Premier League

ဘောလုံးကြယ်ပွင့်တွေရဲ့ သမီးတွေထဲက ပုရိသတွေရဲ့ အသည်းအစွဲဆုံး ၈ ယောက်

ဘောလုံးသမားအများစုက အိမ်ထောင်ကျပြီး သားတွေသမီးတွေ ရလာခဲ့ကြသလို သူတို့ရဲ့ ကျော်ကြားမှုကြောင့်ပဲ မိသားစုဝင်တွေလည်း အလိုက်သင့် ကျော်ကြားလာခဲ့ကြတာပါ။ အချို့တွေရဲ့ သမီးတွေကတော့ လူမှုကွန်ယက်တွေမှာပါ နာမည်ကြီးနေပြီး သူတို့ထဲက Hot အဖြစ်ဆုံး ၈ ယောက်က ဘယ်သူတွေလဲဆိုတာတော့…

၈- ဗာလက်တီးနား အယ်လီဂရီ
‌ဗာလက်တီးနား အယ်လီဂရီကတော့ လက်ရှိ ဂျူဗင်တပ်စ်နည်းပြ မာဆီမီလီယာနို အယ်လီဂရီရဲ့ သမီးဖြစ်ပြီး ၁၉၉၅ ခုနှစ်ဖွား သူမက ဖက်ရှင်ကျကျဝတ်ဆင်တတ်သလို မိန်းကလေးအများစုလိုပဲ ဖက်ရှင်နဲ့ မိတ်ကပ်ကို စိတ်ဝင်စားတဲ့ အီတာလျံမိန်းမချောလေးတစ်ဦးလည်း ဖြစ်‌ပါတယ်။

၇- မတ်တေးလ်ဒါ မော်ရင်ညို
၁၉၉၆ ခုနှစ်ဖွား မတ်တေးလ်ဒါ မော်ရင်ညိုကတော့ လက်ရှိ ရိုးမားအသင်းနည်းပြ ဂျိုဆေး မော်ရင်ညိုရဲ့ သမီးဖြစ်ပြီး ဂျိုဆေးနဲ့အတူ ပွဲလမ်းသဘင်တွေမှာ မကြာခဏ တွေ့မြင်ရတတ်သူလည်း ဖြစ်သလို Instagram Followers ၃၁,၀၀၀ ကျော်ရှိပေမယ့် မီဒီယာထက်တော့ မကြာခဏရောက်လာတတ်သူ မဟုတ်ပါဘူး။

၆- ဘီယန်ကာ ဂတ်စ်ကွိုင်
တစ်ချိန်က အင်္ဂလန်ရဲ့ ဒိတ်ဒိတ်ကြဲ ကွင်းလယ်တိုက်စစ်ကစားသမားကြီး ပေါလ် ဂတ်စ်ကွိုင်န်ရဲ့ သမီးဖြစ်ပြီး အသက် ၃၄ နှစ်ရှိပြီဖြစ်သလို ၂၀၀၆ ခုနှစ်ကတည်းက Loaded မဂ္ဂဇင်းရဲ့ ရှေ့မျက်နှာဖုံးနဲ့ ITV ရဲ့ Reality Show တွေမှာ စတင်ပါဝင်လာခဲ့ပြီး အထိုက်အသင့် အောင်မြင်မှုရခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

သူမရဲ့ ဝတ်စားဆင်ယင်နဲ့ ခန္ဓာကိုယ်အချိုးအစားကတော့ ပုရိသတွေရဲ့ စိတ်ထဲကို သူ့ခေတ်အခါတုန်းက အနည်းနဲ့ အများတော့ ဝင်ရောက်ခဲ့ကြမှာပါ။ သူမရဲ့ Instagram account ကနေ အခုထိ သူ့ရဲ့ ကိုယ်လုံးအသားပေး အလှပုံတွေ တင်နေဆဲဖြစ်ပြီး အရင်လို ဆွဲဆောင်မှုရှိတုန်းပါပဲ။

၅- ဂျိတ်ဒ် လူးဘတ်ဖ်
တစ်ချိန်က ပြင်သစ်ခံစစ်အတွင်းလူ ဖရွန့်ခ် လဲဘတ်ဖ်ရဲ့ သမီး ဂျိတ်ဒ် လူးဘတ်ဖ်ကတော့ ၁၉၉၁ ခုနှစ်ဖွား မော်ဒယ်လ်တစ်ဦးပဲဖြစ်ပြီး သူမရဲ့ဖခင်ကတော့ သရုပ်ဆောင်သင်တန်းမှာ အတန်းဖော်လည်းဖြစ်နေပြန်ပါတယ်။ ဒါပေမယ့် သူမကတော့ သရုပ်ဆောင်သင်တန်းကို ဆက်မတက်ခဲ့ဘဲ မော်ဒယ်လ်အဖြစ် Bella Agency နဲ့စာချုပ်ချုပ်ဆိုခဲ့တာပါ။

