Premier League Transfer News

24 July ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

ဒေါ့မွန်အသင်းရဲ့တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျဘက်က ခွင့်ပြုလိုက်ပြီဖြစ်ပြီး အသင်းရဲ့ အဓိကပစ်မှတ် နော်ဝေးသားလေးအတွက် ပေါင်သန်း ၁၃၀ နဲ့ စတင်ကမ်းလှမ်းဖို့ အသင့်ရှိနေကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြ။

အင်တာမီလန်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းက ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူး ရိုမဲလူ လူကာကူးအတွက် တန်ကြေးကို အင်တာမီလန်အသင်းက ပေါင် ၁၀၂.၇ သန်း အထိ အဆမတန်မြှင့်တင်လိုက်တဲ့အတွက် ‌အာလင်း ဟာလန်းကို မရခဲ့ရင် လူကာကူးမယ်ဆိုတဲ့ အနောက်လန်ဒန်သားတို့ရဲ့ မျှော်လင့်ချက်လည်း နော်ဝေးသားဘက်သာ ပြန်လှည့်ဖို့ရှိကြောင်းသိရ။

ချဲလ်ဆီးအသင်းအနေနဲ့ ဘီလီ ဂီးလ်မိုးမရှိ‌တော့တဲ့ ကွင်းလယ်တစ်နေရာအတွက် ဘာစီလိုနာကွင်းလယ်လူ မီရာလမ် ပယာနစ်ခ်ျကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာခဲ့ပြီး ပေါင် ၁၈ သန်းသာ ကုန်ကျမှာဖြစ်လို့ အနောက်လန်ဒန်သားတွေအနေနဲ့ ပြီးခဲ့တဲ့ ၅ နှစ်က အရမခေါ်နိုင်ခဲ့တဲ့ ဘော့စနီးယားသားကြီးကို အခုချိန်အရခေါ်နိုင်ဖို့ နီးစပ်လာ။

ခံစစ်ပိုင်းကို အားဖြည့်ချင်နေသေးတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ပီအက်စ်ဂျီအသင်းကနေ ထွက်လာချင်နေတဲ့ နောက်ခံလူ ပရက်စ်ညယ် ကင်မ်ပန်ဘေကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ပြီး ခံစစ်ပိုင်းကို အပြောင်းအလဲတွေလုပ်ဖို့ စီစဉ်နေသလို ရေရှည်အတွက် ခံစစ်အတွဲအဖက်ကို စီစဉ်နေကြောင်း သတင်းတွေထွက်လာ။

အေစီမီလန်အသင်းအနေနဲ့ ချဲလ်ဆီးတောင်ပံကစားသမား ဟာကင်မ် ဇီးယက်ရှ်ိကု ခေါ်ယူဖို့အတွက် ဩဂုတ်လမှာ ထပ်ဆွေးနွေးသွားဦးမှာဖြစ်သလို ပထမတစ်ရာသီကို အငှားနဲ့ခေါ်ပြီး အပြီးသတ်ဝယ်ခွင့်ပါထည့်မယ့် ကမ်းလှမ်းမှုမျိုးပြုလုပ်ဖို့ ပြင်ဆင်ထားကြောင်း အီတလီမီဒီယာများက ဖော်ပြ။

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်လ်က သူ့အနေနဲ့ အသင်းဒါရိုက်တာ မာရီနာ ဂရာနော့ဗ်စကီရာနဲ့ နည်းစနစ်ဒါရိုက်တာ ပီတာချက်တို့နဲ့အတူ အားလပ်ရက်မှာ စကားပြောဖြစ်ကြောင်း ဝန်ခံခဲ့ပြီး သူ မရှိတုန်း အသင်းအနေနဲ့ အပြောင်းအရွှေ့ကိစ္စများကို အလျင်စလိုလုပ်နေစရာ မလိုကြောင်း ပြောခဲ့တယ်လို့ Chelsea in house Media မှာ ထုတ်ဖော်သွားခဲ့။

