Premier League Transfer News

23 July နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၁၂ လသာကျန်တော့တဲ့ လူငယ်ကွင်းလယ်ကစားသမား လူးဝစ် ဘိတ်ကို လိဒ်စ်ယူနိုက်တက်အသင်းက ပေါင် ၁.၅ သန်းဖြင့် အရခေါ်ယူခဲ့ပြီး အပိုဆုကြေးနဲ့ အနာဂတ်မှာ ကစားသမားကို ရောင်းရငွေရဲ့ ရာခိုင်နှုန်းပေးရမယ် ဆိုတဲ့အချက် ပါဝင်နေ။

အသင်းလက်မဲ့ဖြစ်နေတဲ့ တစ်ချိန်က မန်ချက်စတာယူနိုက်တက်ဂိုးသမား ဆာဂျီယို ရိုမဲရိုကို ကမ်းလှမ်းသွားဖို့အတွက် ချဲလ်ဆီးအသင်းအနေနဲ့ ပြင်ဆင်လာခဲ့ပြီး လက်ရှိမှာ အရေအတွက် လျော့နည်းနေတဲ့ အသင်းရဲ့ ဂိုးသမားအင်အားကို မြှင့်တင်ဖို့ ညှိနှိုင်းမှုတွေတော့ လုပ်ဆောင်ရသေးခြင်း မရှိကြောင်းသိရ။

အင်တာမီလန်အသင်းအနေနဲ့ ပီအက်စ်ဂျီအသင်းကို ထွက်ခွာသွားခဲ့တဲ့ နောက်ခံလူ အက်ရှ်ရက်ဖ် ဟာကီမီ နေရာကိုအစားထိုးဖို့အတွက် ချဲလ်ဆီးနောက်ခံလူ ဒါဗီဒေး ဇက်ပါကော့စတာကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး တရားဝင်ကမ်းလှမ်းမှုတော့ မပြုလုပ်ရသေးကြောင်း အီတလီမီဒီယာတွေ ဖော်ပြနေကြ။

ချဲလ်ဆီးအသင်းအနေနဲ့ ရာသီကြိုခြေစမ်းပွဲစဉ်ဖြစ်တဲ့ အိုင်ယာလန်ကလပ် ဒရိုဂီဒါနဲ့ ကစားမယ့်ရက်မှာ ကိုဗစ်ကူးစက်မှု သံသယရှိတဲ့အနေအထားတွေ ဖြစ်ပေါ်လာခဲ့တဲ့အတွက် ခြေစမ်းပွဲ ပျက်ပြယ်သွားခဲ့ပြီး ‌အနောက်လန်ဒန်ကလပ်အနေနဲ့ ၁၁ ယောက်စီ ၂ ဖက်ခွဲပြီးတော့သာ ကစားခဲ့ကြ။

အေစီမီလန်အသင်းက ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတဲ့ ချဲလ်ဆီးတောင်ပံကစားသမား ဟာကင်မ် ဇီးယက်ရှ်အနေနဲ့ အသင်းပြောင်းဖို့ မစဉ်းစားသေးပေမယ့် မီလန်မြို့ခံအသင်းကတော့ ဩဂုတ်လကုန်ခါနီးအထိ ဆန်စီရိုမြေကို အရောက်ခေါ်ဆောင်ဖို့ စီစဉ်ထားကြောင်း သတင်းတွေထွက်လာ။

တိုက်စစ်မှူးသစ်ရှာဖွေနေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ စတုဂတ်အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်နေတဲ့ တိုက်စစ်မှူး ဆာဆာ ခါလိုင်ဂျစ်ခ်ျကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး ဂျာမန်ကလပ်ဘက်ကတော့ ကစားသမားကို အသင်းမှာ ဆက်လက်ထိန်းနိုင်မယ်လို့ အပြည့်အဝယုံကြည်နေကြောင်းသိရ။

ချဲလ်ဆီးအသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို ခေါ်ယူဖို့အတွက် သူ့ရဲ့အေးဂျင့်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေစတင်နေပြီး ဆွေးနွေးမှုအခြေအနေကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးတာကြောင့် အနောက်လန်ဒန်သားတွေအနေနဲ့ စိတ်လှုပ်ရှားစရာဖြစ်လာ။

ဆီဗီလာအသင်းအနေနဲ့ ကွင်းလယ်လူ ဘရိုင်ယန် ဟေးလ်ကို တော့တင်ဟမ်ဟော့စပါးစ်အသင်းဆီ လက်လွှတ်လိုက်ရတာဖြစ်လို့ ‌ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေတဲ့ နောက်ခံလူ ဂျူးလ်စ် ကွန်ဒေကို အသင်းမှာဆက်လက်ထိန်းသိမ်းသွားဖို့အတွက် စီစဉ်လာခဲ့ပြီး အဓိကကစားသမားတွေ ထပ်မရောင်းလိုတော့ကြောင်းသိရ။

တော့တင်ဟမ်ဟော့စပါးစ်အသင်းခေါင်းဆောင် ဟာရီကိန်းကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ စိတ်အားထက်သန်နေပြီး မြို့ခံပြိုင်ဘက်ဖြစ်တာတွေကိုမေ့ပြီး အရခေါ်ယူဖို့သာတွေးထားသလို ကမ်းလှမ်းမှုနောက်တစ်ကြိမ် ပြုလုပ်ပြီးပြီလို့လည်း သတင်းတွေထွက်ပေါ်လာ။

ချဲလ်ဆီးအသင်းရဲ့တိုက်စစ်မှူး တမ်မီ အေဘရာဟမ်အနေနဲ့ အသင်းက ထွက်ခွာဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်ပြီး မြို့ခံပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေသလို အထူးသဖြင့် အမ်းမရိတ်စ်မြေမှာ ကစားသမားကိုယ်တိုင်က ကစားချင်နေကြောင်းသိရ။

ချဲလ်ဆီးအသင်းရဲ့ အဓိကကစားသမားဖြစ်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား အီဒင်ဟာဇက်ကို လက်ရှိ ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်က သူ့အနေနဲ့ ဘယ်လ်ဂျီယမ်သားကို လေးစားသလို အထင်ကြီးစရာစွမ်းရည်တွေ ပြခဲ့ကြောင်းနဲ့ သူ့လိုကစားသမား ရှားသွားပြီဖြစ်ကြောင်း ချီးကျူးသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:












REF: INTERNET SOURCES
SPORTS A2Z.