Other Premier League

24 Jun ညချမ်း မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

ယူနိုက်တက်ဟာ ပေါင်သန်း ၅၀ တန် စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို PSG အသင်းဆီ ရောင်းထုတ်သွားဖို့ ပြင်ဆင်နေကြောင်း သိရပြီး ပရီးမီးယားလိဂ်ပြိုင်ဘက်ဟောင်းဖြစ်ခဲ့တဲ့ PSG ကစားသမားသစ် ဂီနီ ဗိုင်နယ်လ်ဒမ်က ပြင်သစ်သားနဲ့အတူတွဲကစားလိုကြောင်း ကြိုဆိုသွားခဲ့သလို ပေါ့ဘာဟာ အမ်ဘာပေကို ဆက်ထိန်းထားဖို့ သော့ချက်အဖြစ် ပစ်မှတ်ထားခံနေရ။

ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ်ဗဟိုခံစစ်မှူး ရာဖေးလ် ဗာရွန်းအတွက် ကမ်းလှမ်းထားတဲ့ ပေါင်သန်း ၄၀ ဟာ ဘာနေဗျူးဘက်က တောင်းဆိုထားတဲ့စျေးဖြစ်တဲ့ ပေါင်သန်း ၅၀ ပြောင်းရွှေ့ကြေးနဲ့ ၁၀ သန်းကွာဟနေလို့ အပြောင်းအရွှေ့ကြန့်ကြာနေရခြင်းဖြစ်တယ်လို့ သိရှိရပြီး ပြင်သစ်သားဟာ ဆေးစစ်မှုအောင်မြင်ပြီးစီးခဲ့ကြောင်းလည်း နောက်ဆက်တွဲသတင်းထွက်ပေါ်လာခဲ့ပေမယ့် ကစားသမားဟာ ရီးရဲလ်ရဲ့ရာသီကြိုလေ့ကျင့်ရေးမှာ ပူးပေါင်းနေကြောင်းသိရ။

ယူနိုက်တက်က ပစ်မှတ်ထားနေတဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ လီယွန် ဂေါ်ရက်ဇ်ကာဟာ တနှစ်ကို လုပ်ခလစာ ပေါင်သန်း ၂၀ လိုချင်နေတယ်လို့ သိရပြီး တနှစ်စာချုပ်သာ ကျန်ရှိတော့တဲ့ ကစားသမားကို ဘိုင်ယန်က ပေါင် ၁၂ သန်းသာ ပေးချေမယ်လို့ ကမ်းလှမ်းထားချိန်မှာ လစာပိုပေးမယ့် အိုးထရက်ဖို့ဒ်ကို ရွေးချယ်ဖို့ နီးစပ်လာကြောင်းသိရသလို ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ပေးချေရဖွယ်ရှိနေ။

ယူနိုက်တက်အသင်းက ရေရှည်အနာဂတ်အတွက် စိတ်ဝင်စားနေတဲ့ ရင်းနေးလူငယ်ကြယ်ပွင့် ကာဗာမင်ဂါဟာ စပိန်ကို​​ပြောင်းရွှေ့ဖို့သာ ပိုမိုစိတ်အားထက်သန်နေပေမယ့် တနှစ်စာချုပ်သာကျန်ရှိတော့တဲ့ ၁၈ နှစ်သားကို ဒီနွေမှာ အပြီးရှင်းထုတ်လိုနေတဲ့ ရင်းနေးအသင်းက အမှန်တကယ်စျေးကောင်းပေးမယ့် ယူနိုက်တက်နဲ့သာ ဆက်လက်ညှိနှိုင်းနေ။

ယူနိုက်တက်ကို ပြောင်းရွှေ့နိုင်ခဲ့ခြင်းဟာ ငယ်ဘဝအိပ်မက်ကို ထုဆစ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ ဆန်ချိိုက ပထမဆုံးတရားဝင်မိတ်ဆက်အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပြီး ပရိသတ်တွေအတွက် ထိုက်တန်တဲ့ ဆုဖလားတွေကို အရယူသွားမယ်လို့ ကြုံးဝါးသွားခဲ့သလို ဒေါ့မန်အသင်းရဲ့ ကျေးဇူးကိုလည်း အမြဲအောက်မေ့နေမှာဖြစ်ကြောင်း ရင်ဖွင့်သွားခဲ့။