သူမက ၂၀၁၈ မှာ စတက်ဖန် ရိုဒရီးရက်ဇ်နဲ့ အိမ်ထောင်ကျခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လမှာတော့ ကိုယ်ဝန်ရှိနေကြောင်း ကြေငြာခဲ့သလို ဩဂုတ်လမှာတော့ ကလေးမွေးခဲ့တာလည်းဖြစ်ပါတယ်။ သူမရဲ့ ညှို့အားပြင်းတဲ့ အကြည့်နဲ့အပြုံးတွေကလည်း ပုရိသတွေကြား ရေပန်းစားခဲ့ပါသေးတယ်။

၄- အက်စတဲလ် ဘားကမ့်
အာဆင်နယ်ဂန္ထဝင်ကစားသမား ဒန်းနစ် ဘားကမ့်ရဲ့သမီး အက်စတဲလ် ဘားကမ့်ကလည်း ၁၉၉၆ ခုနှစ်ဖွား မော်ဒယ်လ်တစ်ဦးပဲဖြစ်ပြီး လက်ရှိမန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဒန်နီ ဗန်ဒီဘိခ်နဲ့ တွဲနေသလို Instagram မှာတော့ Follower ၉ သောင်းကျော်ရှိနေသူပါ။

သူမရဲ့ Instagram က ဓါတ်ပုံတွေကို ကြည့်လိုက်မယ်ဆိုရင်တော့ ဒန်းနစ် ဘားကမ့်ကို ယောက္ခမတော်ချင်စိတ်တွေ ပေါ်လာပါလိမ့်မယ်။ အဖေက အာဆင်နယ်ဂန္ထဝင်ဖြစ်ပေမယ့် ရည်းစားက မန်ချက်စတာယူနိုက်တက်ကစားသမားဆိုတော့ ဘောလုံးပရိသတ်တွေအတွက် ကသိကအောက်ဖြစ်နေနိုင်ပါတယ်။

၃- တေလာ ဝါ့ဒ်
ဘလက်ဘန်းတိုက်စစ်မှူးဟောင်း အက်ရှ်လီ ဝါ့ဒ်ရဲ့သမီး တေလာ ဝါ့ဒ်ကတော့ Instagram Followers ၈၂၁,၀၀၀ ကျော်ရှိသူဖြစ်ပြီး နာမည်ကြီးတံဆိပ်တွေရဲ့ အလှကုန်တွေကို ကိုယ်တိုင်အသုံးပြုပြီး ကြော်ငြာသလို သူမရဲ့ လှပတဲ့ ရုပ်ရည်ကြောင့်လည်း လူကြိုက်များသူတစ်ဦး ဖြစ်နေတာပါ။

မန်ချက်စတာစီးတီးတောင်ပံကစားသမား ရီယတ်ဒ် မာရက်ဇ်ရဲ့ ချစ်သူဖြစ်တဲ့ တေလာ ဝါ့ဒ်ကတော့ သူ့အလုပ်နဲ့သူ အေးဆေးဖြစ်နေပြီး မန်ချက်စတာမြို့မှာတော့ လူချစ်လူခင်များတဲ့ မိန်းမလှလေးတစ်ဦးလည်း ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်ဖွား အမျိုးသမီး ဘယ်လိုလှလဲသိချင်ရင် Instagram မှာ Follow လုပ်သင့်နေပါပြီ။

၂- ရှားလော့ ကာနစ်ဂီယာ
အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟောင်း ကလော်ဒီယို ကာနစ်ဂီယာရဲ့သမီးဖြစ်သူ ရှားလော့ ကနေဂျာကတော့ ၁၉၉၃ ခုနှစ်ဖွား မော်ဒယ်လ်တစ်ဦးဖြစ်သလို တီဗီအစီအစဉ်တွေမှာလည်း ပါဝင်ပြီး ဘောလုံးသမားတွေရဲ့ သမီးတွေထဲမှာတော့ အလှဆုံးထဲကတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။

