Premier League

ရော်နယ်လ်ဒိုရဲ့ လောင်းရိပ်မိခဲ့ပြီး အခက်အခဲတွေ့ခဲ့ကြရတဲ့ ကစားသမား ၅ ဦး

ခရစ္စတီယာနို ရော်နယ်လ်ဒိုဆိုတာ ၂၀၀၃ ခုနှစ်ကတည်းက ဘောလုံးဇာတ်ခုံမြင့်ကို ရောက်ရှိလာခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ ၁၈ နှစ်တာကာလမှာ သူကစားခဲ့ဖူးသမျှ အသင်းတွေဆီကို ပြန်ပြောင်းမျှော်ကြည့်ရင် ခြေစွမ်းရှိကစားသမားတချို့ဟာ သူ့အတွက်နဲ့ အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ဘဲ လောင်းရိပ်မိခဲ့ကြတာကို တွေ့ရသလို ဒီထဲက အထင်ရှားဆုံး ၅ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

၅။ ရီကာဒို ကွာရက်စ်မာ
ရော်နယ်လ်ဒိုလိုပဲ စပို့တင်းလစ္စဘွန်း အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကွာရက်စ်မာဟာ ပေါ်တူဂီမြေကနေ ထွက်ခွာချိန်မှာတော့ ဘာစီလိုနာကို ရောက်သွားခဲ့ပြီး မအောင်မြင်ခဲ့သလို ပေါ်တို၊ အင်တာမီလန်၊ ချဲလ်ဆီးအသင်းတွေမှာ ကစားဖူးခဲ့ပြီး ပေါ်တူဂီအသင်းမှာတော့ ၁၅ နှစ်တာ အတွင်း ပွဲပေါင်း ၈၀ ကစားခဲ့သူဖြစ်ပါတယ်။

နိုင်ငံအသင်းအတွက် ၁၀ ဂိုးသွင်းယူပြီး ၂၃ ဂိုး ဖန်တီးနိုင်ခဲ့တဲ့ ကွာရက်စ်မာဟာ သူ့ရဲ့ လက်ရွေးစင်ဘဝ ၁၅ နှစ်တာအတွင်း လုံလုံလောက်လောက် ချီးကျူးခံခဲ့ရခြင်းမျိုး မရှိတဲ့အထိ နှစ်စဉ်နှစ်တိုင်း ခြေစွမ်းပြခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ လောင်းရိပ်အောက်ကို ရောက်နေခဲ့သလို မျိုးဆက်တူချင်း နှိုင်းယှဉ်ခံရမှုမှာ လိုက်မမီနိုင်ခဲ့တာက ကလပ်အသင်း ကစားသမားဘဝကိုပါ အောင်မြင်မှု နည်းစေခဲ့တာပါ။

၄။ နာနီ (လူးဝစ် ကားလို့စ် အယ်လ်မေးဒါး ဒါကွန်ညာ)
ရော်နယ်လ်ဒိုထက် ၂ နှစ်ကျော်ငယ်ရွယ်တဲ့ စပို့တင်းထွက်ပဲဖြစ်တဲ့ နာနီကို နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကပဲ မန်ချက်စတာယူနိုက်တက် အသင်းဆီ ခေါ်ယူခဲ့တာပါ။ အသင်းမှာ သူ့ရှေ့က စီနီယာပေါ်တူဂီသားရဲ့ ဘယ်တောင်ပံကို လုယူဖို့ တိုက်ပွဲဝင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဒုတိယနေရာနဲ့ ညာတောင်ပံတွေမှာသာ အချိန်ကုန်ခဲ့ရပြီး ကစားပုံဆင်တူမှုမှာ ဂိုးသွင်းကောင်းသူ မဟုတ်ခဲ့တာက သူ့ရဲ့ အလားအလာကို မှေးမှိန်စေခဲ့ပါတယ်။

နိုင်ငံအသင်းမှာလည်း ရော်နယ်လ်ဒိုရဲ့ နောက်မှာ နေရာရဖို့ ကွာရက်စ်မာနဲ့ လုနေခဲ့ရပြီး ကစားပေးခဲ့တဲ့ ၁၁၂ ပွဲမှာ ၂၄ ဂိုးသွင်း၊ ၂၃ ဂိုးဖန်တီး ဆုဖလားအောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် တစ်ဦးချင်း ထင်ပေါ်ကျော်ကြားမှုအတွက်တော့ ပေါ်တူဂီ GOAT ကြီးရဲ့ အလွန်မှာ ယူနိုက်တက်အတွက် ဆုဖလား တချို့ ယူပေးနိုင်ခဲ့လို့သာ သူ့အဖြစ်က ထင်သလောက် အားမငယ်ခဲ့ရတာပါ။