သရဲနီတဦးဖြစ်လာခဲ့တဲ့ ဆန်ချိုရဲ့ ခြေစွမ်းဟာ အချက်အလက်တွေအရ အံ့အားသင့်ဖွယ်ရာကောင်းအောင် ထွက်ပေါ်လာခဲ့ပြီး အင်္ဂလန်ကစားသမားတွေထဲမှာ ပြီးခဲ့တဲ့ ၃ ရာသီအတွင်း သွင်းဂိုး+ဂိုးဖန်တီးမှုအရ ဂိုးပါဝင်ပတ်သက်မှု ၁၁၀ ပြုလုပ်ထားတဲ့ စတာလင်ကသာ ၁၀၉ ဂိုးပြုလုပ်ထားတဲ့ အသက် ၂၁ နှစ်သားရဲ့ အထက်မှာ ရပ်တည်နေကြောင်း သိရသလို ၁၀၆ ကြိမ်ပါဝင်ပတ်သက်ထားတဲ့ တိုက်စစ်မှူးဟာရီကိန်းကို ကျော်​​ဖြတ်ထားခဲ့ခြင်းကိုလည်း တွေ့ရှိရ။

ခိုင်လုံတဲ့ အပြောင်းအရွှေ့သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့အတည်ပြုချက်အရ ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းနှစ်သင်းက အပြိုင်အဆိုင် ကြိုးပမ်းနေတဲ့ ကွင်းလယ်လူ ရူဘင် နာဗက်စ်အတွက် ဝုဗ်စ်အသင်းက ပေါင်သန်း ၅၀ အလိုရှိနေ​ကြောင်း သိရပြီး ပေါ်တူဂီသားအနေနဲ့ အိုးထရက်ဖို့ဒ်လား၊ အမ်းမရိတ်စ်လားဆိုတာ ရွေးချယ်ရခက်ခဲနေကြောင်းသိရ။

ဆန်ချိုကို အားဖြည့်အ​ပြီးမှာ တောင့်တင်းတဲ့အစုအဖွဲ့ကို ရရှိနေပြီလို့ ယုံကြည်ထားတဲ့ ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ အထောင်တိုက်စစ်မှူးတဦးကို ရှာဖွေသွားမှာဖြစ်ပြီး စပါးစ်တိုက်စစ်မှူး ဟာရီကိန်းဟာ မန်စီးတီးနဲ့အပြိုင် ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း သိရသလို ပြီးခဲ့တဲ့မေလမှာ ကိန်းရဲ့ကိုယ်စားလှယ်တွေနဲ့ စကား​ပြောဆိုမှုပြုလုပ်ခဲ့တဲ့ ယူနိုက်တက်ဟာ ပေါင်သန်း ၁၀၀ ထုတ်သုံးဖို့တော့ အစီအစဉ်မရှိ​ကြောင်း အသိပေးထါးခဲ့ပြီးဖြစ်တယ်လို့ သိရ။

PSG ပရိသတ်တွေဟာ အသင်းရဲ့ကွင်းပြင်ပမှာ ယူနိုက်တက်ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို အလိုမရှိကြောင်း စာတန်းတွေကို ကိုင်ဆောင်ပြီး ဆန့်ကျင်ဆန္ဒပြခဲ့တယ်လို့ သိရသလို ” ပေါ့ဘာ မင်းအမေရဲ့ စကားကို နားထောင်ပါ။ သူလည်း မင်းကို အသင်းမပြောင်းစေချင်သလို ငါတို့လည်း မင်းကို ဒီမှာလုံးဝအလိုမရှိပါဘူ” လို့ ဖော်ထုတ်သွားခဲ့ကြ။

ယူနိုက်တက်ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က ကစားသမားသစ် ဂျေဒန် ဆန်ချိုကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုသွားခဲ့ပြီး CR7 အတွက် ရည်စူးထားတဲ့ သံပြိုင်အပိုဒ်ကို စာသားယူကာ “တောင်ပံတလျှောက် ပြေးလွှားနေတဲ့ ဆန်ချို အဓွန့်ရှည်ပါစေ၊ ယူနိုက်တက်သီချင်းသံကြားပါစေ” လို့ အဓိပ္ပါယ်ရတဲ့ ဖွင့်ဆိုမှုနဲ့ သီချင်းလုပ်ဆိုပြီး ဂုဏ်ပြုသွားခဲ့။

