Premier League Transfer News

၄၅ မိနစ်နဲ့ ၇ ဂိုးသွင်းတဲ့ ဆားဘီးယားသားနဲ့ တိုက်စစ်မှာ ဘယ်သူတွေကို လီဗာပူးလ် ခေါ်ဦးမလဲ

ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းကတော့ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ခြေစွမ်းထက် တိုက်စစ်ကစားသမားတွေကို ရှာဖွေနေဆဲဖြစ်ပြီး အဆုံးသတ်ပိုင်းကောင်းတဲ့ ရှေ့တန်းလူမျိုး လိုအပ်နေတာပါ။ တိုက်စစ်မှူးအချို့နဲ့ သတင်းထွက်နေခဲ့ပြီး ဒူရှန် ဗလာဟိုဗစ်ချ်ကတော့ သူတို့ထဲက တစ်ယောက်ပဲဖြစ်ပါတယ်။

ဗလာဟိုဗစ်ချ်ကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ဖီအိုရင်တီးနားအသင်းနဲ့အတူ စီးရီးအေမှာ တောက်ပခဲ့ပြီး ၃၇ ပွဲကစားပေးခဲ့ချိန်မှာ ၂၁ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ သူ့ရဲ့ ထက်မြက်တဲ့ခြေစွမ်းကြောင့်လည်း အသင်းကြီးတွေက သဘောကျလာခဲ့သလို သူ့ရဲ့ညှာတာမှု ကင်းမဲ့ပုံကလည်း ခြေစမ်းပွဲတောင် မချန်ခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်ရက်တုန်းက ရာသီကြိုခြေစမ်းပွဲမှာ ဖီအိုရင်တီးနားအသင်းက အီတလီစတုထ္ထတန်းကလပ် ဖိုလီညိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဗလာဟိုဗစ်ချ်ကတော့ အရန်ခုံမှာပဲ ရှိနေခဲ့တာပါ။ ဒုတိယပိုင်း စစချင်းမှာပဲ သူက လူစားဝင်ကစားခဲ့ပြီး ၄၅ မိနစ်အတွင်း ၇ ဂိုးအထိသွင်းပေးခဲ့သလို အသင်းကလည်း ဆယ့်တစ်ဂိုး-ဂိုးမရှိ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့လည်း သူ့ကိုစောင့်ကြည့်နေသလို အေစီမီလန်နဲ့ တော့တင်ဟမ် ဟော့စပါးစ်အသင်းကလည်း စောင့်ကြည့်နေကြပြီး ဖီအိုရင်တီးနားကတော့ ဗလာဟိုဗစ်ချ်ကို ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၅၂ သန်း သတ်မှတ်ထားတာပါ။ သူ့ရဲ့တစ်ဖက်အသင်းကို ညှာတာမှု ကင်းမဲ့တဲ့ပုံမျိုးက လီဗာပူးလ်လိုအသင်းနဲ့လည်း အံဝင်နိုင်ပြီး ပရိသတ်တွေ ရင်ခုန်စရာလည်း ဖြစ်ခဲ့ပါတယ်။

လက်ချီအသင်းရဲ့ အားကစားဒါရိုက်တာ ပန်တယ်လီယို ကော်ဗီနိုကတော့ ဗလာဟိုဗစ်ခ်ျအနေနဲ့ လီဗာပူးလ်လိုအသင်းမှာလည်း အဓိက အထောင်တိုက်စစ်မှူး ဖြစ်လာနိုင်တဲ့ အရည်အသွေးတွေရှိကြောင်း ချီးကျူးခဲ့သလို ကြိုးကြာနီတို့အနေနဲ့လည်း လိုအပ်နေတဲ့ တိုက်စစ်မှူးပုံစံကို တွေ့ပြီဖြစ်လို့ စတင်ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိနေတာပါ။