၃။ ဂါရက်သ် ဘေးလ်
တော့တင်ဟမ်ဟော့စပါးစ်ကနေ ရီးရဲလ်မက်ဒရစ်ကို ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ပြောင်းတော့ လူတွေ မေးခွန်းထုတ်ကြတာကလည်း အားလုံးထင်ကြသလို ရော်နယ်လ်ဒိုနဲ့ ဦးစားပေးမှုအတွက်ပဲဖြစ်ပါတယ်။ ရာအူးလ် ဂွန်ဇာလက်ဇ်ထက်တောင်မှ မက်ဒရစ်ကလပ်ရဲ့ မျက်နှာသာပိုရခဲ့တဲ့ CR7 ရဲ့ သွင်းဂိုးနဲ့ ဖန်တီးပေးခံရမှုကို ဘေးလ်လည်း မလုနိုင်ခဲ့ဘဲ သူကသာ တပည့်အဖြစ် ဖန်တီးမှုတွေ လုပ်ဆောင်ပေးခဲ့ရတာပါ။

လာလီဂါမှာ လက်ရှိအချိန်အထိ သွင်းဂိုး ၈၀ ရရှိထားတဲ့ ဝေလသားကတော့ မက်ဆီနဲ့ ရော်နယ်လ်ဒိုကြား အချိန်မှားပြီး ဒီပြိုင်ပွဲကို ရောက်လာခဲ့တယ်လို့ပဲ ပြောလို့ရသလို ဘာနေဗျူးကနေ ပေါ်တူဂီဂိုးသွင်းဘုရင် ထွက်ခွာသွားချိန်မှာလည်း ဒဏ်ရာတွေနဲ့ နပမ်းလုံးရချိန်ဖြစ်နေခဲ့တာမို့ သူ့ရဲ့ ခြေစွမ်းအမှန်ကို ပြသနိုင်ခြင်းမရှိတော့ဘဲ ချန်ပီယံလိဂ်ဖလားတွေ စုဆောင်းဖူးတဲ့ အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီး စပါးစ်ကိုတောင် အငှားချခံခဲ့ရပါသေးတယ်။

၂။ ကားလို့စ် တီဗက်ဇ်
လျင်မြန်ပြီး ဂိုးရှေ့မှာ ရက်စက်လွန်းတဲ့ အပါချီလူရိုင်းလို့ နာမည်ရတဲ့ တီဗက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်ကို ဂျော်ရက်ဘ်ချီယန်ရဲ့ MSI ကုမ္ပဏီကနေ နှစ်နှစ်အငှားနဲ့ လာရောက်ကစားခဲ့ပြီး အသင်းရဲ့ ချန်ပီယံလိဂ်ဖလားကို တစ်ကျော့ပြန်သိမ်းပိုက်နိုင်မှုမှာ အခရာကျခဲ့ပေမယ့် နာမည်ကတော့ သိပ်မရခဲ့ဘဲ နောက်ဆုံးမှာ မြို့ခံပြိုင်ဘက် မန်စီးတီးဆီ ပြောင်းရွှေ့သွားခဲ့ရတာပါ။

ချန်ပီယံလိဂ်ရတဲ့ ရာသီမှာ သွင်းဂိုး ၁၉ ဂိုးနဲ့ ၇ ဂိုး ဖန်တီးပေးခဲ့ပေမယ့် ပေါ်တူဂီသား ဆရာသမားရဲ့ ပရီးမီးယားလိဂ်မှာတင် ၃၁ ဂိုးသွင်းပြီး ပြိုင်ပွဲစုံ ၄၂ ဂိုးရခဲ့တဲ့ အရေအတွက်အောက်မှာ ခေါင်းမထောင်နိုင်ခဲ့ဘဲ နောက်တစ်ရာသီမှာတော့ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့မှုနဲ့အတူ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့ပြီး ယူနိုက်တက်ရဲ့ အမုန်းခံဘဝကို ရွေးချယ်သွားခဲ့တာပဲဖြစ်ပါတယ်။

