Other Premier League

ဆန်ချိုကို JS7 မဖြစ်လာအောင် ဘယ်သူလုပ်ခဲ့သလဲ?

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျာမန်ကလပ် ဒေါ့မန်အသင်းကနေ ပေါင် ၇၃ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားသစ် ဂျေဒန် ဆန်ချိုကို တရားဝင်မိတ်ဆက်ပေးအပြီးမှာ အသက် ၂၁ နှစ်အရွယ် အင်္ဂလန်သားဟာ ကျောနံပါတ် ၂၅ ကို ဝတ်ဆင်သွားမယ်လို့ ဆက်လက်အတည်ပြုသွားခဲ့ပါတယ်။

အဆိုပါမန်စီးတီးလူငယ်ကစားသမားဟောင်းဟာ အိုးထရက်ဖို့ဒ်ရဲ့ အစဥ်အလာကြီးမားတဲ့ နံပါတ် ၇ ဂျာစီကို ဝတ်ဆင်ကစားသွားမယ်လို့ နာမည်ကြီးပြီး အပြောင်းအရွှေ့တရားဝင်မဖြစ်ခင်မှာ ရေပန်းစားခဲ့သလို ဖြစ်မလာခဲ့ဘဲ အသင်းမှာ လွတ်နေတဲ့ ကျောနံပါတ်တွေထဲက နံပါတ် ၂၅ ကိုသာ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာတော့ ဘောလုံးလောကရဲ့ နာမည်ကြီးတွေဟာ သူတို့ရဲ့ပုံရိပ်တွေကို ကိုယ်ပိုင် Trademark ဖြစ်တဲ့ ကျောနံပါတ်နဲ့ တည်ဆောက်လေ့ရှိတာဟာ ခေတ်သစ်ရေစီးကြောင်းတခုဖြစ်လာပြီး အသင်းတသင်းမှာ ဘယ်ကျောနံပါတ်ကို ဝတ်ဆင်ခွင့်ရသလဲဆိုတာ ကစားသမားတယောက်ရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနေခြင်းလည်း ဖြစ်ပါတယ်။

ဒေါ့မန်အသင်းမှာတော့ ကျောနံပါတ် ၇ နဲ့လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဆန်ချိုဟာ ယူနိုက်တက်မှာတော့ ဝါရင့်တိုက်စစ်မှူးကာဗာနီကို ညှိနှိုင်းခွင့်မရခဲ့ဘဲ သူ့ဆန္ဒကို လက်လျှော့ခဲ့ရတယ်လို့ သတင်းထွက်လာခဲ့သလို ဥရုဂွေးသားကြီးကြောင့် သူလိုချင်တဲ့ နံပါတ် ၇ ကို ဆင်မြန်းဖို့ ၂+၅=၇ ဆိုတဲ့ ကိန်းဂဏန်းတန်ဖိုးထွက်တဲ့ ၂၅ ဂျာစီကိုသာ လက်ခံလိုက်ရကြောင်း ဖော်ပြခံနေရပါတယ်။

ယူနိုက်တက်မှာ နံပါတ် ၂၅ ကို အန်တိုနီယို ဗလင်စီယာ၊ အိုဒီယွန် အီဂါလို၊ ကွင်တန် ဖော်ကျွန်းနဲ့ ဂျော်ဒီ ခရိုက်ဖ်တို့ကလည်း ဝတ်ဆင်ခဲ့ဖူးသလို ဆန်ချိုအနေနဲ့ အိပ်မက်ပြဇာတ်ရုံကြီးရဲ့ အထူးစပါယ်ရှယ်နံပါတ်ဖြစ်တဲ့ ၇ ကို ကာဗာနီထွက်ခွာသွားမှသာလျှင် ဝတ်ဆင်ကစားခွင့်ရတော့မယ်လို့လည်း သိရှိရပါတယ်။

ဒါဟာ ယူနိုက်တက်ပရိသတ်တွေရဲ့ မျှော်မှန်းချက်နဲ့ လွဲချော်ခဲ့ပြီး ရုတ်တရက်အံ့အားသင့်စရာလည်း ဖြစ်လာခဲ့သလို ဂျော့ချ်ဘတ်စ််၊ ဘရိုင်ယန် ရော့ဘ်ဆန်၊ အဲရစ် ကန်တိုနာ၊ ဒေးဗစ် ဘက်ခမ်း၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့လို နံပါတ် ၇ ဂန္ထဝင်ကစားသမားတွေရဲ့ ခြေရာကို တထပ်တည်းနင်းမယ့် လူငယ်ပါရမီရှင်လေး ဆန်ချိုဖြစ်လာမလားဆိုတဲ့ ထင်ကြေးတွေကိုလည်း အနည်းငယ်စိတ်မသက်မသာ ဖြစ်သွားစေခဲ့တာပါ။

