Article Other Premier League Transfer News

နောက်ဆုံးတော့ ဆန်ချိုတစ်ယောက် ယူနိုက်တက်နဲ့ ရွှေပင်နားဖို့ဖြစ်လာခဲ့ပြီလား

ဒေါ့မွန်အသင်းကနေ ပေါင် ၇၂.၉ သန်းနဲ့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာပြီး မန်ချက်စတာယူနိုက်တက်ကစားသမားသစ် ဖြစ်လာတဲ့ အသက် ၂၁ နှစ်သား ဆန်ချိုရဲ့ နာမည်အရင်းကတော့ ဂျေဒန် မားလစ်ခ် ဆန်ချိုဖြစ်ပါတယ်။ သူ့ကို ကမ်းလှမ်းလာတဲ့ ဥရောပအသင်းကြီးတွေရဲ့ စက်ကွင်းထဲကနေ ယူနိုက်တက်ကိုမှ ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်က စိတ်ဝင်စားမှုတွေလည်း ခံယူနေရပါတယ်။

ဆန်ချိုရဲ့ ငယ်ဘဝကို လေ့လာကြည့်တဲ့အခါ ၂၀၀၀ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ အသက် ၂၁ နှစ်သားဟာ ရွယ်တူတွေကြားထဲမှာ မနာလိုစရာကောင်းလောက်အောင် ခြေစွမ်းထက်မြက်ခဲ့သလို ငယ်နာမည်ပြောင်က ‘ဒုံးပျံ’၊ ‘ဖန်တီးမှုဘုရင်’လို့ မှည့်ခေါ်ခံရတဲ့အထိ ခြေစွမ်းအဆင့်အတန်းက မြင့်မားခဲ့ပြီး အသက် ၁၆ နှစ်အရွယ်အထိ အင်္ဂလန်လူငယ်အသင်းတွေမှာ ကျင်လည်ခဲ့ပြီး ယူ-၁၇ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ဖူးတာပါ။

မိဘတွေက ထရီနီဒက်နဲ့ တိုဘာဂိုနိုင်ငံကဖြစ်ပြီး ဆန်ချိုလေးကို အင်္ဂလန်မှာ မွေးဖွားဖို့ ရွှေ့ပြောင်းလာခဲ့ကြတာပါ။ ဖခင်ကတော့ လုံခြုံရေးအစောင့်အဖြစ် လုပ်ကိုင်ပြီး အင်္ဂလန်လက်ရွေးစင်ဖြစ်လာမယ့် အလောင်းအလျာလေးဟာ ချယ်လ်ဆီးအသင်းကို အရူးအမူး နှစ်သက်ခဲ့တာဖြစ်ပါတယ်။ ငယ်စဥ်ကတည်းက ဘောလုံးထူးချွန်လွန်းလို့ ကျောင်းက ဆရာတွေက သူ့ကို အင်္ဂလန်ရဲ့ အနာဂတ်သစ်အဖြစ် ​ကြိုတင်မျှော်လင့်ထားခဲ့တယ်လို့ သိရပါတယ်။

ကျောင်းဘောလုံးအသင်းမှာ ဝင်ကစားတဲ့ ဆန်ချိုက အိမ်ပြန်ရောက်ရင်လည်း လမ်းဘေးမှာ ဘောလုံးကို ထမင်းမေ့ဟင်းမေ့ ကစားတတ်သူပါ။ ဒီလိုနဲ့ လန်ဒန်ဘောလုံးနည်းပြ ဆေ့စ် ဟုံးလ်မ်-လူးဝစ္စရဲ့ ရှာဖွေတွေ့ရှိမှုကို ခံခဲ့ရတဲ့အခါ သူ့ကို ဝက်ဖို့ဒ်အသင်းမှာ ချိတ်ဆက်ပေးခဲ့ပြီး စတင်ကစားခွင့်ရလာခဲ့တယ်။