ချဲလ်ဆီးအသင်းအနေနဲ့ ဘာစီလိုနာအသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမား အီလိုက်စ် မိုရီဘာကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး စာချုပ်ပါလျော်ကြေး ပေါင် ၈၆ သန်းရှိတဲ့ စပိန်သားလေးအနေနဲ့တော့ ရာသီကြိုခြေစမ်းပွဲအတွက် အသင်းနဲ့ မလိုက်ပါရတာကို စိတ်ပျက်နေချိန်မှာ လက်ရှိလစာရဲ့ ၂ ဆအထိပေးပြီး ကမ်းလှမ်းဖို့စီစဉ်လာခဲ့။

ယူရို ၂၀၂၀ မှာ ဩစတြီးယားအသင်းနဲ့အတူ တောက်ပခဲ့တဲ့ ဆာဆာ ခါလိုင်ဂျစ်ခ်ျကို ချဲလ်ဆီးအသင်းအနေနဲ့ ခေါ်ယူဖို့အတွက် ပစ်မှတ်ထားလာခဲ့ပြီး ၆ ပေ ၇ လက်မအထိ မြင့်တဲ့အရပ်ကြောင့် အမြင့်ဘောတွေမှာ အားကိုးရမယ့်ကစားသမားဖြစ်သလို နည်းဗျူဟာအပြောင်းအလဲအတွက်လိုအပ်ကြောင်း ပရိသတ်တွေက ဝေဖန်နေကြ။

ချဲလ်ဆီးအသင်းအ‌နေနဲ့ အနောက်လန်ဒန်မှာ တောက်ပခဲ့တဲ့ အီဒင် ဟာဇက်ကို မြင့်မားတဲ့လစာငွေကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက မြန်နိုင်သမျှ မြန်မြန်ရောင်းထုတ်ချင်နေလို့ ပြန်ခေါ်ဖို့အတွက် အခွင့်အရေးရခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် အလိုရှိတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၅၂သန်းကြောင့် ခေါ်ယူဖို့ ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့။

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်လ်ကတော့ သူ့မိသားစုကို ပါရီမြေကနေ လန်ဒန်အရောက်ခေါ်ခဲ့ပြီး သူ့ဇနီးက အိမ်ပြောင်းရမယ့် ကိစ္စအဝဝကို တာဝန်ယူလုပ်ဆောင်ပေးသွားတာကြောင့် သူ့အနေနဲ့ ဘာမှတောင် သိပ်လုပ်စရာမလိုခဲံကြောင်းနဲ့ မိသားစုနဲ့အတူနေရမှာဖြစ်လို့ ပျော်ရွှင်ရကြောင်း အသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေး အစီအစဉ်အင်တာဗျူးတစ်ခုမှာ သူ့ဇနီးသည်ကို ချီးကျူးသွားခဲ့။

ချဲလ်ဆီးအသင်းနောက်ခံလူ ရီးစ် ဂျိမ်းစ်ရဲ့ ညီမဖြစ်သူ လော်ရန် ဂျိမ်းစ်ကတော့ မန်ချက်စတာယူနိုက်တက် အမျိုးသမီးဘောလုံးအသင်းကနေ ချဲလ်ဆီးအမျိုးသမီးဘောလုံးအသင်းကို ပေါင် ၂၀၀,၀၀၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီး မိသားစုဝင်တွေ တစ်သင်းတည်းမှာ ပြန်လည်ဆုံစည်းဖို့ ရှိလာခဲ့ပြီး ရီးစ် ဂျိမ်းစ် မန်စီးတီးကို ပြောင်းရွှေ့မယ့်သတင်းတွေကိုပါ အဆုံးသတ်ပေးသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဒါ့မြန္အသင္းရဲ႕တိုက္စစ္မႉး အာလင္း ဟာလန္းကို ေခၚယူဖို႔အတြက္ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ္်ဘက္က ခြင့္ျပဳလိုက္ၿပီျဖစ္ၿပီး အသင္းရဲ႕ အဓိကပစ္မွတ္ ေနာ္ေဝးသားေလးအတြက္ ေပါင္သန္း ၁၃၀ နဲ႔ စတင္ကမ္းလွမ္းဖို႔ အသင့္ရွိေနေၾကာင္း ၿဗိတိန္မီဒီယာေတြက ေဖာ္ျပေနၾက။