ဆန်ချိုရဲ့ အနှစ်သက်ဆုံးကျောနံပါတ်ကတော့ နံပါတ် ၇ ပြီးရင် နံပါတ် ၁၇ ဖြစ်ပြီး သူ့အနေနဲ့ ဒီမာရီယာ၊ မမ်းဖစ် ဒီပိုင်း၊ အလက်ဆစ် ဆန်းချက်ဇ်တို့လို နံပါတ် ၇ ကျိန်စာမသင့်တော့ဘူးလို့ ဝမ်းမြောက်မှုတွေလည်း ရှိနေချိန်မှာ စိန်ခေါ်မှုတွေကိုမှ တောင့်တတဲ့ နံပါတ် ၇ ကမ္ဘာ့အဆင့် တောင်ပံကစားသမားအဖြစ် ရည်မှန်းမှုအတွက် ဆန်ချိုဟာ JS7 ဖြစ်လာဖို့ ကာဗာနီရဲ့ထွက်ခွာခြင်းကို စောင့်ဆိုင်းရဦးမှာဖြစ်သလို ဒါဟာ လူငယ်သွေးသစ်လေးကို နေရာမပေးချင်တဲ့ အသက် ၃၄ နှစ်သားကြီးရဲ့ စိတ်ထားမလှတဲ့ ရက်စက်မှု ဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ယူနိုက်တက်ရပ်ဝန်းမှာ ဂယက်ရိုက်နေပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဂ်ာမန္ကလပ္ ေဒါ့မန္အသင္းကေန ေပါင္ ၇၃ သန္းနဲ႔ ေခၚယူခဲ့တဲ့ ကစားသမားသစ္ ေဂ်ဒန္ ဆန္ခ်ိဳကို တရားဝင္မိတ္ဆက္ေပးအၿပီးမွာ အသက္ ၂၁ ႏွစ္အ႐ြယ္ အဂၤလန္သားဟာ ေက်ာနံပါတ္ ၂၅ ကို ဝတ္ဆင္သြားမယ္လို႔ ဆက္လက္အတည္ျပဳသြားခဲ့ပါတယ္။

အဆိုပါမန္စီးတီးလူငယ္ကစားသမားေဟာင္းဟာ အိုးထရက္ဖို႔ဒ္ရဲ႕ အစဥ္အလာႀကီးမားတဲ့ နံပါတ္ ၇ ဂ်ာစီကို ဝတ္ဆင္ကစားသြားမယ္လို႔ နာမည္ႀကီးၿပီး အေျပာင္းအေ႐ႊ႕တရားဝင္မျဖစ္ခင္မွာ ေရပန္းစားခဲ့သလို ျဖစ္မလာခဲ့ဘဲ အသင္းမွာ လြတ္ေနတဲ့ ေက်ာနံပါတ္ေတြထဲက နံပါတ္ ၂၅ ကိုသာ ေ႐ြးခ်ယ္သြားခဲ့တာျဖစ္ပါတယ္။

ဒီေန႔ေခတ္မွာေတာ့ ေဘာလုံးေလာကရဲ႕ နာမည္ႀကီးေတြဟာ သူတို႔ရဲ႕ပုံရိပ္ေတြကို ကိုယ္ပိုင္ Trademark ျဖစ္တဲ့ ေက်ာနံပါတ္နဲ႔ တည္ေဆာက္ေလ့ရွိတာဟာ ေခတ္သစ္ေရစီးေၾကာင္းတခုျဖစ္လာၿပီး အသင္းတသင္းမွာ ဘယ္ေက်ာနံပါတ္ကို ဝတ္ဆင္ခြင့္ရသလဲဆိုတာ ကစားသမားတေယာက္ရဲ႕ အေရးပါမႈကို မီးေမာင္းထိုးျပေနျခင္းလည္း ျဖစ္ပါတယ္။