ဟဲဖီးလ်အကယ်ဒမီမှာ နေထိုင်ရင်း ယူ-၁၁ လန်ဒန်ဘောလုံးပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ ဆန်ချိုကို အသက် ၁၁ နှစ်သားမှာ အာဆင်နယ်၊ ချယ်လ်ဆီးအသင်းတို့က ကမ်းလှမ်းခဲ့ပေမယ့် နည်းပြ ဆေ့စ် ဟုံးလ်မ်-လူးဝစ္စရဲ့ သင်ပြမှုနဲ့ ကျောင်းတက်ခွင့် သဘောကျလို့ ဝက်ဖို့ဒ်မှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့သလို နေမာနဲ့ ရော်နယ်ဒင်ညိုတို့ရဲ့ ဘောလုံးကွင်းထဲမှာ ဖျော်ဖြေနိုင်စွမ်းက သူ့အိပ်မက်တွေထဲ နေ့စဥ်ရောက်ရှိလာခဲ့တယ်။

၂၀၁၅ ခုနှစ်၊ မတ်လ၊ အသက် ၁၄ နှစ်သားအရွယ်မှာ ဆန်ချိုက မန်စီးတီးလူငယ်အကယ်ဒမီကို ပေါင် ၆၆၀၀၀ နဲ့ ပြောင်းရွှေ့သွားခဲ့တယ်။ သူဟာ စီနီယာအသင်းကြီးမှာ အမြန်ဆုံး ဝင်တိုးနိုင်မယ်လို့ မျှော်လင့်ခံခဲ့ရပေမယ့် ပုံမှန်ပွဲကစားခွင့်အတွက် အာမခံပေးမယ့် စာချုပ်သစ်လိုချင်တာကြောင့် ၂၀၁၇ ခုနှစ်၊ အမေရိကန် နွေရာသီခရီးစဥ်မှာ အသင်းနဲ့ လိုက်ပါဖို့ ငြင်းဆန်ခဲ့ပြီး နည်းပြ ပက်ပ် ဂွါဒီယိုလာနဲ့ သဘောထားကွဲပြဲသွားခဲ့တယ်။

၂၀၁၇၊ သြဂုတ်လမှာတော့ ထူးခြားစွာပဲ ဂျာမနီကိုသွားမယ်လို့ ပိုင်းဖြတ်နိုင်ခဲ့သလို လူငယ်တွေကို မြေတောင်မြှောက်ပေးနေတဲ့ ဒေါ့မွန်အသင်းဆီ ပေါင် ၈ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့နိုင်ခဲ့ပြီး သူဆာလောင်နေတဲ့ ပထမလူစာရင်းအတွက် အာမခံချက်ရခဲ့တယ်။ လူငယ်ကြယ်ပွင့်လေးဟာ ၂၀၁၇ အောက်တိုဘာလမှာ ဒေါ့မွန်အသင်းအတွက် ပွဲထွက်ကစားတဲ့ ပထမဆုံး အင်္ဂလန်ဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၁၈ နွေရာသီမှာတော့ ဒေါ့မွန်ရဲ့ခရီးစဥ်မှာ အသင်းဟောင်း မန်စီးတီးကို ၁-၀ နဲ့ အနိုင်ကစားပြီး ဂျာမန်ကလပ်မှာ ၂၀၂၂ အထိ ရှိနေမယ့် စာချုပ်သစ်ကို ချုပ်ဆိုနိုင်ခဲ့တယ်။ ၂၀၁၈ အောက်တိုလရဲ့ ဘွန်ဒက်လီဂါ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာက ၂၀၀၀ ခုနှစ်ဖွားတွေထဲက ပထမဆုံးဆုရှင်ဖြစ်လာသလို ဒီဆုကိုရတဲ့ ဒေါ့မွန်ရဲ့ အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်ပြီး ကမ္ဘာ့ဘောလုံးလောကကို သူ့ရဲ့ တံခါးခေါက်သံက မြည်ဟီးလာခဲ့တယ်။