၂၀၁၂ မှာ တီဗီအစီအစဉ်တွေထဲ စတင်ပါဝင်လာခဲ့ပြီး ၂၀၁၆ မှာလည်း စပိန်တီဗီရှိုးတစ်ခုမှာ ပါဝင်ခဲ့ဖူးသလို MTV ကာနစ်ဂီယာ အစီအစဉ်ရဲ့ စီစဉ်သူလည်းဖြစ်ပါတယ်။ Instagram Followers ၂.၅ သန်းရှိပြီး အာဂျင်တီးနားရဲ့ ကျော်ကြားတဲ့ မော်ဒယ်လ်တစ်ဦးအဖြစ် ယနေ့ထိ ရှိနေဆဲပါ။

၁- မာရီယာ ဂွါဒီယိုလာ
ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း၊ လက်ရှိမန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပပ် ဂွါဒီယိုလာရဲ့သမီးဖြစ်ပြီး ၂၀၀၀ ခုနှစ်ဖွား စပိန်သူလေးက နိုင်ငံရဲ့ ဆိုရှယ်မီဒီယာ မျက်နှာဖုံးလို့ ဆိုရမှာလည်းဖြစ်သလို Social Influencer တစ်ယောက်လည်းဖြစ်ပါတယ်။

သူမနာမည်က အင်တာနက်မှာ ရှာဖွေမှုအများဆုံး နာမည်တွေထဲက တစ်ခုဖြစ်ပြီး အင်္ဂလန်ကွင်းလယ်လူ ဒယ်လီ အလီနဲ့ လူမြင်ကွင်းမှာ အနမ်းပေးတာက ဟိုးလေးတကျော် ဖြစ်ခဲ့ပါသေးတယ်။ သူမရဲ့ပညာရေးပြီးရင် မော်ဒယ်လ်လုပ်ဖို့ စဉ်းစားထားကြောင်းပြောဖူးတာကြောင့် ပုရိသအပေါင်းတို့ကို ရင်ခုန်အောင်လုပ်ဦးမယ့်ပုံပါပဲ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေဘာလုံးသမားအမ်ားစုက အိမ္ေထာင္က်ၿပီး သားေတြသမီးေတြ ရလာခဲ့ၾကသလို သူတို႔ရဲ႕ ေက်ာ္ၾကားမႈေၾကာင့္ပဲ မိသားစုဝင္ေတြလည္း အလိုက္သင့္ ေက်ာ္ၾကားလာခဲ့ၾကတာပါ။ အခ်ိဳ႕ေတြရဲ႕ သမီးေတြကေတာ့ လူမႈကြန္ယက္ေတြမွာပါ နာမည္ႀကီးေနၿပီး သူတို႔ထဲက Hot အျဖစ္ဆုံး ၈ ေယာက္က ဘယ္သူေတြလဲဆိုတာေတာ့…

၈- ဗာလက္တီးနား အယ္လီဂရီ
‌ဗာလက္တီးနား အယ္လီဂရီကေတာ့ လက္ရွိ ဂ်ဴဗင္တပ္စ္နည္းျပ မာဆီမီလီယာႏို အယ္လီဂရီရဲ႕ သမီးျဖစ္ၿပီး ၁၉၉၅ ခုႏွစ္ဖြား သူမက ဖက္ရွင္က်က်ဝတ္ဆင္တတ္သလို မိန္းကေလးအမ်ားစုလိုပဲ ဖက္ရွင္နဲ႔ မိတ္ကပ္ကို စိတ္ဝင္စားတဲ့ အီတာလ်ံမိန္းမေခ်ာေလးတစ္ဦးလည္း ျဖစ္‌ပါတယ္။

၇- မတ္ေတးလ္ဒါ ေမာ္ရင္ညိဳ
၁၉၉၆ ခုႏွစ္ဖြား မတ္ေတးလ္ဒါ ေမာ္ရင္ညိဳကေတာ့ လက္ရွိ ႐ိုးမားအသင္းနည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳရဲ႕ သမီးျဖစ္ၿပီး ဂ်ိဳေဆးနဲ႔အတူ ပြဲလမ္းသဘင္ေတြမွာ မၾကာခဏ ေတြ႕ျမင္ရတတ္သူလည္း ျဖစ္သလို Instagram Followers ၃၁,၀၀၀ ေက်ာ္ရွိေပမယ့္ မီဒီယာထက္ေတာ့ မၾကာခဏေရာက္လာတတ္သူ မဟုတ္ပါဘူး။

၆- ဘီယန္ကာ ဂတ္စ္ကြိဳင္
တစ္ခ်ိန္က အဂၤလန္ရဲ႕ ဒိတ္ဒိတ္ႀကဲ ကြင္းလယ္တိုက္စစ္ကစားသမားႀကီး ေပါလ္ ဂတ္စ္ကြိဳင္န္ရဲ႕ သမီးျဖစ္ၿပီး အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္သလို ၂၀၀၆ ခုႏွစ္ကတည္းက Loaded မဂၢဇင္းရဲ႕ ေရွ႕မ်က္ႏွာဖုံးနဲ႔ ITV ရဲ႕ Reality Show ေတြမွာ စတင္ပါဝင္လာခဲ့ၿပီး အထိုက္အသင့္ ေအာင္ျမင္မႈရခဲ့တဲ့သူလည္း ျဖစ္ပါတယ္။