လီ‌ဗာပူးလ်အသင်းအနေနဲ့ အထောင်တိုက်စစ်တင်မဟုတ်ဘဲ ကွင်းလယ်ကစားသမားလိုအပ်မှုကိုလည်း ဖြည့်ဆည်းဖို့ လမ်းစရှိနေခဲ့ပြီး အဖျက်အပို့ စွယ်စုံရတဲ့ အသလက်တီကိုမက်ဒရစ်ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို ခေါ်ယူဖို့ ထပ်မံကမ်းလှမ်းသွားဖို့ရှိနေသလို ပေါင် ၄၃ သန်းဝန်းကျင်ရတာနဲ့ သူ့ကို ရောင်းချဖို့ အသင့်ရှိနေတာပါ။

ညာတောင်ပံတိုက်စစ်အတွက် ပစ်မှတ်ထားနေတဲ့ ဝက်စ်ဟမ်းတောင်ပံကစားသမား ဂျားရော့ဒ် ဘိုဝင်ကိုလည်း လီဗာပူးလ်တို့အနေနဲ့ အရခေါ်နိုင်ဖို့ လမ်းစပွင့်လာခဲ့ပြီး ကွင်းလယ်လူ အဲလက်စ် ‌အောက်ဇလိတ်-ချိမ်ဘာလိန်ကို ဟမ်းမားတွေက စိတ်ဝင်စားလာလို့ အလိုက်ပေးပြီး ကမ်းလှမ်းဖို့ စီစဉ်နေတာကြောင့် လိုအပ်တဲ့ နေရာတွေကို ဖြည့်ဆည်းပြီး ရာသီသစ် စတင်ဖို့ ကြိုးကြာနီတို့ အားယူနေပြီဖြစ်ကြောင်း စုစည်းတင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ကလပ္ လီဗာပူးလ္အသင္းကေတာ့ အေျပာင္းအေ႐ႊ႕ေဈးကြက္ထဲမွာ ေျခစြမ္းထက္ တိုက္စစ္ကစားသမားေတြကို ရွာေဖြေနဆဲျဖစ္ၿပီး အဆုံးသတ္ပိုင္းေကာင္းတဲ့ ေရွ႕တန္းလူမ်ိဳး လိုအပ္ေနတာပါ။ တိုက္စစ္မႉးအခ်ိဳ႕နဲ႔ သတင္းထြက္ေနခဲ့ၿပီး ဒူရွန္ ဗလာဟိုဗစ္ခ်္ကေတာ့ သူတို႔ထဲက တစ္ေယာက္ပဲျဖစ္ပါတယ္။

ဗလာဟိုဗစ္ခ်္ကေတာ့ ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းက ဖီအိုရင္တီးနားအသင္းနဲ႔အတူ စီးရီးေအမွာ ေတာက္ပခဲ့ၿပီး ၃၇ ပြဲကစားေပးခဲ့ခ်ိန္မွာ ၂၁ ဂိုးသြင္းယူႏိုင္ခဲ့တာပါ။ သူ႔ရဲ႕ ထက္ျမက္တဲ့ေျခစြမ္းေၾကာင့္လည္း အသင္းႀကီးေတြက သေဘာက်လာခဲ့သလို သူ႔ရဲ႕ညႇာတာမႈ ကင္းမဲ့ပုံကလည္း ေျခစမ္းပြဲေတာင္ မခ်န္ခဲ့ပါဘူး။