၂၀၁၈-၁၉ ရာသီရဲ့ ဘွန်ဒက်လီဂါအကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရသလို “ဂိုးဖန်တီးမှုဘုရင်”လို့ ဂျာမနီမှာ လျှမ်းလျှမ်းတောက်သွားခဲ့တယ်။ ၂၀၁၇ ခုနစ်က ယူ-၁၇ ကမ္ဘာ့ဖလားမှာ အင်္ဂလန်နဲ့အတူ ဝင်နွှဲခဲ့ပြီးတဲ့နောက်မှာတော့ ၂၀၁၈ အောက်တိုဘာလမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်အတွက် ခရိုအေးရှားနဲ့ပွဲစဥ်မှာ ဦးဦးဖျားဖျား ပွဲထွက်ခွင့်ရခဲ့ပါတယ်။

ဒေါ့မွန်က ပေါင် ၈ သန်းနဲ့ ဝယ်ယူထားခဲ့တဲ့ ဆန်ချိုရဲ့ လက်ရှိစျေးကွက်တန်ဖိုးက ယူရို ၂၂၂ သန်းတန်တယ်လို့ သတ်မှတ်ခံထားရပြီး သူ့ရဲ့အအောင်မြင်ဆုံးအချိန်မှာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ခြင်းဟာ ရွှေကျီးလေးဟာ ရွှေပင်နားဖို့ ဖြစ်လာပြီလားဆိုတဲ့ သုံးသပ်မှုတွေလည်းရှိနေချိန်မှာ ဒါဟာ ခရစ္စတီယာနို ရော်နယ်လ်ဒို​​​ခြေရာကို တထပ်တည်းနင်းမယ့် သရဲနီသွေးသစ် ကြယ်ပွင့်လေးအဖြစ် အကြီးအကျယ်မျှော်လင့်နေကြတဲ့ အိုးထရက်ဖို့ဒ်ရဲ့ ဖိအားဝန်ကို ဖြေသိမ့်နိုင်စေမလားဆိုတာ ဆန်ချို ကျော်ဖြတ်ရမယ့် ပထမဆုံးစိန်ခေါ်မှုလို့သာ ဆိုရမှာပါ။

၂၀၀၀ ခုနှစ်ဖွားတွေထဲက ချန်ပီယံလိဂ်မှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် လက်မထောင်နိုင်ခဲ့တဲ့ ဆန်ချိုနဲ့ ယူနိုက်တက်တို့ရဲ့ ကံစပ်မှုက ဘယ်အတိုင်းအတာအထိ အောင်မြင်နိုင်မှာလဲ၊ သရဲနီတို့ရဲ့ အစဉ်အလာကြီးမားလှတဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်လိုနေပေမယ့် ကာဗာနီကြောင့် ၂၅ ကိုပဲ ရွေးချယ်ခဲ့ရတဲ့ အင်္ဂလန်သားရဲ့ ဆန္ဒတွေက ပြည့်မြောက်ပြီး ရော်နယ်လ်ဒိုနဲ့ တောက်ကြွားခဲ့တဲ့ ယူနိုက်တက်ခေတ်သစ်ကို ပြန်လည်မြင်တွေ့ရမှာလား ဆိုတာကတော့…။

REF INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဒါ့မြန္အသင္းကေန ေပါင္ ၇၂.၉ သန္းနဲ႔ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕လာၿပီး မန္ခ်က္စတာယူႏိုက္တက္ကစားသမားသစ္ ျဖစ္လာတဲ့ အသက္ ၂၁ ႏွစ္သား ဆန္ခ်ိဳရဲ႕ နာမည္အရင္းကေတာ့ ေဂ်ဒန္ မားလစ္ခ္ ဆန္ခ်ိဳျဖစ္ပါတယ္။ သူ႔ကို ကမ္းလွမ္းလာတဲ့ ဥေရာပအသင္းႀကီးေတြရဲ႕ စက္ကြင္းထဲကေန ယူႏိုက္တက္ကိုမွ ေ႐ြးခ်ယ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္က စိတ္ဝင္စားမႈေတြလည္း ခံယူေနရပါတယ္။