သူမရဲ႕ ဝတ္စားဆင္ယင္နဲ႔ ခႏၶာကိုယ္အခ်ိဳးအစားကေတာ့ ပုရိသေတြရဲ႕ စိတ္ထဲကို သူ႔ေခတ္အခါတုန္းက အနည္းနဲ႔ အမ်ားေတာ့ ဝင္ေရာက္ခဲ့ၾကမွာပါ။ သူမရဲ႕ Instagram account ကေန အခုထိ သူ႔ရဲ႕ ကိုယ္လုံးအသားေပး အလွပုံေတြ တင္ေနဆဲျဖစ္ၿပီး အရင္လို ဆြဲေဆာင္မႈရွိတုန္းပါပဲ။

၅- ဂ်ိတ္ဒ္ လူးဘတ္ဖ္
တစ္ခ်ိန္က ျပင္သစ္ခံစစ္အတြင္းလူ ဖ႐ြန႔္ခ္ လဲဘတ္ဖ္ရဲ႕ သမီး ဂ်ိတ္ဒ္ လူးဘတ္ဖ္ကေတာ့ ၁၉၉၁ ခုႏွစ္ဖြား ေမာ္ဒယ္လ္တစ္ဦးပဲျဖစ္ၿပီး သူမရဲ႕ဖခင္ကေတာ့ သ႐ုပ္ေဆာင္သင္တန္းမွာ အတန္းေဖာ္လည္းျဖစ္ေနျပန္ပါတယ္။ ဒါေပမယ့္ သူမကေတာ့ သ႐ုပ္ေဆာင္သင္တန္းကို ဆက္မတက္ခဲ့ဘဲ ေမာ္ဒယ္လ္အျဖစ္ Bella Agency နဲ႔စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာပါ။

သူမက ၂၀၁၈ မွာ စတက္ဖန္ ႐ိုဒရီးရက္ဇ္နဲ႔ အိမ္ေထာင္က်ခဲ့ၿပီး ၂၀၂၀ ျပည့္ႏွစ္၊ မတ္လမွာေတာ့ ကိုယ္ဝန္ရွိေနေၾကာင္း ေၾကျငာခဲ့သလို ဩဂုတ္လမွာေတာ့ ကေလးေမြးခဲ့တာလည္းျဖစ္ပါတယ္။ သူမရဲ႕ ညႇိဳ႕အားျပင္းတဲ့ အၾကည့္နဲ႔အၿပဳံးေတြကလည္း ပုရိသေတြၾကား ေရပန္းစားခဲ့ပါေသးတယ္။

၄- အက္စတဲလ္ ဘားကမ့္
အာဆင္နယ္ဂႏၴဝင္ကစားသမား ဒန္းနစ္ ဘားကမ့္ရဲ႕သမီး အက္စတဲလ္ ဘားကမ့္ကလည္း ၁၉၉၆ ခုႏွစ္ဖြား ေမာ္ဒယ္လ္တစ္ဦးပဲျဖစ္ၿပီး လက္ရွိမန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဒန္နီ ဗန္ဒီဘိခ္နဲ႔ တြဲေနသလို Instagram မွာေတာ့ Follower ၉ ေသာင္းေက်ာ္ရွိေနသူပါ။

သူမရဲ႕ Instagram က ဓါတ္ပုံေတြကို ၾကည့္လိုက္မယ္ဆိုရင္ေတာ့ ဒန္းနစ္ ဘားကမ့္ကို ေယာကၡမေတာ္ခ်င္စိတ္ေတြ ေပၚလာပါလိမ့္မယ္။ အေဖက အာဆင္နယ္ဂႏၴဝင္ျဖစ္ေပမယ့္ ရည္းစားက မန္ခ်က္စတာယူႏိုက္တက္ကစားသမားဆိုေတာ့ ေဘာလုံးပရိသတ္ေတြအတြက္ ကသိကေအာက္ျဖစ္ေနႏိုင္ပါတယ္။