သောကြာနေ့က တရားဝင်ယူနိုက်တက်ကစားသမားဖြစ်လာခဲ့တဲ့ ဆန်ချိုကို ဒေါ့မန်အသင်းဖော်ဟောင်း အာလင်း ဟာလန်းက ဆိုရှယ်မီဒီယာမှာ နှစ်ဦးသားဓာတ်ပုံကို အမှတ်တရတင်ရှိကာ နှုတ်ဆက်သွားခဲ့ပြီး “အိုးထရက်ဖို့ဒ်မှာ တောက်ပပါစေ သားကြီး” လို့ ဘော်ဒါကောင်းကြီးအတွက် ဆန္ဒပြုသွားခဲ့။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ အသင်းမှာ ၂၀၂၄ ခုနှစ်အထိ ဆက်ရှိနေမယ့် ၃ နှစ်စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ပြီး နောက်ထပ်တနှစ် သက်တမ်းတိုးခွင့်ပါဝင်ကြောင်း သိရသလို ကာရင်တန်လေ့ကျင့်ရေးကွင်းနဲ့ အိုးထရက်ဖို့ဒ်ကွင်းကြီးကို ရင်းနှီးမြှုပ်နှံမယ့် အသင်းရဲ့ အဓိကအစီအစဥ်နှစ်ရပ်ကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း ပြောသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယူႏိုက္တက္ဟာ ေပါင္သန္း ၅၀ တန္ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တဲ့ ကြင္းလယ္လူ ေပါလ္ေပါ့ဘာကို PSG အသင္းဆီ ေရာင္းထုတ္သြားဖို႔ ျပင္ဆင္ေနေၾကာင္း သိရၿပီး ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေဟာင္းျဖစ္ခဲ့တဲ့ PSG ကစားသမားသစ္ ဂီနီ ဗိုင္နယ္လ္ဒမ္က ျပင္သစ္သားနဲ႔အတူတြဲကစားလိုေၾကာင္း ႀကိဳဆိုသြားခဲ့သလို ေပါ့ဘာဟာ အမ္ဘာေပကို ဆက္ထိန္းထားဖို႔ ေသာ့ခ်က္အျဖစ္ ပစ္မွတ္ထားခံေနရ။

ယူႏိုက္တက္ဟာ ရီးရဲလ္မက္ဒရစ္ဗဟိုခံစစ္မႉး ရာေဖးလ္ ဗာ႐ြန္းအတြက္ ကမ္းလွမ္းထားတဲ့ ေပါင္သန္း ၄၀ ဟာ ဘာေနဗ်ဴးဘက္က ေတာင္းဆိုထားတဲ့ေစ်းျဖစ္တဲ့ ေပါင္သန္း ၅၀ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ၁၀ သန္းကြာဟေနလို႔ အေျပာင္းအေ႐ႊ႕ၾကန္႔ၾကာေနရျခင္းျဖစ္တယ္လို႔ သိရွိရၿပီး ျပင္သစ္သားဟာ ေဆးစစ္မႈေအာင္ျမင္ၿပီးစီးခဲ့ေၾကာင္းလည္း ေနာက္ဆက္တြဲသတင္းထြက္ေပၚလာခဲ့ေပမယ့္ ကစားသမားဟာ ရီးရဲလ္ရဲ႕ရာသီႀကိဳေလ့က်င့္ေရးမွာ ပူးေပါင္းေနေၾကာင္းသိရ။

ယူႏိုက္တက္က ပစ္မွတ္ထားေနတဲ့ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ လီယြန္ ေဂၚရက္ဇ္ကာဟာ တႏွစ္ကို လုပ္ခလစာ ေပါင္သန္း ၂၀ လိုခ်င္ေနတယ္လို႔ သိရၿပီး တႏွစ္စာခ်ဳပ္သာ က်န္ရွိေတာ့တဲ့ ကစားသမားကို ဘိုင္ယန္က ေပါင္ ၁၂ သန္းသာ ေပးေခ်မယ္လို႔ ကမ္းလွမ္းထားခ်ိန္မွာ လစာပိုေပးမယ့္ အိုးထရက္ဖို႔ဒ္ကို ေ႐ြးခ်ယ္ဖို႔ နီးစပ္လာေၾကာင္းသိရသလို ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၆၀ ေပးေခ်ရဖြယ္ရွိေန။