ဆန္ခ်ိဳရဲ႕ ငယ္ဘဝကို ေလ့လာၾကည့္တဲ့အခါ ၂၀၀၀ ခုႏွစ္၊ မတ္လ ၂၅ ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့ အသက္ ၂၁ ႏွစ္သားဟာ ႐ြယ္တူေတြၾကားထဲမွာ မနာလိုစရာေကာင္းေလာက္ေအာင္ ေျခစြမ္းထက္ျမက္ခဲ့သလို ငယ္နာမည္ေျပာင္က ‘ဒုံးပ်ံ’၊ ‘ဖန္တီးမႈဘုရင္’လို႔ မွည့္ေခၚခံရတဲ့အထိ ေျခစြမ္းအဆင့္အတန္းက ျမင့္မားခဲ့ၿပီး အသက္ ၁၆ ႏွစ္အ႐ြယ္အထိ အဂၤလန္လူငယ္အသင္းေတြမွာ က်င္လည္ခဲ့ၿပီး ယူ-၁၇ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ဖူးတာပါ။

မိဘေတြက ထရီနီဒက္နဲ႔ တိုဘာဂိုႏိုင္ငံကျဖစ္ၿပီး ဆန္ခ်ိဳေလးကို အဂၤလန္မွာ ေမြးဖြားဖို႔ ေ႐ႊ႕ေျပာင္းလာခဲ့ၾကတာပါ။ ဖခင္ကေတာ့ လုံၿခဳံေရးအေစာင့္အျဖစ္ လုပ္ကိုင္ၿပီး အဂၤလန္လက္ေ႐ြးစင္ျဖစ္လာမယ့္ အေလာင္းအလ်ာေလးဟာ ခ်ယ္လ္ဆီးအသင္းကို အ႐ူးအမူး ႏွစ္သက္ခဲ့တာျဖစ္ပါတယ္။ ငယ္စဥ္ကတည္းက ေဘာလုံးထူးခြၽန္လြန္းလို႔ ေက်ာင္းက ဆရာေတြက သူ႔ကို အဂၤလန္ရဲ႕ အနာဂတ္သစ္အျဖစ္ ​ႀကိဳတင္ေမွ်ာ္လင့္ထားခဲ့တယ္လို႔ သိရပါတယ္။

ေက်ာင္းေဘာလုံးအသင္းမွာ ဝင္ကစားတဲ့ ဆန္ခ်ိဳက အိမ္ျပန္ေရာက္ရင္လည္း လမ္းေဘးမွာ ေဘာလုံးကို ထမင္းေမ့ဟင္းေမ့ ကစားတတ္သူပါ။ ဒီလိုနဲ႔ လန္ဒန္ေဘာလုံးနည္းျပ ေဆ့စ္ ဟုံးလ္မ္-လူးဝစၥရဲ႕ ရွာေဖြေတြ႕ရွိမႈကို ခံခဲ့ရတဲ့အခါ သူ႔ကို ဝက္ဖို႔ဒ္အသင္းမွာ ခ်ိတ္ဆက္ေပးခဲ့ၿပီး စတင္ကစားခြင့္ရလာခဲ့တယ္။

