ကျွန်တော်ဆိုလိုတာက ကိန်းအတွက် ပေါင်သန်း ၁၅၀ အထက် သတ်မှတ်ထားလိမ့်မယ်”လို့ ပြောခဲ့ပါသေးတယ်။

နောက်ထပ်လည်း သူက “ဒီပမာဏကို တစ်သင်းနှစ်သင်းလောက်ပဲ ပေးချင်ပြီး တတ်နိုင်ကြတာ။ မန်စီးတီးက အဲ့ဒီလိုပေးနိုင်တဲ့ အသင်းမျိုးပဲ။ သူတို့မှာ အတော်များတဲ့ ပမာဏအထိ ပိုင်ဆိုင်ထားကြတဲ့ ပိုင်ရှင်တွေရှိတယ်။ သူတို့သာ ကစားသမားတစ်ယောက်ကို ခေါ်ချင်ရင် အရခေါ်နိုင်မှာ။ ပိုက်ဆံက စကားပြောတယ်လေ”လို့ ပြောခဲ့ပါတယ်။

ကိန်းကတော့ မန်စီးတီးနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီထားပြီးဖြစ်သလို တစ်ပတ်ပေါင် ၄၀၀,၀၀၀ ရရှိသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်က ကျင်းပခဲ့တဲ့ သူ့အစ်ကိုရဲ့ မင်္ဂလာပွဲမှာ သူ့သူငယ်ချင်းနဲ့ မိဘတွေကို သူ့အပြောင်းအရွှေ့ဖြစ်လာတော့မယ့်အကြောင်း ပြောသွားခဲ့သေးတာကြောင့် အင်္ဂလန်ကပ္ပတိန်တစ်ယောက် ချန်ပီယံလိဂ် ဖလားကို ရယူသွားနိုင်မလား စောင့်ကြည့်ကြရအောင်ပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လတ္တေလာ ထြက္ေပၚေနတဲ့ မန္စီးတီးရဲ႕ ဟာရီကိန္းအတြက္ ေပါင္သန္း ၁၆၀ တန္ ပရီးမီးယားလိဂ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးအေပၚ ေတာ့တင္ဟမ္ေဟာ့စပါးစ္ အသင္းေခါင္းေဆာင္ေဟာင္းျဖစ္တဲ့ မိုက္ကယ္ ေဒၚဆန္က သူ႔အျမင္ကို talkSPORT နဲ႔ အစီအစဥ္တစ္ခုမွာ ထုတ္ေျပာသြားခဲ့ပါတယ္။

သူက “ကြၽန္ေတာ္က စပါးစ္အသင္းကို ႀကိဳက္တယ္။ ကစားသမားေကာင္းေတြလည္းရွိၿပီး အခုက ျပန္တည္ေဆာက္ေနတဲ့ အဆင့္ေလ။ မန္စီးတီးက လီဗာပူးလ္၊ မန္ခ်က္စတာယူႏိုက္တက္၊ ခ်ဲလ္ဆီးတို႔ရဲ႕ အေရွ႕ကို ဘယ္ေလာက္ေရာက္ေနၿပီလဲ ၾကည့္လိုက္။ စပါးစ္ကေတာ့ သူတို႔ရဲ႕ အေနာက္မွာေပါ့”လို႔ ေျပာသြားခဲ့ပါတယ္။

သူက “သူတို႔ရဲ႕ ရည္႐ြယ္ခ်က္က အရယူဖို႔ ခက္ခဲေနတဲ့ ခ်န္ပီယံလိဂ္ယူဖို႔ပဲ။ ဘာျဖစ္လို႔ ခက္ခဲသလဲဆိုေတာ့ က်န္တဲ့အသင္းေတြလည္း တိုးတက္လာတယ္ေလ။ တကယ္လို႔ မန္စီးတီးသာ ဟာရီကိန္းကို အရေခၚႏိုင္ခဲ့ရင္ ဘယ္အသင္းက သူတို႔နဲ႔ ယွဥ္ႏိုင္ေတာ့မယ္ ထင္သလဲ။ သူက ဂိုးသြင္းဖို႔ ေမြးလာတဲ့လူသားပါ”

ေနာက္ထပ္လည္း သူက “သူ စပါးစ္မွာ ဆက္ေနဖို႔ပဲ ေမွ်ာ္လင့္တယ္။ ဒါေပမယ့္ လက္ရွိအေနအထားေတြအရေတာ့ သူထြက္သြားလိမ့္မယ္လို႔ ထင္တယ္။ ကိန္းကို ဘယ္လိုပဲေဝဖန္ပါေစ၊ သူက တစ္ႏွစ္ၿပီးတစ္ႏွစ္ ဂိုးေတြ ဆက္တိုက္သြင္းျပေနတာ။ ကြၽန္ေတာ္ အၿမဲတမ္းေျပာခဲ့သလိုပဲ ကိန္းကို ေခၚဖို႔ဆိုရင္ လြယ္လြယ္နဲ႔ေတာ့ မရဘူး”လို႔ ေျပာခဲ့ပါတယ္။

ဆက္လက္ၿပီး သူက “ကိန္းကို ေခၚဖို႔ဆိုရင္ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးေတြနဲ႔မွ ရမယ္။ ကြၽန္ေတာ္ ဒယ္နီယယ္လ္ လီဗိုင္းအေၾကာင္းသိတယ္။ ကစားသမားတိုင္းကို ‌ႏႈန္းတစ္ခု သတ္မွတ္ထားတဲ့လူ။ ကြၽန္ေတာ္ဆိုလိုတာက ကိန္းအတြက္ ေပါင္သန္း ၁၅၀ အထက္ သတ္မွတ္ထားလိမ့္မယ္”လို႔ ေျပာခဲ့ပါေသးတယ္။

ေနာက္ထပ္လည္း သူက “ဒီပမာဏကို တစ္သင္းႏွစ္သင္းေလာက္ပဲ ေပးခ်င္ၿပီး တတ္ႏိုင္ၾကတာ။ မန္စီးတီးက အဲ့ဒီလိုေပးႏိုင္တဲ့ အသင္းမ်ိဳးပဲ။ သူတို႔မွာ အေတာ္မ်ားတဲ့ ပမာဏအထိ ပိုင္ဆိုင္ထားၾကတဲ့ ပိုင္ရွင္ေတြရွိတယ္။ သူတို႔သာ ကစားသမားတစ္ေယာက္ကို ေခၚခ်င္ရင္ အရေခၚႏိုင္မွာ။ ပိုက္ဆံက စကားေျပာတယ္ေလ”လို႔ ေျပာခဲ့ပါတယ္။

ကိန္းကေတာ့ မန္စီးတီးနဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီထားၿပီးျဖစ္သလို တစ္ပတ္ေပါင္ ၄၀၀,၀၀၀ ရရွိသြားမွာျဖစ္ၿပီး ၿပီးခဲ့တဲ့တစ္ပတ္က က်င္းပခဲ့တဲ့ သူ႔အစ္ကိုရဲ႕ မဂၤလာပြဲမွာ သူ႔သူငယ္ခ်င္းနဲ႔ မိဘေတြကို သူ႔အေျပာင္းအေ႐ႊ႕ျဖစ္လာေတာ့မယ့္အေၾကာင္း ေျပာသြားခဲ့ေသးတာေၾကာင့္ အဂၤလန္ကပၸတိန္တစ္ေယာက္ ခ်န္ပီယံလိဂ္ ဖလားကို ရယူသြားႏိုင္မလား ေစာင့္ၾကည့္ၾကရေအာင္ပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.