ယူႏိုက္တက္အသင္းက ေရရွည္အနာဂတ္အတြက္ စိတ္ဝင္စားေနတဲ့ ရင္းေနးလူငယ္ၾကယ္ပြင့္ ကာဗာမင္ဂါဟာ စပိန္ကို​​ေျပာင္းေ႐ႊ႕ဖို႔သာ ပိုမိုစိတ္အားထက္သန္ေနေပမယ့္ တႏွစ္စာခ်ဳပ္သာက်န္ရွိေတာ့တဲ့ ၁၈ ႏွစ္သားကို ဒီေႏြမွာ အၿပီးရွင္းထုတ္လိုေနတဲ့ ရင္းေနးအသင္းက အမွန္တကယ္ေစ်းေကာင္းေပးမယ့္ ယူႏိုက္တက္နဲ႔သာ ဆက္လက္ညႇိႏႈိင္းေန။

ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ႏိုင္ခဲ့ျခင္းဟာ ငယ္ဘဝအိပ္မက္ကို ထုဆစ္ႏိုင္ခဲ့ျခင္းျဖစ္တယ္လို႔ ဆန္ခ်ိိုက ပထမဆုံးတရားဝင္မိတ္ဆက္အင္တာဗ်ဴးမွာ ေျဖၾကားသြားခဲ့ၿပီး ပရိသတ္ေတြအတြက္ ထိုက္တန္တဲ့ ဆုဖလားေတြကို အရယူသြားမယ္လို႔ ႀကဳံးဝါးသြားခဲ့သလို ေဒါ့မန္အသင္းရဲ႕ ေက်းဇူးကိုလည္း အၿမဲေအာက္ေမ့ေနမွာျဖစ္ေၾကာင္း ရင္ဖြင့္သြားခဲ့။

သရဲနီတဦးျဖစ္လာခဲ့တဲ့ ဆန္ခ်ိဳရဲ႕ ေျခစြမ္းဟာ အခ်က္အလက္ေတြအရ အံ့အားသင့္ဖြယ္ရာေကာင္းေအာင္ ထြက္ေပၚလာခဲ့ၿပီး အဂၤလန္ကစားသမားေတြထဲမွာ ၿပီးခဲ့တဲ့ ၃ ရာသီအတြင္း သြင္းဂိုး+ဂိုးဖန္တီးမႈအရ ဂိုးပါဝင္ပတ္သက္မႈ ၁၁၀ ျပဳလုပ္ထားတဲ့ စတာလင္ကသာ ၁၀၉ ဂိုးျပဳလုပ္ထားတဲ့ အသက္ ၂၁ ႏွစ္သားရဲ႕ အထက္မွာ ရပ္တည္ေနေၾကာင္း သိရသလို ၁၀၆ ႀကိမ္ပါဝင္ပတ္သက္ထားတဲ့ တိုက္စစ္မႉးဟာရီကိန္းကို ေက်ာ္​​ျဖတ္ထားခဲ့ျခင္းကိုလည္း ေတြ႕ရွိရ။

ခိုင္လုံတဲ့ အေျပာင္းအေ႐ႊ႕သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုရဲ႕အတည္ျပဳခ်က္အရ ယူႏိုက္တက္နဲ႔ အာဆင္နယ္အသင္းႏွစ္သင္းက အၿပိဳင္အဆိုင္ ႀကိဳးပမ္းေနတဲ့ ကြင္းလယ္လူ ႐ူဘင္ နာဗက္စ္အတြက္ ဝုဗ္စ္အသင္းက ေပါင္သန္း ၅၀ အလိုရွိေန​ေၾကာင္း သိရၿပီး ေပၚတူဂီသားအေနနဲ႔ အိုးထရက္ဖို႔ဒ္လား၊ အမ္းမရိတ္စ္လားဆိုတာ ေ႐ြးခ်ယ္ရခက္ခဲေနေၾကာင္းသိရ။