ဟဲဖီးလ္အကယ္ဒမီမွာ ေနထိုင္ရင္း ယူ-၁၁ လန္ဒန္ေဘာလုံးၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္ခဲ့တဲ့ ဆန္ခ်ိဳကို အသက္ ၁၁ ႏွစ္သားမွာ အာဆင္နယ္၊ ခ်ယ္လ္ဆီးအသင္းတို႔က ကမ္းလွမ္းခဲ့ေပမယ့္ နည္းျပ ေဆ့စ္ ဟုံးလ္မ္-လူးဝစၥရဲ႕ သင္ျပမႈနဲ႔ ေက်ာင္းတက္ခြင့္ သေဘာက်လို႔ ဝက္ဖို႔ဒ္မွာသာ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့သလို ေနမာနဲ႔ ေရာ္နယ္ဒင္ညိဳတို႔ရဲ႕ ေဘာလုံးကြင္းထဲမွာ ေဖ်ာ္ေျဖႏိုင္စြမ္းက သူ႔အိပ္မက္ေတြထဲ ေန႔စဥ္ေရာက္ရွိလာခဲ့တယ္။

၂၀၁၅ ခုႏွစ္၊ မတ္လ၊ အသက္ ၁၄ ႏွစ္သားအ႐ြယ္မွာ ဆန္ခ်ိဳက မန္စီးတီးလူငယ္အကယ္ဒမီကို ေပါင္ ၆၆၀၀၀ နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တယ္။ သူဟာ စီနီယာအသင္းႀကီးမွာ အျမန္ဆုံး ဝင္တိုးႏိုင္မယ္လို႔ ေမွ်ာ္လင့္ခံခဲ့ရေပမယ့္ ပုံမွန္ပြဲကစားခြင့္အတြက္ အာမခံေပးမယ့္ စာခ်ဳပ္သစ္လိုခ်င္တာေၾကာင့္ ၂၀၁၇ ခုႏွစ္၊ အေမရိကန္ ေႏြရာသီခရီးစဥ္မွာ အသင္းနဲ႔ လိုက္ပါဖို႔ ျငင္းဆန္ခဲ့ၿပီး နည္းျပ ပက္ပ္ ဂြါဒီယိုလာနဲ႔ သေဘာထားကြဲၿပဲသြားခဲ့တယ္။

၂၀၁၇၊ ၾသဂုတ္လမွာေတာ့ ထူးျခားစြာပဲ ဂ်ာမနီကိုသြားမယ္လို႔ ပိုင္းျဖတ္ႏိုင္ခဲ့သလို လူငယ္ေတြကို ေျမေတာင္ေျမႇာက္ေပးေနတဲ့ ေဒါ့မြန္အသင္းဆီ ေပါင္ ၈ သန္းနဲ႔ အၿပီးသတ္ ေျပာင္းေ႐ႊ႕ႏိုင္ခဲ့ၿပီး သူဆာေလာင္ေနတဲ့ ပထမလူစာရင္းအတြက္ အာမခံခ်က္ရခဲ့တယ္။ လူငယ္ၾကယ္ပြင့္ေလးဟာ ၂၀၁၇ ေအာက္တိုဘာလမွာ ေဒါ့မြန္အသင္းအတြက္ ပြဲထြက္ကစားတဲ့ ပထမဆုံး အဂၤလန္ေဘာလုံးသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

၂၀၁၈ ေႏြရာသီမွာေတာ့ ေဒါ့မြန္ရဲ႕ခရီးစဥ္မွာ အသင္းေဟာင္း မန္စီးတီးကို ၁-၀ နဲ႔ အႏိုင္ကစားၿပီး ဂ်ာမန္ကလပ္မွာ ၂၀၂၂ အထိ ရွိေနမယ့္ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုႏိုင္ခဲ့တယ္။ ၂၀၁၈ ေအာက္တိုလရဲ႕ ဘြန္ဒက္လီဂါ တစ္လတာ အေကာင္းဆုံး ကစားသမားဆုကို ဆြတ္ခူးႏိုင္ခဲ့တာက ၂၀၀၀ ခုႏွစ္ဖြားေတြထဲက ပထမဆုံးဆုရွင္ျဖစ္လာသလို ဒီဆုကိုရတဲ့ ေဒါ့မြန္ရဲ႕ အငယ္ဆုံး ကစားသမားအျဖစ္ စံခ်ိန္တင္ၿပီး ကမာၻ႔ေဘာလုံးေလာကကို သူ႔ရဲ႕ တံခါးေခါက္သံက ျမည္ဟီးလာခဲ့တယ္။