၁။ ကာရင်မ် ဘန်ဇီးမား
လက်ရှိအချိန်အထိ အဆုံးသတ်အကောင်းဆုံးကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေဆဲ ပြင်သစ်တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်အတွက် ၃၈၃ ပွဲမှာ ၁၉၂ ဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ရော်နယ်လ်ဒိုနဲ့ အတူတူရောက်လာခဲ့တဲ့ ၂၀၁၉-၁၀ ရာသီကတည်းက နောက်ကနေ ရုန်းပေးခဲ့ရသလို အာဂျင်တီးနားသား ဂွန်ဇာလို ဟီဂွာအင်နဲ့ နေရာလုခဲ့ရသေးတာပါ။

အသင်းအတွက် ၁၂ ရာသီ ကစားအပြီးမှာ ၁၉၂ ဂိုးဆိုတာက ၉ ရာသီသာ ကစားပြီး ၂၉၂ ပွဲမှာ ၃၁၁ ဂိုးသွင်းပြခဲ့တဲ့ ပေါ်တူဂီသားရဲ့ တစ်ပွဲပျမ်းမျှ ၁.၀၇ ဂိုးနဲ့ မိုးနဲ့မြေလို ကွာခြားနေခဲ့တာကြောင့် ပရိသတ်တွေရဲ့ မှတ်ချက်တွေထဲမှာ “ဘင်ဇီးမားလား… မဆိုးပါဘူး”ဆိုတဲ့ အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရသလို ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုကြသူတချို့ကသာ ပြင်သစ်သားကို ချီးကျူးခဲ့ကြတာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဆိုတာ ၂၀၀၃ ခုႏွစ္ကတည္းက ေဘာလုံးဇာတ္ခုံျမင့္ကို ေရာက္ရွိလာခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ၁၈ ႏွစ္တာကာလမွာ သူကစားခဲ့ဖူးသမွ် အသင္းေတြဆီကို ျပန္ေျပာင္းေမွ်ာ္ၾကည့္ရင္ ေျခစြမ္းရွိကစားသမားတခ်ိဳ႕ဟာ သူ႔အတြက္နဲ႔ ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္ခဲ့ဘဲ ေလာင္းရိပ္မိခဲ့ၾကတာကို ေတြ႕ရသလို ဒီထဲက အထင္ရွားဆုံး ၅ ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

၅။ ရီကာဒို ကြာရက္စ္မာ
ေရာ္နယ္လ္ဒိုလိုပဲ စပို႔တင္းလစၥဘြန္း အကယ္ဒမီကေန ထြက္ေပၚလာခဲ့တဲ့ ကြာရက္စ္မာဟာ ေပၚတူဂီေျမကေန ထြက္ခြာခ်ိန္မွာေတာ့ ဘာစီလိုနာကို ေရာက္သြားခဲ့ၿပီး မေအာင္ျမင္ခဲ့သလို ေပၚတို၊ အင္တာမီလန္၊ ခ်ဲလ္ဆီးအသင္းေတြမွာ ကစားဖူးခဲ့ၿပီး ေပၚတူဂီအသင္းမွာေတာ့ ၁၅ ႏွစ္တာ အတြင္း ပြဲေပါင္း ၈၀ ကစားခဲ့သူျဖစ္ပါတယ္။

ႏိုင္ငံအသင္းအတြက္ ၁၀ ဂိုးသြင္းယူၿပီး ၂၃ ဂိုး ဖန္တီးႏိုင္ခဲ့တဲ့ ကြာရက္စ္မာဟာ သူ႔ရဲ႕ လက္ေ႐ြးစင္ဘဝ ၁၅ ႏွစ္တာအတြင္း လုံလုံေလာက္ေလာက္ ခ်ီးက်ဴးခံခဲ့ရျခင္းမ်ိဳး မရွိတဲ့အထိ ႏွစ္စဥ္ႏွစ္တိုင္း ေျခစြမ္းျပခဲ့တဲ့ ေရာ္နယ္လ္ဒိုရဲ႕ ေလာင္းရိပ္ေအာက္ကို ေရာက္ေနခဲ့သလို မ်ိဳးဆက္တူခ်င္း ႏႈိင္းယွဥ္ခံရမႈမွာ လိုက္မမီႏိုင္ခဲ့တာက ကလပ္အသင္း ကစားသမားဘဝကိုပါ ေအာင္ျမင္မႈ နည္းေစခဲ့တာပါ။