၃- ေတလာ ဝါ့ဒ္
ဘလက္ဘန္းတိုက္စစ္မႉးေဟာင္း အက္ရွ္လီ ဝါ့ဒ္ရဲ႕သမီး ေတလာ ဝါ့ဒ္ကေတာ့ Instagram Followers ၈၂၁,၀၀၀ ေက်ာ္ရွိသူျဖစ္ၿပီး နာမည္ႀကီးတံဆိပ္ေတြရဲ႕ အလွကုန္ေတြကို ကိုယ္တိုင္အသုံးျပဳၿပီး ေၾကာ္ျငာသလို သူမရဲ႕ လွပတဲ့ ႐ုပ္ရည္ေၾကာင့္လည္း လူႀကိဳက္မ်ားသူတစ္ဦး ျဖစ္ေနတာပါ။

မန္ခ်က္စတာစီးတီးေတာင္ပံကစားသမား ရီယတ္ဒ္ မာရက္ဇ္ရဲ႕ ခ်စ္သူျဖစ္တဲ့ ေတလာ ဝါ့ဒ္ကေတာ့ သူ႔အလုပ္နဲ႔သူ ေအးေဆးျဖစ္ေနၿပီး မန္ခ်က္စတာၿမိဳ႕မွာေတာ့ လူခ်စ္လူခင္မ်ားတဲ့ မိန္းမလွေလးတစ္ဦးလည္း ျဖစ္ပါတယ္။ ၁၉၉၈ ခုႏွစ္ဖြား အမ်ိဳးသမီး ဘယ္လိုလွလဲသိခ်င္ရင္ Instagram မွာ Follow လုပ္သင့္ေနပါၿပီ။

၂- ရွားေလာ့ ကာနစ္ဂီယာ
အာဂ်င္တီးနားလက္ေ႐ြးစင္ကစားသမားေဟာင္း ကေလာ္ဒီယို ကာနစ္ဂီယာရဲ႕သမီးျဖစ္သူ ရွားေလာ့ ကေနဂ်ာကေတာ့ ၁၉၉၃ ခုႏွစ္ဖြား ေမာ္ဒယ္လ္တစ္ဦးျဖစ္သလို တီဗီအစီအစဥ္ေတြမွာလည္း ပါဝင္ၿပီး ေဘာလုံးသမားေတြရဲ႕ သမီးေတြထဲမွာေတာ့ အလွဆုံးထဲကတစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရသူလည္းျဖစ္ပါတယ္။

၂၀၁၂ မွာ တီဗီအစီအစဥ္ေတြထဲ စတင္ပါဝင္လာခဲ့ၿပီး ၂၀၁၆ မွာလည္း စပိန္တီဗီရႈိးတစ္ခုမွာ ပါဝင္ခဲ့ဖူးသလို MTV ကာနစ္ဂီယာ အစီအစဥ္ရဲ႕ စီစဥ္သူလည္းျဖစ္ပါတယ္။ Instagram Followers ၂.၅ သန္းရွိၿပီး အာဂ်င္တီးနားရဲ႕ ေက်ာ္ၾကားတဲ့ ေမာ္ဒယ္လ္တစ္ဦးအျဖစ္ ယေန႔ထိ ရွိေနဆဲပါ။

၁- မာရီယာ ဂြါဒီယိုလာ
ဘာစီလိုနာအသင္းရဲ႕ ကြင္းလယ္ကစားသမားေဟာင္း၊ လက္ရွိမန္ခ်က္စတာစီးတီးအသင္းရဲ႕နည္းျပ ပပ္ ဂြါဒီယိုလာရဲ႕သမီးျဖစ္ၿပီး ၂၀၀၀ ခုႏွစ္ဖြား စပိန္သူေလးက ႏိုင္ငံရဲ႕ ဆိုရွယ္မီဒီယာ မ်က္ႏွာဖုံးလို႔ ဆိုရမွာလည္းျဖစ္သလို Social Influencer တစ္ေယာက္လည္းျဖစ္ပါတယ္။

သူမနာမည္က အင္တာနက္မွာ ရွာေဖြမႈအမ်ားဆုံး နာမည္ေတြထဲက တစ္ခုျဖစ္ၿပီး အဂၤလန္ကြင္းလယ္လူ ဒယ္လီ အလီနဲ႔ လူျမင္ကြင္းမွာ အနမ္းေပးတာက ဟိုးေလးတေက်ာ္ ျဖစ္ခဲ့ပါေသးတယ္။ သူမရဲ႕ပညာေရးၿပီးရင္ ေမာ္ဒယ္လ္လုပ္ဖို႔ စဥ္းစားထားေၾကာင္းေျပာဖူးတာေၾကာင့္ ပုရိသအေပါင္းတို႔ကို ရင္ခုန္ေအာင္လုပ္ဦးမယ့္ပုံပါပဲ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.