အင္တာမီလန္အသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းက ပစ္မွတ္ထားေနတဲ့ တိုက္စစ္မႉး ႐ိုမဲလူ လူကာကူးအတြက္ တန္ေၾကးကို အင္တာမီလန္အသင္းက ေပါင္ ၁၀၂.၇ သန္း အထိ အဆမတန္ျမႇင့္တင္လိုက္တဲ့အတြက္ ‌အာလင္း ဟာလန္းကို မရခဲ့ရင္ လူကာကူးမယ္ဆိုတဲ့ အေနာက္လန္ဒန္သားတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္လည္း ေနာ္ေဝးသားဘက္သာ ျပန္လွည့္ဖို႔ရွိေၾကာင္းသိရ။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဘီလီ ဂီးလ္မိုးမရွိ‌ေတာ့တဲ့ ကြင္းလယ္တစ္ေနရာအတြက္ ဘာစီလိုနာကြင္းလယ္လူ မီရာလမ္ ပယာနစ္ခ္်ကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားလာခဲ့ၿပီး ေပါင္ ၁၈ သန္းသာ ကုန္က်မွာျဖစ္လို႔ အေနာက္လန္ဒန္သားေတြအေနနဲ႔ ၿပီးခဲ့တဲ့ ၅ ႏွစ္က အရမေခၚႏိုင္ခဲ့တဲ့ ေဘာ့စနီးယားသားႀကီးကို အခုခ်ိန္အရေခၚႏိုင္ဖို႔ နီးစပ္လာ။

ခံစစ္ပိုင္းကို အားျဖည့္ခ်င္ေနေသးတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ပီအက္စ္ဂ်ီအသင္းကေန ထြက္လာခ်င္ေနတဲ့ ေနာက္ခံလူ ပရက္စ္ညယ္ ကင္မ္ပန္ေဘကို ေခၚယူဖို႔ ပစ္မွတ္ထားလာခဲ့ၿပီး ခံစစ္ပိုင္းကို အေျပာင္းအလဲေတြလုပ္ဖို႔ စီစဥ္ေနသလို ေရရွည္အတြက္ ခံစစ္အတြဲအဖက္ကို စီစဥ္ေနေၾကာင္း သတင္းေတြထြက္လာ။

ေအစီမီလန္အသင္းအေနနဲ႔ ခ်ဲလ္ဆီးေတာင္ပံကစားသမား ဟာကင္မ္ ဇီးယက္ရွ္ိကု ေခၚယူဖို႔အတြက္ ဩဂုတ္လမွာ ထပ္ေဆြးေႏြးသြားဦးမွာျဖစ္သလို ပထမတစ္ရာသီကို အငွားနဲ႔ေခၚၿပီး အၿပီးသတ္ဝယ္ခြင့္ပါထည့္မယ့္ ကမ္းလွမ္းမႈမ်ိဳးျပဳလုပ္ဖို႔ ျပင္ဆင္ထားေၾကာင္း အီတလီမီဒီယာမ်ားက ေဖာ္ျပ။

ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္ တူဟယ္လ္က သူ႔အေနနဲ႔ အသင္းဒါ႐ိုက္တာ မာရီနာ ဂရာေနာ့ဗ္စကီရာနဲ႔ နည္းစနစ္ဒါ႐ိုက္တာ ပီတာခ်က္တို႔နဲ႔အတူ အားလပ္ရက္မွာ စကားေျပာျဖစ္ေၾကာင္း ဝန္ခံခဲ့ၿပီး သူ မရွိတုန္း အသင္းအေနနဲ႔ အေျပာင္းအေ႐ႊ႕ကိစၥမ်ားကို အလ်င္စလိုလုပ္ေနစရာ မလိုေၾကာင္း ေျပာခဲ့တယ္လို႔ Chelsea in house Media မွာ ထုတ္ေဖာ္သြားခဲ့။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဘာစီလိုနာအသင္းရဲ႕ လူငယ္ကြင္းလယ္ကစားသမား အီလိုက္စ္ မိုရီဘာကို ေခၚယူဖို႔ စိတ္ဝင္စားလာခဲ့ၿပီး စာခ်ဳပ္ပါေလ်ာ္ေၾကး ေပါင္ ၈၆ သန္းရွိတဲ့ စပိန္သားေလးအေနနဲ႔ေတာ့ ရာသီႀကိဳေျခစမ္းပြဲအတြက္ အသင္းနဲ႔ မလိုက္ပါရတာကို စိတ္ပ်က္ေနခ်ိန္မွာ လက္ရွိလစာရဲ႕ ၂ ဆအထိေပးၿပီး ကမ္းလွမ္းဖို႔စီစဥ္လာခဲ့။