၄။ နာနီ (လူးဝစ္ ကားလို႔စ္ အယ္လ္ေမးဒါး ဒါကြန္ညာ)
ေရာ္နယ္လ္ဒိုထက္ ၂ ႏွစ္ေက်ာ္ငယ္႐ြယ္တဲ့ စပို႔တင္းထြက္ပဲျဖစ္တဲ့ နာနီကို နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ကပဲ မန္ခ်က္စတာယူႏိုက္တက္ အသင္းဆီ ေခၚယူခဲ့တာပါ။ အသင္းမွာ သူ႔ေရွ႕က စီနီယာေပၚတူဂီသားရဲ႕ ဘယ္ေတာင္ပံကို လုယူဖို႔ တိုက္ပြဲဝင္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ ဒုတိယေနရာနဲ႔ ညာေတာင္ပံေတြမွာသာ အခ်ိန္ကုန္ခဲ့ရၿပီး ကစားပုံဆင္တူမႈမွာ ဂိုးသြင္းေကာင္းသူ မဟုတ္ခဲ့တာက သူ႔ရဲ႕ အလားအလာကို ေမွးမွိန္ေစခဲ့ပါတယ္။

ႏိုင္ငံအသင္းမွာလည္း ေရာ္နယ္လ္ဒိုရဲ႕ ေနာက္မွာ ေနရာရဖို႔ ကြာရက္စ္မာနဲ႔ လုေနခဲ့ရၿပီး ကစားေပးခဲ့တဲ့ ၁၁၂ ပြဲမွာ ၂၄ ဂိုးသြင္း၊ ၂၃ ဂိုးဖန္တီး ဆုဖလားေအာင္ျမင္မႈေတြ ရရွိခဲ့ေပမယ့္ တစ္ဦးခ်င္း ထင္ေပၚေက်ာ္ၾကားမႈအတြက္ေတာ့ ေပၚတူဂီ GOAT ႀကီးရဲ႕ အလြန္မွာ ယူႏိုက္တက္အတြက္ ဆုဖလား တခ်ိဳ႕ ယူေပးႏိုင္ခဲ့လို႔သာ သူ႔အျဖစ္က ထင္သေလာက္ အားမငယ္ခဲ့ရတာပါ။

၃။ ဂါရက္သ္ ေဘးလ္
ေတာ့တင္ဟမ္ေဟာ့စပါးစ္ကေန ရီးရဲလ္မက္ဒရစ္ကို ကမာၻ႔စံခ်ိန္တင္ေၾကးနဲ႔ ေျပာင္းေတာ့ လူေတြ ေမးခြန္းထုတ္ၾကတာကလည္း အားလုံးထင္ၾကသလို ေရာ္နယ္လ္ဒိုနဲ႔ ဦးစားေပးမႈအတြက္ပဲျဖစ္ပါတယ္။ ရာအူးလ္ ဂြန္ဇာလက္ဇ္ထက္ေတာင္မွ မက္ဒရစ္ကလပ္ရဲ႕ မ်က္ႏွာသာပိုရခဲ့တဲ့ CR7 ရဲ႕ သြင္းဂိုးနဲ႔ ဖန္တီးေပးခံရမႈကို ေဘးလ္လည္း မလုႏိုင္ခဲ့ဘဲ သူကသာ တပည့္အျဖစ္ ဖန္တီးမႈေတြ လုပ္ေဆာင္ေပးခဲ့ရတာပါ။

လာလီဂါမွာ လက္ရွိအခ်ိန္အထိ သြင္းဂိုး ၈၀ ရရွိထားတဲ့ ေဝလသားကေတာ့ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုၾကား အခ်ိန္မွားၿပီး ဒီၿပိဳင္ပြဲကို ေရာက္လာခဲ့တယ္လို႔ပဲ ေျပာလို႔ရသလို ဘာေနဗ်ဴးကေန ေပၚတူဂီဂိုးသြင္းဘုရင္ ထြက္ခြာသြားခ်ိန္မွာလည္း ဒဏ္ရာေတြနဲ႔ နပမ္းလုံးရခ်ိန္ျဖစ္ေနခဲ့တာမို႔ သူ႔ရဲ႕ ေျခစြမ္းအမွန္ကို ျပသႏိုင္ျခင္းမရွိေတာ့ဘဲ ခ်န္ပီယံလိဂ္ဖလားေတြ စုေဆာင္းဖူးတဲ့ အဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရၿပီး စပါးစ္ကိုေတာင္ အငွားခ်ခံခဲ့ရပါေသးတယ္။