၂၀၁၈-၁၉ ရာသီရဲ႕ ဘြန္ဒက္လီဂါအေကာင္းဆုံးအသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရသလို “ဂိုးဖန္တီးမႈဘုရင္”လို႔ ဂ်ာမနီမွာ လွ်မ္းလွ်မ္းေတာက္သြားခဲ့တယ္။ ၂၀၁၇ ခုနစ္က ယူ-၁၇ ကမာၻ႔ဖလားမွာ အဂၤလန္နဲ႔အတူ ဝင္ႏႊဲခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ၂၀၁၈ ေအာက္တိုဘာလမွာ အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္အတြက္ ခ႐ိုေအးရွားနဲ႔ပြဲစဥ္မွာ ဦးဦးဖ်ားဖ်ား ပြဲထြက္ခြင့္ရခဲ့ပါတယ္။

ေဒါ့မြန္က ေပါင္ ၈ သန္းနဲ႔ ဝယ္ယူထားခဲ့တဲ့ ဆန္ခ်ိဳရဲ႕ လက္ရွိေစ်းကြက္တန္ဖိုးက ယူ႐ို ၂၂၂ သန္းတန္တယ္လို႔ သတ္မွတ္ခံထားရၿပီး သူ႔ရဲ႕အေအာင္ျမင္ဆုံးအခ်ိန္မွာ ယူႏိုက္တက္ကို ေရာက္ရွိလာခဲ့ျခင္းဟာ ေ႐ႊက်ီးေလးဟာ ေ႐ႊပင္နားဖို႔ ျဖစ္လာၿပီလားဆိုတဲ့ သုံးသပ္မႈေတြလည္းရွိေနခ်ိန္မွာ ဒါဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို​​​ေျခရာကို တထပ္တည္းနင္းမယ့္ သရဲနီေသြးသစ္ ၾကယ္ပြင့္ေလးအျဖစ္ အႀကီးအက်ယ္ေမွ်ာ္လင့္ေနၾကတဲ့ အိုးထရက္ဖို႔ဒ္ရဲ႕ ဖိအားဝန္ကို ေျဖသိမ့္ႏိုင္ေစမလားဆိုတာ ဆန္ခ်ိဳ ေက်ာ္ျဖတ္ရမယ့္ ပထမဆုံးစိန္ေခၚမႈလို႔သာ ဆိုရမွာပါ။

၂၀၀၀ ခုႏွစ္ဖြားေတြထဲက ခ်န္ပီယံလိဂ္မွာ ဂိုးသြင္းႏိုင္တဲ့ ပထမဆုံးကစားသမားအျဖစ္ လက္မေထာင္ႏိုင္ခဲ့တဲ့ ဆန္ခ်ိဳနဲ႔ ယူႏိုက္တက္တို႔ရဲ႕ ကံစပ္မႈက ဘယ္အတိုင္းအတာအထိ ေအာင္ျမင္ႏိုင္မွာလဲ၊ သရဲနီတို႔ရဲ႕ အစဥ္အလာႀကီးမားလွတဲ့ ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္လိုေနေပမယ့္ ကာဗာနီေၾကာင့္ ၂၅ ကိုပဲ ေ႐ြးခ်ယ္ခဲ့ရတဲ့ အဂၤလန္သားရဲ႕ ဆႏၵေတြက ျပည့္ေျမာက္ၿပီး ေရာ္နယ္လ္ဒိုနဲ႔ ေတာက္ႂကြားခဲ့တဲ့ ယူႏိုက္တက္ေခတ္သစ္ကို ျပန္လည္ျမင္ေတြ႕ရမွာလား ဆိုတာကေတာ့…။

REF INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.