ၿပီးခဲ့တဲ့ႏွစ္ရက္တုန္းက ရာသီႀကိဳေျခစမ္းပြဲမွာ ဖီအိုရင္တီးနားအသင္းက အီတလီစတုထၳတန္းကလပ္ ဖိုလီညိဳအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ဗလာဟိုဗစ္ခ်္ကေတာ့ အရန္ခုံမွာပဲ ရွိေနခဲ့တာပါ။ ဒုတိယပိုင္း စစခ်င္းမွာပဲ သူက လူစားဝင္ကစားခဲ့ၿပီး ၄၅ မိနစ္အတြင္း ၇ ဂိုးအထိသြင္းေပးခဲ့သလို အသင္းကလည္း ဆယ့္တစ္ဂိုး-ဂိုးမရွိ ရလဒ္နဲ႔ အႏိုင္ရခဲ့ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔လည္း သူ႔ကိုေစာင့္ၾကည့္ေနသလို ေအစီမီလန္နဲ႔ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းကလည္း ေစာင့္ၾကည့္ေနၾကၿပီး ဖီအိုရင္တီးနားကေတာ့ ဗလာဟိုဗစ္ခ်္ကို ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ေပါင္ ၅၂ သန္း သတ္မွတ္ထားတာပါ။ သူ႔ရဲ႕တစ္ဖက္အသင္းကို ညႇာတာမႈ ကင္းမဲ့တဲ့ပုံမ်ိဳးက လီဗာပူးလ္လိုအသင္းနဲ႔လည္း အံဝင္ႏိုင္ၿပီး ပရိသတ္ေတြ ရင္ခုန္စရာလည္း ျဖစ္ခဲ့ပါတယ္။

လက္ခ်ီအသင္းရဲ႕ အားကစားဒါ႐ိုက္တာ ပန္တယ္လီယို ေကာ္ဗီႏိုကေတာ့ ဗလာဟိုဗစ္ခ္်အေနနဲ႔ လီဗာပူးလ္လိုအသင္းမွာလည္း အဓိက အေထာင္တိုက္စစ္မႉး ျဖစ္လာႏိုင္တဲ့ အရည္အေသြးေတြရွိေၾကာင္း ခ်ီးက်ဴးခဲ့သလို ႀကိဳးၾကာနီတို႔အေနနဲ႔လည္း လိုအပ္ေနတဲ့ တိုက္စစ္မႉးပုံစံကို ေတြ႕ၿပီျဖစ္လို႔ စတင္ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔ ရွိေနတာပါ။

လီ‌ဗာပူးလ္အသင္းအေနနဲ႔ အေထာင္တိုက္စစ္တင္မဟုတ္ဘဲ ကြင္းလယ္ကစားသမားလိုအပ္မႈကိုလည္း ျဖည့္ဆည္းဖို႔ လမ္းစရွိေနခဲ့ၿပီး အဖ်က္အပို႔ စြယ္စုံရတဲ့ အသလက္တီကိုမက္ဒရစ္ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကို ေခၚယူဖို႔ ထပ္မံကမ္းလွမ္းသြားဖို႔ရွိေနသလို ေပါင္ ၄၃ သန္းဝန္းက်င္ရတာနဲ႔ သူ႔ကို ေရာင္းခ်ဖို႔ အသင့္ရွိေနတာပါ။

ညာေတာင္ပံတိုက္စစ္အတြက္ ပစ္မွတ္ထားေနတဲ့ ဝက္စ္ဟမ္းေတာင္ပံကစားသမား ဂ်ားေရာ့ဒ္ ဘိုဝင္ကိုလည္း လီဗာပူးလ္တို႔အေနနဲ႔ အရေခၚႏိုင္ဖို႔ လမ္းစပြင့္လာခဲ့ၿပီး ကြင္းလယ္လူ အဲလက္စ္ ‌ေအာက္ဇလိတ္-ခ်ိမ္ဘာလိန္ကို ဟမ္းမားေတြက စိတ္ဝင္စားလာလို႔ အလိုက္ေပးၿပီး ကမ္းလွမ္းဖို႔ စီစဥ္ေနတာေၾကာင့္ လိုအပ္တဲ့ ေနရာေတြကို ျဖည့္ဆည္းၿပီး ရာသီသစ္ စတင္ဖို႔ ႀကိဳးၾကာနီတို႔ အားယူေနၿပီျဖစ္ေၾကာင္း စုစည္းတင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.