၂။ ကားလို႔စ္ တီဗက္ဇ္
လ်င္ျမန္ၿပီး ဂိုးေရွ႕မွာ ရက္စက္လြန္းတဲ့ အပါခ်ီလူ႐ိုင္းလို႔ နာမည္ရတဲ့ တီဗက္ဇ္ဟာ မန္ခ်က္စတာယူႏိုက္တက္ကို ေဂ်ာ္ရက္ဘ္ခ်ီယန္ရဲ႕ MSI ကုမၸဏီကေန ႏွစ္ႏွစ္အငွားနဲ႔ လာေရာက္ကစားခဲ့ၿပီး အသင္းရဲ႕ ခ်န္ပီယံလိဂ္ဖလားကို တစ္ေက်ာ့ျပန္သိမ္းပိုက္ႏိုင္မႈမွာ အခရာက်ခဲ့ေပမယ့္ နာမည္ကေတာ့ သိပ္မရခဲ့ဘဲ ေနာက္ဆုံးမွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးဆီ ေျပာင္းေ႐ႊ႕သြားခဲ့ရတာပါ။

ခ်န္ပီယံလိဂ္ရတဲ့ ရာသီမွာ သြင္းဂိုး ၁၉ ဂိုးနဲ႔ ၇ ဂိုး ဖန္တီးေပးခဲ့ေပမယ့္ ေပၚတူဂီသား ဆရာသမားရဲ႕ ပရီးမီးယားလိဂ္မွာတင္ ၃၁ ဂိုးသြင္းၿပီး ၿပိဳင္ပြဲစုံ ၄၂ ဂိုးရခဲ့တဲ့ အေရအတြက္ေအာက္မွာ ေခါင္းမေထာင္ႏိုင္ခဲ့ဘဲ ေနာက္တစ္ရာသီမွာေတာ့ ၅ ဂိုးသာ သြင္းယူႏိုင္ခဲ့မႈနဲ႔အတူ အသင္းေျပာင္းဖို႔ ဆုံးျဖတ္ခဲ့ၿပီး ယူႏိုက္တက္ရဲ႕ အမုန္းခံဘဝကို ေ႐ြးခ်ယ္သြားခဲ့တာပဲျဖစ္ပါတယ္။

၁။ ကာရင္မ္ ဘန္ဇီးမား
လက္ရွိအခ်ိန္အထိ အဆုံးသတ္အေကာင္းဆုံးကစားသမားတစ္ေယာက္အျဖစ္ ရပ္တည္ေနဆဲ ျပင္သစ္တိုက္စစ္မႉးဟာ ရီးရဲလ္မက္ဒရစ္အတြက္ ၃၈၃ ပြဲမွာ ၁၉၂ ဂိုးသြင္းယူၿပီး ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ေရာ္နယ္လ္ဒိုနဲ႔ အတူတူေရာက္လာခဲ့တဲ့ ၂၀၁၉-၁၀ ရာသီကတည္းက ေနာက္ကေန ႐ုန္းေပးခဲ့ရသလို အာဂ်င္တီးနားသား ဂြန္ဇာလို ဟီဂြာအင္နဲ႔ ေနရာလုခဲ့ရေသးတာပါ။

အသင္းအတြက္ ၁၂ ရာသီ ကစားအၿပီးမွာ ၁၉၂ ဂိုးဆိုတာက ၉ ရာသီသာ ကစားၿပီး ၂၉၂ ပြဲမွာ ၃၁၁ ဂိုးသြင္းျပခဲ့တဲ့ ေပၚတူဂီသားရဲ႕ တစ္ပြဲပ်မ္းမွ် ၁.၀၇ ဂိုးနဲ႔ မိုးနဲ႔ေျမလို ကြာျခားေနခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ မွတ္ခ်က္ေတြထဲမွာ “ဘင္ဇီးမားလား… မဆိုးပါဘူး”ဆိုတဲ့ အဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရသလို ႀကိဳးစားအားထုတ္မႈကို အသိအမွတ္ျပဳၾကသူတခ်ိဳ႕ကသာ ျပင္သစ္သားကို ခ်ီးက်ဴးခဲ့ၾကတာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.