ေဒါ့မန္အသင္းမွာေတာ့ ေက်ာနံပါတ္ ၇ နဲ႔လွ်မ္းလွ်မ္းေတာက္ခဲ့တဲ့ ဆန္ခ်ိဳဟာ ယူႏိုက္တက္မွာေတာ့ ဝါရင့္တိုက္စစ္မႉးကာဗာနီကို ညႇိႏႈိင္းခြင့္မရခဲ့ဘဲ သူ႔ဆႏၵကို လက္ေလွ်ာ့ခဲ့ရတယ္လို႔ သတင္းထြက္လာခဲ့သလို ဥ႐ုေဂြးသားႀကီးေၾကာင့္ သူလိုခ်င္တဲ့ နံပါတ္ ၇ ကို ဆင္ျမန္းဖို႔ ၂+၅=၇ ဆိုတဲ့ ကိန္းဂဏန္းတန္ဖိုးထြက္တဲ့ ၂၅ ဂ်ာစီကိုသာ လက္ခံလိုက္ရေၾကာင္း ေဖာ္ျပခံေနရပါတယ္။

ယူႏိုက္တက္မွာ နံပါတ္ ၂၅ ကို အန္တိုနီယို ဗလင္စီယာ၊ အိုဒီယြန္ အီဂါလို၊ ကြင္တန္ ေဖာ္ကြၽန္းနဲ႔ ေဂ်ာ္ဒီ ခ႐ိုက္ဖ္တို႔ကလည္း ဝတ္ဆင္ခဲ့ဖူးသလို ဆန္ခ်ိဳအေနနဲ႔ အိပ္မက္ျပဇာတ္႐ုံႀကီးရဲ႕ အထူးစပါယ္ရွယ္နံပါတ္ျဖစ္တဲ့ ၇ ကို ကာဗာနီထြက္ခြာသြားမွသာလွ်င္ ဝတ္ဆင္ကစားခြင့္ရေတာ့မယ္လို႔လည္း သိရွိရပါတယ္။

ဒါဟာ ယူႏိုက္တက္ပရိသတ္ေတြရဲ႕ ေမွ်ာ္မွန္းခ်က္နဲ႔ လြဲေခ်ာ္ခဲ့ၿပီး ႐ုတ္တရက္အံ့အားသင့္စရာလည္း ျဖစ္လာခဲ့သလို ေဂ်ာ့ခ်္ဘတ္စ္္၊ ဘ႐ိုင္ယန္ ေရာ့ဘ္ဆန္၊ အဲရစ္ ကန္တိုနာ၊ ေဒးဗစ္ ဘက္ခမ္း၊ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔လို နံပါတ္ ၇ ဂႏၴဝင္ကစားသမားေတြရဲ႕ ေျခရာကို တထပ္တည္းနင္းမယ့္ လူငယ္ပါရမီရွင္ေလး ဆန္ခ်ိဳျဖစ္လာမလားဆိုတဲ့ ထင္ေၾကးေတြကိုလည္း အနည္းငယ္စိတ္မသက္မသာ ျဖစ္သြားေစခဲ့တာပါ။

ဆန္ခ်ိဳရဲ႕ အႏွစ္သက္ဆုံးေက်ာနံပါတ္ကေတာ့ နံပါတ္ ၇ ၿပီးရင္ နံပါတ္ ၁၇ ျဖစ္ၿပီး သူ႔အေနနဲ႔ ဒီမာရီယာ၊ မမ္းဖစ္ ဒီပိုင္း၊ အလက္ဆစ္ ဆန္းခ်က္ဇ္တို႔လို နံပါတ္ ၇ က်ိန္စာမသင့္ေတာ့ဘူးလို႔ ဝမ္းေျမာက္မႈေတြလည္း ရွိေနခ်ိန္မွာ စိန္ေခၚမႈေတြကိုမွ ေတာင့္တတဲ့ နံပါတ္ ၇ ကမာၻ႔အဆင့္ ေတာင္ပံကစားသမားအျဖစ္ ရည္မွန္းမႈအတြက္ ဆန္ခ်ိဳဟာ JS7 ျဖစ္လာဖို႔ ကာဗာနီရဲ႕ထြက္ခြာျခင္းကို ေစာင့္ဆိုင္းရဦးမွာျဖစ္သလို ဒါဟာ လူငယ္ေသြးသစ္ေလးကို ေနရာမေပးခ်င္တဲ့ အသက္ ၃၄ ႏွစ္သားႀကီးရဲ႕ စိတ္ထားမလွ ရက္စက္ယုတ္မာမႈ ျဖစ္တယ္လို႔ ေဝဖန္မႈေတြလည္း ယူႏိုက္တက္ရပ္ဝန္းမွာ ဂယက္႐ိုက္ေနၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.