ဆန္ခ်ိဳကို အားျဖည့္အ​ၿပီးမွာ ေတာင့္တင္းတဲ့အစုအဖြဲ႕ကို ရရွိေနၿပီလို႔ ယုံၾကည္ထားတဲ့ ယူႏိုက္တက္နည္းျပဆိုးလ္ရွားဟာ အေထာင္တိုက္စစ္မႉးတဦးကို ရွာေဖြသြားမွာျဖစ္ၿပီး စပါးစ္တိုက္စစ္မႉး ဟာရီကိန္းဟာ မန္စီးတီးနဲ႔အၿပိဳင္ ယူႏိုက္တက္ရဲ႕ကမ္းလွမ္းမႈကို ေစာင့္ေမွ်ာ္ေနေၾကာင္း သိရသလို ၿပီးခဲ့တဲ့ေမလမွာ ကိန္းရဲ႕ကိုယ္စားလွယ္ေတြနဲ႔ စကား​ေျပာဆိုမႈျပဳလုပ္ခဲ့တဲ့ ယူႏိုက္တက္ဟာ ေပါင္သန္း ၁၀၀ ထုတ္သုံးဖို႔ေတာ့ အစီအစဥ္မရွိ​ေၾကာင္း အသိေပးထါးခဲ့ၿပီးျဖစ္တယ္လို႔ သိရ။

PSG ပရိသတ္ေတြဟာ အသင္းရဲ႕ကြင္းျပင္ပမွာ ယူႏိုက္တက္ကြင္းလယ္လူ ေပါလ္ေပါ့ဘာကို အလိုမရွိေၾကာင္း စာတန္းေတြကို ကိုင္ေဆာင္ၿပီး ဆန္႔က်င္ဆႏၵျပခဲ့တယ္လို႔ သိရသလို ” ေပါ့ဘာ မင္းအေမရဲ႕ စကားကို နားေထာင္ပါ။ သူလည္း မင္းကို အသင္းမေျပာင္းေစခ်င္သလို ငါတို႔လည္း မင္းကို ဒီမွာလုံးဝအလိုမရွိပါဘူ” လို႔ ေဖာ္ထုတ္သြားခဲ့ၾက။

ယူႏိုက္တက္ကစားသမားေဟာင္းႀကီး ရီယို ဖာဒီနန္က ကစားသမားသစ္ ေဂ်ဒန္ ဆန္ခ်ိဳကို လႈိက္လႈိက္လွဲလွဲ ႀကိဳဆိုသြားခဲ့ၿပီး CR7 အတြက္ ရည္စူးထားတဲ့ သံၿပိဳင္အပိုဒ္ကို စာသားယူကာ “ေတာင္ပံတေလွ်ာက္ ေျပးလႊားေနတဲ့ ဆန္ခ်ိဳ အဓြန္႔ရွည္ပါေစ၊ ယူႏိုက္တက္သီခ်င္းသံၾကားပါေစ” လို႔ အဓိပၸါယ္ရတဲ့ ဖြင့္ဆိုမႈနဲ႔ သီခ်င္းလုပ္ဆိုၿပီး ဂုဏ္ျပဳသြားခဲ့။

ေသာၾကာေန႔က တရားဝင္ယူႏိုက္တက္ကစားသမားျဖစ္လာခဲ့တဲ့ ဆန္ခ်ိဳကို ေဒါ့မန္အသင္းေဖာ္ေဟာင္း အာလင္း ဟာလန္းက ဆိုရွယ္မီဒီယာမွာ ႏွစ္ဦးသားဓာတ္ပုံကို အမွတ္တရတင္ရွိကာ ႏႈတ္ဆက္သြားခဲ့ၿပီး “အိုးထရက္ဖို႔ဒ္မွာ ေတာက္ပပါေစ သားႀကီး” လို႔ ေဘာ္ဒါေကာင္းႀကီးအတြက္ ဆႏၵျပဳသြားခဲ့။

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားဟာ အသင္းမွာ ၂၀၂၄ ခုႏွစ္အထိ ဆက္ရွိေနမယ့္ ၃ ႏွစ္စာခ်ဳပ္သစ္ကို လက္မွတ္ေရးထိုးခဲ့ၿပီျဖစ္ၿပီး ေနာက္ထပ္တႏွစ္ သက္တမ္းတိုးခြင့္ပါဝင္ေၾကာင္း သိရသလို ကာရင္တန္ေလ့က်င့္ေရးကြင္းနဲ႔ အိုးထရက္ဖို႔ဒ္ကြင္းႀကီးကို ရင္းႏွီးျမႇဳပ္ႏွံမယ့္ အသင္းရဲ႕ အဓိကအစီအစဥ္ႏွစ္ရပ္ကို လက္ခံခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.