ယူ႐ို ၂၀၂၀ မွာ ဩစႀတီးယားအသင္းနဲ႔အတူ ေတာက္ပခဲ့တဲ့ ဆာဆာ ခါလိုင္ဂ်စ္ခ္်ကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေခၚယူဖို႔အတြက္ ပစ္မွတ္ထားလာခဲ့ၿပီး ၆ ေပ ၇ လက္မအထိ ျမင့္တဲ့အရပ္ေၾကာင့္ အျမင့္ေဘာေတြမွာ အားကိုးရမယ့္ကစားသမားျဖစ္သလို နည္းဗ်ဴဟာအေျပာင္းအလဲအတြက္လိုအပ္ေၾကာင္း ပရိသတ္ေတြက ေဝဖန္ေနၾက။

ခ်ဲလ္ဆီးအသင္းအ‌ေနနဲ႔ အေနာက္လန္ဒန္မွာ ေတာက္ပခဲ့တဲ့ အီဒင္ ဟာဇက္ကို ျမင့္မားတဲ့လစာေငြေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းက ျမန္ႏိုင္သမွ် ျမန္ျမန္ေရာင္းထုတ္ခ်င္ေနလို႔ ျပန္ေခၚဖို႔အတြက္ အခြင့္အေရးရခဲ့ေပမယ့္ ရီးရဲလ္မက္ဒရစ္ အလိုရွိတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅၂သန္းေၾကာင့္ ေခၚယူဖို႔ ျငင္းပယ္ခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့။

ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္ တူဟယ္လ္ကေတာ့ သူ႔မိသားစုကို ပါရီေျမကေန လန္ဒန္အေရာက္ေခၚခဲ့ၿပီး သူ႔ဇနီးက အိမ္ေျပာင္းရမယ့္ ကိစၥအဝဝကို တာဝန္ယူလုပ္ေဆာင္ေပးသြားတာေၾကာင့္ သူ႔အေနနဲ႔ ဘာမွေတာင္ သိပ္လုပ္စရာမလိုခဲံေၾကာင္းနဲ႔ မိသားစုနဲ႔အတူေနရမွာျဖစ္လို႔ ေပ်ာ္႐ႊင္ရေၾကာင္း အသင္းရဲ႕ ရာသီႀကိဳေလ့က်င့္ေရး အစီအစဥ္အင္တာဗ်ဴးတစ္ခုမွာ သူ႔ဇနီးသည္ကို ခ်ီးက်ဴးသြားခဲ့။

ခ်ဲလ္ဆီးအသင္းေနာက္ခံလူ ရီးစ္ ဂ်ိမ္းစ္ရဲ႕ ညီမျဖစ္သူ ေလာ္ရန္ ဂ်ိမ္းစ္ကေတာ့ မန္ခ်က္စတာယူႏိုက္တက္ အမ်ိဳးသမီးေဘာလုံးအသင္းကေန ခ်ဲလ္ဆီးအမ်ိဳးသမီးေဘာလုံးအသင္းကို ေပါင္ ၂၀၀,၀၀၀ နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ၿပီး မိသားစုဝင္ေတြ တစ္သင္းတည္းမွာ ျပန္လည္ဆုံစည္းဖို႔ ရွိလာခဲ့ၿပီး ရီးစ္ ဂ်ိမ္းစ္ မန္စီးတီးကို ေျပာင္းေ႐ႊ႕မယ့္သတင္းေတြကိုပါ အဆုံးသတ္ေပးသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.